Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: အရိပ်ဟာ ခြေရာတွေကိုလွမ်းလို့ တဲ့ 

created the doc: "အရိပ်ဟာ ခြေရာတွေကိုလွမ်းလို့ တဲ့  "
Rozoner King created the doc: "အရိပ်ဟာ ခြေရာတွေကိုလွမ်းလို့ တဲ့  "

အရိပ်ဟာ ခြေရာတွေကိုလွမ်းလို့ တဲ့  (ကဲ-လောလောလတ်လတ် ရေးလိုက်တာ၊သက်ဆိုင်သူတွေအတွက်)

 

[By Ko Hmine]

 

နှစ်သိမ့် ဆွေးနွေးနားထောင်ပေးသူဘဝ

သန့် စင်ခန်း နဲ့  ဆင်ဆင်တူပေစွ

တကယ်မှာ မလွယ်ပါ

မထိန်းနိုင်လို့   ကျဲချတဲ့  ခံစားမှုထုထည်တွေ

အခန့် မသင့် လို့  အတွေးနှိပ်စက်ရင်

ရောယောင် အိပ်ပျက်ခဲ့ ရသေးတာ

လုပ်ပေးနိုင်တဲ့  အတိုင်းအတာထက် ကျော်လွန်သောငြီးတွားသံများ

တိကျတဲ့ အဖြေမဟုတ်သော ဖျောင့် ဖျမှုများ

ကျားလျှာလို တတိတိ စားတာပါပဲ

မမျှော်လင့်ခဲ့ ပါဘူး

အဖိုးစားနား သတ်မှတ်တုန့် ပြန်ခြင်း သို့ မဟုတ် နှောင်ဖွဲ့ လေးစားမှုတွေ

အလိုဆန္ဒရှိပါတယ် ဆိုရင်တောင်မှ ပြေရာပြေကြာင်း ရရှိစေချင်တာသက်သက်ပါ

ဒါပေမဲ့ -ဒါကိုမရိုးသားမှုလို့ ဆိုလေမလား

လည်ပြန်မကြည့် တော့ တဲ့  ရေပြည့် သွားသော ဒုက္ခအိုးတွေကို

ရေသောက်ချင်စိတ်မဟုတ်ပေမဲ့  အေးမြမှုကို မုဒိတာဖွဲ့ ချင်သေးတာ

တကယ်တော့  အမှတ်သည်းခြေနည်းခဲ့ 

တံလှပ်ငင်ဖို့  ပုံးတွေတပြင်ပြင်

သက်တံဆီရောက်အောင် ခြေထောက်တွေတနှင်နှင်

ဖန်တရာတေ ဥပေက္ခာမိုး စိုလိုက်ခြောက်လိုက် ရက်စွဲတွေမေ့လျော့ လို့ 

တကယ်တမ်း-

အဆင်ပြေဖူလုံသွားကြတဲ့ အခါ  ဒါမှမဟုတ်

ဖြေဆေးက အလုပ်မဖြစ်ဘူးလို့  သတ်မှတ်လိုက်ကြတဲ့ အခါ

သူတို့   နှိပ်နေတာ

ကိုယ့်နံပါတ်မဟုတ်တော့ ဘူး ။ ။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN