Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: မိမိပို့လိုက်တဲ့ E-mail ကိုလက်ခံတဲ့သူကဖတ်မဖတ်

created the doc: "မိမိပို့လိုက်တဲ့ E-mail ကိုလက်ခံတဲ့သူကဖတ်မဖတ်"
Rozoner King created the doc: "မိမိပို့လိုက်တဲ့ E-mail ကိုလက်ခံတဲ့သူကဖတ်မဖတ်"

[By Sin Myanmar Guy]

 

E-mail တစ်စောင်ပို့လိုက်တဲ့အခါ ကိုယ်ပို့လိုက်တဲ့ E-mail ကို တခြားသူ ဖတ် မဖတ်လွယ်ကူစွာမသိနိုင်ပါဘူး။ ဒါကြောင့် E-mail တစ် စောင်ကိုတခြားသူတစ်ယောက်ဆီ ပို့လိုက်ပြီးရင် အဲဒီ E-mail ကို ဖတ် မဖတ်၊ ဖတ်ရှုတဲ့အချိန်၊ နေရာ (IP Address + Location) ၊ဖတ် ရှုတဲ့အကြိမ်အရေအတွက်၊ ဘယ်လောက်ကြာကြာဖတ်ရှုတယ်။ အသုံးပြုတဲ့ Browser Details စတဲ့ Statistics ကို လွယ်ကူစွာသိရှိနိုင်တဲ့ နည်းကို ဖော်ပြလိုက်ပါတယ်။

 

ကဲ...စိတ်ဝင်စားရင် ဆက်ဖတ်ရအောင်။

 

 

ပထမဆုံးအသုံးပြုလိုတဲ့ (Email Account) နဲ့ www.didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။ (Name Display in Email နေရာမှာ အသုံးပြုနေကျနာမည်ကိုပဲရေးပါ။

 

နာမည်ပြောင်းရေးပါက E-mail လက်ခံမယ့်သူက ပို့နေကျလူ ဆိုရင် နာမည်ပြောင်းလိုက်တဲ့အတွက် သံသယ၀င်သွားနိုင်ပါတယ်) Register  လုပ်ပြီးပါက ကိုယ်အသုံးပြုနေတဲ့ Gmail Account ကိုဖွင့်ပါ။ ပြီးတဲ့အခါ Compose Mail ဒါမှမဟုတ် Forward Mail ကိုဖွင့်ပြီး ပို့လိုတဲ့ E-mail ပိုင်ရှင် Account (To Address) ကိုရေးပါ။ (Account လုပ်ထားတဲ့ www.didtheryreadit.com မှာလည်းသွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်) အဓိကကျတဲ့အချက် ကို ပြောပါ့မယ်။ ရေးလိုက်တဲ့ E-mail Account  ရဲ့နောက်က ကပ်ပြီး .didtheyreadit.com ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။

 

ဥပမာ ပို့လိုတဲ့ E-mail Account က Yourfriend@gmail.com ဖြစ်ရင် အဲဒီ Account နောက်ကပ်လျက်မှာ.didtheyreadit.com  ကိုပေါင်းပြီး yourfriend@gmail.didtheyreadit.com ဆိုပြီးရေးရပါမယ်။ (Account ရဲ့နောက်မှာကပ်လျက် ရေးလိုက်တဲ့ .didtheyreadit.com ကိုတစ်ဖက်လူအနေနဲ့ မြင်ရမှာမဟုတ်ပါဘူး) ပြီးရင် ရေးလိုတဲ့စာသားနဲ့ Attachments တွေကိုရေးပြီး ပုံမှန် အတိုင်း Send ကို Click နှိပ်၍ပို့လိုက်ပါ။ တစ်ဖက်လူမှ သင်ပို့လိုက်သော E-mail ကိုဖတ်တာနဲ့ ဖတ်တဲ့အချိန်၊ မည်မျှကြာကြာဖတ် သည်၊ ဖတ်သည့်နေရာ၊ IP Address, Geo Location (Approximately) , အသုံးပြုသည့် Browser Details စတဲ့ Statistics က didtheyreadit.com မှသင့်ထံသို့ Report လုပ်ပါလိမ့်မယ်။ ဖတ်တဲ့အကြိမ်တိုင်း သင့်ထံသို့ Report လုပ်ပါလိမ့်မယ်။ didtheyreadit.com မှာ Free Account အနေနဲ့တစ်လကို ၁၀စောင် ပို့နိုင်ပါတယ်။ Report Statistics ကို Notification Option မှာသွားရောက်ပြုပြင်နိုင်ပါတယ်။ Desktop Email Client များဖြစ်တဲ့ Microsoft Outlook, Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်ပြီး ပို့လိုက်တဲ့ E-mail တိုင်းကို ပြုလုပ်ပေးရန် Report အသုံးပြုနိုင်ပါတယ်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN