[By Nay La Minn]
ငယ်ငယ်က အာရပ်ပုံပြင်လေးတစ်ပုဒ် ကြားဖူးသည်။ အများလည်းကြားဖူးကြမည်
ထင်ပါသည်။ ကုလားအုပ် ပုံပြင်ကလေးပါ။ အတိအကျ မမှတ်မိတော့ပေမယ့် သဘောအ
ရကတော့ အာရပ်ခရီးသွားတစ်ဦး ကုလားအုပ်နှင့်အတူ ကန္တာရကိုဖြတ်၍ ခရီးသွားသည်။
လမ်းခရီး၌ ညအိပ် ရပ်နားသောအခါ ရွက်ဖျင်တဲထိုးကာ စားသောက် အိပ်စက်နားနေခိုက်
ကုလားအုပ်ကသူ့သခင်ကို အပြင်မှအသံပေး၍ ရေတောင်းသောက်သည်။ သခင်ကသနား
သဖြင့် ရေအနည်းငယ်တိုက်လိုက်သည်။ ခနကြာတော့ တဲအတွင်းသို့ခေါင်းကလေးထိုးပြီး
အပြင်မှာအေးလွန်း၍ ခေါင်းလေးဝင်အိပ်ပါရစေဟု တောင်းဆိုသည်။ သခင်က သနားသ
ဖြင့် ခွင့်ပြုလိုက်သည်။ သိပ်မကြာမီပင် လည်ပင်းလေးတော့ဝင်အိပ်ပါရစေဆိုပြီး လည်ပင်း
သွင်းလာသည်။ နောက်တော့လက်၊ ကိုယ်တစ်ပိုင်းနှင့် နောက်ဆုံးတော့ တဲအတွင်းသို့ ကု
လားအုပ် တစ်ကိုယ်လုံး ရောက်ရှိလာပြီး သခင်ဖြစ်သူကို တဲအတွင်းမှ ကန်ထုတ်ပစ်လိုက်
လေတော့သည်။
တစ်စတစ်စသွေးတိုးစမ်းရင်း နယ်ချဲ့ ဝင်ရောက်လာတတ်သည် ဆိုသည့်သဘော ၊
အဆုံးတွင်ကိုယ့်ကိုသဘောကောင်းစွာ ခွင့်ပြုပေးသည့်ကျေးဇူးရှင်ကိုပင် ကျေးဇူးကန်းစွာ
ကန်ထုတ်တတ်သည် ဆိုသော လောဘ၏သဘော၊ တဖြည်းဖြည်း တစ်စတစ်စ သွေးတိုး
စမ်း စိမ့်ဝင်ထိုးဖောက်လာခြင်းကို မသိမြင်၊ သတိမမူတတ်လျှင် တားဆီး ပြန်လည်မောင်း
ထုတ်ရန် ခက်ခဲပြီး နောက်ဆုံး မိမိကိုပင် ဒုက္ခပေးခံရနိုင်သည့် သဘော သက်ရောက်ပေ
သည် ။ ယူတတ်လျှင် ယူတတ်သလို၊ တွေးတတ်လျှင် တွေးတတ်သလို အဓိပ္ပါယ် ရှိသော
သင်ခန်းစာများကို ပေးစွမ်းသည့် ပုံပြင်ကောင်းလေးတစ်ပုဒ်ဖြစ်ပေသည်။
မြန်မာမှု နယ်ပယ်၊ မြန်မာစကား အသုံးအနှုန်းများတွင် သွေးတိုးစမ်း၊ အလေ့အထ၊
အကျင့်၊ ထုံးစံ၊ ဓလေ့၊ ရိုးရာဆိုသည်ဖြင့် စကားလုံးအသုံးအနှုန်းများ ရှိပါသည်။ တစ်ဆင့်ပြီး
တစ်ဆင့်၊ အဆင့်ဆင့် အဓိပ္ပါယ် ဖေါ်ဆောင်နေသော အသုံးအနှုန်းများဖြစ်ကြပါသည်။ ပထ
မဆုံး အဆင့်တွင် သွေးတိုးစမ်းသည်။ သွေးတိုးစမ်းလို့ အဆင်ပြေလျှင် လုပ်ကြည့်ရင်း လုပ်
ကြည့်ရင်း ပြုလုပ်လေ့ပြုလုပ်ထရှိသည့် အလေ့အထဆိုသည့် ဒုတိယအဆင့်ဖြစ်လာသည်။
အလေ့အထမှ တဖြည်းဖြည်းလုပ်ပါများလာတော့ တတိယအဆင့် အကျင့်ဖြစ်လာသည်။ အ
ကျင့်များ အကျင့်ပါလာသည့်အခါ ထုံးစံဆိုသော စတုတ္ထအဆင့်သို့ ရောက်လာသည်။ ထုံးစံ
မှ ကျယ်ပြန့်လာသောအခါ ဓလေ့ဆိုသော အဆင့်သို့ ရောက်ရသည် ။ ဓလေ့မှ ကာလရွေ့ 
လျော လာသောအခါ ရိုးရာအဆင့်သို့ တက်လှမ်း ရောက်ရှိလာတော့သည်။ အဆိုပါ အဆင့်
များတွင် မကောင်းမှန်းသိရှိလာရ၍ ဖျောက်ဖျက် ၊ ပယ်ဖျက်လိုလျှင်သွေးတိုးစမ်းခြင်း ၊ အ
လေ့အထ၊ အကျင့်၊ ထုံးစံ ဆိုသောအဆင့်များ အထိ ပယ်၍၊ ဖျက်၍၊ ဖျောက်၍ ရနိုင်သေး
သည်။ အနုအရင့်၊ အတိုင်းအဆ အဆင့်ပေါ်တွင် မူတည်၍ ပြန်လည်ပေးဆပ် စိုက်ထုတ်ရ
မည့် အရင်းအနှီး အတိုင်းအတာတော့လိုပေသေးသည်။ အကျင့်အဆင့်ရောက်လျှင် ဖျက်ဖို့
ဖျောက်ဖို့ခက်လာမည်။ ထုံးစံဆိုသောအဆင့်တွင်တော့ ပို၍ခက်ခဲလာမည်ဖြစ်သည်။ ဓလေ့
နှင့်ရိုးရာအဆင့်များ ရောက်ရှိပြီဆိုလျှင်တော့ ဖျက်ဖို့၊ ပယ်ဖို့၊ ဖျောက်ဖို့ မလွယ်ကူ၊ မဖြစ်နိုင်
တော့ချေ။ အသိုင်းအ၀ိုင်း တစ်ရပ်လုံးလိုလိုက ကိုယ်တိုင်လက်ခံ ကျင့်သုံးသည့် အဆင့်သို့
ရောက်ရှိနေပြီဖြစ်ခြင်းကြောင့်ပင်။
ကောင်းသော အယူအဆ ၊ အတွေးအခေါ် ၊ အမူအကျင့် ဆင့်ကဲဖြစ်စဉ်များ ဆိုပါက
လက်ခံရမည်။ အားပေးရမည်။ ကိုယ်တိုင်ကျင့်သုံး လိုက်နာရမည်။ ဆင့်ကဲတိုးတက်ရန် လုံ့
လပြုရပါမည်။ မိမိအတွက်လည်း အကျိုးပြု၊ သူတစ်ပါး အတွက်လည်းအကျိုးပြုသော၊ မိမိ
အတွက်လည်း မင်္ဂလာရှိ၊ သူတစ်ပါး အခြားသူများ အတွက်လည်း မင်္ဂလာရှိသောအချင်းအ
ရာများကို အရှည်တည်တံ့ရန် အားထုတ် စောင့်ရှောက်ရပါမည်။ မြန်မာမှုနယ်ပယ်တွင် ဖြစ်
တည်ရင့်သန်ပြီးသော ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးထုံးတမ်းအစဉ်အလာများ၊ ရိုးရာ
ဓလေ့ကောင်းများ များစွာရှိကြပါသည်။ မြန်မာအမျိုးသားတိုင်း မပျောက်ပျက်အောင် ထိန်း
သိမ်းစောင့်ရှောက်သင့်ကြပါသည်။
ယနေ့ခေတ် ကာလသည် Globalization ဟုခေါ်သော ကမ္ဘာပြုမှုဖြစ်စဉ် နှင့် အရှိန်
အဟုန်ဖြင့်တိုးတက်နေသော နည်းပညာများကြောင့် ကမ္ဘာအရပ်ရပ် ဒေသအသီးသီးမှ ထုံး
တမ်းအစဉ်အလာ၊ ရိုးရာဓလေ့များသည် မည်သည့်နေရာဒေသသို့မဆို အလွန်လျှင်မြန်စွာ
ထိုးဖေါက်ပျံ့နှံ့ ရောက်ရှိနေကြပါသည်။ ကောင်းသည်များရှိသကဲ့သို့ ဆိုးဝါးသော၊ အကျိုးမဲ့
စေသော၊ မိမိတို့၏ အမျိုးသားကိုယ်ခံစွမ်းအားကို ကျဆင်းယုတ်လျော့စေသည်အထိ အန္တ
ရာယ်ရှိသော အရာများလည်း များပြားစွာပါဝင်ကြသည်။ ထိုကဲ့သို့ လျှင်မြန်စွာကူးစက်ပျံ့ နှံ့
စေသော အရင်းအမြစ်များတွင် ရုပ်ရှင်၊ ဗီဒီယို၊ တယ်လီဗေးရှင်းဇာတ်လမ်း များလည်းအပါ
အ၀င်ဖြစ်ကြသည်။
ပြည်ပဇာတ်လမ်းများကို ကြည့်ရှုအတုခိုးကြရာတွင် မြန်မာမှုနှင့်ဆန့်ကျင်သော လျှပ်
ပေါ်လော်လည် သည့်အမူအကျင့်၊ ၀တ်စားဆင်ယင်မှုများ၊ ပေါ့ရွှတ်ရွှတ်လူနေမှုစရိုက်များ၊
အရက်သေစာကို ကျားမ မရွေး ရေနွေးကြမ်းသောက်သကဲ့သို့ သဘောထား သောက်တတ်
သော ဓလေ့များ၊ ကျားမ ခွဲခြား၍မရနိုင်သော ဆံပင်ပုံစံများ၊ ကျားမ ခွဲခြားရန်ပင်မလွယ်ကူ
သော ၀တ်စားဆင်ယင်မှုများကို အတုယူ သွေးတိုးစမ်းကြရင်းမှ မြန်မာ့ဓလေ့၊ မြန်မာ့ရိုးရာ
များအဖြစ် ထိုးဖေါက် ဖြစ်တည်လာမည်ကို စိုးရိမ် သင့်ကြပေသည်။ မြန်မာ့ဓလေ့၊ မြန်မာ့ရိုး
ရာများအဆင့်သို့ ဆင့်ကဲရောက်ရှိမလာစေရန် အမျိုးသားရေး ကိုယ်ခံစွမ်းအားကောင်းများ
ဖြင့်ယခုအချိန်မှပင်စတင်၍ ကာကွယ်တားဆီးကြရန် လိုအပ်လှပေသည်။ ပုံပြင်ထဲမှကုလား
အုပ်ကဲ့သို့ ခေါင်းကလေး၊ လည်ပင်းကလေးမှ အစပြု၍ တစ်ကိုယ်လုံးဝင်ရောက်ပြီး နေရာ
ယူမည့်အရေးမှ မြန်မာအမျိုးသားတိုင်းက အစဉ်သတိပြု ကာကွယ်ရန် တာဝန်ရှိပေသည်။
မြန်မာအမျိုးသားတို့သည် ပင်ကိုယ်က သိမ်မွေ့သော ၊ ဖေါ်ရွေသော ၊ သနား ကြင်နာ
တတ်သော စိတ်ရင်းစေတနာ ကောင်းများ ပိုင်ဆိုင်ထားကြပါသည်။ " သူတစ်ပါးကို ကူညီ
တတ်သော" ၊ " ပွင့်လင်းရိုးသားသော " ဓလေ့စရိုက်ရှိသည်ဟု အများက သတ်မှတ်ထားကြ
သည်။ မြန်မာအမျိုးသားများအားလုံးက သမိုင်းစဉ်ဆက် ဂုဏ်ယူဝင့်ကြွားစွာထိန်းသိမ်းလာခဲ့
ကြသည်။ တကယ်လည်းဂုဏ်ယူစရာ အစဉ်အလာများလည်း ဖြစ်ပေသည်။ သို့သော်လည်း
ယနေ့ အချိန်အခါသည် ထိုအစဉ်အလာကောင်းများ အတွက် အန္တရာယ်ရှိသော အဆင့်သို့
ရောက်ရှိနေသည်ကိုကား တစ်မျိုးသားလုံးက သတိမပြုမိကြသေးပေ။
ငွေကြေးနှင့်ရုပ်ဝတ္တုပစ္စည်းများ နေရာတကာ၌ တွင်ကျယ်လာနေသောခေတ်အခါတွင်
ထိုကောင်းသော အစဉ်အလာများသည် ငွေကြေးနှင့် လဲလှယ်ဝါးမြိုခြင်းကို ခံနေကြရလေပြီ။
နေရာဋ္ဌာနတိုင်း လိုလိုတွင် မိမိတတ်နိုင်သည့်နေရာမှ အမျိုးသားချင်း စောင့်ရှောက် ရိုင်းပင်း
ကူညီရမည့်အစား ငွေမျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး " ထုံးစံအတိုင်း လက်ဖက်ရည်ဖိုး
လေး " မှအစပြု၍ " အချိုးကျဝေစုခွဲသည့်ဓလေ့ " နှင့် အကျင့်ပျက်ခြစားမှုတို့က တစ်စထက်
တစ်စ အမြစ်တွယ်လာသည်ကို တွေ့မြင်ကြရပေမည်။ " သူတစ်ပါးကို ကူညီတတ်သော " မြန်
မာ့ဓလေ့ အတွက် အန္တရာယ်ကို သတိပြုရမည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် " လူကြီးမကြိုက်မည်စိုး၍ " ၊ " လူကြီးစိတ်အနှောင့်အယှက်ဖြစ်မည် စိုး၍ " ၊
" လူကြီးစိတ်ဆိုးမည် စိုး၍ " ဟူသော အကြောင်းပြချက်တို့ဖြင့် အထက်သို့ လိမ်ညာတင်ပြ
တတ်သောအလေ့အထ၊ မိမိလိမ်ညာရုံမျှမက လက်အောက်သို့လည်း " ဒီလိုမတင်ပြနဲ့၊ ဒီလိုပဲ
တင် " ဟုဆိုကာ လိမ်တတ် ညာတတ်အောင် သင်ကြားပြသပေးတတ်သော အကြီးအကဲတစ်
ချို့၏ ဗျူရိုကရက် အလေ့အထ၊ အရှိကိုအရှိအတိုင်းလက်မခံတတ်သော အရှိကိုအရှိအတိုင်းမ
တင်ပြရဲသော၊ အမှန်ကိုအမှန်အတိုင်း လက်မခံတတ်သော အမှန်ကိုအမှန်အတိုင်း မတင်ပြရဲ
သော အလေ့အထ၊ ထိုအလေ့အထနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သော အမှန်တကယ်ဖြစ်
သော စာရင်းဇယား အချက်အလက် နှင့် အထက် သို့မဟုတ် သက်ဆိုင်ရာသို့တင်ပြသောလိမ်
ညာဖြည့်သွင်းထားသည့် စာရင်းဇယား အချက်အလက်ဟူ၍ နှစ်မျိုးနှစ်စားထားရှိသည့် ဓလေ့
ဆိုး၊ အမွေဆိုးများက နယ်ပယ်အနှံ့အပြား၌ တွေ့မြင်နေရပြန်ပါသေးသည်။ " ပွင့်လင်းရိုးသား
သော " မြန်မာ့ဓလေ့ ၊ ပင်ကိုယ် အမွေခံကောင်းများကို အမွေဆိုးများက ၀ါးမြိုဖုံးလွှမ်းသွား
မည့်အရေး စိုးရိမ်ရသည့် အခြေအနေမျိုးသို့ ဆိုက်ရောက်နေလေပြီ။
မြန်မာပြည်သူပြည်သားတို့သည် " အမှန်တရားကို မပြောရဲ၊ မဆိုရဲ၊ လက်မခံရဲ " သည့်
အဆင့်မှ " အမှန်တရားကို မပြောတတ်၊ မဆိုတတ်၊ လက်မခံတတ် " သည့်အဆင့်၊ ထိုမှတ
ဆင့်တက်၍ " အမှန်တရားကို မပြောချင်၊ မဆိုချင်၊ လက်မခံချင် " သည့်အဆင့်သို့ တဆင့်
ထက်တဆင့် တိုးတက်ရောက်ရှိလာကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည် ရှေ့ ရေးအတွက်
တွေးလို့ပင် မကြည့်ရဲစရာအဖြစ်များပင် မဟုတ်ပါလား။ အရှက်အကြောက် ကင်းမဲ့သောတိုင်း
ပြည်၊ ယဉ်ကျေးမှု မရှိသောတိုင်းပြည်၊ မေတ္တာ သစ္စာ ကရုဏာ ဆိတ်သုဉ်းသော တိုင်းပြည် ၊
ငွေရှိလျှင် အရာရာရရှိနိုင်သော တိုင်းပြည်၊ စာရိတ္တပျက်ပြားသော တိုင်းပြည်၊ လိမ်တတ် ညာ
တတ် လှည့်ဖြားတတ်သော တိုင်းပြည်ဟူ၍ တိုင်းတပါးသားတို့က မှတ်ယူသွားကြမည်ကို စိုး
ရိမ်မိပါသည်။
သစ်ပင်၊ အဆောက်အဦတို့တွင် တွယ်ကပ်ဝါးမြိုတတ်သော ညောင်ပင်တို့ကို တွေ့ဖူးကြ
ပေလိမ့်မည်။ မည်သည့် အရပ်ဒေသမှ မည်သည့် သတ္တ၀ါက ချီ၍ ယူဆောင်လာကာ ပစ်ချခဲ့
သည်မသိသော ညောင်စေ့တို့မည်သည် အစေ့မှ အစို့၊ အစို့မှ အညှောင့်၊ အညှောင့်မှ အတက်၊
အတက်မှ အပင်ပေါက်၊ အပင်ပေါက်မှ ပင်ပျို၊ ပင်ပျိုမှ ပင်လတ်၊ ၎င်းမှဖွံ့ဖြိုးထွားကျိုင်းလာကာ
နောက်ဆုံးတွင်မူလ သစ်ပင်၊ အဆောာက်အဦကို ၀ါးမြို ဖျက်ဆီးတတ်ကြပေသည်။
မြန်မာမှုနယ်ပယ်တွင် ဖြစ်တည်ရင့်သန်ပြီးသော ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး
ထုံးတမ်းအစဉ်အလာများ၊ ရိုးရာဓလေ့ကောင်းများ ၏နေရာသို့ သူစိမ်း ထုံးတမ်းအစဉ်အလာ၊
ရိုးရာ ဓလေ့များက သွေးတိုးစမ်းရာမှ အလေ့အထ၊ အလေ့အထမှ အကျင့်၊ အကျင့်မှ ထုံးစံ ၊
ထုံးစံမှ ဓလေ့၊ ဓလေ့မှ ရိုးရာအဖြစ် ၀င်ရောက်မလာစေရန် တားဆီးကြရပေမည်။ ထိုနည်းတူ
စွာပင် ညောင်စေ့မှအစပြု၍ ဖွံ့ထွားသန်မာသော ညောင်ပင်ကြီးအဖြစ် တဖြည်းဖြည်းရောက်ရှိ
ဝါးမြိုလာမည့် အရေးမှ တားဆီး ဖြိုဖြုတ် အမြစ်နှုတ်သင့်လျှင်လည်း နှုတ်ကြရပေလိမ့်မည် ။
ဤနေရာတွင် ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင် ပြေး၍ သတိရလိုက်မိပါ
သည်။ ဆရာမောင်သင်းမွန် ( သံတွဲ ) ရေးစပ်ခဲ့သော " အားသစ်ပျိုးချိန် "ဆိုသည့် ကဗျာလေး
ပင်ဖြစ်ပါသည်-
" အားသစ်ပျိုးချိန် "
ညောင်ပင်မျိုသည့်၊
စိမ်းစိုသစ်လွင်၊ သရက်ပင်သည်၊
အသွင်မဖြိုး၊ အဆင်ညှိုးခဲ့၊
ပိုးခြအိမ်တက်၊ သီးပွင့်ပျက်ခဲ့၊
ရက်လရှည်ကြာ မြင့်ခဲ့ပြီ...။
သရက်ပင်မှ၊
မာန်အင်ခွန်အား၊ သြဇာများကို၊
ကပ်စားကပ်မျှောင်၊ ခေါင်းကြွထောင်သည့်၊
မြရောင်စိုလွင်၊ ပြည်ညောင်ပင်မူ၊
ညွန့်ရှင်ခက်ဖါး၊ သီးဖွံ့ထွား၍၊
မားမားစွင့်စွင့်၊ မိုးထိုးမြင့်၍၊
တင့်တယ်ပါဘိ ၀င့်ထယ်၏...။
အကယ်၍မူ၊ သတိယူ၍၊
လူသူအပေါင်း၊ ရာထောင်သောင်းက၊
မျိုးကောင်းသရက်၊ ပြည်ညောင်ဖျက်ဟု၊
အခက်ကိုသင်၊ အပင်ကိုခုတ်၊
အဖြစ်နှုတ်၍၊ အငုတ်မကျန်၊
ပြည်ညောင်ရန်ကို၊ တော်လှန်လိုက်လျှင်၊
သရက်ပင်သည်၊ လေ၀င်ယိမ်းထိုး၊
အားသစ်ပျိုး၍၊
သီးဖြိုးဝေဆာ ပေလိမ့်မည်.....။ ။
မောင်သင်းမွန် ( သံတွဲ )
အတိတ်သမိုင်းအဆက်ဆက် ၌ ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးသည် အစဉ်အလါ
ကောင်းများဖြင့်သာ ဇာတိပုညဂုဏ်မာနနှင့် ၀င့်ထည်စွာနေထိုင်ခဲ့ကြသည်။ကျွန်တော်တို့ခေတ်
အခါရောက်ပါမှ ကျွန်တော်တို့၏ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ရိုးရာကောင်းများ၊ ကျွန်တော်
တို့၏ အမျိုးဂုဏ် ဇာတိဂုဏ်၊ ကျွန်တော်တို့၏ ပညာဂုဏ် စာရိတ္တဂုဏ် တို့ကို ပြည်ဖျက်ညောင်
နှင့်အလားသဏ္ဍန်တူ ဖေါက်ပြန်သူနှင့် အမူအကျင့်ဆိုးတို့၏ ၀ါးမြိုဖုံးအုပ်၊ ဖျက်ဆီးခြင်းကိုကျေ
နပ်စွာ ခံယူကြတော့မည်လား... ။ သို့တည်းမဟုတ်...ကိုယ်စီအသိစိတ်ဖြင့် တော်လှန်၍ အပင်
ခုတ်၊ အမြစ်နှုတ်ကြမည်လား... ? ။
တွေးကြည့်နိုင်ကြဖို့ပါ.....................................................................။
မကောင်းသော အလေ့အထ နှင့် အမူအကျင့်တို့ကို စောစီးစွာ ဖြိုဖျက် နှုတ်ပယ် နိုင်ကြ
ပါစေ............................................................................................။
ေ န လ မ င်း
( ၁ ၁ သြ ဂု တ် ၂ ၀ ၁ ၁ )
0 comments:
Post a Comment