Search This Blog

Now Loading......

[Myanmar's Cartoons] New photo

0 comments
MoeMoe Moe Moe 5:58am Jan 9

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Myanmar's Cartoons] New photo

0 comments
MoeMoe Moe Moe 5:58am Jan 9

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Big Brothers & Sisters] New link

0 comments
Lu Nga Tay 5:57am Jan 9
မိခင်ဘာသာစကား သင်ကြားရေးဆိုင်ရာ မူဝါဒစာတမ်း (ပညာရေးသုတေသန)
www.maukkha.org
ကလေး၏ မွေးရာပါ စွမ်းပကား (ဘာသာစကား) ကို အရင်းအမြစ်တစ်ခုအနေဖြင့် အသုံးပြု၍ သင်ရိုးညွှန်းတမ်း ရေးဆွဲ ပြ...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Free "Min Ko Naing" Now] အမြင်ကောင်းအောင် မွန်းမံတာလား ၊ စနစ်ကောင်းအောင်...

0 comments
အမြင်ကောင်းအောင် မွန်းမံတာလား ၊...
Emily Zin 5:54am Jan 9
အမြင်ကောင်းအောင် မွန်းမံတာလား ၊ စနစ်ကောင်းအောင် ပြုပြင်တာလား မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားနေတယ်...အကျဉ်းထောင်တွေထဲမှာရော ရေပန်းစားရဲ့လား၊ ထိုင်းနိုင်ငံက ချင်းမိုင်အကျဉ်းထောင်ကြီးနားမှာတော့ တနေ့တနေ့ ထောင်ထဲမှာ ကာလာအိုကေ သီချင်းဆိုသံတွေ ၊ တီဗွီ ရုပ်ရှင်တွေ ကြည့်ရင်း တဟားဟား ရယ်မောနေတဲ့ ထောင်သားတွေရဲ့ အသံတွေနဲ့ နားရည်ဝနေပြီ.. တခါတခါ ကောင်မလေးက သူ့ကောင်လေးကို ထောင်ဝင်စာ မဟုတ်ဘဲ ( ခဏတဖြုတ် ) လာတွေ့တဲ့အခါ အုတ်တံတိုင်းရဲ့ တဖက်တချက်စီကနေ စကားတွေပြောနေကြတယ် ၊ လက်လေးတွေ ကိုင်ထားကြတယ် ၊ တယောက်နဲ့ တယောက် ကြည်နူးပြီး ပြုံးနေကြတယ် ၊ အဲဒီခဏတဖြုတ်တွေအတွက် မိနစ် ၃၀ အခွင့်အရေး ပေးထားတယ်။ အချိန်စေ့ပြီဆိုရင် ကောင်မလေးကသာ မတ်တပ်ရပ်ပြီး ငေးမောရင်း ကျန်နေရစ်ခဲ့တယ် ထောင်သားလေးကတော့ လက်လေးတချက် ကာပြပြီး သူ့အခန်းထဲကို တန်းတန်းကြီး ပြေးဝင်သွားတယ်။ ထောင်သားတွေရဲ့ မျက်နှာမှာ အပူအပင်မရှိဘူး ၊ ဒဏ်ရာ အနာအဆာ မရှိဘူး ၊ အဆီတွေခန်းမနေဘူး ၊ ရင်တောင့် မနေဘူး ၊ အားလုံးဟာ ပြစ်ဒဏ်အလျောက် ကျခံနေရခြင်းအတူတူ အိုနာရုပ် မထွက်ဘူး။ ကဲ မြန်မာနိုင်ငံက အကျဉ်းထောင်နဲ့ ဘာတွေ ကွာလဲ..။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Funny and Amazing] New photo

0 comments
MoeMoe Moe Moe 5:53am Jan 9

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] “အမောမပြေတဲ့ မနောမြေ”

0 comments
Aung Khaing Myint 5:53am Jan 9
"အမောမပြေတဲ့ မနောမြေ"

by Sein Khat Soe on Sunday, January 8, 2012 at 2:01pm

စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁)
ခိုလှုံသူဦးရေ ၅၀၄ဦး၊
၂၁၊ ၁၂၊ ၂၀၁၁
တရုတ်-ကချင်နယ်စပ်တနေရာ။

"မေမေ ဒီနှစ်ခရစ္စမတ်က အကြာကြီးဘဲ…အိမ်မပြန်သေးဘူးလား။ သားအိမ်ပြန်ချင်တယ်။"
ဒီစကားကိုပြောလာတာက ကချင်တိုင်းရင်းသားကလေးငယ်လေးက သူ့အမေကို ဂျီတိုက်နေတဲ့စကားလေးပါ။ သူ့အထင်က ကလေးသဘာဝဆိုတော့ သူတို့အရင်နှစ်တွေကလို ခရစ္စမတ်ပွဲကိုတခြားရွာတစ်ရွာမှာလာပြီး ပျော်ရွှင်စွာဆင်နွှဲနေတာထင်နေပြီး ရက်ကြာလာတော့ အိမ်ပြန်ချင်လို့ မိခင်ကိုပူဆာတဲ့စကားပါ။ ဘယ်လောက် ဝမ်းနည်းစရာကောင်းတဲ့စကားလေးလဲဗျာ။ ဒီစကားကို မိတ်ဆွေဖြစ်သူက စခန်းလေးရဲ့ ဧည့်ခံ ဝါးစားပွဲလေးမှာ ထိုင်ပြီးစကားလက်ဆုံကြရင်း ဆော့နေတဲ့ မောင်နှမနှစ်ယောက်ကို လက်ညှိုးထိုးပြပြီးပြောတဲ့စကားလေးပါ။ သူ့အမေ ကလေးကို ဘာပြန်ပြောပြီးနှစ်သိမ့်လိုက်လဲဆိုတာတော့ အလိုက်တသိနဲ့ဘဲ ကျွန်တော့် မိတ်ဆွေကို ပြန်မမေးလိုက်တော့ဘူး။ သူလည်း အဲဒါပြောပြီး အသံတိတ်သွားတယ်။

……………………………………………………………………………………………………………………………………….

မြို့အပြင်စပ် တောလမ်းကုန်းမြင့်လေးအတိုင်း ၁၀မိနစ်လောက်သွားအပြီးမှာတော့ ကျွန်တော့်ဖာသာ စိတ်ထဲက နေနာမည်ပေးထားလိုက် စစ်ဘေးရှောင် မိသားစုများ ခိုလှုံရာစခန်း အမှတ်(၁) စခန်းလေးရဲ့ အဝကိုရောက် သွားပါတယ်။ အရှေ့မှာ အပျော်တမ်း ဘောလုံးကွင်းတစ်ဝက်စာကျယ်ကျယ်လောက်ရှိတယ် မြေညီကွင်းပြင်မှာ ဝါးနဲ့လုပ်ထားတဲ့ ထိုင်ခုံ၊ စားပွဲတန်းလျားလေး သုံးခုနဲ့ ခြံဝန်းမရှိပေမယ် ခြံအစပ်မှာကွယ်နေတဲ့ ခြုံတွေပေါ်နဲ့ မြေ တလင်းတချို့ပေါ်မှာလှမ်းထားတဲ့ စောင်၊ အနွေးထည်၊ ကလေးလူကြီးဝတ်အဝတ်အထည်မျိုးစုံက ကျွန်တော် တို့ကိုစကြိုနေပါတယ်။

အဲဒီကွင်းလေးရဲ့တဖက်မှာတော့ လေးထောင့်စပ်စပ် အခန်းတွဲစက်ရုံဟောင်းကြီးတစ်ခုထဲက မျက်လုံးပေါင်းများ စွာက ကျွန်တော်တို့ကိုလှမ်းကြည့်နေပါတယ်။ အဲဒီထဲကနေ ခပ်သွက်သွက် နဲ့ထွက်လာပြီး နုတ်ဆက်လာတာ ကတော့ ကျွန်တော့်မိတ်ဆွေ စခန်းတာဝန်ခံမညိုပါ။ မဲရီးခရစ္စမတ်နုတ်ဆက်ပြီးပြီးချင်း ပြောမနာဆိုမနာ သူငယ် ချင်းကြိုဆိုပုံ နင်ကင်မရာဟိုစားပွဲပေါ်သွားတင်ထား ဒီစခန်းမှာ ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ခွင့်၊ အင်တာဗျူးခွင့်မရှိ ဘူးဆိုပြီး သူ့စခန်းလေးရဲ့တင်းကြပ်သော ဥပဒေနဲ့ ကျွန်တော့်ကို စတင်ကြိုဆိုပါတယ်။

ကျွန်တော်လည်း တာဝန်ခံတစ်ယောက်နဲ့ရင်းနှီးလို့လုပ်ချင်ရာလုပ်သွားနိုင်ပေမယ့် သူ့ရဲ့တောင်းဆိုမှုအတွက် စိတ်အနှောင့်အယှက်မရှိ သူညွှန်ပြရာစာပွဲပေါ်ကျွန်တော့်ကင်မရာရော၊ တလမ်းလုံးအားမနာလျာ မကြိုးကျွန် တော့် ကျောပေါ်လိုက်လာတဲ့ကျွန်တော့် ကျောပိုး အိတ်လေးကိုရောသွားတင် ထားလိုက်ပါတယ်။ ဝန်းထဲမှာ လူကြီးနဲ့ မိခင်တစ်ချို့နေစာလှုံနေသလို၊ တချို့က ချက်ပြုတ်နေပါတယ်။ ခပ်ငယ်ငယ်ကလေးတချို့ကတော့ ပြေးလွှားဆော့ကစားနေပေမယ့် အများစုကတော့ လူစုစု စုစုလေးတွေလုပ်ပြီး ထိုင်စကားပြော နေကြပါတယ်။ ကွင်းရဲ့ထောင့်တဖက်မှာတော့ အဝတ်အစားခပ်သန့်သန့်နဲ့ အမျိုးသမီး ၅ဦးဟာ ဝါးနဲ့လုပ်ထားတဲ့စားပွဲဝိုင်းမှာ ဝိုင်းထိုင် စကားပြောနေပါတယ်။ အထူးသတိထားမိတာက စခန်းထဲမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေများပြီး သန်မာတဲ့ ယောင်္ကျား မရှိသလောက်ပါပဲ။

ဒီစခန်းမှာ ခိုလှုံသူ ၅၀၄ဦးရှိပြီး ကျေးရွာ ၅ရွာကျော်ကလာရောက်ခိုလှုံနေသူတွေများပါတယ်။ တာဝန်ခံ ကျွန် တော့်မိတ်ဆွေရယ်၊ သူ့လက်ထောက် ညီမငယ်တစ်ယောက်ရယ်၊ မြန်မာစစ်တပ်အရာရှိဟောင်းတစ် ဦး(က ချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျလို့ တပ်ကထွက် ထားရတဲ့သူ)ရယ်နဲ့ စေတနာ့ဝန်ထမ်း ၄ဦးရယ်က အဓိက စီမံ ခန့်ခွဲနေပေမယ့် ခရစ္စမတ်ပွဲတော်ရက်မို့ လုပ်အားပေးလူငယ်တွေက အိမ်ပြန်သွားကြလို့ သူတို့သုံးဦးဘဲရှိသေးပြီး ကျွန်တော်တို့ရောက်သွားချိန် ၁၀း၃၀နာရီအထိ သူတို့မနက်စာမ စားရသေးကြောင်း မိတ်ဆွေရဲ့လက်ထောက် ကချင်ညီမငယ်လေးက ကျွန်တော့်နားကိုကပ်ပြီးပြောပါတယ်။ ကျွန်တော်က အကိုတို့ကို အားမနာနဲ့ သွားစား လေလို့ပြောတော့ ဘာမှကိုမချက်ရသေးဘူးတဲ့။ ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။

အဲဒီလိုပြောနေစဉ်ဘဲ တရုတ်နံပါတ်တပ် ကားနှစ်စီးစခန်းထဲကိုမောင်းဝင်လာပြီး တရုတ်-ကချင်နွယ်မိသား စု တစ်စု ဆင်းလာတာတွေ့လို့ သူတို့ ၃ယောက်ကိုလှမ်းခေါ်ကာ ဆန် ၅အိတ်နဲ့ ပန်းဂေါ်ဖီ၊ ကြက်သွန်နီတွေလာ လှူတာတွေ့ရတယ်။ လာလှူတဲ့အဖွဲ့မှာလည်း ယောင်္ကျား သားဆိုလို့ ကားမောင်းလာသူနှစ်ဦးဘဲပါလို့ ဆန် အိတ်ထမ်းဖို့ အားမနာလျာမကြိုးဘဲ ကျွန်တော့်ရဲ့ပိန်လျော်လျော် ခန္ဓာကိုယ် ကြီး ကို မိတ်ဆွေကအား ကိုးတကြီး လှမ်းခေါ်လို့ ဆန်အိတ်တွေထမ်းချ၊ ဟင်းသီးဟင်းရွက်အိတ်တွေဝိုင်းသယ်ရင်း စခန်းရဲ့အတွင်း ဘက်ကို ပိုဝင် ရောက်သွားတယ်။

အစားအသောက် စတိုခန်းကို တရုတ်စာတွေကပ်ထားတဲ့ သံတံခါးကြီးကြီးနှစ်ခြပ်နောက်က သစ်ဟောင်းဝါး ဟောင်းတွေနဲ့ အောက်က ခံခင်းထားတဲ့ ပေအစိပ်၊ ပေခြောက်ဆယ်လောက်ကျယ်တဲ့ အခန်းတစ်ခုထဲမှာ လုပ် ထားပါတယ်။ ခုနလာလှူတဲ့ ဆန်အိတ် အပါ အဝင် ဆန်အိတ်၂၀ဆယ်၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ ၃တောင်း၊ ဆေး ရွက်ကြီးခြောက် ၃ထုပ်၊ ဆီ ၂ပုံးကို သေသေချာချာစီထားတယ်။ ဆေးရွက်ကြီးခြောက်တွေက လာခိုလှုံတဲ့သူ တွေထဲက ကျွန်တော်တို့ကွမ်းစားသလိုဘဲ ကချင်လူကြီးတွေက ဆေးရွက်ကြီး ခြောက်ကို ဝါးလေးရှိလို့ နယ်ခံ တွေက လာလှူထားတဲ့။ ခုချိန်ထိ နယ်မြေခံကက်သလစ်အသင်းတော်နဲ့ နယ်မြေခံပြည်သူလူထုက လာလှူ ထားတာ တွေ ဘဲရှိသေးပြီး ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရသေးဘူးလို့ မိတ်ဆွေက ပစ္စည်းတွေ သေချာသပ်သပ်ရပ်ရပ်ဖြစ် အောင်စီနေ ရာကနေ ပြောပြပါတယ်။

စတိုခန်းထဲကပြန်ထွက်လာတော့ ခုနက အဝတ်အစားခပ်သန့်သန့်ဝတ်ထားတဲ့ အမျိုးသမီးတစ်စု က ကျွန်တော့် မျက်လုံးထဲပြန်ဝင် လာလို့ မိတ်ဆွေကိုမေးတော့ သူတို့က ဒီနယ်ခံအစိုးရဝန်ထမ်းတွေဖြစ်ပြီး စခန်းရဲ့လူ ဝင်လူ ထွက် အတွက် အစိုးရကလာချပေးထား တာတဲ့ တော်ကြာနေပြန်တော့မှာ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့လာမှာမို့လို့ ဒီအချိန်လောက်ထိ နင်တွေ့ရတာတဲ့..။ ကျွန်တော်က သူတို့ကို ကူဖို့လာပို့ထားတာ ခင်ဗျားခေါ် ခိုင်းလေးဆိုတော့ မိတ်ဆွေက ပါးစပ်ထဲက အငွေ့ထွက်အောင်ရယ်ပြတယ်။ ကျွန်တော်ကလည်း သူ့အရယ်ကို သဘောပေါက်စွာဘဲ ပါးစပ်ထဲကအငွေ့ထွက်အောင်ပြန်ရယ်လိုက်တယ်။

ဒီစခန်းလေးက နောက်သွားမယ့် စခန်း ၂ကနေခွဲလာတာ ၁လခွဲလောက်ဘဲရှိဦးမယ်လို့ သူငယ်ချင်းကပြော ပါတယ်။ နောက်သွားမယ့် စခန်းအမှတ် ၂ ဖြစ်တဲ့ ဘုရားကျောင်းဝန်းလေးမှာက လူဦးရေ ၅၀၂ဦးရှိပြီး အရပ်ကျပ်တည်းနေလို့ ဒီနေရာစက်ရုံဟောင်းကို နယ်မြေခံ အစိုးရဆီက အကူအညီတောင်းပြီး ရွေ့လာရတာတဲ့။ ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒီစခန်းမှာ ယောင်္ကျားသားတွေမရှိရတဲ့အကြောင်းအ ရင်းက အိမ်ထောင်သည်တွေ အတူတူထားရင် တခြားလူမှုရေးပြသနာတွေရယ်၊ ပေါ်တာလို(နှစ်ဘက်လုံးက)ကိစ္စတွေရယ်ဖြစ်လာနိုင် တဲ့အတွက် ယောင်္ကျားမှန်သမျှကို တရုတ်ပြည်ဘက်က စခန်းတွေမှာသာ ခွဲထားတယ်ဆိုတာကို တရုတ်ပြည်ဘက်က စခန်းတွေရောက် မှ ကျွန်တော်သဘောပေါက်လိုက်ပါတယ်။

ပြန်လာပြီး ကူလုပ်ပေးဖို့ ဖိတ်ခေါ်နေတဲ့ မိတ်ဆွေမညိုကို ဂုဏ်ယူစွာနုတ်ဆက်ရင်း တခြားစခန်းတစ်ခုဆီကို ကျွန်တော်တို့အဖွဲ့ဦးတည် လိုက်ပါတယ်။

စိမ်းခက်စိုး
ဇန်နဝါရီ ၁၊ ၂၀၁၂
ည - ၁၀း၀၀ နာရီ

မှတ်ချက်။
စခန်းတာဝန်ခံနဲ့ ခိုလှုံသူတွေရဲ့ လုံခြုံတည်ငြိမ်ရေးအခြေအနေအရ နာမည်၊ နေရာများကို ချန်လှပ်ထားပါသည်။
ဆက်လက်ရေးသားပါဦးမည်။ မနောမြေနဲ့ ကချင်လူမျိုးတွေရဲ့ ချစ်စရာတွေကို ဒီလင့်လေးမှာသွားကြည့်ပါ။ https://www.facebook.com/media/set/?set=a.2409559359870.2105743.1277811975&type=1

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New link

0 comments
Aung Khaing Myint 5:49am Jan 9
Burma's opposition prepares for the unexpected after Aung San Suu Kyi agrees to contest elections -
www.telegraph.co.uk
At the cobwebbed headquarters of Aung San Suu Kyi's National League for Democracy, party workers are...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New link

0 comments
Aung Khaing Myint 5:48am Jan 9
NLD ပါတီဝင်လျှောက်လွှာများကို တစ်စောင် ကျပ်ငွေ တစ်ရာနှုန်းဖြင့်ရောင်းချမည်။ဇန်န၀ါရီလ ၉ ရက်နေ့မှစတင်ကာ ...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Myanmar's Cartoons] New photo

0 comments
MoeMoe Moe Moe 5:45am Jan 9

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[Maung Maung One ( မောင်မောင်ဝမ်း )] New link

0 comments
Read more »

[၄။အညာဒေသချစ်မြတ်နိုးသူများ] ကိုဇေ ရဲ့ အစီအမံ တွေကတော့ ကောင်းတယ် ဗျ နှော...

0 comments
ကိုဇေ ရဲ့ အစီအမံ တွေကတော့ ကောင်းတယ် ဗျ နှော......
Koko Latt 5:41am Jan 9
ကိုဇေ ရဲ့ အစီအမံ တွေကတော့ ကောင်းတယ် ဗျ နှော...
လုပ်ထားပေါ့ ဗျာ ကိုဇေတို့ ခေတ်လေဗျာ..ရပါတယ်

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New link

0 comments
Eve Say 5:40am Jan 9
Feel A Boob Day!!! Australia 31/03/2011
bit.ly
She is very nice!! Watch in HD version!

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New link

0 comments
Aung Khaing Myint 5:38am Jan 9
သမ္မတကြီးထံသို့ ဂီတမှုးတယောက်ရဲ့ သမီး အိတ်ဖွင့် ပေးစာ

                                         နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာ
 
   ...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[8888 NEW GENERATIONS] New photo

0 comments
Aung Khaing Myint 5:38am Jan 9
Moral Campaign to release political prisoners
ကျန်ရှိနေသေးတဲ့ မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်း...

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[၄။အညာဒေသချစ်မြတ်နိုးသူများ] ကိုဇေ ရေ အညာမှာမနေတတ်ရင်တော့ အဲပုံရိပ်သာကြည်...

0 comments
ကိုဇေ ရေ အညာမှာမနေတတ်ရင်တော့ အဲပုံရိပ်သာကြည်...
Koko Latt 5:38am Jan 9
ကိုဇေ ရေ အညာမှာမနေတတ်ရင်တော့ အဲပုံရိပ်သာကြည့် ထားပေတော့
ကိုဇေ သူငယ်ချင်းဆိုပြီးတော့ ညှာမှာမဟုတ်ဘူးနော်
..........................................ပုံ သူဂျီးသမက် ကိုလတ်




~~~~~~~~~~~~~~~~

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »

[မြန်မာ့ အလင်းကောင်းကင်] သို့

0 comments
သို့ ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)...
Khu Daun 5:34am Jan 9
သို့

ဗဟိုကော်မီတီ(ဋ္ဌါနချုပ်)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)

မှ
ကိုကိုဦး(မကဒတအဖွဲ့ဝင်ဟောင်း)၏အကြံပေးစာ

ကျနော် မကဒတ(ABSDF)ထုတ်ပြန်ကြေငြာချက်ကိုဖတ်လိုက်ရတော့အတော်ကိုအံ့သြသွား ရပါတယ်၊ အားမနာတမ်းပြောရမယ်ဆိုရင်မျှော်လင့်ထားတာနဲ့တခြားစီဖြစ်နေလို့ပါပဲ၊အဲဒီက အချက်တွေကို ထောင့်ပြီးပြောရမယ်ဆိုရင် ထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည့်အပိုဒ်(၃)ကို ကျနော်အနေနဲ့လုံးဝသဘောမကျခဲ့ပါ၊ ၄င်းတွင်ပါဝင်သည့်

"မကဒတ(ကျောင်းသာတပ်မတော်)မှအရေးယူဆောင်ရွက်ခဲ့သောသူလျှိုဖေါ်ထုတ်မှုနဲ့ပတ်
သက်ပြီး"ဟုညွန်းဆိုထားခြင်းသည် မကဒတအလုပ်အဖွဲ့မှအဖြစ်မှန်ဖေါ်ထုတ်ရေးကိုမလုပ်ခင်
ကတည်းကပင် ကြိုတင်ညွန်းဆိုချက်ချပြီးသားသလိုမျိုးခံစားမိပါသည်၊

အသတ်ခံရသူတွေအထဲမှာသူလျှိုတွေပါနေပြီဆိုတဲ့အမြင်ကို စုံစမ်းစစ်ဆေးရေးမလုပ်ခင်ကပင် ရှိနေခဲ့ပါက ဘယ်လိုသောစစ်ဆေးဖေါ်ထုတ်မှုကိုလုပ်လင့်ကစား မျှမျှတတဖြစ်လာဖို့အခက်အ
ခဲတွေအများကြီးရှိလာနိုင်ပါတယ်၊

တကယ်ဆိုလျှင်ပြုလုပ်သူနဲ့ပြုလုပ်ခံရသူနှစ်ဦးအကြား တရားသူကြီးသဘွယ် တရားမျှတမှုရှိ အောင်ဆောင်ရွက်ပေးရမည့် မကဒတအနေ့နဲ့ ဦးစွာပထမ သံသယကင်းကင်းထားရှိပြီးမှ စစ်ဆေးတွေ့ရှိချက်အပေါ်မျှမျှတတအဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်၊

ဒါကလည်း အဖွဲ့အစည်းကချမှတ်မည့်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး ဥပဒေစံနှုန်းအရဖြစ်ဖို့တော့ အလားအလာအလွန်နည်းနေဦးမှာပင်ဖြစ်သည်၊

အပိုဒ်(၃)(က)မှာ "မကဒတ၏သမိုင်းရေးဆိုင်ရာကိစ္စဖြစ်သည်"ဟုဆိုထားခြင်းကိုလည်း ကျနော်အနေနဲ့ဤအယူအဆကိုသိပ်သဘောမတွေ့ပါ၊ အမှန်တကယ်ဆိုရလျှင် ယခုကိစ္စသည်

မကဒတ၏အဖွဲ့တွင်းရေးရာဆိုင်ရာကိစ္စဖြစ်သည့်အပြင် ကျောင်းသားလှုပ်ရှားမှုဆိုင်ရာသမိုင်း

တစ်ခုလုံးထဲမှာပင်အကျူံးဝင်လျှက်ရှိနေပါသည်၊

အပိုဒ်(၃)(ခ)မှာ"ရန်သူစစ်အာဏာရှင်တို့၏စနစ်တကျသပ်လျှိုဖြိုခွဲမှုဖြစ်သည်"ဆိုရာ၌အဓိပ္ပါယ်

နှစ်ခွထွက်နေသကဲ့သို့ခံစားမိပါသည်၊

ရန်သူသူလျှိုဆိုတာဘယ်သူ့ကိုရည်ညွန်းတာလည်းသိပ်မရှင်းပါ။ အသတ်ခံရသူတွေဟာ သူလျှိုဖြစ်နေတာလား၊သတ်တဲ့သူတွေကပဲသူလျှိုဖြစ်နေတာလား၊မရှင်းမရှင်းဖြစ်နေရပါတယ်၊

တကယ်လို့အသတ်ခံရသူတွေဟာသူလျှိုတွေဖြစ်တယ်၊ သူလျိုတွေပါနိုင်တယ်ဆိုရင် ကိုမျိုးဝင်း၊ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့ကျူးလွန်ခဲ့သော မဆင်မချင်ဗိုလ်ကျမှုကို ထောက်ခံပေးလိုက်သည့်သဘော သက်ရောက်သွားနိုင်ပါသည်၊

သေဒဏ်အမိန့်ကို လွယ်လင့်တကူချမှတ်ပြီး သတ်ဖြတ်မှုမှာတာဝန်ရှိသူတွေကိုရန်သူသူလျိုလို့ ဆိုရင်တော့ ကိုမျိုးဝင်း၊ ကိုသံချောင်း၊ရော်နယ်အောင်နိုင်တို့က သူလျှိုဖြစ်နိုင်သည်ဟု နားလည်သွားနိုင်ပါသည်၊

ဒါကြောင့်မကဒတလက်ရှိဗဟိုအနေနဲ့ချထားသောအခြေခံသဘောတရားသည်ပြည့်စုံလုံ
လောက်ခြင်း၊ ရှင်းလင်းပြတ်သားခြင်းမရှိဘူးဆိုတာကိုတွေ့ရှိနေရပါသည်၊

အပိုဒ်(၄)အရ"အထက်ပါအခြေခံသဘောတရားကိုကိုင်ဆွဲ၍ဖြစ်ရပ်မှန်ဖေါ်ထုတ်နိုင်ရေး"ကို
အလုပ်အဖွဲ့မှဆောင်ရွက်သွားမည်ဟုဆိုထားသည့်အတွက်အပိုဒ်(၃)(ခ)ကိုအကျယ်တ၀င့်ရှင်း
လင်းရန်လိုနေပါသည်၊

မိမိအနေဖြင့် မကဒတမြောက်ပိုင်းကိစ္စသည် မကဒတ၏သမိုင်းရေးရာသာမက ကျောင်းသား
လှုပ်ရှားမှုသမိုင်းနဲ့အကျုံးဝင်နေသည့်အတွက် မကဒတ၏အလုပ်အဖွဲ့တစ်ခုဖြစ်သာဆောင်
ရွက်မည်ဆိုပါက ပြီးပြည့်စုံအောင်ဆောင်ရွက်နိုင်မည်မဟုတ်သည့်အပြင် ဘက်စုံပေါင်းစုံ
ဆောင်ရွက်ပေးနိုင်မည်ဟုမယူဆပါ၊သို့ဖြစ်ပါ၍လက်ရှိမကဒတဗဟိုအနေဖြင့်ပိုမိုရှင်းလင်းပြတ်
သားသည့်အခြေခံမူကိုချမှတ်ပြီး ဘက်မလိုက်ပဲမျှမျှတတဆောင်ရွက်သွားနိုင်ဖို့အလွန်အရေး
ကြီးနေပါသည်။အကယ်၍လက်ရှိမကဒတဗဟိုအနေဖြင့်တဖက်ဖက်ကိုမယိမ်းမယိုင်ပဲ ဆောင်ရွက်ခဲ့နိုင်သောအနေအထားကိုမရရှိခဲ့လျှင် ပိုမိုရှုပ်ထွေးသောနောက်ထပ်အကျိုးဆက်
များကိုလည်းရလာနိုင်သောအနေအထားတွင်ရှိနေပါသည်။သို့ဖြစ်၍မကဒတ၏အလုပ်အဖွဲ့ဝင်
များသာမက မှန်မှန်ကန်ကန်ဆောင်ရွက်လိုစိတ်ရှိသောသူများကိုပါထည့်သွင်းပြီး ပိုမိုကျယ်ပြန့်
သော အမှုမှန်ဖေါ်ထုတ်ရေးကော်မရှင်ကိုဖွဲ့စည်းဆောင်ရွက်သင့်သည့်ထင်မြင်မိပါသည်၊

လေးစားစွာဖြင့်
==================================================



ရန်သူ့သူလျှို ဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် သဘောထားထုတ်ပြန်ချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
၁။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သော မကဒတ (ကျောင်းသား တပ်မတော်) သည် "ရဟန်း၊ ပြည်သူ၊ ကျောင်းသား၊ လူတန်းစားပေါင်းစုံ၊ တိုင်းရင်း သားပေါင်းစုံ" ဖြင့် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ပြင်

• အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေး

• ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး

• ပြည်တွင်းငြိမ်းချမ်းရေး နှင့်

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဟူသော ဦးတည်ချက် (၄) ရပ်ကို အခိုင်အမာကိုင်စွဲရင်း စစ်အာဏာရှင် စနစ်အား ပြတ်သားစွာတိုက်ပွဲဝင်လာခဲ့သော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။

၂။ တိုက်ပွဲဝင်ခဲ့သည့် ၂၃ နှစ်ကျော်ကာလအတွင်း အဖွဲ့ အစည်းပြိုကွဲပျက်စီးရန်နှင့် အဖွဲ့ အစည်းတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရန်အတွက် စစ်အာဏာရှင်များဖက်က ဘက်ပေါင်းစုံမှ သပ်လျှိုဖြိုခွဲမှုများကိုလည်း ကြုံတွေ့ 

ဖြတ်သန်း ခဲ့ရသည်။ တပြိုင်နက်တည်းတွင် ၎င်းကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့ အကြုံအရ အားနည်းမှုများ၊ နိုင်ငံရေး မရင့်ကျက်မှုများ ရှိခဲ့ပါသည်။

၃။ ထို့ ကြောင့် မကဒတ(ကျောင်းသားတပ်မတော်)မှ အရေးယူဆောင်ရွက်ခဲ့သော ရန်သူ့ သူလျှိုဖော်ထုတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေးတို့အတွက် အဋ္ဌမအကြိမ်ညီလာခံသက်တမ်းအတွင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့  ဗဟိုကော်မတီစုံညီအစည်းအဝေးတွင် အောက်ပါသဘောထားကို ချမှတ်ထားပြီးဖြစ်သည်။

(က) မကဒတ ၏ သမိုင်းရေးဆိုင်ရာ ကိစ္စဖြစ်သည်။

(ခ) ရန်သူစစ်အာဏာရှင်၏ စနစ်တကျ သပ်လျှို ဖြိုခွဲမှုဖြစ်သည်။

(ဂ) အချိန်ကာလတခုရောက်လျှင် သက်ဆိုင်သူများအားလုံး ပူးတွဲညှိနှိုင်းဖြေရှင်းရန်နှင့် ရရှိလာသော ရလာဒ် အပေါ် မကဒတ(ကျောင်းသားတပ်မတော်)မှ တာဝန်ခံသွားမည်ဖြစ်သည်။

၎။ သို့သော် လက်ရှိကာလ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေအရပ်ရပ်အရ အထက်ပါ အခြေခံသဘောထားကို ကိုင်စွဲ ၍ ဖြစ်ရပ်မှန်ဖော်ထုတ်နိုင်ရေးအတွက် အလုပ်အဖွဲ့ တစ်ခုအား ဖွဲ့ စည်းတာဝန်ပေးအပ်သွားမည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီး သီးတို့ မှလည်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေ အပေါင်း အား ဦးညွှတ်အလေးပြုလျက် -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)

ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.
Read more »
 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN