Search This Blog

Now Loading......

[Big Brothers & Sisters] ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း လျှောက်ထားမှု...

ယော ကျာ်း posted in Big Brothers & Sisters.
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း လျှောက်ထားမှု ၁၀ဆခန့် မြင့်တက်  6/Jul/2011   E-Mail this article  Printable Version ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများအား ပုဂ္ဂလိက ကုမ္ပဏီများက နေ့ချင်းပြီး ဝန်ဆောင်မှု စတင်လိုက်သည့် အချိန်မှ ရက်သတ္တပတ် အတွင်းမှာပင် လျှောက်ထားသူများမှာ ယခင်လျှောက်ထားခဲ့ကြသည့် ပမာဏထက် ဆယ်ဆခန့်အထိ တိုးမြင့်လာကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးစဉ်က တစ်ရက်လျှင် အလုံးရေတစ်ရာသာ ချထားပေးနိုင်ခဲ့ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကို နေ့ချင်းပြီး ဝန်ဆောင်မှုဖြင့် ချထားပေးရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည့် နောက်ပိုင်းတွင် တစ်ရက်လျှင် ဂျီအက်စ်အမ် အလုံးရေ တစ်ထောင်ကျော်ကို ပုံမှန်ချထားပေးနေရကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ယခုအခါ နေ့ချင်းပြီး ဝယ်ယူရရှိနိုင်ပြီဖြစ်သည့် ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် အေးရှားမီဂါလင့်ခ်၊ အီလိုက်တက်ခ်၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက် အစရှိသည့် ကုမ္ပဏီများမှ အခြားသော မိုဘိုင်းအရောင်းဆိုင်အချို့သို့ ပြန်လည် လုပ်ကိုင်ခွင့်များကို ချထားပေးနေပြီဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ထိုကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်းလိုက်သော်လည်း ဖုန်းလျှောက်ထားခြင်း ပြုလုပ်ရာတွင် အဆိုပါ ကုမ္ပဏီများသို့ ကျပ်ငါးသိန်းတိတိကိုသာ ပေးဆောင်ရန် လိုအပ်ကြောင်း၊ ထိုပမာဏထက်ပိုသည့် မည်သည့် အပိုကြေးကိုမျှ ထပ်မံပေးရန် မလိုကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ထုတ်ပြန်ထားရခြင်းမှာ အချို့သော ဆိုင်များသည် ဖုန်းလျှောက်ထားသူများအား ကျပ်ငါးသိန်းအပြင် ငွေကျပ် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကျပ်ကို စာရွက်စာတမ်းကြေးဟူ၍ ကောက်ခံနေကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများကို ပုဂ္ဂလိက ကုမ္ပဏီများတွင် နေ့ချင်းပြီး လျှောက်ထားနိုင်သည့် ဝန်ဆောင်မှု အသစ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ယော ကျာ်း 5:39pm Jul 6
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်း လျှောက်ထားမှု ၁၀ဆခန့် မြင့်တက်

6/Jul/2011

E-Mail this article Printable Version
ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများအား ပုဂ္ဂလိက ကုမ္ပဏီများက နေ့ချင်းပြီး ဝန်ဆောင်မှု စတင်လိုက်သည့် အချိန်မှ ရက်သတ္တပတ် အတွင်းမှာပင် လျှောက်ထားသူများမှာ ယခင်လျှောက်ထားခဲ့ကြသည့် ပမာဏထက် ဆယ်ဆခန့်အထိ တိုးမြင့်လာကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးစဉ်က တစ်ရက်လျှင် အလုံးရေတစ်ရာသာ ချထားပေးနိုင်ခဲ့ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများကို နေ့ချင်းပြီး ဝန်ဆောင်မှုဖြင့် ချထားပေးရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည့် နောက်ပိုင်းတွင် တစ်ရက်လျှင် ဂျီအက်စ်အမ် အလုံးရေ တစ်ထောင်ကျော်ကို ပုံမှန်ချထားပေးနေရကြောင်း အဆိုပါလုပ်ငန်း၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ယခုအခါ နေ့ချင်းပြီး ဝယ်ယူရရှိနိုင်ပြီဖြစ်သည့် ကျပ်ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည့် အေးရှားမီဂါလင့်ခ်၊ အီလိုက်တက်ခ်၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက် အစရှိသည့် ကုမ္ပဏီများမှ အခြားသော မိုဘိုင်းအရောင်းဆိုင်အချို့သို့ ပြန်လည် လုပ်ကိုင်ခွင့်များကို ချထားပေးနေပြီဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ထိုကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်းလိုက်သော်လည်း ဖုန်းလျှောက်ထားခြင်း ပြုလုပ်ရာတွင် အဆိုပါ ကုမ္ပဏီများသို့ ကျပ်ငါးသိန်းတိတိကိုသာ ပေးဆောင်ရန် လိုအပ်ကြောင်း၊ ထိုပမာဏထက်ပိုသည့် မည်သည့် အပိုကြေးကိုမျှ ထပ်မံပေးရန် မလိုကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ထုတ်ပြန်ထားရခြင်းမှာ အချို့သော ဆိုင်များသည် ဖုန်းလျှောက်ထားသူများအား ကျပ်ငါးသိန်းအပြင် ငွေကျပ် တစ်ထောင့်ငါးရာမှ နှစ်ထောင်ကျပ်ကို စာရွက်စာတမ်းကြေးဟူ၍ ကောက်ခံနေကြခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဂျီအက်စ်အမ်ဖုန်းများကို ပုဂ္ဂလိက ကုမ္ပဏီများတွင် နေ့ချင်းပြီး လျှောက်ထားနိုင်သည့် ဝန်ဆောင်မှု အသစ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN