Search This Blog

Now Loading......

[Big Brothers & Sisters] အနိမ့်ဆုံးပင်စင်လစာ ကျပ်နှစ်သောင်းမှ အမြင့်ဆုံး...

ယော ကျာ်း posted in Big Brothers & Sisters.
အနိမ့်ဆုံးပင်စင်လစာ ကျပ်နှစ်သောင်းမှ အမြင့်ဆုံး ကျပ်တစ်သိန်းတစ်သောင်း ရရှိမည်  6/Jul/2011   E-Mail this article  Printable Version တိုးမြှင့်ပေးလိုက်သော နိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာခံစားခွင့်မှာ အနိမ့်ဆုံး ကျပ်နှစ်သောင်းမှ အမြင့်ဆုံး ကျပ်တစ်သိန်း တစ်သောင်းအထိဖြစ်ပြီး စုစုပေါင်း ပင်စင်စားဝန်ထမ်း ရှစ်သိန်းကျော်ရှိကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။ လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား ရှစ်သိန်းကျော်နှင့် နိုင်ငံရေး ပင်စင်စား လေးသောင်းကျော်ရှိကြောင်း သိရသည်။ အစိုးရခေတ်အဆက်ဆက် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၏ ပင်စင်လစာကို ၁၉၉၃ ခုနှစ်မှစ၍ နှစ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ယခု အစိုးရသစ်လက်ထက် တိုးမြှင့်ခြင်းမှာ တတိယအကြိမ်မြောက် တိုးမြှင့်ခြင်းဖြစ်သည်။ ယခု တိုးမြှင့်လိုက်သည့် ပင်စင်လစာကို ဇူလိုင်လမှ စတင်ခံစားရမည်ဖြစ်ပြီး ပင်စင်စားများ သက်ဆိုင်ရာ မိခင်ဌာနများသို့ အမြန်ဆုံး သတင်းပို့ရန် ဇွန် ၃၀ ရက် ညနေပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။ တိုးမြှင့်လိုက်သည့် ပင်စင်လစာမှာ ၂၀၀၉ ခု ဒီဇင်ဘာ ၃၁ ရက်က တိုးမြှင့်လိုက်သည့် နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများနှင့် ကိုက်ညှိကာ ရာထူးအဆင့်အလိုက် တိုးမြှင့်ခံစားခွင့် ပြုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့တာဝန် စတင်ယူသည့် ရက်ပေါင်း ၉၀ အကြာတွင် ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ အကျိုးပြု ထုတ်ပြန်ချက် တစ်ရပ် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ယော ကျာ်း 5:38pm Jul 6
အနိမ့်ဆုံးပင်စင်လစာ ကျပ်နှစ်သောင်းမှ အမြင့်ဆုံး ကျပ်တစ်သိန်းတစ်သောင်း ရရှိမည်

6/Jul/2011

E-Mail this article Printable Version
တိုးမြှင့်ပေးလိုက်သော နိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာခံစားခွင့်မှာ အနိမ့်ဆုံး ကျပ်နှစ်သောင်းမှ အမြင့်ဆုံး ကျပ်တစ်သိန်း တစ်သောင်းအထိဖြစ်ပြီး စုစုပေါင်း ပင်စင်စားဝန်ထမ်း ရှစ်သိန်းကျော်ရှိကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။ လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား ရှစ်သိန်းကျော်နှင့် နိုင်ငံရေး ပင်စင်စား လေးသောင်းကျော်ရှိကြောင်း သိရသည်။ အစိုးရခေတ်အဆက်ဆက် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ၏ ပင်စင်လစာကို ၁၉၉၃ ခုနှစ်မှစ၍ နှစ်ကြိမ် တိုးမြှင့်ပေးခဲ့ပြီး ယခု အစိုးရသစ်လက်ထက် တိုးမြှင့်ခြင်းမှာ တတိယအကြိမ်မြောက် တိုးမြှင့်ခြင်းဖြစ်သည်။ ယခု တိုးမြှင့်လိုက်သည့် ပင်စင်လစာကို ဇူလိုင်လမှ စတင်ခံစားရမည်ဖြစ်ပြီး ပင်စင်စားများ သက်ဆိုင်ရာ မိခင်ဌာနများသို့ အမြန်ဆုံး သတင်းပို့ရန် ဇွန် ၃၀ ရက် ညနေပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။ တိုးမြှင့်လိုက်သည့် ပင်စင်လစာမှာ ၂၀၀၉ ခု ဒီဇင်ဘာ ၃၁ ရက်က တိုးမြှင့်လိုက်သည့် နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများနှင့် ကိုက်ညှိကာ ရာထူးအဆင့်အလိုက် တိုးမြှင့်ခံစားခွင့် ပြုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့တာဝန် စတင်ယူသည့် ရက်ပေါင်း ၉၀ အကြာတွင် ထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ အကျိုးပြု ထုတ်ပြန်ချက် တစ်ရပ် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN