Search This Blog

Now Loading......

[Big Brothers & Sisters] ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးချရောင်းရန်...

ယော ကျာ်း posted in Big Brothers & Sisters.
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးချရောင်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား  6/Jul/2011   E-Mail this article  Printable Version တရားဝင် ရောင်းချခွင့် ရထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဒီဇယ်ဈေး လိုသည်ထက် ပိုကြီးနေသည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့ကြောင်း ဆီသွင်းကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဇွန် ၂၉ ရက်တွင် နေပြည်တော်၌ ခေါ်ယူတွေ့ဆုံ ဆွေးနွေးညှိနှိုင်းရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ဆက်လက်၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးဦးဝင်းမြင့် အနေဖြင့် ကုန်ဈေးနှုန်း ကျစေချင်၍ ခေါ်ယူညှိနှိုင်းခြင်းဖြစ်ပြီး ဈေးသက်သက်သာသာနှင့် ပြည်သူတွေ ဝယ်ယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက အသိပေး ပြောကြားကြောင်း ပြောသည်။ သွင်းကုန်လုပ်ငန်းရှင်များသည် ဒီဇယ်ဆီကို ပြည်ပမှ တစ်နှစ်လျှင် ဂါလန်သန်း ၃၄၈ ဒသမ ၅၃၈ တင်သွင်းနေပြီး ပုဂ္ဂလိက ဆီဆိုင်များမှ ဂါလန် ၅၅ သန်းကျော်သာ ရောင်းချနေကြောင်း၊ ကျန်ဆီများမှာ စက်မှုလုပ်ငန်း စီမံကိန်းများ၌ အသုံးပြုနေကြောင်း၊ ရန်ကုန်တွင် တစ်နေ့ ဒီဇယ်ဆီ ဂါလန် သုံးသိန်းကျော် လိုအပ်ကြောင်း အဆိုပါ လုပ်ငန်းရှင်ထံမှ သိရသည်။ ထိုသို့ ဈေးနှုန်းကွာဟမှုနှင့် ပတ်သက်၍ တခြားသွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြည်ပမှ စက်သုံးဆီ တင်သွင်းလျှင် တစ်လကြာမှ ရောက်တက်ရာ ဝယ်တုန်းက ဈေးနှင့် ပြည်တွင်းသို့ရောက်ချိန် ဈေးမှာ မတူညီကြောင်း၊ ဝယ်စဉ်ကဈေးမှာ နိမ့်လျှင် ဈေးချရောင်းနိုင်သော်လည်း မြင့်နေလျှင်မူ ဈေးလျှော့မရောင်းနိုင်ကြောင်း ရှင်းပြသည်။ စက်သုံးဆီ ရောင်းချမှုကို အစိုးရသည် ယခင်က စွမ်းအင်ဝန်ကြီးဌာန တစ်ခုကိုသာ ခွင့်ပြုထားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မေ ၁၀ ရက်မှစ၍ ပုဂ္ဂလိကသို့ ရောင်းချခွင့်ပြုခဲ့သည်။ အလားတူ ပင်စားအုန်းဆီများကို ပုဂ္ဂလိကသို့ အပြိုင်အဆိုင် တင်သွင်းရောင်းချခွင့် ပေးခဲ့ရာ တစ်ပိဿာလျှင် ကျပ် ၇၀၀၊ ၈၀၀ ခန့် ဈေးကျသွားခဲ့ကြောင်း ဝန်ကြီးက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ယော ကျာ်း 5:40pm Jul 6
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဈေးချရောင်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

6/Jul/2011

E-Mail this article Printable Version
တရားဝင် ရောင်းချခွင့် ရထားသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ဒီဇယ်ဈေး လိုသည်ထက် ပိုကြီးနေသည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့ကြောင်း ဆီသွင်းကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဇွန် ၂၉ ရက်တွင် နေပြည်တော်၌ ခေါ်ယူတွေ့ဆုံ ဆွေးနွေးညှိနှိုင်းရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ဆက်လက်၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးဦးဝင်းမြင့် အနေဖြင့် ကုန်ဈေးနှုန်း ကျစေချင်၍ ခေါ်ယူညှိနှိုင်းခြင်းဖြစ်ပြီး ဈေးသက်သက်သာသာနှင့် ပြည်သူတွေ ဝယ်ယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက အသိပေး ပြောကြားကြောင်း ပြောသည်။ သွင်းကုန်လုပ်ငန်းရှင်များသည် ဒီဇယ်ဆီကို ပြည်ပမှ တစ်နှစ်လျှင် ဂါလန်သန်း ၃၄၈ ဒသမ ၅၃၈ တင်သွင်းနေပြီး ပုဂ္ဂလိက ဆီဆိုင်များမှ ဂါလန် ၅၅ သန်းကျော်သာ ရောင်းချနေကြောင်း၊ ကျန်ဆီများမှာ စက်မှုလုပ်ငန်း စီမံကိန်းများ၌ အသုံးပြုနေကြောင်း၊ ရန်ကုန်တွင် တစ်နေ့ ဒီဇယ်ဆီ ဂါလန် သုံးသိန်းကျော် လိုအပ်ကြောင်း အဆိုပါ လုပ်ငန်းရှင်ထံမှ သိရသည်။ ထိုသို့ ဈေးနှုန်းကွာဟမှုနှင့် ပတ်သက်၍ တခြားသွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြည်ပမှ စက်သုံးဆီ တင်သွင်းလျှင် တစ်လကြာမှ ရောက်တက်ရာ ဝယ်တုန်းက ဈေးနှင့် ပြည်တွင်းသို့ရောက်ချိန် ဈေးမှာ မတူညီကြောင်း၊ ဝယ်စဉ်ကဈေးမှာ နိမ့်လျှင် ဈေးချရောင်းနိုင်သော်လည်း မြင့်နေလျှင်မူ ဈေးလျှော့မရောင်းနိုင်ကြောင်း ရှင်းပြသည်။ စက်သုံးဆီ ရောင်းချမှုကို အစိုးရသည် ယခင်က စွမ်းအင်ဝန်ကြီးဌာန တစ်ခုကိုသာ ခွင့်ပြုထားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် မေ ၁၀ ရက်မှစ၍ ပုဂ္ဂလိကသို့ ရောင်းချခွင့်ပြုခဲ့သည်။ အလားတူ ပင်စားအုန်းဆီများကို ပုဂ္ဂလိကသို့ အပြိုင်အဆိုင် တင်သွင်းရောင်းချခွင့် ပေးခဲ့ရာ တစ်ပိဿာလျှင် ကျပ် ၇၀၀၊ ၈၀၀ ခန့် ဈေးကျသွားခဲ့ကြောင်း ဝန်ကြီးက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN