၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။
၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာဖြစ်သည်။
၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။
၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။
၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကိုဦးတည်နေသည်ကို သိနိုင်သည်။
၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေလုပ်ကြပါလိမ့်မည်။
၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့်ပျောက်ဆုံးသွားလိမ့်မည်။
၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။
၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ်တရားခံရှာခြင်း ဖြစ်သည်။
၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက်နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။
၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။
၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကားအောင်မြင်မှုရရန်အခွင့်အလမ်း နည်းသွားမည်။
၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များအဆင်ပြေနေသည်။
၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသောစာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း ဗိုက်မ၀။
၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။
စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။
၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော်
ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။
၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။လေကုန်ကြမ်းကိုသာ
အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး ကုန်ကျစရိတ် မရှိ။
၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။လိုသလိုအသုံးချ ပါလေ။
၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေပြောင်းသွားမှုကြောင့်အချည်းနှီး ဖြစ်သွားတတ် သည်။
၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြောင့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက်ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင်လူငှားဖြင့် ဇွဲရှိပါ။
၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။အခွင့်အရေး အတွက်မူ အရည်အချင်း မလို။
၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။
၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊
လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ
ပေးကမ်းစရာမလို၊ သက်သာ ပေ၏။
၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့သွားနိုင်၏။ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။
၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက် ပြင်နိုင်၏။
၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး အဆိုရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။
၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ
ပင်ပန်းခက်ခဲတတ်သည်။
၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။
၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီမေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။
၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည်ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။
၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင်ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။
၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင်
ကာကွယ်နိုင်သည်။
၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင်ခံရမည်။
၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါဆိုင်ဆိုင်မဆိုင်ဆိုင် ထုတ်သုံးပါ။
၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။နွားဈေးကောင်းသည်။
၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက်ချွန်းမလိုချေ။
၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုးကုန်သည်။အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို ပိုမိုမြင်တွေ့နေရလိမ့်မည်။
၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်းအခွင့်အရေးလိုအလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း မှန်ဖို့မလိုသောအခါအမှားသည်အဆင်ပြေ၏။
၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည် အလှူအိမ်များသို့လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း ဖြစ်သည်။
၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို မသိသူများဖြစ်သည်။
၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာကျန်းမာခြင်းဖြစ်သည်။
၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကိုလှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။
၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။ထို့နောက်အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ ထူထောင်ပါ။
၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။ရေတို
လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို ကျွမ်းကျင်စွာ အသုံးပြုပါ။
၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကိုပိုခံရစေနိုင်သည်။
၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။ဆောင်ရွက်မှုမအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့် အချိန်မီပူးပေါင်းပါ။
၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများစိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။
၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူဖြစ်လာမည်။
အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို ခက်ခဲခြင်းမှကာကွယ်ပါ။
0 comments:
Post a Comment