Search This Blog

Now Loading......

[လွပ်လပ်ခြင်း] ယခု ခေတ်တွင် ကျားမ မဟူ လုပ်ငန်းတို့၏ လိုအပ်ချက်အရ...

ယခု ခေတ်တွင် ကျားမ မဟူ လုပ်ငန်းတို့၏ လိုအပ်ချက်အရ တစ်ဦးတည်း ခရီးသွားရသည့် ဓလေ့မှာ ထွန်းကားလာချေပြီ။ ယဉ်ကျေးသော မြန်မာ့ လူ့ဘောင်ဝယ် မိန်းမသားများ၏ လုံခြုံမှုသည် ပူစရာ မလိုခဲ့။ သို့သော် မျက်မှောက်ကာလ ရောထွေးယဉ်ကျေးမှုတို့ တွန်းတိုက်ကြချိန်ဝယ် လိုအပ်လာချေပြီဟု ကျွန်တော် ယူဆမိပါသည်။ ခရီးသွားစဉ် ကားဝင်ချိန်စောသော အချို့ဂိတ်များတွင် အချောင်သမားအချို့၏ စက်ဆုတ်ဖွယ် လုပ်ရပ်များကို ကြားသိရသည်မှာ နားရော စိတ...်ပါမချမ်းသာလှပေ။မိန်းကလေးများမှာ တည်းစရာနေရာ သွားစရာယာဉ် တို့မှာ မိုးမလင်းမီမသဲကွဲသေး၊ ၄င်းတို့က ဖြားယောင်းမှု မွန်းတည့်ကြချေပြီလေ။ မကြာမီ အဝေးသင်ရာသီရောက်ပေဦးမည်။ သားကောင်လေးများအတွက် မုဆိုးကြမ်းများကား မျှော်တလင့်လင့်။ ဤသို့သော အကြောင်းတရားတို့ကြောင့် ကျွန်တော် တစ်ခု စိတ်ကူးပေါ်လာခဲ့သည်။ မြို့နယ်အလိုက် အမျိုးသမီးရေးရာ အဖွဲ့များမှ တားဆီးကာကွယ်ရေးဟူသော လုပ်ငန်းခေါင်းစဉ်အောက်တွင် အမျိုးသမီးသီးသန့် တည်းခိုခန်းများကို ကားဂိတ်များ ရထားဆိပ်များ အနီးတွင် ဖွင့်လှစ်ပေးလျှင် မကောင်းပေဘူးလားဟု ဆင်ခြင်မိပါသည်။
Htet Yan 9:36pm Aug 21

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN