[By Network For Green Myanmar]
ယခု နှစ်ကုန်တွင် ပူပြင်း ခြောက်သွေ့သော အယ်လ်နီညို ဖြစ်ရန် ၆ဝ ရာခိုင်နှုန်း ကျော် သေချာ နေသောကြောင့် ယခင်က သောက် သုံးရေ အခက်အခဲနှင့် ရင်ဆိုင် ခဲ့ရသော ဒေသများ၌ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားသင့် သည်ဟု Emerald Green သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောသည်။ အယ်လ်နီညို ရာသီဥတုသည် စက်တင်ဘာလတွင် ဖြစ်ပွား ရန် ၂၃ ရာခိုင်နှုန်းနှင့် နိုဝင်ဘာလတွင် ၆ဝ ရာခိုင်နှုန်း ရှိကြောင်း၊ အဆိုပါ ရာသီဥတုသည် ပင်လယ်ရေ မျက်နှာပြင် အပူချိန် ပုံမှန်ထက် ဝ ဒသမ ၅ ဒီဂရီ စင်တီ ဂရိတ် ပိုမှသာ စတင် ဖြစ်ပေါ်လာပြီး၊ ဝ ဒသမ ၉ ဆိုပါက အားကောင်းသည့် အဆင့်သို့ ရောက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ ဝက်ဘ် ဆိုက်တွင် ဖော်ပြထား သည်။ အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်ပါက မုတ်သုံ မိုးနည်းခြင်း၊ သာမန်ထက် အပူချိန် လွန်ကဲ ခြင်း၊ ရေခန်းခြောက် ခြင်းများ ဖြစ်ပေါ် လာနိုင်ပြီး ၂ဝ၁ဝ ခုနှစ် မေလတွင် ဖြစ်ပေါ် ခဲ့သော အယ်လ်နီညို ရာသီဥတု၏ အမြင့်ဆုံး အပူချိန်ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် အပူချိန် မြင့်တက်ကာ ရေခန်းခြောက် ခြင်းများ ဖြစ်ပေါ် ခဲ့သည်။ အပူချိန် စံချိန်တင် ခဲ့သဖြင့် လူသေဆုံးမှု များလည်း ရှိခဲ့ကြောင်း သိရသည်။
"ဒါကြောင့် မနှစ်က အယ်လ်နီညို နှစ်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေသတွေ အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားသင့် တယ်။ NGO တွေ အနေနဲ့လည်း ဖြစ်တော့မှ သွားကူညီတာထက် မဖြစ်ခင် ကတည်းက လိုအပ်တာတွေကို ကြိုတင်လုပ်ပေး ထားရင် မကောင်း ဘူးလား။ သွားလုပ်တာ အကျိုးမဲ့ ဖြစ်သွား တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေသခံတွေရဲ့ လိုအပ်ချက် တကယ်ပြည့်စုံဖို့ ကျတော့မလွယ်ဘူး။ ဒါ့ကြောင့် ဒေသခံတာဝန်ရှိသူ တွေ ညှိနှိုင်းပြီး အဝီစိ စက်ရေတွင်းတွေ၊ မိုးရေခံ ကန်တွေ လုပ်ရ မယ်။ ကန်ပတ်ဝန်းကျင် မှာလည်း သစ်ပင်တွေ ဘာတွေ တစ်ခါတည်း စိုက်ရမယ်။ ဒီကိစ္စတွေ အတွက် ဒေသခံ တာဝန် ရှိသူတွေက ကော်မတီတွေ ဖွဲ့ပြီး အယ်လ်နီညို ဖြစ်ပေါ် ခဲ့ရင် သောက်သုံးရေ အခက်အခဲ မဖြစ်အောင် ပြင်ဆင် ထားရမယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။ အယ်လ်နီညို ရာသီဥတုသည် တောင်အမေ ရိကတိုက် အနောက်ဘက် ပီရူး၊ အီကွေဒေါတွင် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး အား ကောင်းသည့် အဆင့်သို့ ရောက်မှသာ မြန်မာနိုင်ငံသို့ ရောက်ရှိ လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
Source : Popular News Journal
0 comments:
Post a Comment