[By Aung Myin Oo]
တရုတ်နည်းတရုတ်ဟန်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြ ပါတယ်။ အဲဒီလို အပြောအဆို စိုးရိမ်မှုတွေဟာ တရုတ်နိုင်ငံကို နေမထိ ထိုင်မသာ ဖြစ်စေပါတယ်။ တရုတ်နိုင်ငံ တာဝန်ရှိသူတွေ ပြောခဲ့တာက ဧပြီ (၃၀) ရက် ရှန်ဟိုင်းမှာ ပြုလုပ်မယ့် ကမ္ဘာ့ ကုန်စည်ပြပွဲ (Wold Expo) ဖွင့်ပွဲ အခမ်းအနားကို ငွေကုန်ကြေးကျ မများဘဲ ရိုးရိုးရှင်းရှင်းပဲ လုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့ပြောသလို မဟုတ်ခဲ့ပါဘူး။ မီးရှုးမီးပန်း၊ လေဆာရောင်ခြည်၊ ရေပန်းတွေနဲ့ အကသမားတွေ ပါဝင်တဲ့ ဖွင့်ပွဲ ပြကွက်တွေဟာ ငွေကြေးအလွန်အကျွံ သုံးစွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် ဖွင့်ပွဲ နဲ့ နင်လား ငါလား ပါပဲ။ အစိုးရရဲ့ ဆန္ဒနဲ့အညီ တရုတ်တိုးတက်မှု အင်အားကို ထုတ်ဖော် ကြွားဝါခဲ့ပြီး သူတို့မှာ စွဲမက်စရာတွေ ရှိတယ်ဆိုတာ သက်သေ ပြခဲ့ပါတယ်။ ဆူညံတဲ့ ပြကွက်တွေနဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတာကို အရှိန်အ၀ါ မြင့်တင်ပေးခဲ့ပြီး တကမ္ဘာလုံးက အတုယူ အားကျစရာ ဖြစ်တယ်လို့ အတော်များများကို အထင်ရောက်စေခဲ့ ပါတယ်။ ဒေါ်လာ ဘီလီယံပေါင်း မြောက်များစွာ သုံးစွဲခဲ့တဲ့ ကုန်စည်ပြပွဲနဲ့ တရုတ်နည်း
တရုတ်ဟန် ပုံစံကို ထင်ရှားစေခဲ့ပြီး တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲ နိုင်ငံများ သာမက အခြားနိုင်ငံများကပါ အထင်ကြီး လေးစားခဲ့ကြ ပါတယ်။
အမေရိကန် က ဆန္ဒ ကောက်ခံရေးအဖွဲ့ဖြစ်တဲ့ Pew သုတေသန ဌာနရဲ့ စစ်တမ်းအရ နိုက်ဂျီးရီးယား ၈၅ ရာခိုင်နှုန်း က
တရုတ်ကို အကောင်းမြင် ပါတယ်။ (၂၀၀၈ ခုနှစ်က ၇၉ ရာခိုင်နှုန်း ပဲ ရှိခဲ့တာနဲ့ နှိုင်းယဉ် ကြည့်နိုင်ပါ တယ်) ၂၀၀၈ မှာ အမေရိကန် ၃၉ ရာခိုင်နှုန်းသာ ထောက်ခံရာက ၅၀ ရာခိုင်နှုန်းထိ တိုးလာပါတယ်။ ဂျပန်တွေရဲ့ ထောက်ခံမှုနှုန်းက ၁၄ ရာခိုင်နှုန်း ကနေ ၂၆ ရာခိုင်နှုန်းထိ တက်လာခဲ့ ပါတယ်။ (အခြား နိုင်ငံများရဲ့ နှုန်းကို ပုံမှာကြည့်ပါ)။ ဒီမိုကရေစီစနစ်တွေဆီမှာတော့ အငြင်းအခုံတွေ ဖြစ်လေ့ဖြစ်ထ ရှိပေ
မယ့် သူတို့ဆီမှာတော့ ငြင်းခုံမှု မရှိသလောက်နည်းနည်းနဲ့ ရှန်ဟိုင်းမြို့ ရဲ့ အခြေခံလမ်းပန်းဆက်သွယ်ရေး၊ အဆောက်အဦများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းနဲ့ အတူ ကမ္ဘာ့အကြီးကျယ်ဆုံး ကုန်စည်ပြပွဲကြီးကိုခင်းကျင်း ပြသနိုင်ခြင်းကြောင့် အရပ်ရပ်က နိုင်ငံတွေရဲ့ အထင်ကြီးမှုကို ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ အစိုးရအရာရှိတွေ ကိုယ်တိုင်တောင် အမြင်ကွဲပြားမှုတွေ ရှိနေတာက တရုတ်နည်း တရုတ်ဟန် (တနည်းအားဖြင့် ၂၀၀၄ ခုနှစ်က အမေရိကန် အကြံပေး ပညာရှင် Joshau Cooper Ramo က ကင်ပွန်းတပ်ခဲ့တဲ့ ၀ါရှင်တန် သဘောတူညီမှုကို အင်အားနည်းအောင် လှုပ်ရှားမယ့် ဘေဂျင်း သဘောတူညီမှု) ဆိုတာ ရှိ မရှိ၊ အကယ်၍ ရှိခဲ့ရင်တရုတ်နည်း တရုတ်ဟန်ဆိုတာ ဘာကိုခေါ်သလဲ နဲ့ အဲဒီအကြောင်းကို ဆွေးနွေးလို့ အကျိုးရှိ မရှိဆိုတာပါ။ အခြားနိုင်ငံတွေက အတုယူချင်နေတဲ့ ဖွံ့ ဖြိုးတိုးတက်မှု နည်းနာတွေ မရှိဘဲနဲ့ ထုတ်ဖော်ပြောဆိုရမှာကို တရုတ်ကွန်မြူနစ် ပါတီက မလိုလားပါဘူး။ ဟောင်ကောင် အခြေစိုက်ပါတီကို ထောက်ခံတဲ့ Ta Kung Pao သတင်းစာက သူတို့ရဲ့ သတင်းဆောင်းပါးထဲမှာ ကုန်စည်ပြပွဲဟာ တရုတ်နည်း တရုတ်ဟန် နည်းနာတွေကို ခင်းကျင်းပြသတဲ့ နေရာလို့ ရေးသားခဲ့ပြီး၊ အဲဒီ သတင်း အသုံးအနှုန်းကို အစိုးရတရားဝင် ၀က်ဘ်ဆိုက် တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားခဲ့ ပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင် တွေကတော့ ပြည်သူတွေကြားမှာ အဲဒီ အသုံးအနှုန်းကို မသုံးမိစေဖို့ အထူးရှောင်ကျဉ်ခဲ့ပြီး၊ ကုန်စည်ပြပွဲကို ဖော်ပြ ပြောဆိုရာမှာ သိပ်အရေးမကြီးတဲ့ အသုံးအနှုန်းမျိုးနဲ့ သုံးနှုန်း ပြောဆိုပါတယ်။၏
ခုတလော ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတာကို ခြေရာခံ လိုက်နေတာ တရုတ်နိုင်ငံက ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း တစ်ခုတည်း မဟုတ်ပါဘူး။ နိုဝင်ဘာလမှာ ပါတီက ဦးစီးလုပ်ကိုင်တဲ့ အထင်ကရ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း တစ်ခုက စာမျက်နှာ (၆၃၀) ပါ ထူထဲတဲ့ စာအုပ်တစ်အုပ်ကို "တရုတ်နည်း တရုတ်ဟန်၊ အနှစ်ခြောက်ဆယ်ပြည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်" လို့ နာမည်ပေးပြီး ထုတ်ဝေခဲ့ပါတယ်။
ဇန်န၀ါရီလမှာတော့ ကြွားလုံးတွေ သိပ်မပါတဲ့ "တရုတ်နည်း တရုတ်ဟန်၊ ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံ နှင့် အခက်အခဲများ" ဆိုပြီး တစ်အုပ် ထွက်လာပါတယ်။ အခြားတရုတ်နည်း တရုတ်ဟန် စာအုပ်တစ်အုပ်လည်း ဧပြီလမှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီစာအုပ် အကြောင်းကို ရှန်ဟိုင်းကုန်စည်ပြပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ အတော်လေး အငြင်းအခုံ ဖြစ်ကြပါတယ်။ အဲဒီစာအုပ်ကိုရေးတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ စာရေးဆရာ တွေထဲမှာ Zhao Qizheng (ပါတီဝါဒဖြန့်ချိရေး ထိပ်တန်းခေါင်းဆောင်လုပ်ခဲ့သူ) နဲ့ John Naisbitt (အမေရိကန်၊ အနာဂတ် ဟောကိန်းထုတ်သူ) တို့ ပါဝင်ပါတယ်။
အနောက်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေး တိုက်တွေကလည်း တရုတ် ပုံနှိပ်ထုတ်ဝေရေး တွေထက် မလျော့သော စိတ်ဝင်စားမှုတွေ ရှိခဲ့ရာက ပိုလို့သာ ကြီးထွား လာခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ စာအုပ်ကတော့ အမေရိကန်ပညာရှင် Stefan Halper ရဲ့ "ဘေဂျင်းသဘောတူညီမှု၊ တရုတ်ရဲ့ အလုံးစုံ ထိန်းကွပ် အုပ်ချုပ်မှု ပုံစံဟာ ၂၁ ရာစုကို ဘယ်လိုများ ဦးဆောင်လွှမ်းမိုးမလဲ" လို့ အမည်ရတဲ့ စာအုပ်ပါ။
ရီပတ်ပလီကန် အဖွဲ့ အမျိုးမျိုးမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ Stefan Halper ဆွေးနွေးချက်က "ဂလိုဘယ် လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေ သလို တရုတ်ဟာလည်း အနောက်တိုင်း နိုင်ငံတွေကို ကျဉ်းမြောင်းစေတာဟာ" အနာဂတ်မှာ ဖြစ်နိုင်ချေတန်ဖိုးကို တိတ်တဆိတ် လျော့ချ သတ်မှတ်ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးနေသလို အာဏာကိုလည်း ထိန်းချုပ်ထားနိုင်တဲ့ တရုတ်ပြည်ရဲ့အခြေအနေက မတူတဲ့ နည်းလမ်း အသစ်တစ်ခု ရှိတယ်ဆိုတာကို ကမ္ဘာ့ အကြီးဆုံး ဆိုင်းဘုတ်ကြီးနဲ့ ထောင်ပြနေသလို ဖြစ်နေပေမယ့် တရုတ်ခေါင်းဆောင်တွေကို စိုးမိုးနေတာက (Mr Halper ရဲ့ အပြောအရ) အာဏာကို လက်လွတ်ဆုံးရှုံးရမှာ ကြောက်တာ၊ တရုတ်ပြည်ရဲ့ အဆင့်အတန်း နိမ့်ကျပြီး အခြေအနေတွေ ကသောင်းကနင်း ဖြစ်သွားမှာ ကိုပါ။ အဲဒီ အကြောက်တရား တွေကြောင့်ပဲ သူတို့ဟာ ပြင်ပ ကမ္ဘာ ရဲ့ ရိုက်ခတ်မှု ကို စိုးရိမ်နေကြ ပါတယ်။
ဆွေးနွေးချက်တွေအရ ပါတီအုပ်ချုပ်နိုင်မှုဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ပေါ်မှာ တည်နေပြီးစီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကတော့ စိတ်ပျက်စရာ ကောင်းတဲ့ နိုင်ငံတွေဆီက တင်သွင်း ရရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ဆိုင်တယ်လို့ ဆိုကြပါတယ်။
အာဖရိက နိုင်ငံတွေက နိုင်ငံရေးသမား တွေကတော့ ဘေဂျင်း သဘောတူညီမှု အကြောင်းပြောဆိုတာ မရှိသလောက် နည်းပါး ပါတယ်။ ဒါပေမယ့် သူတို့ဟာ တရုတ်ပြည်က စီးဆင်းလာတဲ့ အနောက်တိုင်းပြည်တွေကလို အုပ်ချုပ်ရေး၊လူမှုအခွင့်အရေး တွေအကြောင်း ညွန်ကြားချက်မပါတဲ့ အကူအညီ ငွေတွေကို ချစ်ကြတယ်။
စိုးရိမ်ပူပန်နေမှု တွေကြောင့်ပဲ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နည်း တရုတ်ဟန် အကြောင်းကို စိတ်ပါလက်ပါ မပြောချင် ကြဘူး။ ပြိုင်ဘက် အင်အားကြီးနိုင်ငံ၊ ပြိုင်ဘက်နိုင်ငံရေး အတွေးအခေါ် ထွက်ပေါ်လာခြင်းလို့ အဓိပဿပာယ် သက်ရောက်စေမယ့် အပြောအဆို အသုံးအနှုန်း သုံးရင် အမေရိကန်တွေဟာ အထိမခံရွေပန်းကန် ဆိုသလို ဖြစ်ကြမှာကို သူတို့ ကောင်းကောင်း ကြီးရိပ်စားမိကြပြီး အမေရိကန်နဲ့ ပဋိပကဿခ ဖြစ်ရင်တော့ တရုတ်ပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပျက်စီးမှာပဲ။
၂၀၀၃ ခုနှစ်မှာ တရုတ် တာဝန်ရှိသူတွေဟာ နိုင်ငံအကြောင်းကို "ငြိမ်းချမ်းစွာ မြင့် တက်လာခြင်း" လို့ ပြောဆိုရာကနေ လအနည်းငယ် အတွင်းမှာပဲ "မြင့်တက်လာခြင်း" ဆိုတဲ့ အသုံးအနူန်းကို အမေရိကန်တွေ စိတ်ဆိုးမှာ စိုးရိမ်လို့ မသုံးစွဲတော့ပါဘူး။ အရင်က ၀ါဒဖြန့်ချီရေး တာဝန်ယူခဲ့ဖူးတဲ့ Zhao Qizheng ရေးတာက သူ့ အနေနဲ့ "တရုတ်ပြည်ရဲ့အခြေအနေ"လို့ သုံးစွဲရတာကို "တရုတ်နည်းတရုတ်ဟန်" လို့ သုံးစွဲရတာထက် ပိုပြီး ကြိက်နှစ်သက် ပါတယ်တဲ့။ ဒီဇင်ဘာလမှာ ပါတီရဲ့ အကြီးတန်း သဘောတရားရေး ပညာရှင်ဖြစ်သူ Li Junru ပြောခဲ့တာက တရုတ်နည်း တရုတ်ဟန်အကြောင်း ပြောဆိုတာဟာ အလွန်အန ဿတရာယ်ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဟာမှာ သာယာကျေနပ် နေခြင်းက နောက်ထပ်လုပ်ရမယ့် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ စိတ်ပါဝင်စား တက်ကြွမှုတွေကို ဟန့်တား အားလျော့ စေနိုင်ပါတယ်တဲ့။
အဲ့သလို တကယ်ပဲဖြစ်နေခဲ့လို့ အချို့ တရုတ်တွေဟာ စိတ်မကောင်းဖြစ်ကြပါတယ်။ Deng Xiaoping က နိုင်ငံရေးပြု ပြင်ပြောင်းလဲမှု ကသာတရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မပုံစံကို ထိန်းကျောင်းပေးနိုင်မှာဖြစ်ပြီး စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု အတွက်လည်း မရှိမဖြစ် လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမှုဆိုတာ မရှိသလောက် ဖြစ်ခဲ့တာ တီယန်နန်မင် အရေးအခင်းကို အစိုးရက နှိမ်နှင်းဖြိုခွင်းခဲ့တဲ့ ၁၉၈၉ ခုနှစ် တည်းကပါ။ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ တစ်ခုဖြစ်တဲ့ The Carter Center က Liu Yawei ပြီးခဲ့တဲ့လက ထောက်ပြခဲ့တာက တရုတ်ပညာရှင်တွေရဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတဲ့ အတွေးအခေါ်ကို လူသိများအောင် လုပ်ဆောင်တဲ့လှုပ်ရှားမှုဟာ အင်အားကြီးထွား လာခဲ့ပြီး အဲဒါကပဲ နိုင်ငံရေးပြပြင်ပြောင်းလဲမှုကို ဘေးရောက်အောင် တွန်းပို့ ပေးသလို ဖြစ်နေခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကြီး ကသောင်းကနင်း ဖြစ်မှာကို စိုးရိမ်နေတာကို ထောက်ကြည့်ခြင်းအားဖြင့် သူတို့ဟာ လမ်းကြောင်းမှန် တစ်ခုကို တွေ့ ပြီလို့ ယုံကြည်မှု မရှိ သေးတာပါပဲ။ ဖွံ့ဖြိုးတိုးတက်မှု ပုံစံအကြောင်း ပြောဆိုဆွေးနွေးကြရင် အားလုံးကို အခက်တွေ့စေတာက တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်လို့ စွပ်စွဲခံရမယ့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မှုကြောင့်ဖြစ်နေတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကစလို့ လာဘ်ပေးလာဘ်ယူ ခြစားမှုတွေနဲ့ ဆင်းရဲချမ်းသာ ကွာခြားမှုတွေအကြောင်း ဆွေးနွေးကြရမှာမို့ပါ။ တရုတ်ပြည်က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို တတ်တဲ့ မီဒီယာအဖွဲ့အစည်း တွေထဲက တစ်ခုဖြစ်တဲ့ Caixin က ဒီတပတ်မှာ အမေရိကန် ပညာရှင် Joseph Nye ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။ အဲဒီထဲမှာ Mr Nye က ဘယ်ကိုမှန်း တိတိကျကျ မသိရဘဲ ပြောင်းလဲနေတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အကြောင်းခြင်းရာ အခြေအနေတွေ ကို ရေးသားခဲ့ ပါတယ်။
"မျိုးဆက်ပြောင်းလဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာ ရှိနေခြင်း တွေကြောင့် မကြာခဏဆိုသလို မာန်မာနတွေ ထောင်လွှား လာတတ်ပြီး နောက်တော့ နှစ်သက်တဲ့ အစားအသောက်တခုကို စားချင်နေသလိုမျိုး အဲဒါကိုပဲ တမ်းတမ်းစွဲ ဖြစ်လာတတ်တယ်" လို့ သူက ပြောပါတယ်။
အနောက်တိုင်း သံတမန်တစ်ဦးက Mr Nye ရဲ့ ကျော်ကြားတဲ့ စကားကိုငှားပြီး ကုန်စည်ပြပွဲကို "ယဉ်ကျေးမှု သိပဿပံပညာတွေက တဆင့် အရှိန်သြဇာ ပြိုင်တဲ့ပွဲ" လို့ သတ်မှတ် ပြောဆိုပါတယ်။ တရုတ်ပြည် အကြောင်း ရေးသားကြတဲ့ သူတွေ တော်တော်များများက တရုတ်ပြည်ရဲ့ အရှိန်သြဇာဟာ ကြီးထွား တိုးတက်လာနေပြီး အမေရိကန်ရဲ့  အရှိန်သြဇာဟာ ကျဆင်း မှေးမှိန်လာနေပြီလို့ ရေးသားကြပေမယ့် အောက်တိုဘာ (၃၁) ရက်နေ့မှာ ပြီးဆုံးမယ့် ကုန်စည် ပြပွဲကို ကြည့်ပြီး အဲဒီ အဆိုပြုချက် မှန်ကန်ကြောင်း ပြောဖို့ ခက်ပါတယ်။ ကုန်စည်ပြပွဲမှာ နိုင်ငံပေါင်း မြောက်များစွာက ပါဝင်ပြသအောင် တရုတ်နိုင်ငံက စည်းရုံးနိုင်ခဲ့တယ် ဆိုတာတော့တကယ်အမှန်အကန် ပါပဲ။ ဒါပေမယ့် ပြပွဲလာကြည့်တဲ့ လူအရေအတွက်က ပြပွဲလုပ်တဲ့ လူအရေအတွက်ထက် အများကြီးပဲ နည်းနေခဲ့ပါတယ်။ နောက်ပြီး ပြခန်းတွေထဲကို ၀င်ဖို့ စောင့်နေတဲ့ လူတန်းတွေကို ယှဉ်ကြည့်ရင် အမေရိကန် ပြခန်းရှေ့မှာ စောင့်နေတဲ့လူတန်းက အရှည်ဆုံးပါပဲ။
(ဇင်ခိုင်)
ရည်ညွှန်း
"The China model: The Beijing consensus is to keep quiet"
The Economist (May 6, 2010)
အလင်းရနံ့ ဂျာနယ် အမှတ် (၅) ၂၀၁၁ ခုနှစ် ၊ ဖေဖေါ်ဝါရီ ထုတ်မှ ထုတ်နုတ် ဖော်ပြသည်။
0 comments:
Post a Comment