Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဒီနေ့ နောက်ဆုံးရ သတင်းများ ( သြဂုတ်လ 12 ရက် ညနေပိုင်း )

created the doc: "ဒီနေ့ နောက်ဆုံးရ သတင်းများ ( သြဂုတ်လ 12 ရက် ညနေပိုင်း )"
Rozoner King created the doc: "ဒီနေ့ နောက်ဆုံးရ သတင်းများ ( သြဂုတ်လ 12 ရက် ညနေပိုင်း )"

[By Burma Thwe]

 

အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

Friday, 12 August 2011 EMG

 

 

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် သြဂုတ်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံဆွေးနွေးမှု အပြီး ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ''ပဋိပက္ခ အသွင်ဆောင်သော အမြင် သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် တူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal process) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်'' ဆိုသည့် အချက် ပါဝင်ခဲ့သည်။

 

 

 

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

 

မီဒီယာများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော သတင်း ထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့သည်။အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အချက်လေးချက် ပါဝင်ပြီး ယင်းအချက်များမှာ - 

 

၁။ ပြည်သူလူထုတစ်ရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက် လက်တွဲ ဆောင်ရွက်သွားမည်။

 

၂။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဆက်လက် တိုးတက်ထွန်းကားစေရေး အတွက် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် လည်းကောင်း အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။

 

၃။ ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် တူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal process) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

 

၎။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် စသည့် အချက်များ ဖြစ်သည်။

 

ထို့နောက် မီဒီယာများအား မေးခွန်းသုံးခု မေးမြန်းခွင့် ပြုခဲ့ပြီး အဆိုပါ မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တို့က ပြန်လည် ဖြေကြားခဲ့သည်။

 

ထိုသို့ မေးမြန်းမှုတွင် Weekly Eleven News ဂျာနယ်မှ ''ပူးပေါင်း ဆောင်ရွက်ရန် ရှိသည်ဟု ပြီးခဲ့သည့် တွေ့ဆုံမှု၌ ပြောဆိုခဲ့ကြောင်း၊ ထို ပူးပေါင်းဆောင်ရွက်မှုမှာ မည်သို့ စတင်မည် ဖြစ်ကြောင်းနှင့် လုပ်ဆောင်နေပြီ ဆိုပါကလည်း မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာမှတစ်ဆင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ပြောထားကြောင်း၊ ထိုကမ်းလှမ်းချက်ကို မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

ထိုမေးခွန်းကို ဦးအောင်ကြည်က ''ဒါတွေအားလုံးဟာ ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်အောက်မှာ ပါပါတယ်။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်မှု ဆိုတာက တစ်ကယ့် ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ main problem ကြီးတစ်ခုပါ။ ဒါကို ကျွန်တော်တို့ ဖြေရှင်းနေကြတာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်သွား ပြီဆိုတဲ့ အချိန်ကြလို့ရှိရင် ကျန်တဲ့ ကိစ္စတွေအားလုံးဟာ ဒီ main problem ကြီးရဲ့အကျိုးဆက်တရားများ ဖြစ်တဲ့အတွက် အလွယ်တကူ ဖြေရှင်းသွားနိုင်မယ့် အနေအထား ဖြစ်ပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။

 

Yangon Times ဂျာနယ်မှ ယခု တွေ့ဆုံမှု၌ မည်သည့် ကဏ္ဍများ၌ ထူးထူးခြားခြား သိသိသာသာ ပြောင်းလဲ တိုးတက်မှုများ ရရှိပါသလဲဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အကျိုးကို ပူးပေါင်း ဆောင်ရွက်ရာတွင် မီဒီယာ အပါအ၀င် တိုးတက်မှု ရှိရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

ထို့နောက် 7 Days ဂျာနယ်မှ ပြီးခဲ့သည့် တွေ့ဆုံ ဆွေးနွေးပြီး ထုတ်ပြန် ကြေညာချက်တွင် စိတ်ဝမ်းကွဲပြားမှုနဲ့ ပတ်သက်ပြီး ပြောဆိုထားကြောင်း၊ ထိုစိတ်ဝမ်းကွဲပြားမှု ဆိုသည်မှာ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား စိတ်ဝမ်းကွဲပြားမှုကို ဆိုလိုပါသလား၊ သို့မဟုတ် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား စိတ်ဝမ်းကွဲပြားမှုကို ဆိုလိုပါသလား သိလိုပါကြောင်း မေးမြန်းခဲ့သည်။

 

ထိုမေးမြန်းချက်ကို ဦးအောင်ကြည်က ''ကျွန်တော်တို့ စိတ်ဝမ်းကွဲပြားမှု လျော့ပါးစေရေး ဆိုတဲ့ကိစ္စဟာ သဘာဝအားဖြင့် diversity and unity ဆိုတဲ့သဘောပေါ့။ ဘယ်လုပ်ငန်းမှာမဆို လူတိုင်းမှာ သဘောထားကွဲလွဲမှု ဆိုတာ ရှိပါတယ်။ သို့ရာတွင် ကျွန်တော်တို့ ပြောခဲ့သလို ပူးပေါင်း ဆောင်ရွက်မှုကို ဦးစားပေး ဆောင်ရွက်သွားပမယ်''ဟု ဖြေကြားခဲ့သည်။

 

 

နေပြည်တော်တွင် ယနေ့ ပြုလုပ်ခဲ့သော အစိုးရသစ်၏ နိုင်ငံတော်အဆင့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေခြင်း အပေါ် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့

အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုခဲ့ကြောင်း သိရပါသည်။

 

ထိုသို့ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေခြင်းမှာ နိုင်ငံတော်သမ္မတက မတူသည်များကို ဘေးဖယ်ပြီး တူသည်များကို ပေါင်းလုပ်ရန် လမ်းညွှန်ထားသည့်အတွက် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မည်သူနှင့် မဆို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်သွားမည့် အကြောင်း အစရှိသည်တို့ကို ပြောဆိုခဲ့သည်ဟု သိရှိရသည်။

 

 

 

ငွေလဲနှုန်း သတ်မှတ်ပြီး FEC ရုပ်သိမ်းရေး ဆောင်ရွက်မည်

Friday, 12 August 2011

 

 

ရန်ကုန်၊ ဩဂုတ် ၁၂မြန်မာနိုင်ငံတွင် မြန်မာငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား တရားဝင် ပြောင်းလဲသတ်မှတ် ဆောင်ရွက်ပြီးလျှင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသော Foreign Exchange Certificate (FEC) ကို ရုပ်သိမ်းမည် ဖြစ်ပြီး ထိုသို့ ရုပ်သိမ်းရာတွင်လည်း ပြည်သူများ နစ်နာမှု မရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌဌ ဦးသိန်းညိမ်းက ပြောကြားသည်

 

နေပြည်တော်တွင် ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်သော အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဌင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။အစိုးရသစ်သည် နိုင်ငံနှင့်လူမျိုးအကျိုး ဖြစ်ထွန်းမည့် ငွေလဲနှုန်းကို သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိပြီး ငွေလဲနှုန်း သတ်မှတ်ပြီးပါက FEC ကို ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း၊ FEC ရုပ်သိမ်းရာတွင်လည်း ပြည်သူများ နစ်နာမှု မရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဦးသိန်းညိမ်းက ရှင်းပြသည်။

 

"FEC ကို ရုပ်သိမ်းရင်လည်း ရုပ်သိမ်းတဲ့နေရာမှာ တရားဝင် သတ်မှတ်ထားတဲ့ ပေါက်ဈေးနှုန်းနဲ့ လဲပေးတာ ဒါမှမဟုတ် အမေရိကန် တစ်ဒေါ်လာနဲ့ လဲပေးတာမျိုး မနစ်နာအောင် လုပ်ပေးမယ်" ဟု ဗဟိုဘဏ်ဥက္ကဋ္ဌဌက ရှင်းပြသည်။လက်ရှိ မြန်မာနိုင်ငံ၏ တရားဝင် ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ခြောက်ကျပ် ဖြစ်သည်။

 

 

 

ဂီရိ မုန်တိုင်းသင့် ဒေသတွင် ထမင်းငတ်နေသူများ ရှိနေပြီ

News Date:8/12/2011 နိရဉ္ဖရာ သတင်းဌာန

 

 

မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသော မြေပုံမြို့နယ် ကျွန်းသာယာကျွန်းမှ ဒေသခံ ပြည်သူ တစ်ချို့မှာ နပ်မှန်အောင် ထမင်း မစားရဘဲ ငတ်နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

 

" ကျွန်တော်တို့ နေထိုင်နေတဲ့ ကျွန်းသာယာကျွန်းမှာ ရွာပေါင်း (၄) ရွာရှိပါတယ်။ အုန်းချောင်း၊ ပြင်ချောင်း၊ ပြင်ဝန်းနဲ့ ကျွန်းသာယာ ဖြစ်ပါတယ်။ အခု အများစု ထမင်းငတ်နေတဲ့ ရွာသားတွေက အုန်းချောင်း၊ ပြင်ချောင်းနဲ့ ပြင်ဝန်း ရွာသုံးရွာက လူတွေ ဖြစ်ကြပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

 

 

ထမင်းငတ်နေသော မိသားစု မည်မျှ ရှိသည်ကို တိတိကျကျ မသိရသော်လည်း အနည်းဆုံး မိသားစု ၂၀၀ ခန့်ရှိနိုင်ကြောင်းသူက ပြောသည်။

 

" ထမင်းငတ်နေတယ်ဆိုတာက နပ်မှန်အောင် မစားရတဲ့သူ၊ မနက်စားရင် ညနေ မစားရ။ ညနေစားရင် မနက်စားရတဲ့ သူတွေကို ပြောတာပါ။ လုံးဝ မစားရဘဲ နေ့စဉ် ရက်ဆက် ငတ်နေတာမျိုးတော့ မရှိပါဘူး။ အဲသလို ထမင်း ပုံမှန် မစားရဘဲ ဖြစ်နေတဲ့ မိသားစုကတော့ ကျွန်းတစ်ခုလုံးမှာ ဆိုရင် ၂၀၀ နီးပါး ရှိမယ် ထင်ပါတယ်" ဟု သူက ပြောသည်။

 

အဆိုးဆုံး ငတ်ပြတ်မူကို ရင်ဆိုင်နေရသော ကျေးရွာမှာ ပြင်ဝန်းအောက်ရွာ ပိုက်ဆိပ်ဖြစ်ပြီး အိမ်တိုင်းစေ့ လိုလို ပုံမှန် ထမင်း မချက်နိုင်ဘဲ ဖြစ်နေကြောင်း သူက ပြောသည်။

 

" ဟိုအပတ်ကတည်းက မိုးဆက်တိုက်ရွာပြီး ရေကြီးတယ်။ လေတိုက်တယ်။ ကျွန်းပေါ်မှာက အကုန်လုံး ရေလုပ်သားတွေ ဖြစ်ကြတယ်။ ဒီလို လိုင်းကြီး- ရေကြီးနေတော့ ငါးဖမ်း မထွက်နိုင်ဘူး။ ငါးဖမ်း မထွက်နိုင်တော့ ဆန်မ၀ယ်နိုင်ဘူး။ ဒီတော့ ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေကြတယ်။ အများစု မိသားစုကတော့ ရှိတာတွေကို ချရောင်းပြီး စားနေကြရပါတယ်။ အခြေအနေအဆိုးဆုံးက ပြင်ဝန်း ပိုက်ဆိပ်ရွာ ဖြစ်ပါတယ်" ဟု ပြောသည်။

 

ထိုကဲ့သို့ ကျေးရွာသားများ အခက်အခဲ ကြုံနေရကြောင်းကို ကျွန်းသာယာမှ လူကြီး တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

 

" ကျွန်တော်တို့ရွာမှာလည်း လူတွေ အဆင်မပြေကြဘူး။ ပင်လယ်ထဲကို မထွက်နိုင်တော့ ငွေရှားတာကြောင့် ရွာသား အတော်များများ အခက်အခဲ ဖြစ်နေကြတယ်။ အကူအညီတွေ လိုအပ်နေပါတယ်။ အကူအညီရရင် အမြန်ဆုံး လိုချင်ပါတယ်" ဟု ပြောသည်။

 

အဆိုပါ ကျေးရွာတွင် ရွှေဝါထွန်း အမျိုးအစား အညံ့စား ဆန် (၃) သစ် နို့ဆီ ၁၂ဗူးကို ကျပ် ၁၀၀၀ ဖြင့် ရောင်းချနေသော ဆန်ရောင်းသူများ ရှိသော်လည်း အများစုမှာ မ၀ယ်စားနိုင်ဘဲ ဖြစ်နေကြကြောင်း သူက ပြောသည်။

 

အန်ဂျီအိုများမှ မုန်တိုင်း တိုက်စတွင် အကူအညီများ ပေးခဲ့သော်လည်း လွန်ခဲ့သော (၃) လခန့်ကတည်းက အကူအညီများကို ရပ်တန့် ပစ်ခဲ့သဖြင့် မိုးတွင်းကာလတွင် ပို၍ အခက်အခဲ ဖြစ်နေကြရသည်ဟု ရွာသားများက ပြောသည်။

 

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းဒဏ်ကို ကျွန်းသာယာကျွန်းသည် အကြီးအကျယ်ခံခဲ့ရပြီး အဆိုပါ ကျွန်းတစ်ကျွန်းတည်းမှ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။

 

ယခုကဲ့သို့ ကျွန်းပေါ်တွင် မိသားစု အများအပြား အငတ်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ အစိုးရပိုင်းမှ မည်သို့မှ ကူညီ ဖြေရှင်းပေးမူများ မရှိကြောင်း သိရသည်။

 

 

 

ပလက်ဝ ကြားခံ ဆိပ်ကမ်း ပွင့်လင်းရာသီတွင် အိန္ဒိယက တည်ဆောက်မည်

မောင်ရမ္မာ    News Date:8/12/2011

 

 

 

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ်ပေါ်တွင် တည်ဆောက်မည့် စစ်တွေဆိပ်ကမ်း အပြင် ပလက်ဝတွင်လည်း ကြားဆိပ်ကမ်းတစ်ခုကို ပွင့်လင်း ရာသီတွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

 

 

 

 

အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းသစ်သည် အိန္ဒိယနိုင်ငံအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် လုပ်ဆောင်သော လုပ်ငန်း ဖြစ်သဖြင့် လာမည့် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

 

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပလက်ဝ ကြားခံ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းသည် ဒေသခံ ပြည်သူများ အတွက် အကျိုး တစုံတရာ ရှိမည်မဟုတ်ဟု ကုလားတန်မြစ် လှုပ်ရှားမှုတာဝန်ခံ (coordinator) ကိုအောင်မင်းဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

 

" အဓိက ဆိပ်ကမ်း တည်ဆောက်လို့ရှိရင် ဥပမာ စစ်တွေဆိပ်ကမ်းပင်ဖြစ်ဖြစ်၊ ပလက်ဝ ကြားခံ ဆိပ်ကမ်းဘဲ ဖြစ် ဖြစ် ဘယ်နေရာမှာဘဲ တည်ဆောက်ဆောက်၊ သင်္ဘောကြီးတွေ သွားလာဖို့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ တခုလုံးကို ခြုံပြီး ပြောရမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုလို့များ မယ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင် ပြည်မှာ အဓိက လုပ်ကိုင် စားသောက် ကြတာက လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းဖြစ်တယ်။

 

ကုလား တန်မြစ်ဟာ ငါးဖမ်းရာမှာသော်၎င်း၊ ဒေသတခုနဲ့တခု၊ တရွာနဲ့တရွာ သွားလာတဲ့နေရာမှာ ကုလားတန် မြစ်ကို အသုံးမပြုလို့ကို မရပါ။ နိုင်ငံခြား သင်္ဘောကြီးတွေ အထူးသဖြင့် အိန္ဒိယက သင်္ဘောကြီးတွေဟာ ပေထောင်နဲ့ချီပြီးတော့ ရှည်ပါတယ်။ အဲဒီသင်္ဘောကြီးတွေ သွားတဲ့အချိန်မှာ ဒေသခံတွေသုံးတဲ့ လှေတွေဟာ သွားလို့ရမှာ မဟုတ်ပါ။ အဲဒီသင်္ဘောတွေသွားလို့ အဝေးကို ရောက်သွားတဲ့ နေရာထိ မြစ်ကို ကူးဖို့နေရာတွေမှာ အခက်အခဲ ရှိပါတယ်။ နောက်တခုက ငါးဖမ်းလို့လည်း ရမှာမဟုတ်ပါ။

 

 တရွာနဲ့တရွာ၊ တမြို့နယ်နဲ့ တမြို့နယ် သွားလာရတာ အခက်အခဲ ရှိနိုင်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ တစုံတရာတော့ ရှိနိုင်ပါတယ်။ အထူးသဖြင့် ဆိပ်ကမ်းနားမှာ နေကြတဲ့သူတွေဟာ နိုင်ငံခြားသားတွေ အများကြီး ရောက်တဲ့ အတွက်နဲ့ စားဖွယ် သောက်ဖွယ်တွေ ကုန်ပစ္စည်းတွေကို နိုင်ငံခြားသားတွေကို ရောင်းလို့ ရမယ်။ အဲဒီလို ရောင်းဖို့ အခွင့်အရေးရတဲ့ သူတွေကလည်း အစိုးရနဲ့ နီးစပ်တဲ့ သူတွေကသာ လုပ်ခွင့်ရမယ် ထင်ပါတယ်။ ဒေသခံပြည်သူလူထု အတွက်ကတော့ခါ တစုံတရာထိ အကျိုးရှိမယ်လို့ မထင်ပါ။" ပလက်ဝ ကြားခံဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းသည် ကုန်သွယ်ရေးကို အကြောင်းပြ သော်လည်း စစ်တပ်အင်အား တိုးချဲ့ရန်နှင့် နယ်စပ်လုံခြုံရေးကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်နှစ်ခုဖြင့် တည်ဆောက်ခြင်းသာ ဖြစ်သည်ဟု မြန်မာ့ရေးရာ ဌာန (ဒေလီ) တာဝန်ခံ ကိုကင်းက နိရဉ္စရာသို့ ပြောသည်။

 

"အဓိက ကျွန်တော်မြင်တာက အကြောင်းရင်း နှစ်ရပ် ရှိတယ်။ ပထမ အချက်က အိန္ဒိယကို ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အကြောင်းပြပြီးတော့ စစ်တပ်က အသုံးချဖို့ ဖြစ်တယ်။ ဒုတိယ အချက်က သူတို့ နယ်စပ်လုံခြုံရေး အတွက် စစ်တပ်တိုးချဲ့ ချနှိင်ဖို့ဆိုတဲ့ အချက် နှစ်ချက် ဖြစ်ပါတယ်။ ပြည်သူတွေဖက်က ပြန်ကြည့်မယ်ဆိုရင် အဲဒီဆိပ်ကမ်းကို မဆောက်ခင် ကတည်းက ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲမှာ စစ်တပ်က နှိပ်စက်လို့ မခံနိုင်ကြပြီ။ ပြောရမယ် ဆိုရင် ရွာတွေကို လာရင်လည်း ထမင်းကျွေးရတယ်။ ကြက်သတ် ပေးရတယ်။ စစ်တပ်နဲ့ ဖြစ်လာရင် ပြည်သူတွေသာ အဓိက နစ်နာ နေကြရပါတယ်။"

 

ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြောင့် ကုလားတန်မြစ်ဝမှတဆင့် ချင်းပြည်နယ် ပလက်ဝထိ ကုလားတန်မြစ်ကြောင်းတလျှောက် သင်္ဘောကြီးများ ၀င်ထွက် သွားလာ နိုင်အောင် လုပ်ဆောင်ရာ တွင် ရေနေသတ္တ၀ါများ ပျက်စီးဆုံးရှုံး နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုလည်း ပျက်စီးဆုံးရှုံးနိုင်သည်ဟု ကိုအောင်မင်းဦးက ယခုကဲ့ ပြောသည်။

 

" ကျွန်တော်တို့ ကုလားတန်မြစ်တလျှောက်မှာ သဲသောင်တွေ၊ ကျောက်ဆောင်တွေ တောင်ကုန်းတွေ စုစုပေါင်း ၃၀ လောက် တူးပစ်ရမှာဖြစ်ပါတယ်။ အဲဒီ နေရာ ၃၀ ကို တူးပစ်လိုက်တာနဲ့ အဲဒီထဲမှာ နေတဲ့ ရေနေ သတ္တ၀ါတွေ၊ ကုန်းနေ သတ္တ၀ါတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ ကျောက်ဆောင် တွေ ဆိုတာ ကလည်း ရေတိုက်စားမှုတွေကို ကာကွယ်ထားတဲ့ ကျောက်ဆောင်တွေ ဖြစ်တယ်။

 

အဲဒီ အတွက်ကြောင့် တချို့ မြစ် ကမ်းနားမှာ ပေါက်ရောက်နေတဲ့ အပင်တွေဟာ ကျောက်ဆောင်တွေ မရှိတာနဲ့ မြေပြိုပြီး အားလုံးပြိုလဲ ပျက်စီး သွားမှာဖြစ်တယ်။ အဲဒီမှာ ကျက်စားနေကြတဲ့ တိရိစ္ဆာန်တွေ အားလုံး အန္တရာယ်ရှိပါတယ်။ နောက်တခုက ရခိုင်ပြည်မှာ လျှပ်စစ်မီးမရလို့ ထင်းကို လောင်စာအဖြစ် အသုံးပြုနေရတယ်။ ကျွန်တော်တို့ ကျောက် ဆောင်တွေ၊ သစ်တောတွေ အားလုံးကို ဖြုန်းတီး ပစ်မယ် ဆိုရင် ဒေသခံတွေ အတွက် ထင်းရရှိဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် မြင်တာ ကတော့ သဘာဝပတ်ဝန်းကျင်အနေနဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေ၊ ထင်းရှားပါးမှုတွေ ဖြစ်လာ နိုင်ပါတယ်။"

 

ပလက်ဝသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ပိုင်းခြားထားသော နယ်စပ်မြို့ ဖြစ်ပြီး ကျောက်တော်မှ ရေကြောင်းဖြင့် သွားလာနိုင်သော မြို့ဖြစ်သည်။ ပလက်ဝ ကြားဆိပ်ကမ်းမှတစ်ဆင့် စက်ပစ်ပြင်သို့ ကားလမ်းဖြင့် ဆက်သွယ်သွားမည် ဖြစ်ပြီး စက်ပစ်ပြင်မှ တစ်ဆင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိုင်း ဒေသ ဖြစ်သော မီဇူရမ်ပြည်နယ်သို့ ဆက်သွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင်ပါဝင်သော စစ်တွေဆိပ်ကမ်း တည်ဆောက် ရေးနှင့် ပလက်ဝကြားခံ ဆိပ်ကမ်းတည်ဆောက်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ခန့် ကုန်ကျခံပြီး အိန္ဒိယကုမ္ပဏီတခုဖြစ်သော Essar က တာဝန်ယူကာ ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက် သွားမည်ဟု သိရသည်။

 

 

သုံးလခန့် ကြာသော်လည်း မုဒုံ ဖုန်းလိုင်း ပြတ်တောက်နေဆဲ

 ကွန်းချမ်း | သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၅ မိနစ်

 

 

 

 

ချင်းမိုင် (မဇ္ဈိမ) ။       ။ မွန်ပြည်နယ် မုဒုံမြို့အနီး အော်တိုအိပ်ချိန်းရုံး ဗုံးကွဲပြီး CDMA ဖုန်းတာဝါတိုင် ပျက်စီးခဲ့ရာမှ သုံးလခန့် ကြာပြီ ဖြစ်သော်လည်း ဖုန်းများ ဆက်သွယ်၍ မရသေးကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

 

ဖုန်းတာဝါတိုင် ပျက်စီးခြင်းကြောင့် မုဒုံမြို့ မြောက်ဘက် ရိုးဂိုးရွာနှင့် တောင်ဘက် ကလော့သောရွာ မိုင်၂၀ ဧရိယာ အတွင်းတွင် CDMA ဖုန်းလိုင်း ပြတ်တောက်လျက် ရှိသည်။

 

"ဗုံးထိကတည်းက ခုထိ မပြင်ရသေးတော့ ကျမတို့ မုဒုံတဝိုက်မှာ CDMA ဆို လုံးဝကို သုံးလို့ မရဘူး။ GSM ဖုန်းပဲ ဆက်လို့ရတယ်" ဟု မုဒုံမြို့မှ GSM ဖုန်းပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

 

မေလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် မည်သည့် အဖွဲ့အစည်းဟု မသိရသည့် လက်နက်ကိုင် ၅ ဦးက မုဒုံမြို့အနီး ကျုံဖိုက်ရွာရှိ အော်တိုအိပ်ချိန်းရုံးကို ပစ်ခတ် ဖောက်ခွဲခဲ့ရာမှ လုံခြုံရေး ရဲသားတဦးနှင့် ရုံးဝန်ထမ်းအချို့ ဒဏ်ရာ ရရှိကာ CDMA ဖုန်းတာဝါတိုင်လည်း ပျက်စီးခဲ့သည်။

 

မွန်ပြည်နယ်အတွင်း GSM စခန်း သုံးခုတွင် GSM ဖုန်းအလုံးရေ ၃၂၀၀ ကျော်နှင့် ပင်လယ်ပြင် ကမ်းနီးကမ်းဝေး CDMA စခန်း ခြောက်ခုတွင် CDMA ဖုန်းအလုံးရေ ၇၀၀၀ ကျော်ကို အသုံးပြုလျက် ရှိကြောင်း ၂၀၁၀ ခုနှစ်ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။

 

 

ကချင်တပ်နှင့်အပစ်ရပ်ရန် ဆွေးနွေးနေချိန် အစိုးရတပ် - SSPP/SSA နှင့်တိုက်ပွဲ ပြင်းထန်

Friday, 12 August 2011 17:17 သျှမ်းသံတော်ဆင့်

 

 

ကချင်ပြည်ဘက်တွင် KIA နှင့် မြန်မာစစ်တပ်တို့ ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးနေချိန် သျှမ်းပြည် အလယ်ပိုင်း တွင် မြန်မာအစိုးရတပ်နှင့် သျှမ်းပြည် တပ်မတော်တို့ကြားတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါ သည်။

 

သျှမ်းပြည်တပ်မတော်သားသျှမ်းပြည်တပ်မတော်သား"တိုက်ပွဲက နေ့တိုင်းလိုလိုဘဲ ဆက်တိုက်ဖြစ်နေတယ် ။ ၁၀ ရက်နေ့တုန်းကလဲ ၂ ခါဖြစ်တယ်။ မနေ့က ကတော့ မွန်းတည့် ၁၂ နာရီက နေ ညနေ ၁၇:၃၀ နာရီအထိ ကျေးသီးမြို့နယ် အရှေ့မြောက်ဘက်မှာ တိုက်ပွဲပြင်းထန် တယ်။

 

 တောနင်းမွှေနှောက်နေတဲ့ ခမရ ၁၁၄ နဲ့ ဖြစ်တာ" - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။ဩဂတ်စ် ၁၂ ရက် နောင်ချိုအခြေစိုက် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၄ အင်အား ၅၀ ကျော်ကကျေးသီး မြို့အရှေ့မြောက်ဘက် ၇ မိုင်အကွာ၊ ပန်စေ့ - လွယ်ယွဲ အရှေ့ဘက် တောတောင်အတွင်း တိုက်ပွဲ ၅ နာရီကျော် ကြာ တိုက်ခိုက်ခဲ့ကြောင်း၊ သျှမ်းတပ်နောက်ယောင်ခံလိုက်သည့်မြန်မာအစိုးရတပ်က လျှိုမြောင် အတွင်း ဝိုင်းပိတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အသေအပျောက်စာရင်းအတိအကျ မသိရသေးသော်လည်း မြန်မာ တပ်ဘက် တပ်ကြပ်ကြီး ၁ ယောက် ဒဏ်ရာဖြင့် တပ်ဆုတ်ပြန်စဉ် လမ်းခရီး၌သေဆုံးသွားကြောင်း ဗိုလ်မှူး စိုင်းလ ကပြောပါသည်။"

 

မနေ့ကတိုက်ပွဲက မြန်မာဘက်က အသေအပျောက်စာရင်းများမယ်။ ကျနော်တို့က ဝိုင်းပိတ်တိုက်ခိုက်တာကိုး၊  လူထုကနေတဆင့်ကြားရတာကတော့ သူတို့တပ်ဆုတ်ပြန်ချိန်တပ်ကြပ်ကြီးတယောက် ဒဏ်ရာနဲ့ လမ်းမှာ ထပ်သေတယ်ပြောတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိရသေးဘူး။

 

"ဩဂတ်စ် ၁၀ ရက် ၁၅:ဝ၀ နာရီတွင်မူ မိုင်းရယ်မြို့နယ် အခြေစိုက် ခလရ ၆၇ အား နမ့်ပုတ်(ဂိတ်) တပ်စခန်း မှ အနောက် တောင်ဘက် (ကျေးသီးဘက်) သို့ ဆင်းလာစဉ် လွယ်တူ့တောင်အနီး၌  သျှမ်းပြည်တပ်မတော်၏ အမှတ် ၁၉၂ တပ်ရင်း လက်အောက်ခံစစ်ကြောင်းတခုက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတူ ၁၈:၃၀ နာရီ မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ ကလည်း မိုင်းနောင်မြို့နယ်(ခွဲ) လွယ်နော် အနီး၌ သျှမ်းပြည်တပ် မတော်၏ တိုက် ခိုက် ခြင်းခံရသောကြောင့် အစိုးရတပ်ဖက်မှ ၆ ယောက် သေဆုံးကြောင်း - ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

 

 

ကြံ့ဖွတ် အစီရင်ခံစာ ရဲစားပေါက်ဖြစ်နေဟု အများ ဝေဖန်

Friday, 12 August 2011 16:40 သျှမ်းသံတော်ဆင့်

 

 

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဆိုင်ကယ်များ ယာဉ်စည်းကမ်းဖေါက်ဖျက်သည် ဆိုသော ကြံ့ခိုင်ရေး ပါတီ၏ အထက်ဋ္ဌဌာနသို့ တင်ပြသောအစီအရင်ခံစာ သည် ယာဉ်ထိန်းရဲများအား စားပေါက်ထွင်ပေးသလို ဖြစ်နေကြောင်း မူစယ်ဒေသခံများက ပြောဆိုနေသည် ။

 

 

USDPゞင်းအစီရင်ခံစာကြောင့် လွန်ခဲ့သည့်အပတ်မှစ၍ မူစယ်မြို့၌ ဆိုင်ကယ်များအား ရှောင်တခင်စစ်ဆေးနေရာ ဆိုင်ကယ်စီး ဦးထုတ်မပါသူများကို ယာဉ်ထိန်းရဲများက ဒဏ်ရိုက်သည့် အနေဖြင့်  ဦးထုတ်တစ်လုံး ကျပ်ငွေ ၇ ထောင်ဖြင့် ရောင်းချနေကြောင်း သိရသည် ။

 

 

ပြင်ပပေါက်ဈေး ကျပ် ၂၀ဝ၀ ဝန်းကျင်သာရှိသည့် ဦးထုတ် တစ်လုံးကို ကျပ် ၇,ဝ၀ဝ ဖြင့် ၃ ဆကျော် ဈေးတင် ရောင်ခြင်း ဖြစ်သည်။

 

 

"ဆိုင်ကယ်တွေ အခုရက်ပိုင်း ဖမ်းနေတယ်။ ဆိုင်ကယ်စီးဦးထုတ်မပါရင် ဦးထုတ်တစ်ခါတည်းရောင်းတယ်။ တစ်စီးမှာ လူနှစ်ယောက်ပါရင် ဦးထုတ်နှစ်လုံး တစ်လုံး ၇ ထောင်နဲ့ နှစ်လုံး ၁၄,ဝ၀ဝ ကျတာပေါ့ " ဟု ဒေသခံ တစ်ဦးက ဆိုသည် ။

 

 

ယခုလုပ်ရပ်သည် ကြံ့ဖွံ့ပါတီ၏ အစီရင်ခံစာကြောင့်ဖြစ်ပြီး ရဲစားပေါက်ထွင်ပေးသလို ဖြစ်နေကြောင်း ဒေသခံ များက ဆို ခြင်းဖြစ်သည် ။

 

 

အမှန်မှာ ကြံ့ခိုင်ရေးပါတီက ကန်ထရိုက်ယူထားသည့်  မြို့တွင်းဆိုင်ကယ်ရပ်နားသည့် ဂိတ် နှင့် သုံးဘီးလိုင်း ကြောင့် မြို့တွင်း ယာဉ်အန္တရာယ်ဖြစ်နေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည် ။

 

 

Helmet"ကြံ့ခိုင်ရေးပါတီက ဈေးကနေ တင်းနစ်ကွင်းဘက် သွားတဲ့လမ်းမှာ ဆိုင်ကယ်ရပ်တဲ့နေရာ ဆွဲထားတာ အကောက်ကောက် စားတာပေါ့။ လမ်းကျဉ်းတဲ့ကြားထဲ ဆိုင်ကယ်တွေရပ်ထားတော့ ပိုဆိုးတယ် နောက်သုံးဘီး လိုင်းလဲ သူတို့ဆွဲထားတာပဲ။ ဒီသုံးဘီးတွေဆို မောင်းချင်သလိုမောင်း ရပ်ချင်သလိုရပ်၊ အဲဒါတွေကြောင့် ယာဉ်ကျောတွေပိတ်တာ" ဟု သူက ဆိုသည် ။

 

 

ထို့အပြင် အဝေးပြေးခရီးသည်တင်ယာဉ်များ မြို့တွင်းဝင်ခွင့်မပြုသော်လည်း ရဲက တစ်ရက် ကားတစ်စီး ကျပ်ငွေ ၂ သောင်းယူ၍ မြို့တွင်းမောင်းနှင်ခွင့် ပြုထားကြောင်း သိရသည် ။

 

 

 

 

တာ့ဆန်းရေကာတာစီမံကိန်း ဆက်မလုပ်ရေး သဘောတူညီချက်ကြောင့် တရုတ်အင်ဂျင်နီယာ ပြန်လွှတ်

 Friday, 12 August 2011 16:31 မွေခေါဝ်  သျှမ်းသံတော်ဆင့်

 

 

 

သံလွင်မြစ်တာ့ဆန်းရေကာတာဆောက်လုပ်ရေး  စီမံကိန်းမှ တရုတ်အင်ဂျင်နီယာ ၃ ဦးနှင့်ဘာသာပြန် တစ်ဦးအား အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ၃လ ကြာ ဖမ်းဆီးသွားရာမှ စီမံကိန်းဆက်မလုပ်ရန်သဘော တူသဖြင့် ပြန်လည် လွှတ်ပေးလိုက်ပြီကြောင်းသိရှိရ ပါသည်။

 

 

"ဒီလ ၈ ရက်နေ့က လွှတ်လိုက်တာ။ ဖမ်းသွားတဲ့အဖွဲ့ရဲ့ တောင်းဆိုချက်ကို တရုတ်ကုမ္ပဏီကလိုက်လျောတာ ကြောင့် ပြန်လွှတ်ပေးတာပါ။ အဓိကကတော့ ရေကာတာ မဆောက်လုပ်ဖို့ပေါ့။ သူတို့ ၄ ယောက်လဲတရုတ်ပြည် ကို ပြန်ရောက် သွားပါပြီ" ဟု RCSS/SSA လွယ်တိုင်းလျဲန်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

 

 

တရုတ်ကုမ္ပဏီထံ လက်နက်ကိုင်အဖွဲ့မှ တောင်းဆိုသည့်အချက်များမှာ-

 

၁. သံလွင်မြစ် တာ့ဆန်းရေကာတာ ဆောက်လုပ်နေမှုကို ရပ်တန့်ရန်

 

၂. အဆိုပါ တရုတ်ကုမ္ပဏီကိုလည်း ရေကာတာ ဆောက်လုပ်ခြင်း ရပ်တန့်၍ ပြန်လည်ထွက်ခွာပေးရန်

 

၃. သျှမ်းပြည်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ဖျက်ဆီးမည်ဖြစ်သောကြောင့် ရေကာတာ မဆောက်လုပ်ရန်

 

၎. ရေကာတာ၏ ဆိုးကျိုးဖြစ်သော ရေလွှမ်းခြင်း၊ မြစ်အောက်ပိုင်းရေခန်းခြောက်ခြင်း၊ ရေကာတာဆောက်လုပ်ရန် အတွက် ပြည်သူများ ရွေ့ပြောင်းရခြင်း စသည်ဒဏ်များကို ဒေသခံပြည်သူများက ခံရမည်ဖြစ်သည့်အတွက် မဆောက် လုပ်ရန် - တို့ဖြစ်သည်။

 

 

"တရုတ်ကုမ္ပဏီက တာ့ဆန်းရေကာတာ ဆောက်လုပ်တဲ့နေရာဟာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ငြိမ်းချမ်းမှုမရှိတာ၊ လက် နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်ဖြစ်တာစတဲ့ ပြဿနာတွေ ရှိတာတွေကို မသိခဲ့ရဘူးပေါ့။ အစပိုင်းက သိခဲ့ရင် ရေကာတာ လာဆောက်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတယ်တဲ့။ အခု တရုတ်ကုမ္ပဏီလဲ အားလုံးဆုတ်ခွာ သွားပြီလို့ ကျနော် တို့ဆီ အကြောင်းကြားတယ်။ ဖမ်းသွားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပြောပေးခိုင်းတယ်" ဟု ゞင်းကဆက်လက် ပြောပါ သည်။

 

 

သျှမ်ပြည်တောင်ပိုင်း ကွန်ဟိန်း-တာ့ကော့ဒေသသည် လက်နက်ကိုင်အဖွဲ့အမြောက်အများ ရောနှောလှုပ်ရှားနေ ကြောင်း၊ RCSS က ထိုဒေသကို ထိန်းချုပ်နိုင်ခြင်းမဟုတ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့ငယ်များသည် ရံဖန်ရံခါ ပေါ်လာ၍ ပြန်လည်ပျောက်ကွယ်သွားသဖြင့် တရုတ် ၄ ဦးကို ဖမ်းသည်မှာမည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည် ကို မပြောပြနိုင်ကြောင်း၊ သျှမ်းပြည်တပ်မတော်အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်းဗိုလ်မှူး လောဝ်ဆိုင် က ပြောပါသည်။

 

 

ကွန်းဟိန်း-တာ့ကော့ဒေသသည် RCSS/SSA လွယ်တိုင်းလျဲန်းအဖွဲ့  မြန်မာစစ်တပ်၊ လွယ်ဖာ-ကာလိ ပြည်သူ့စစ် အဖွဲ့(SSA တပ်မဟာ ရ ဟောင်း)၊ လားဟူပြည်သူ့စစ်အဖွဲ့၊ MTA လက်ကျန်အဖွဲ့နှင့် အခြားအမည်မသိ လက်နက် ကိုင်အဖွဲ့ အများအပြား လှုပ်ရှားသည့်နယ်မြေဖြစ်သည်။

 

 

တရုတ်ကုမ္ပဏီ ထွက်ခွာသွားပြီးနောက် ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ Electricity Generating Authority of Thailand (EGAT) က ရှေ့ဆက် တာ့ဆန်းရေကာတာကို ဆောက်လုပ်မည် / ရပ်တန့် မည်ကို ခန့်မှန်း၍ မရကြောင်း သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့(SPEO)မှ ကိုစိုင်းစိုင်း က ဤကဲ့သို့ ပြောပါသည်။

 

 

"တာ့ဆန်းရေကာတာက ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလုပ်ငန်း ထူထောင်တဲ့ စီမံကိန်းထဲမှာ ပါတယ်။ EGAT ကုမ္ပဏီက အများအပြား မြှုပ်နှံထားပြီးပြီ။ ဒါကြောင့် ထိုင်းကုမ္ပဏီက နောက်ဆုတ်မလား ရှေ့တိုးမလားဆိုတာ ခန့်မှန်း ဖို့ခက်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှု မရှိသေးတဲ့ဒေသ၊ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသေးတဲ့ဒေသမှာ စီမံကိန်း ဆောက် လုပ်ဖို့ မသင့်ဘူး"

 

 

တာ့ဆန်းရေကာတာ ဆောက်လုပ်ရေး စီမံကိန်းတွင် တရုတ်ကုမ္ပဏီ Changjiang Water Resources Commission (CWRC) Changjiang Survey, Planning Design & Research Co.,Ltd. မှလူမောင်း လင်၊ လီစူး၊ ရန်ဟူးပင်းနှင့်  လီကျန်းကျုံး(ဘာသာပြန်) တို့ မေလဆန်းပိုင်းက  စက်လှေတစီးနှင့်သံလွင်မြစ်ညာ သို့ ဆန်တက်သွားစဉ် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ တရုတ်ကုမ္ပဏီက ゞင်းတို့၏ လူများကို ကူညီရှာဖွေပေးရန် RCSS/SSA လွယ်တိုင်းလျဲန်းအား မေတ္တာရပ်ခံခဲ့သည်။

 

 

တာ့ဆန်းရေကာတာ စီမံကိန်းသည် မိုင်းပန်မြို့နယ်(သံလွင်အနောက်ခြမ်း)နှင့် မိုင်းတုံမြို့နယ်(သံလွင်အရှေ့ခြမ်း) ကြားတွင် တည်ရှိသည်။ ၁၉၉၆ မှစ၍  တာ့ဆန်းရေကာတာစီမံကိန်းကြောင့် ရွာပေါင်း ၁၅၀ဝ၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာရသဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက အကြီး အကျယ် ဆန့်ကျင် ခဲ့သည်။

 

 

 

ဗဟိုအစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီး ဦးကျော်ဆန်း မျက်ရည်ကျ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက နေပြည်တော်တွင် ပြုလုပ်သော ဗဟိုအစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေသည်ကို သောကြာနေ့ သြဂုတ် ၁၂ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္ဈိမ။ သတင်းစာ ရှင်းလင်းပွဲတွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းထောက်အများ စိတ်ဝင်စားမှု ဖြစ်ခဲ့ကြကာ မေးမြန်းမှုများ ပြုလုပ်ရာ ဝန်ကြီးက ဖြေကြားရင်း မျက်ရည်ကျသွားခဲ့သည်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN