Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်

created the doc: "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်"
Rozoner King created the doc: "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်"

[By Jade Land]

 

 

-

ငယ်ငယ်တုန်းက သီချင်းလေးတပုဒ် ကြားဘူးပါတယ်...။ ဘယ်သူဆိုမှန်းတော့မသိ "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်"  ဆိုလား...။ ဒီကနေ့ဖြစ်ပျက်နေတဲ့ မြန်မာပြည် သတင်းတွေကတော့ မျက်စိတွေလည်.. လမ်းတွေမှား အပြောင်းအလဲတွေက မြန်ဆန်... သာမာန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ် ဆိုတဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်ကို အရပ်သားအစိုးရ ဆိုသူတွေက ချက်ချင်းလက်ငင်းကြီး နေခေါင်ခေါင်မှာ မိုးရွာချသလိုလို တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလိုလုပ်လိုလုပ်  နအဖ ခေတ်အဆက်ဆက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ဘေးချိတ်ဖျောက်ဖျက်ထားရာက သမ္မရုံးခန်းမှာ ချိတ်ပြလိုချိတ်ပြနဲ့ ကြည့်နေ၊ မြင်နေခံစားရတဲ့ ရသတွေကတော့ ရုပ်ရှင်ကြည့်နေရာက အခွေကို Slow Motion ပြောင်းပြန် ပြန်ရစ်ပြီး ပြန်ကြည့်ရသလိုလို၊  ရှေးဟောင်း အသံတိတ်ကားတွေထဲက အမြန်ပြကွက်တွေကို ကြည့်နေရသလိုလို၊ ခြေလှမ်းတွေ နောက်ပြန်ဆုတ် မျဉ်းပြိုင်(၂)ကြောင်းကို အတင်းကောက်ကြောင်းပေးပြီး ဆုံခိုင်းသလိုမျိုးပေါ့...။

-

 လူရွှင်တော်တွေ မျက်နှာလို မဲ့နေရာကရီ၊ ရီနေရာကမဲ့သလို အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး ရသမျိုးစုံ ခံစားနေရပါတယ်...။

ဖြစ်ပျက်ခဲ့ဘူးတဲ့ သမိုင်းတွေကလည်း ရှိခဲ့ဘူးလေတော့ ကျားလာတယ် ကျား၊ ကျားဆိုပြီး အကျည်စားသန်တဲ့သူရဲ့ စကားကို အယုံအကြည် မရှိတော့တဲ့အတွက် တကယ့်ကျားလို့ ပြောလာချိန်မှာ လက်မခံကြတာ မဆန်းပါဘူး...။ တကယ့်တကယ် စေတနာကောင်းနဲ့ လုပ်ဆောင်နေပါတယ် ပြောတာတောင် မယုံကြည်တော့ပါဘူး။ ဒါတွေဟာ ကိုယ်ပြုခဲ့တဲ့ အကျိုးတရားကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေပါ..။

-

 ကျွန်တော်တို့ လူထုခေါင်းဆောင်ဘက်က ပွင့်လင်းရိုးသားမယ် ဆိုတာ အထူးပြောစရာ ကျွန်တော်တို့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ မြင်ကွင်းတွေ မြင်ရတော့မှာလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည်လေးသန်းခဲ့သလို.. အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ပြည်သူတွေအတွက် စတေးခံနေရတဲ့ မိမိတို့ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်နိုင်သေးတာကို စဉ်းစားမိပြန်တော့ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ အတွေးတွေက ပြန်ဝင်လာပြန်ပါတယ်...။

-

 ရဟတ်စီးနေရသလို အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြမြန်မာပြည် တနှံတလျား အကျဉ်းထောင်တွေထဲမှာ မတရားအကျဉ်းကျခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တရက်စောရင် စောပြီး လွတ်မြောက်နိုင်ဖို့ အရေးကြီးလှသလို ဖြစ်ပေါ်လာမယ့် နိုင်ငံရေး ဖြစ်စဉ်တွေမှာလည်း... ပါဝင်ဆောင်ရွက်နိုင်ခွင့် ပေးရမှာဖြစ်ပါတယ်။ ယခုလောလောဆယ် သမ္မတကြီးရဲ့  အလွတ်သဘော ပြောဆိုခဲ့တဲ့ ပြည်ပရောက်နေသူတွေ မြန်မာပြည်ပြန်လာတာ၊ ပြန်မလာတာထက် ပြည်တွင်းကနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့က နံပါတ်တစ် အရေးကြီးပါတယ်...။စ်နေရတာပါ...။လိုမယ် မထင်ပါဘူး...။

-

ကလေးမွေးခါနီး ကိုယ်ဝန်ဆောင် မိန်းမတယောက်က ကလေးမမွေးသေးပဲ နောက်ဗိုက်တလုံး ထပ်ယူဦးမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်မနေဘူးလား..။  ပြည်တွင်းက နိုင်ငံရေးအကျဉ်းကျခံ နေရသူတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့မယ်ဆိုရင် နတ်၊ လူ၊ သာဓုခေါ်ဆိုကြမှာ ဖြစ်သလို အများပြည်သူတွေရဲ့ ရင်ထဲက မတင်မကျဖြစ်နေတဲ့ မယုံကြည်မှုတွေကိုလည်း အထိုက်အလျောက် ဖြေဖျောက်ပေးနိုင်မှာ ဖြစ်ပါတယ်...။ 

-

ပထမအဆင့် အနေနဲ့ သမ္မတကြီးရဲ့ ကျား၊ ကျား၊ ကျားလာပြီဆိုတဲ့ စကားကို ကျွန်တော်တို့ ပြည်သူတွေ ယုံကြည်နိုင်ဖို့အတွက် ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းဆိုလိုက်ပါတယ်..။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေသူတွေ ပြည်တော်ပြန်လာနိုင်ပြီး တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း အတူတကွ လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပေးရင်တော့ ကျွန်တော်တို့ လက်ခံယုံကြည်မှာ ဖြစ်ပါတယ်....။

-

လောလောဆယ်မှာတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ပြည်ပရောက်နေသူတွေမှ သမ္မတကြီးတို့ အဖွဲ့ရဲ့ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကို ယုံကြည်စိတ်ချစွာ လက်ခံနိုင်ဖို့ အတွက် သမ္မတကြီးမှ ပြည်တွင်းမှ အကျဉ်းကျခံ ရဟန်း၊ သံဃာများ၊ ကျောင်းသားခေါင်းဆောင်များ၊တိုင်းရင်းသားခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ချွင်းချက်မရှိ လွှတ်ပေးပြီး သမ္မတကြီးအနေနဲ့ "မနေ့ကတွေ့တဲ့သူနဲ့ ဒီကနေ့တွေ့တဲ့သူ မတူပါဘူးကွယ်" ဆိုတဲ့သီချင်းလေးကို လက်တွေ့ သက်သေပြပေးဖို့ တောင်းဆိုလိုက်ရပါတယ်..။

-

Credit ...http://www.demowaiyan.co.cc/2011/08/blog-post_2224.html#more


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN