[By Aung Myo Lwin Agga]
The first developer conference first day ကတော့ပြီးသွားပြီ ဗဟုသုတတွေ၊ စိတ်ပျက်စရာတွေ အားကျစရာ၊တွေ အတုယူစရာ တွေနဲ့ ပျော်စရာတွေကတော့ စုံလို့ပါဘဲ။
ဗဟုသုတ ကတော့ တင်ပြဆွေးနွေးသူတွေရဲ့ ကြိုတင်ပြင်ဆင်လာမှု့တွေ ကောင်းတော့ သူတို့ အချိန်အတော်လေးပေးပြီး လေ့လာထားတာတွေကို အချိန်တိုအတွင် တင်ပြနိုင်တာက တက်ရောက်လာသူတွေကို အတော့ကို ဗဟုသုတ ရစေပါတယ်။
စိတ်ပျက်စရာ ဆိုတာ တခါတလေ ကိုယ့်ကို ကိုယ်တောင်ရှိတော့ သူများကို ဝေဖန်ဘို့ က မလွယ် သိုသော်လည်း မြင်ရသမျှ တင်ပြရမယ်ဆိုရင်တော့ registration လုပ်တာ Q မလုပ်ဘဲ ၀ိုင်းအုံနေသည်ကစရပါမည် နောက်ပြီး ခေါင်းစဉ်ကြီးပြီး တင်ပြမှု့တွေက ချိုမိုင်မိုင် ဖြစ်နေတာ အချို့ပါဘဲ။ တော်သေးတာပေါ့ ဆရာကြီးများ ချိုမိုင်မိုင်ကမသွားသည်ကို ကျေးဇူးတင်မိပါတယ်။
အားကျစရာကတော့ MCPA မှ စနစ်ကျတဲ့ လှုပ်ရှားမှု့ပါ အားနည်းမှု့များရှိနိုင်ပါသည် သို့သော် အတော့ကို စနစ်ကျသည် လူနည်းနည်းနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ပါသည်။ နောက်တစ်ခုက လူငယ်တွေရဲ့ စိတ်ဝင်စားမှု့ကတော့ အရမ်းအရမ်းကို အားကျစရာပါဘဲဗျာ၊
အတုယူစရာလေး တစ်ခုတော့ တွေ့တယ် အဲ့ဒါက ဘားမှ မဟုတ်ပါဘူး ဆွေးနွေးခန်းကို လေးစားတဲ့ လူငယ်တွေပါ သိပ်ပြီး ဆူဆူပူပူမရှိဘူး အာရုံထည့်ထားလို့ ရတယ်။
ပျော်စရာကတော့ သူများတွေ အမှတ်တရ အိပ်တွ ရတယ် ကိုယ်မပါ။ သူများတွေ Tea လေးတွေသောက်လို့ အော် Tea Time ဘဲဆိုပြီးသွားတော့ ရေနွေးကြမ်း နဲ့ ညာတယ်။ လူငယ်မိတ်ဆွေတွေ နဲ့ တွေ့ဖြစ်တယ် ပညာရှင်များနဲ့ ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါး ပြောရသည်မှာ အတော့ကို ပျော်စရာပါဘဲ ဗျာ
0 comments:
Post a Comment