Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဧရာဝတီဟာ မြန်မာ၊ မြန်မာဟာဧရာဝတီ

created the doc: "ဧရာဝတီဟာ မြန်မာ၊ မြန်မာဟာဧရာဝတီ"
Rozoner King created the doc: "ဧရာဝတီဟာ မြန်မာ၊ မြန်မာဟာဧရာဝတီ"

[By Koung Loon]

 

ဧရာဝတီဟာမြန်မာစစ်စစ်ဖြစ်တယ်.. မြန်မာကိုသိချင်ရင် ဧရာဝတီကို သိရမယ်.. ဧရာဝတီဟာ မြန်မာပြည်ထဲမှာပဲစပြီးမြန်မာပြည်ထဲမှာပဲ ဆုံးတယ်.. ပုဂံ ဟာ မြန်မာဖြစ်တယ် ဆိုတာကိုယုံကြည်ရင် ဧရာဝတီဟာ မြန်မာဖြစ်တယ်ဆိုတာကိုလဲ ယုံရမယ်.. ပုဂံမြို့  ကြီးကို နိုင်ငံတကာ အဆင့်မီ ခေတ်မီမြို့တော်ကြီးအဖြစ်ဆောက်ပေးချင်လို့  ရောင်းမလား (တစ်ဝက်ပဲဖြစ်ဖြစ်) ဆိုရင် ဘယ်လိုပြောကြမလဲ.. ဘယ်လိုခံစားကြမလဲ.. ဧရာဝတီကိုလည်း အဲဒီလိုခံစားကြည့်  ကြပါ..

ကမ္ဘာ့ နိုင်ငံ တချို့  မှာ ရှိပေမယ့် (မဲခေါင်၊ ဘင်္ဂလားဒေ့ရှ်) မြန်မာ့ဧရာဝတီကိုပဲအားလုံးက အသိအမှတ်ပြုထားကြတဲ့ ဧရာဝတီလင်းပိုင် (Ayeyarwaddy Dolphin)တွေကို သနာြး့ကပါ။ သူတို့ဟာ ဧရာဝတီရဲ့သားသမီးတွေပါ။ မဲခေါင် လင်းပိုင် ဘင်္ဂလားလင်းပိုင်လို့ မခေါ်ကြပါဘူး.. ဧရာဝတီမြစ်ရေ ဒီထက်ပိုပြီး ရှားပါးညစ်ညမ်းလာရင် သူတို့တွေ မျိုးဆက်ပြတ်သွားနိုင်ပါတယ်.. မျိုးဆက်ပြတ်သွားပြီးရင် တချိန်ချိန်မှာ မျိုးရှိနေတဲ့သူတွေက သူတို့  နာမည်တပ်လိုက်ရင်ကော..

ဧရာဝတီရဲ့ တချို့  နေရာတွေမှာ လမ်းဆင်းလျှောက်လို့  ရနေပြီ... ဒါကတော့ လာနီညာကြောင့်ပါ..ကမ္ဘြာ့ကီးပူနွေးလာလို့ ပါဆိုပြီးပြောလို့ ရပါတယ်.. ဒါပေမယ့် အခုထက်ပိုမဆိုးဖို့ကတော့ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားကြဖို့  ပါ.. တရုတ်ပညာရှင်တွေ ဆည်ဆောက်တာ သိပ်တော်ကြပါတယ်.. သူတို့  အစွမ်းကြောင့် ယန်စီ မြစ်ကြီး ပေါ်က ကမ္ဘာ့ အကြီးဆုံး Three Gorges Dam ကြီး ပေါ်လာခဲ့တာပါ.. အခုတော့ သူတို့   အတွက်အချက်မှားခဲ့ကြောင်း သူတို့  အစိုးရ ကိုယ်တိုင် တရားဝင် ၀န်ခံခဲ့ရပါပြီ။ တိုးတက်မှုနှုန်း မြန်ဆန်မြင့်မားလွန်းတဲ့ နည်းပညာ နယ်ပယ်မှာ ရှေ့  တန်းကို အမြန်ဆုံးရောက်အောင် သွားနိုင်တာကို ချီးကျူးပါတယ်။။ ကိုယ့်ဆီက ပညာရှင်များကလည်း နည်းပညာရှုဒေါင့်ကနေ မြင်ရတာကို ပြောကြစေချင်ပါတယ်.. အပြုသဘောပါ.. ဖြစ်နိုင်ချေ တွေကို စနစ်တကျ တွက်ချက်ပြပြီး ပြည်သူကို သေသေချာချာ ချပြစေချင်ပါတယ်.. အတွင်းရောအပြင်ပါ  ပညာရှင်တွေ ရှိကြပါတယ်.. ပြော့ကပါ.. ပြောလို့  ရနေပြီလို့  ယုံကြည်ပါတယ်.. ပညာရှင်များရဲ့  အယူအဆတွေကို သိချင်လှပါတယ်.. ဒီနေ့  ဖတ်ရသမျှတွေမှာ စေတနာတွေ အများကြီးတွေ့ ရပါတယ်.. ဘယ်သူက ဧရာဝတီကိုပိုချစ်တယ်ဆိုတာ ပြောနေရမယ့် အချိန်မဟုတ်ပါဘူး.. ဧရာဝတီ ကမ္ဘာတည်ရေး အတွက် ၀ိုင်းဝန်းစဉ်းစားကြစေချင်ပါတယ်.. နောက်ဆုံးကျမှ မှားသွားပါတယ် လို့  မပြောရလေအောင် သားစဉ်မြေးဆက် အပြစ်တင် မခံရလေအောင် ပညာရှင်များက ဖြစ်နိုင်ချေများကို မချွင်းမချန် ပြောကြစေချင်ပါတယ်..

ကောင်းလွန်း


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN