[By Nyein Soe Oo]
အ၀ိုင်းကိုရောက်ပြီ ၊ ကွေ့မယ် ၊ ကိုင်ထား
http://nyeinsoeoo.multiply.com/journal/item/383/383
မမြင်ရတဲ့ ကြိုးနဲ့ ချည်လည်း ခိုင်ပါတယ်
မေတ္တာ ၊ စေတနာ ၊ ကိုယ်ချင်းစာ ၊ လိုအပ်တာက အရှည်သဖြင့်
ချေးကပ်နေလို့ ကျပ်မရတဲ့ မူလီတွေက ရှည်နေပြန်ရော
ဝက်အူလေးတွေ တင်းနေမှ အသံမမြည်မှာ ၊ တင်းထား
မူလီမှာ ခေါင်း နဲ့ ကိုယ် အံကိုက်ဖို့ လိုတယ်
ကြိတ်ရတာ များလို့ ပုန်းနေတဲ့ အံသွားတွေ ထွက်လာမှာ စိုးမိပါတယ်
တင်းလွန်းတော့ ပြတ်ပြန်သတဲ့ ၊ အရစ်တွေ ရှိတယ်
ဇမ္ဗူဒီပါ တောင်ကျွန်းမှာ လက်ယာက ပုံမှန်
ဟုတ်ကဲ့ - ပုံမှန် တစ်ခွက် ဖျော်ပေးပါ ၊ သကြား နည်းနည်း
နတ်ချောင် ၊ ၀က်အူုပြုန်း ၊ မူလီလိန်
အားလုံးလဲမှ ကောင်းမှာပါ ၊ နို့မဟုတ်ရင်
သကြားလို့ မပြောနိုင်ဘူး ၊ သိကြား မကယ်နိုင်ဘူး
မမြင်နိုင်တဲ့ လက်တွေက နှိပ်စက်ရင် ချေးတွေ ခွာချထား
ပေါ့သွားမယ် ၊ ချောင်သွားမယ် ၊ ချောင်ချောင်လည်လည်ရှိရင်
အဲဒီ သင်တန်းကို ဆက်တက်နိုင်ပြီပေါ့
ချိုမြိန်တဲ့ ယာဉ်ဟာ ဆက်သွားနိုင်မှာ
ကဲ - ကော်ဖီ သောက်ပါအုံး ၊ စကား ပြောရအောင်
အင်္ဂလန် ဘောလုံးအသင်း ရှုံးတော့ တစ်နိုင်ငံလုံး တိတ်
မြန်မာ ဘောလုံး ရှုံးတာ မျိုးချစ်စိတ်က အပြင်းစား
ပြင်းသလား မမေးနဲ့ ၊ ပျင်းတယ် ၊ ဖျင်းတယ်
အဖျင်းအမှော်တွေကို ဖယ်လိုက်ရင် အဲဒီ မူလီ စည်းကမ်း ရှိပြီ
မြန်မာ့ စည်းကမ်းအစ စာသင်ကျောင်းက ၊ အဲဒီ ဆိုင်းဘုတ်
နာဂစ် ရောက်မှ ပြုတ်ကျသွားတာလား ၊ ပြန်တပ် ၊ မူလီစုပ်
HTML သုံးလိုက်ရင် မကြာခင် ဖတ်လို့ ရနိုင်ပါလိမ့်မယ် ... ။
ငြိမ်းစိုးဦး
( Aug ; 2 ; 2011 )
http://nyeinsoeoo.multiply.com
0 comments:
Post a Comment