Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: စည်ပင်သာယာရေး အဖွဲ့များကို

created the doc: "စည်ပင်သာယာရေး အဖွဲ့များကို"
Rozoner King created the doc: "စည်ပင်သာယာရေး အဖွဲ့များကို"

[By Zegyo Mandalay]

စည်ပင်သာယာရေး အဖွဲ့များကို ဖျက်သိမ်းကာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအောက်တွင် အသစ်ဖွဲ့စည်းမည်

 

မြန်မာနိုင်ငံရှိ မြို့တော်စည်ပင်သာယာရေး အဖွဲ့အစည်းများနှင့် နယ်စပ်ဒေသ စည်ပင်သာယာရေး အဖွဲ့များအား ဖျက်သိမ်းကာ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်တွင် အသစ်ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်း ရရှိသည်။ ယခု တည်ရှိနေသော စည်ပင်သာယာရေး အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီတော့ခြင်းကြောင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြပ်မတ်မှုအောက်တွင် တည်ရှိရမည် ဖြစ်၍ ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု သိရှိရသည်။  "ဝန်ကြီးဌာနအောက် ရောက်သွားတာကတော့ သေချာပါတယ်။ ဒါပေမဲ့ ကော်မတီ အနေနဲ့ကတော့ ရှိနေဦးမှာပါ။ အခု မြို့တော်စည်ပင်က သုံးစွဲတဲ့ ဘတ်ဂျက်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက  သုံးလတစ်ကြိမ် ချပေးတယ်။ အရင်က ကိုယ့်ဘတ်ဂျက်ကို ကိုယ်သုံးခဲ့ကြတာ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးလှအေးက ပြောသည်။ စည်ပင်သာယာရေး လုပ်ငန်းများအား အင်္ဂလိပ်ခေတ်တွင် မြူနီစီပယ်အက် (Act) ပြဋ္ဌာန်းပြီး၊  မြူနီစီပယ် မင်းကြီး ထားရှိကာ ရန်ကုန်မြို့ပြ စည်ပင်သာယာရေး လုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ၁၉၇၂ ခုနှစ် ကောင်စီခေတ်တွင် မြူနီစီပယ် အဖွဲ့အား စည်ပင်သာယာရေး အဖွဲ့အဖြစ် အမည် ပြောင်းလဲခဲ့သည်။ ယခင် ခရိုင်ဝန်များအား အထွေထွေ အုပ်ချုပ်ရေးအဖြစ် နိုင်ငံတော်ကောင်စီတွင် တာဝန် ထမ်းဆောင်စေခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်၌ ဦးစီးဌာနအဖြစ် သတ်မှတ်ကာ ရန်ကုန်၊  မန္တလေးမြို့များမှအပ စည်ပင်သာယာရေး အဖွဲ့များ ကြီးကြပ်ဆောင်ရွက်စေခဲ့သည်။

 

ထို့အပြင် ၁၉၉၂ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က စည်ပင်သာယာရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပကာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအဖြစ် ထားရှိခဲ့သည်။ အထက်ပါ ရန်ကုန်၊ မန္တလေး မြို့တော်စည်ပင်သာယာရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့တော်များအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များအောက်တွင် အသစ်ပြင်ဆင်ဖွဲ့စည်းကာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများ၏ စည်ပင်သာယာရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

http://www.hin4ooe.com


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN