Search This Blog
Now Loading......
[Big Brothers & Sisters] New Doc: အပြာရောင်ဖျော့ဖျော့ရေဆေးအတုသုတ်လိမ်းထားသောဟာသပုံပြင်
created the doc: "အပြာရောင်ဖျော့ဖျော့ရေဆေးအတုသုတ်လိမ်းထားသောဟာသပုံပြင်"
Rozoner King created the doc: "အပြာရောင်ဖျော့ဖျော့ရေဆေးအတုသုတ်လိမ်းထားသောဟာသပုံပြင်"
[By Min Tara]
 မောင်မောင်ခေါ်တိုင်း ဗျာ.ထူးရအောင်က
လျှပ်ပေါ်လော်လီ မူမမှန်တဲ့ဒီအကြံမျိုး
ရိုးသားသူတွေ ခံရပေါင်းများခဲ့
ကြည့်လေ…
ကိုမင်းကိုနိုင်-ကိုဇာဂနာ အကျဉ်းထောင်ထဲမှာ
KIA နဲ့ နယ်စပ်တလျှောက်
ချောင်းချောင်းထစစ်ပွဲတွေ မီးတောက်ဆဲ
ထားဝယ်နဲ့ တကွ မြေဧကတွေတရားမ၀င်သိမ်းဆီးနေကြဆဲ
ဘယ်မှာလဲ
လူထုခေါင်းဆောင်နဲ့ စစ်မှန်ရိုးဖြောင့်တဲ့ဆွေးနွေးပွဲ
ပြည်သူတို့ ငတ်မွတ်တောင့်တတဲ့ ငြိမ်းချမ်းရေး
နိုင်ငံတကာမျော်လင့်တဲ့ ငြိမ်းချမ်းရေး
အရောင်ပြောင်းအစိုးရနဲ့ မြန်မာပြည်
မြန်မာပြည်နဲ့ အရောင်းပြောင်းအစိုးရ
တလွဲတဆ တသီးတခြားစီဖြစ်နေဆဲပဲ။
မြက်စားတဲ့ ခြင်္သေ့
ကြွက်ခြောင်းတဲ့ ကျား
ရှားတော့ ရှားတယ်
ရှိတော့လည်း ရှိနေခဲ့  ။
ကြောင်စုန်းတကောင်လို
မာယာလက်သဲတွေ ၀ှက်ထား
သုတ်လိမ်းဆေးသကြားတွေနဲ့ 
ကိုးယိုးကားယားဖေါင်းပွပွ မုသား
ပဲဝက်မျှလောက်မတန်တဲ့ ဒီစကား
ကျွန်ယုံတော့ တစ်ဖက် ကန်း(ရှေးစကား)
သားသမီးယုံတော့ စုံလုံး ကန်း(ရှေးစကား)
ဝင်ကစွတ်အစိုးရကိုယုံတော့ တဘ၀လုံးမက ကန်း..။
အာစီယံဥက္ကဌနေရာနဲ့ 
မြန်မာ့နိုင်ငံရေးအတွက် မဟာဗျူဟာတချက်
ပြည်ပရောက်တွေ ပြန်လာခဲ့
MICC ၀ယ် အရပ်တကာကြားအောင်အော်ပြောခဲ့
ချစ်လျှက်ကြိုမည်တဲ့..လေ
ခြင်္သေ့သား မိုးကြိုး
ဘယ်လိုပုံမျိုးနဲ့ ယုံမှတ်လို့  ပုံအပ်ရမယ်ပ
ဆယ်-လေးစုမက သူတို့ သမိုင်းတလျှောက်
ယုံလောက်စရာ လက်တစ်ဆစ်စာတောင်မရှိခဲ့  ။
ဆုတ်-တက်-လှုပ်ရှား
ညာဏ်နီ ညာဏ်နက်(မည်း)များနဲ့ 
နယ်စပ်ကို မြှောက်ပင့်
ရှစ်ဆယ့်ရှစ်တွေကို အကျဉ်းထောင်
လူထုခေါင်းဆောင်ကို ဂျောက်အကွက်ဆင်ရင်း
လာပြန်ပြီ …
နောက်ကျောမှာ ဒါးဝှက်နဲ့ 
ပြည်တော်ပြန်တွေ ကြိုမတဲ့..
ဘုရားပြီး ငြမ်းဖျက်
နောင်နှစ်တွေမှာ အချုပ်ထောင်ချဲ့
ပလီပလာပြာလဲ့လဲ့ပျားရည်အတု လိမ်းကျံထားတဲ့
သံရည်ပူ ဒီစကား
သွားလေသူ သူတို့ အဖေကြီးများအတိုင်း...။
မရေရာတဲ့အာဏာရှင်လက်အောက်က
မျော်လင့်ချက်ဇွဲ ဘ၀လက်ကျန်တွေနဲ့ 
ပဉ္စလက်စရိုက် ဒီအစိုးရစိတ်ထား
ကိုယ့်ကိုယ်ကို အမိန့် ပေး…
ဟိတ်…သွေးတစ်စက်ရှင်သန်
ယုံကြည်ချက်အတွက် ဆက်လက်တော်လှန်နေအုံးမည်  ။     ။
 မင်းတာရာ
၀၈-၂၀-၁၁
(နှစ် နှစ်ဆယ်ပြည့်ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်း)
View Post on Facebook · Edit Email Settings · Reply to this email to add a comment.
0 comments:
Post a Comment
Categories
Twitter
Facebook
Share
© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN