Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ကျ ....... ကျ

created the doc: "ကျ ....... ကျ"
Rozoner King created the doc: "ကျ ....... ကျ"

[By Lay Lwint Thu]

 

လူတစ်ယောက် ပြုတ်ကျလာတယ်

အကျ နာသွားလား မသိ

နာပြီးမှပဲ ကျသွားတာလား …….။

 

အထက်တန်းကျခြင်း တစ်ချို့မှာ

အောက်တန်းကျခြင်းတွေ ပုန်းခိုတတ်လား………..။

 

အားကျစရာ တွေကို ငေးရင်း

စိတ်ဓာတ်တွေကျ ………………။

 

ကျအောင်ပြောနိုင်သူများသာ

သဘောကျ ကောင်းချီး ပေးခံရ……………။

 

တရားကျတယ် ပြောတဲ့ ပါးစပ်တွေ

လူအဆင့်ကနေ မသိ မသာ လျှောကျ ……………..။

 

တစ်ပါးသူအလိုကျ လုပ်နေရတဲ့ ဘ၀မှာ

 

ကုန်ဈေးနှုန်းကြီး ကျပါစေ

 

ရန်သူတွေလည်း ကျပါစေ

 

အားခီးမီးဒီးရဲ့ ရေတွေလည်း လျှံကျ

 

နယူတန်အတွက်  ပန်းသီးတစ်လုံး ကြွေကျ

 

ကျပြီးရင်းကျ နောက်ထပ် ဆက်ကျ ……………။

 

ကျခြင်းရဲ့ ကျဆင်းမှုက လွတ်မြောက်အောင်

 

အသိတရားနဲ့ ကျ ………………………။

 

စိုးပေ

20, August, 2011


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN