Search This Blog

Now Loading......

[Big Brothers & Sisters] အကျိုးအမြတ်မယူသည့် ဆေးရုံတစ်ခု လှိုင်သာယာတွင်...

ယော ကျာ်း posted in Big Brothers & Sisters.
အကျိုးအမြတ်မယူသည့် ဆေးရုံတစ်ခု လှိုင်သာယာတွင် ထွန်းဖောင်ဒေးရှင်း ဖွင့်မည်  6/Jul/2011   E-Mail this article  Printable Version ထွန်းဖောင်ဒေးရှင်းမှ လှိုင်သာယာတွင် အကျိုးအမြတ် မယူသည့် ဆေးရုံတစ်ခုကို တည်ဆောက်နေပြီး ယခုနှစ် ကုန်ပိုင်းလောက်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆိုသည်။ ဥက္ကဋ္ဌ ဦးသိန်းထွန်းက 'အကျိုးအမြတ်မယူဘဲ အရင်အတိုင်းပဲ ဆေးဝါးကုသပေးမယ့် ဆေးရုံပါ၊ ငွေကြေး ချို့တဲ့သူတွေကို ဈေးသက်သာစွာနဲ့ ကုသပေးမှာပါ' ဟု ဆိုသည်။ 'ဆေးကုသဖို့ ကျပ် ၃၀၀ ကုန်မယ်၊ ၅၀၀ ကုန်မယ်ဆိုရင် မူရင်းဈေးအတိုင်း ဆေးကုသပေးမှာပါ။ ကျွန်တော်အနေနဲ့ကလည်း ဆေးရုံကြီးတစ်ခုကို အလကား ကုသပေးတဲ့အထိ ဖောင်ဒေးရှင်းမှာ ငွေကြေး မပြည့်စုံသေးပါဘူး၊ အဲအတွက် ဒီဆေးရုံးကို NPO အကျိုးအမြတ်မယူဘဲ အတိအကျ ကုန်ကျမည့် ဆေးဖိုးသာလျှင်ယူပြီး ကုသပေးမှာပါ' ဟု ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။ ငွေကြေးချို့တဲ့သဖြင့် ဆေးဝါးစနစ်တကျ မကုသနိုင်သည့် လူများကို အထောက်အပံ့ ပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ် မယူသည့် ဆေးရုံဖြစ်သည့် အတွက် အရည်အသွေးနိမ့်ကျမှု မရှိစေရန် အရည်အသွေးမီ အဆင့်တန်းရှိသည့် ဆေးရုံအဖြစ် ရပ်တည်ပြီး မည်သည့်ရောဂါကိုမဆို ကုသနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ဆေးရုံကို လုမ္ဗနီဆေးရုံဟု နာမည်ပေးထားပြီး လတ်တလော ကုတင် ၁၅၀ ဆံ့ဆေးရုံအဖြစ် ပြုလုပ်နေကြောင်း နောက်ပိုင်း ကုတင် ၁၅၀မှ ၂၀၀ ထိဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သိန်း နှစ်သောင်းခန့် အကုန်အကျခံမည် ဖြစ်ကြောင်း ဦးသိန်းထွန်းက ဆိုသည်။ အဆိုပါ ဆေးရုံတွင် ကုသပေးမည့် ဆရာဝန်များမှာ သက်ဆိုင်ရာအလိုက် အထူးကုဆရာဝန်ကြီးများနှင့် နိုင်ငံခြားမှ ဆရာဝန်များပါ ခေါ်ယူ ကုသပေးမည် ဖြစ်ကြောင်း၊ ယင်းဆရာဝန်များကလည်း ဆင်းရဲချို့တဲ့သူများအား အကျိုးအမြတ်မယူဘဲ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက် လုပ်ငန်းဆောင်ရွက်မူမှ ရရှိသည့် အမြတ်ငွေများဖြင့် အကျိုးပြုလုပ်ငန်းများကို ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် မေလအတွင်းက မြန်မာ့အရင်း ဖွံ့ဖြိုးမှု စင်တာ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ခဲ့သေးကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင် ဖော်ပြထားပါသည်။
ယော ကျာ်း 5:35pm Jul 6
အကျိုးအမြတ်မယူသည့် ဆေးရုံတစ်ခု လှိုင်သာယာတွင် ထွန်းဖောင်ဒေးရှင်း ဖွင့်မည်

6/Jul/2011

E-Mail this article Printable Version
ထွန်းဖောင်ဒေးရှင်းမှ လှိုင်သာယာတွင် အကျိုးအမြတ် မယူသည့် ဆေးရုံတစ်ခုကို တည်ဆောက်နေပြီး ယခုနှစ် ကုန်ပိုင်းလောက်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဆိုသည်။ ဥက္ကဋ္ဌ ဦးသိန်းထွန်းက 'အကျိုးအမြတ်မယူဘဲ အရင်အတိုင်းပဲ ဆေးဝါးကုသပေးမယ့် ဆေးရုံပါ၊ ငွေကြေး ချို့တဲ့သူတွေကို ဈေးသက်သာစွာနဲ့ ကုသပေးမှာပါ' ဟု ဆိုသည်။ 'ဆေးကုသဖို့ ကျပ် ၃၀၀ ကုန်မယ်၊ ၅၀၀ ကုန်မယ်ဆိုရင် မူရင်းဈေးအတိုင်း ဆေးကုသပေးမှာပါ။ ကျွန်တော်အနေနဲ့ကလည်း ဆေးရုံကြီးတစ်ခုကို အလကား ကုသပေးတဲ့အထိ ဖောင်ဒေးရှင်းမှာ ငွေကြေး မပြည့်စုံသေးပါဘူး၊ အဲအတွက် ဒီဆေးရုံးကို NPO အကျိုးအမြတ်မယူဘဲ အတိအကျ ကုန်ကျမည့် ဆေးဖိုးသာလျှင်ယူပြီး ကုသပေးမှာပါ' ဟု ဦးသိန်းထွန်းက ဆက်လက်ပြောကြားသည်။ ငွေကြေးချို့တဲ့သဖြင့် ဆေးဝါးစနစ်တကျ မကုသနိုင်သည့် လူများကို အထောက်အပံ့ ပေးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ် မယူသည့် ဆေးရုံဖြစ်သည့် အတွက် အရည်အသွေးနိမ့်ကျမှု မရှိစေရန် အရည်အသွေးမီ အဆင့်တန်းရှိသည့် ဆေးရုံအဖြစ် ရပ်တည်ပြီး မည်သည့်ရောဂါကိုမဆို ကုသနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ဆေးရုံကို လုမ္ဗနီဆေးရုံဟု နာမည်ပေးထားပြီး လတ်တလော ကုတင် ၁၅၀ ဆံ့ဆေးရုံအဖြစ် ပြုလုပ်နေကြောင်း နောက်ပိုင်း ကုတင် ၁၅၀မှ ၂၀၀ ထိဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သိန်း နှစ်သောင်းခန့် အကုန်အကျခံမည် ဖြစ်ကြောင်း ဦးသိန်းထွန်းက ဆိုသည်။ အဆိုပါ ဆေးရုံတွင် ကုသပေးမည့် ဆရာဝန်များမှာ သက်ဆိုင်ရာအလိုက် အထူးကုဆရာဝန်ကြီးများနှင့် နိုင်ငံခြားမှ ဆရာဝန်များပါ ခေါ်ယူ ကုသပေးမည် ဖြစ်ကြောင်း၊ ယင်းဆရာဝန်များကလည်း ဆင်းရဲချို့တဲ့သူများအား အကျိုးအမြတ်မယူဘဲ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက် လုပ်ငန်းဆောင်ရွက်မူမှ ရရှိသည့် အမြတ်ငွေများဖြင့် အကျိုးပြုလုပ်ငန်းများကို ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် မေလအတွင်းက မြန်မာ့အရင်း ဖွံ့ဖြိုးမှု စင်တာ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ခဲ့သေးကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

1 comments:

{ George Heine } at: 6 July 2011 at 03:15 said...

That's the stuff.
Lord Buddha bless you guys man!
Keep up the good work and the favor will be returned no doubt.
Thein Sein is getting his ass fried at the moment and he has no mind for people's welfare much less health and happiness as you know.
Need any help?
Just let us know. OK?

George Than Setkyar Heine

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN