 | ထိပ်ပြောင်ခြင်းကို ကုသပေးနိုင်တဲ့ Saw Palmetto Saturday, 25 June 2011 00:00 Health Digest ထိပ်ပြောင်ခြင်း အမျိုးအစားများ စွာရှိတဲ့ အထဲက အမျိုးသမီး တွေမှာ ရော၊ အမျိုးသား တွေမှာပါ ထိပ်ပြောင် စေတဲ့ ရောဂါကို androgenetic alopecia၊ alopecia androgenetica သို့မဟုတ် androgenetica alopecia လို့ခေါ်ပါတယ်။ ထိပ်ပြောင်ခြင်းကို လူတွေမှာသာမက ချင်ပင်ဇီမျောက်ဝံ တွေ၊ orangutans လက်မောင်းရှည် မျောက်ဝံ တွေမှာလည်း တွေ့ရပါ တယ်။
အမျိုးသားတွေမှာဖြစ်တဲ့ ထိပ်ပြောင်ရောဂါကို male-pattern baldness လို့ ခေါ်ပါတယ်။ Male-pattern baldness ထိပ်ပြောင်ခြင်း ဟာ ပုံစံ (pattern) နဲ့ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ချိုစောင်း နှစ်ဖက်က နေရာမှာ စတင်ပြောင်လာပြီး တ ဖြည်းဖြည်းနဲ့ ငယ်ထိပ်မှာပါ ပြောင် သွားခြင်း ဖြစ်တယ်။
ဒီရောဂါဟာ ထိပ်လုံးဝ ပြောင်သွားတာမျိုးဆိုတာ ထက် ဦးခေါင်းရဲ့ ဘေးနှစ်ဖက်နှင့် နဖူးဆံစ နေရာရှေ့ ဘက်ခြမ်းက ဆံပင် အနည်းငယ်တို့ဟာ မကျွတ်ဘဲလည်း ကျန်ရှိနေတတ်ပါတယ်။ အမျိုး သမီး တွေရဲ့ ဦးခေါင်းမှာ ဆံပင်ပြောင်တဲ့ ရောဂါကိုတော့ female-pattern baldness လို့ ခေါ်ပါတယ်။ အမျိုး သမီးတွေရဲ့ ဆံပင်ကျွတ် ပုံစံကတော့ တစ်ခေါင်းလုံးက နေရာအနှံ့မှ ဆံပင် တွေ ကျွတ်လာပြီး ဦးရေပြားကို မြင် နေရတဲ့အထိ ပါးသွားခြင်း ဖြစ်ပါတယ်။ ထိပ်ပြောင်ရခြင်း အကြောင်း ရင်းဟာ တက်စတိုစတီရုန်းဟော်မုန်းမှ ဖြစ်ပေါ်လာတဲ့ dihydrotestosterone (DHT) မြင့်မားလာခြင်းကြောင့် ဖြစ် ပါတယ်။
DHT ကို လျှော့ချနိုင်မယ့် ဓာတုဆေးဝါးတွေ ရှိပေမယ့် ဘေး ထွက်ဆိုးကျိုးရှိပါတယ်။ Saw Palmetto ဆိုတာဟာ မြောက်အမေရိက မျိုးရင်းဖြစ်ပြီးဆီအုန်း ပင်ကဲ့သို့ အသီးမှ အဆီထုတ်ယူရ သော အပင်ပုတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ free testosterone မှ DTH အဖြစ် ပြောင်းလဲ ခြင်းကို ဟန့် တားပေး နိုင်ပါတယ်။ Saw Palmetto ကို ယခင်ကတည်းက အမျိုးသား ဆီးရောဂါတွေ ကုသရာမှာ သုံးခဲ့ကြ တယ်။ သုတေသီတွေဟာ ၎င်းမှာ free testosterone မှ DTH ကို ပြောင်းလဲရာမှာ လိုအပ်တဲ့ 5-alpha-reductase enzymes ကို တားဆီး နိုင်ကြောင်း တွေ့ရှိခဲ့ရတယ်။ ယခု အခါ Saw Palmetto ကို အမျိုးသား တွေရဲ့ ထိပ်ပြောင်ခြင်း၊ အမျိုးသမီး တွေရဲ့ ဆံပင်ကျွတ်ခြင်း တို့ကို ကုသ ပေးနိုင်တဲ့ သဘာဝ ဆေးတစ်လက် အဖြစ် အသုံးပြုနေပြီ ဖြစ်ပါတယ်။
Ref : Saw Palmetto is a natural way to cure baldness (MNN)
ခိုင်မွန်ကျော် |
0 comments:
Post a Comment