Search This Blog

Now Loading......

[လွပ်လပ်ခြင်း] နားပေါက် ကျယ်သော အီမို လူငယ်များ နားရောဂါ သတိထား

နားပေါက် ကျယ်သော အီမို လူငယ်များ နားရောဂါ သတိထား      Saturday, 25 June 2011 00:00      Popular News  လူငယ်ထု အတွင်း ခေတ်စား နေသည့် နားပေါက် အကျယ်ကြီး ဖောက်၍ နားကပ် ဝတ်ဆင်ခြင်း သည် မေးခိုင်ပိုး ဝင်၍ ရောဂါ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အိမွန်ကိုကိုက ပြောသည်။
Htet Aung 4:02pm Jun 25
နားပေါက် ကျယ်သော အီမို လူငယ်များ နားရောဂါ သတိထား

Saturday, 25 June 2011 00:00
Popular News
လူငယ်ထု အတွင်း ခေတ်စား နေသည့် နားပေါက် အကျယ်ကြီး ဖောက်၍ နားကပ် ဝတ်ဆင်ခြင်း သည် မေးခိုင်ပိုး ဝင်၍ ရောဂါ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အိမွန်ကိုကိုက ပြောသည်။

"နားကို ဓားနဲ့ အပေါက်ကျယ် အောင် ထွင်းတာ အန္တရာယ်ရှိတယ်။ ဓားမှာ ပိုးမျိုးစုံပါတယ်။ တချို့က ဓားကို မီးကင်ပြီး သုံးတယ် ဆိုပေ မယ့် ဓားနဲ့ခြစ်မိရင် အနာမကျက်ဘဲ ပြည်တည် ပြီး အနာရင်းကာ ဖျားနိုင်တယ်။ အဲဒီနားကွင်းမှာ တချို့က မတည့်တဲ့ဓာတ်တွေပါရင် အလက်ဂျစ် (allergy)တို့၊ အနာ တို့ဖြစ်တတ် တယ်" ဟု ဒေါက်တာက ပြောသည်။

နိုင်ငံခြား အီမိုစတိုင်၊ ပန့်ခ် စတိုင်ဆိုပြီး လူငယ်ထုအကြား နား ကိုအပေါက်အကျယ်ကြီးများ ချဲ့ ကာ နားကပ် ဝတ်ဆင်မှုသည် ၂ဝ၁ဝ တွင် ပြည်တွင်း၌ စတင် ခေတ်စားလာရာမှ ယခုနှစ်တွင် ပိုမို လုပ် လာကြကြောင်း သိရသည်။

"လက်မဝက်လောက် နား ပေါက်အကျယ်ရဖို့ တစ်လခွဲ၊ နှစ်လလောက် ဓားနဲ့ ခြစ်၊ ဖယောင်းသွင်းပြီး ချဲ့ရတာ။ အသေးဆုံးဆိုက် ကနေ အကြီးဆုံးဆိုက်ကို တစ်ဆင့် ချင်းချဲ့ပြီး ဝတ် တာ"ဟု ပုဇွန် တောင်ရှိ အသက် ၂ဝ အရွယ် လူငယ်တစ်ဦးက ပြောသည်။

ထိုသို့ ဝတ်ဆင်မှုသည် ယိုးဒယားမှလာသည့် စတိုင်ဖြစ်ပြီး နား ကပ်များမှာလည်း ယိုးဒယားလုပ် များသာရောင်းချကြောင်း ဈေးကွက်မှ သိရသည်။ ၄င်းနားကွင်းများကို အသက် ၂ဝ ဝန်းကျင် လူငယ် ကြား အများဆုံးခေတ်စားနေပြီး နားကွင်း ဝတ်ဆင်နိုင်ရန်အတွက် ဆေးရုံ၊ ဆေးခန်းတွင် ဖောက်ခြင်း၊ ချဲ့ထွင် ခြင်းမျိုးပြုလုပ်ခြင်းမရှိဘဲ လူငယ် အချင်းချင်း အပြန်ပြန်အလှန်လှန် ဆောင်ရွက်ပေးခြင်းဖြင့်သာ ဝတ် ဆင်နေကြသည်။

"နားကွင်းကို တပ်ဖို့ အသေး ဆိုက်ကနေ စပြီးဝတ်မှရတာ။ အ ရင်ဆုံးနားပေါက်ကို ဓားနဲ့ထွင်းပြီး ချဲ့၊ ပြီးရင် နားပေါက်အရွယ်အစား အလိုက် ဖယောင်းတိုင်ကို မွှန်းပြီး နားထဲ သွင်းရတယ်။ ပြီးမှ တဖြည်း ဖြည်းချင်း နားကို ချဲ့ချဲ့ပြီးဝတ်ရ တာ။ တချို့က ပိုက်လုံးလို ပုံစံထိပ် အချွန်လေးနဲ့ နားထဲကို အတင်းထိုး သွင်းပြီး ဝတ်ဆင်တာတွေရှိတယ်။ တစ်ခါတည်း အပေါက်ကျယ်အောင် လို့ အတင်းဝတ်ကြတာ။ အဲဒါက အနာဖြစ်တယ်။ ဖယောင်းနဲ့ချဲ့ပြီး သွင်းတာက ကြာပေမယ့် ပိုအဆင် ပြေတယ်" ဟု ထိုသို့ နားဖောက် ထားသည့် တာမွေမှ လူငယ်တစ်ဦးက ရှင်းပြသည်။

မြို့ပြလူငယ်ထုအတွင်း ဝတ်စား ဆင်ယင်မှုစတိုင် ပြောင်းလဲမှုသည် အရှိန်ဖြင့်သွားနေပြီး ကျန်းမာ ရေးနှင့် မညီညွတ်သည့် စားသောက် နေထိုင်မှုပုံစံများပါ ဖြစ် ပေါ်လာ၍ အထူးဂရု ပြုရန်လိုအပ် လာကြောင်း ကျန်းမာရေး ဝန်ထမ်း တို့က သူတို့၏ အမြင်ကို ပြောသည်။

တရားရုံးချုပ်ရှေ့နေတစ်ဦး ဖြစ်သည့် ဒေါ်မွန်မွန်ရွှေကမူ ထိုသို့ နိုင်ငံခြားအသုံးအဆောင်၊ ဝတ်စား ဆင်ယင်မှုများ၏ ယဉ်ကျေးမှုကို အတုယူမည့်အစား ၄င်းတို့၏ လေ့လာမှု၊ အတတ် ပညာ၊ ကြိုးစားအားထုတ်မှုတို့ကို လိုက်၍အတုယူ မည်ဆိုလျှင် မျိုးဆက်သစ်လူငယ် များအတွက် အခွင့်အလမ်းကောင်း လာနိုင်သည်ဟု သုံးသပ်သည်။

မေသီရိ

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN