Search This Blog

Now Loading......

[လွပ်လပ်ခြင်း] New Doc: ဆေးမင်ကြောင်မထိုးခင် စဉ်းစားပါ

created the doc: "ဆေးမင်ကြောင်မထိုးခင် စဉ်းစားပါ "
Htet Aung created the doc: "ဆေးမင်ကြောင်မထိုးခင် စဉ်းစားပါ "

Saturday, 25 June 2011 00:00 Health Digest

ယနေ့ခေတ် လူငယ် အများစု တွင် အလွန် ရေပန်း စားလျက် ရှိသော အကြောင်း အရာ တစ်ခုမှာ tattoo (ဆေးမင် ကြောင်) ထိုးခြင်းပင် ဖြစ်သည်။ tattoo (ဆေးမင်ကြောင်) ထိုးခြင်းကို ယောကျာ်း လေးများ သာ မက မိန်းကလေး များပါ စိတ်ဝင်စား လာကြောင်း တွေ့ရှိရသည်။ ဆေးမင် ကြောင်ထိုး ခြင်းဖြင့် ထင်ပေါ် ကျော် ကြားခြင်း၊ ခေတ်မီလှပခြင်း စသည် တို့ကို လူငယ်များ လွန်စွာ မက်မော ခုံမင်နေ ကြသည်။

ဟိုးယခင်ကာလ များတွင်မူ လူအများက ဆေးမင် ကြောင်ထိုးလျှင် ဆိုးသွမ်းလူငယ်၊ လမ်းသရဲ စသည်ဖြင့် သတ်မှတ်ကြ သော်လည်း ယနေ့ ခေတ်တွင်မူ အလွှာ ပေါင်းစုံမှ လူငယ်လူရွယ်များ တွင် ဆေးမင် ကြောင် ထိုးထား သည် ကို တွေ့ရှိ နေရ ပေသည်။ လူငယ် လူရွယ် အများစုသည် သူတို့၏ ယုံ ကြည်ချက်၊ အဖွဲ့အစည်း အမှတ် အသား၊ ချစ်သူ့အထိမ်းအမှတ်၊ အမှတ် အသား၊ မွေးနေ့ စသည်တို့ကို စုတ် ချက်တင်လေ့ရှိသည်။ အချို့ကလည်း လှပသော ဒီဇိုင်းများကို ရေးဆွဲကာ တက်တူးထိုးကြသည်။

ဆေးမင်ကြောင် ထိုးခြင်းကြောင့် ထင်ပေါ် ကျော်ကြား ခြင်း၊ ခေတ်မီလှပခြင်း စသည်တို့ ရရှိနိုင် သော်လည်း ရရှိနိုင်သော အခြား ဆိုးကျိုးများလည်း ရှိပေသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် အရေပြား ၏ ဒုတိယ အလွှာ dermis ထဲသို့ အရောင် ပါသော ပစ္စည်းများ (pigments) ထိုးကာပုံ ဖော်ခြင်း ဖြစ် သဖြင့်ရောဂါပိုး ဝင်ရောက် နိုင်ပေသည်။ ထို့ကြောင့် ဆေးမင် ကြောင်ထိုးသူများ အနေဖြင့် ထိုအချက် ကို အလွန်အလေး ထား၍ ဂရုစိုက်သင့်ပေသည်။ ထို့ အပြင် ဆေးမင် ကြောင်ထိုး သူများ ကလည်း မိမိထိုးမည့် tattoo design ကို သေသေချာချာ စဉ်းစားပြီးမှ စိတ် ကြိုက်ပုံ သဏ္ဌာန်ကို ထိုးသင့် ပေသည်။

ထိုးပြီးလျှင်လည်း ရောဂါပိုးမဝင်စေရန်၊ ပုံစံမပျက်စေရန် သင့်တော်သော စောင့်ရှောက်မှုများ ပြုလုပ်သင့်သည်။ အချို့ ဆေးမင်ကြောင်ထိုးထားသူ များသည် ဒီဇိုင်းကို မကြိုက်တော့ ၍သော်လည်းကောင်း၊ မလိုချင်တော့ ၍သော် လည်းကောင်း ဖျောက်ဖျက် ချင်ကြလေသည်။ ဆေးမင်ကြောင် ဖျက်ရာ၌ အမည်းရောင်၊ အညိုရောင် စသော အရောင်များကို ဖျောက်ဖျက် ခြင်းက အခြားအရောင် များထက် ပိုမို လွယ်ကူသည်။ ဆေးမင်ကြောင် ဖျက်ခြင်း တွင် ဆေးမင်ကြောင် ထိုးခြင်းထက် နာကျင်မှု ပိုမို၍ ခံစားရသည်ဟု လေ့ လာတွေ့ ရှိရသည်။ ဆေးမင်ကြောင် ဖျက်ချင်သူများအတွက် ယနေ့ နိုင်ငံ တကာတွင် အသုံးပြု နေသော ဆေးမင် ကြောင်ဖျက်နည်းများ အကြောင်း ဖော်ပြလိုက်ရပါသည်။

Laser Removal (လေဆာဖြင့် ဖျက်ခြင်း)

လေဆာဖြင့် ဆေးမင်ကြောင် ဖျက်ခြင်းသည် လူသိအများဆုံး နည်း လမ်းတစ်ခုဖြစ်သည်။ လေဆာဖြင့် အရောင်ပါသောပစ္စည်းများ (pigments) ကိုပြိုကွဲပျက်စီးသွားစေပြီး သေးငယ် လှသည့် အမှုန်လေးများအဖြစ် စွန့် ထုတ်ပေးသည်။ ထိုသို့ ဖျက်ရာတွင် အရေပြားကို အလွန်အမင်း ပူလောင် နာကျင်မှုမရှိစေရန်ဖျက်မည့် ဆေးမင် ကြောင်ပေါ်သို့ cooling gel လိမ်း ပေးရသည်။ ထို့အပြင်ဆေးမင်ကြောင် ဖျက်မည့်နေရာမှလွဲ၍ အခြားနေရာ များကို လေဆာထိခြင်းမှ အကာ အကွယ် ပြုလုပ်ထားမှသာ အရေပြား ပျက်စီးဆုံးရှုံးမှုနည်းမည် ဖြစ်သည်။ Intense Pulsed Light Therapy (IPL) လေဆာဖြင့်မဟုတ်ဘဲ အားပြင်း သော အလင်းစွမ်းအားကို အသုံးပြု၍ အရောင်ပါသော ပစ္စည်းများ (pigments) ကို ပြိုကွဲစေသောနည်းဖြစ် သည်။ လေဆာဖြင့် ဖျက်ခြင်းနှင့်ယှဉ် လျှင် နာကျင်မှု သက်သာစေပြီး ပိုမို ထိရောက်စေသည်။

အထက်ပါ ခေတ်မီနည်းပညာ နှင့် စက်ကိရိယာများ တိုးတက်လာ ခြင်းကြောင့် ရှေးယခင်က အသုံးပြု ခဲ့သော dermabrasion, cryosurgery, excision တို့ကို ဆေးမင်ကြောင် ဖျက်ရာတွင် အသုံးမပြုကြတော့ပေ။ မည်သို့ပင် ခေတ်မီ နည်းပညာ နှင့် ကိရိယာများ တိုးတက်လာပါစေ "အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ဤသုံးမျိုးမပိုင်လျှင်၊ နောင် ပြင်ရန်ခက်" ဆိုသကဲ့သို့ ဆေးမင်ကြောင် ထိုးပြီးမှ ပြန်ဖျက်လျှင် ငွေကုန်ကြေးကျ များသည့်အပြင် နာကျင်မှုနှင့် အခြား မလိုလားအပ်သော ဆိုးကျိုးများရှိသော ကြောင့် မပြုလုပ်ခင် ကတည်း က သေ သေချာချာ စဉ်းစားသင့်သည်။ မိမိ ခန္ဓာကိုယ်၌ တစ်ဘဝစာလုံးအတွက် ထိုးမည့်ပုံရိပ်ကို သေချာစွာ ရွေးချယ် ဆုံးဖြတ်သင့်လှကြောင်း တင်ပြအပ် ပါသည်။

ဒေါက်တာသူသူ


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

2 comments:

{ thar nge } at: 8 June 2013 at 10:26 said...

please help.ရန်ကုန်မှာဖျက်လို့ရလားဆရာ။

{ thar nge } at: 8 June 2013 at 10:30 said...

please address

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN