Search This Blog

Now Loading......

[လွပ်လပ်ခြင်း] New Doc: သိပ္ပံနှင့်နည်းပညာကဏ္ဍ

created the doc: "သိပ္ပံနှင့်နည်းပညာကဏ္ဍ"
Htet Aung created the doc: "သိပ္ပံနှင့်နည်းပညာကဏ္ဍ"

The Elder Scrolls V : SKYRIM

Saturday, 25 June 2011 00:00 Net Guide Journal

ဒီတစ်ပတ်ရဲ့ Game Preview အနေနဲ့ Gamer အများ စုကို မိတ်ဆက် ပေးချင်တဲ့ ဂိမ်း ကတော့ ယခု အသစ် ထွက်ရှိမည့် Gamer များအနက် Gamer အများစုရဲ့ မျှော်လင့် စောင့်စားခြင်း ကိုခံရတဲ့ Game တစ်ခုအဖြစ် The Elder Scrolls V:Skyrim ကို မိတ်ဆက် ပေးချင်ပါတယ်။

ဒီဂိမ်းဟာ လွန်ခဲ့တဲ့ ၅ နှစ်က နာမည်ကြီးပြီး လူကြိုက် အလွန်များ ခဲ့တဲ့ ES IV Oblivion ရဲ့နောက်ထွက် ရှိလာတဲ့ Generation ဖြစ်ပါတယ်။ ဂိမ်းရဲ့ အမျိုးအစား ကလည်း ဂိမ်မာတွေ အကြိုက်တွေ့ စေမယ့် ပုံစံ လေးဖြစ်တဲ့ First Person Action Role Playing ပါ။ Game ရဲ့ Publisher နှင့် Developer ကတော့ နာမည်ကြီး Bethasda Softworks က ဖြစ်ပါတယ်။

Fallout Series နှင့်တွဲပြီး Gamers အများစုက သိရှိခဲ့မယ်လို့ ထင်ပါတယ်။ဒီဂိမ်းဟာ PC, Xbox, 360 နှင့် PS3 တို့အားလုံး အတွက် တစ်ပြိုင်နက် တည်းထွက်ရှိမှာပါ။ နောက်ဆက်တွဲအနေနဲ့ Game Engine ကိုလည်း Creation လို့အမည်ရတဲ့ Brandnew engine သုံးထားသေး ပါတယ်။ Game Play ပိုင်းကိုပြောရ မယ်ဆိုရင်တော့ ကစားသူက မိမိ Character ကို Race 10 မျိုးထဲကနေ စိတ်ကြိုက် ရွေးချယ်ပြီး အသေးစိတ် Customize လုပ်ပြီးကစားလို့ရမှာ ဖြစ်တဲ့အတွက် ဂိမ်းမာ တွေ ကြိုက်နှစ် သက် မယ်လို့ထင် ပါတယ်။

Quest များကို ဖြေရှင်းရင်း မိမိနဲ့စိတ်ကြိုက် Skill Tree ကို တည် ဆောက်ရင်းနဲ့ Player ဟာ မိမိရဲ့ Character နှင့် Dragon ကို ထူးခြားတဲ့ ပတ်သက် ဆက်နွယ်မှု ဖြစ်လာအောင် ဖော်ထုတ်မိလာ မှာပါ။ Game ဇာတ်လမ်း အကျဉ်းကတော့ The High King ကို Skyrim ဟာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရတာနဲ့ ပတ်သက်ပြီး ပြည်တွင်းစစ် စတင်ခဲ့ တာပါ။ Player ဟာ ဂိမ်းကို Prison အတွင်းတွင် စတင်ရ မှာဖြစ်ပြီး ကွပ်မျက်ခံရမည့် Prisoner တစ်ဦးအဖြစ် အနေနဲ့ပါ။

ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လွတ်မြောက် ထွက်ပြေး လာပါမယ်။ ဒီလိုနှင့် World Wide Fantasty လောကအတွင်းမှာ mountains gaints များ mammoths များ trolls များနှင့် dragons များအကြား စွန့်စားသွားလာ တိုက်ခိုက် ရမှာဖြစ်ပါတယ်။ Friendly Dragons များကိုလည်း ရှာဖွေတွေ့ရှိ နိုင်ဦးမှာပါ။ Game events များတွင် secret များကို ရှာဖွေကာ secret unlock များရရှိမှာဖြစ်တာ ကြောင့် ဂိမ်မာများ အကြိုက်တွေ့မည့် RPG Game တစ်ခု ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြောလိုက်ချင်ပါတယ်။ Garphics effects နှင့် Game interface ကလည်း ပြောစရာ မရှိလောက် အောင် ကောင်းမွန် ပါတယ်။ ထူးထူး ခြားခြား အနေနဲ့ ဒီဂိမ်းရဲ့ Release Date ကတော့ ၁ ခြောက်လုံးပါ (Nov 11.11.2011) ဖြစ်တယ်လို့ သိရှိပါတယ်။

 

Hacker များက NHS လုံခြုံရေး သတိပေး

 Saturday, 25 June 2011 00:00 Net Guide Journal

NHS ၏ ကွန်ပျူတာ ကွန်ရက် များသည် ဆိုက်ဘာ တိုက်ခိုက်ရန် လွယ်ကူ နေကြောင်း နာမည်ဆိုး ဖြင့် ကျော်ကြား သည့် Hacker အုပ်စု (Lulz security) က သတိပေးပြော ကြားခဲ့သည်။ Sony ၏ Playstation website တိုက်ခိုက်မှု နောက်ကွယ် ၌ ပါဝင် သည့် Lulz Security က NHS သို့ အီးမေးလ်ဖြင့် ပေးပို့ သတိပေးခဲ့ ခြင်းဖြစ်သည်။ NHS ကလည်း ၎င်း တို့ထံမှ မည်သည့် လူနာ၏ သတင်း အချက် အလက်ကိုမျှ တိုက်ခိုက်ခိုး ယူခြင်းမခံရ ကြောင်း ချက်ချင်းတုံ့ ပြန်ခဲ့သည်။ Hacker များကလည်း NHS ၏ data များကို ခိုးယူရန် ရည် ရွယ်ချက် မရှိဟု ဆိုသည်။ NHS ကို တိုက်ခိုက်ရန် လုံးဝ ရည်ရွယ်ထား ခြင်းမရှိဘဲ ၎င်း၏နည်းပညာရပ် ဆိုင်ရာ အားနည်း ချက်များကိုသာ သတိပေး ပြောကြားခြင်းဖြစ် ကြောင်း အဆိုပါ Hacker များကို ပြောကြား ခဲ့သည်။

Lulz sec ကလည်း အခြား Hacker အုပ်စုများကဲ့သို့ပင် တင်း ကျပ်သည့် စည်းကမ်း ချက်များ မထားရှိသည့် အဖွဲ့ဖြစ်သည်။ နည်းပညာဆိုင်ရာ ကာကွယ်နိုင် စွမ်းအားနည်းသည့် Website များကို ရှာဖွေတိုက်ခိုက်ပြီး ၎င်းတို့ခိုးယူ ရရှိသည့် သတင်း အချက်အလက် များကို အဆိုပါ Website များ၌ လွှင့်တင် ထားလေ့ရှိသည်။ Lulz Sec သည် လွန်ခဲ့သည့်လ အနည်း ငယ်အတွင်း ဖြစ်ပွားခဲ့သည့် Hacker တိုက်ခိုက် မှုများ၌ ရှေ့ဆောင်ခဲ့ သည်။ Sony Picture.com ၌ ဆောင် ရွက်နေသည့် Server များနှင့် ချိတ် ဆက်ထားသော User ပေါင်း ၁ သန်း၏ အသေးစိတ် data များကို ဖောက်ထွင်းရယူမည်ဟု ဇွန်လ အစောပိုင်းက ကြေညာခဲ့သည်။ Ref : Internet

 

Codemaster မှ ပုဂ္ဂိုလ်ရေး Data များ ခိုးယူခြင်း ခံရ

Saturday, 25 June 2011 00:00 Net Guide Journal

အင်္ဂလန် နိုင်ငံရှိ ဂိမ်းတီထွင် ဆန်းသစ် ထုတ်လုပ်သည့် Codemasters ကုမ္ပဏီကို ပစ်မှတ်ထား တိုက်ခိုက် ပြီးနောက် Hacker များသည် ထောင်ပေါင်း များစွာ၏ ပုဂ္ဂိုလ်ရေး ရာ အသေးစိတ် အချက် အလက်များ ကို ခိုးယူ ခဲ့ကြောင်း သိရှိရသည်။ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် မွေးနေ့များ စသည့် data များ ကို ဇွန်လ ၃ ရက်နေ့၌ ခိုးယူခဲ့ ကြောင်း Codemasters က အတည် ပြုပြောကြား ခဲ့သည်။ အမည်၊ လိပ် စာ၊ အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးနေ့ သက္ကရာဇ်၊ Password , IP address , X Box ဂိမ်း user ၏အမှတ် တံဆိပ်နှင့် ကိုယ်ရေး ကိုယ်တာ အချက် အလက်များ အပါအဝင် user များ၏ ကိုယ်ရေး ကိုယ်တာ အသေးစိတ် data များအား Hakers များက စီမံခန့်ခွဲ ခဲ့ကြောင်း မကြာမီက စုံစမ်း စစ်ဆေး မှုများအရ သိရှိရသည်။ Codemasters ၏အခြား account များနှင့် ချိတ်ဆက် ဆောင်ရွက်နေ သည့် User များ၏ Password တိုင်း ကိုပြောင်းလဲ ထားရန် Codemasters က အကြံပြု ထားသည်။ အခြား Website များအတွက် Log in ပြုလုပ်ပေး ပို့သည့် data များကိုလည်း အလား တူပြောင်းလဲ သင့်သည်ဟု ဆိုသည်။ အီးမေးလ်၊ တယ်လီဖုန်း (သို့မဟုတ်) စာတိုက်မှ ပေးပို့သည့် အဓိကကျ သည့် Scam များကိုလည်း ထပ်မံ သတိပြု သင့်ကြောင်းနှင့် Codemasters ၏ တုံ့ပြန် ဆောင်ရွက် မှုနှေး ကွေးခြင်းကို User များက ဝေဖန်ခဲ့ ကြောင်း သိရှိရသည်။ Ref : Internet

 

UNIVERSAL EXTERNAL LAPTOP BATTERY

Saturday, 25 June 2011 00:00 Net Guide Journal

Laptop ကို သွားရင်း လာရင်း ခရီးဆောင် အသုံးပြု နေရသူတွေ အတွက် ဘက်ထရီ အားကုန် သွားချိန် မှာ အပိုဆောင် ထားရမယ့် external Laptop battery ဖြစ်ပါတယ်။ DC output 16 V နဲ့ 19 V နှစ်မျိုးစလုံး ထုတ်ပေး နိုင်တာ ကြောင့် ဒီကနေ့ ဈေးကွက်မှာရှိတဲ့ Laptop အားလုံးအတွက် အသုံး ပြုနိုင်လို့ Universal အမည်ပေး ထားတာပါ။ လျှပ်စစ်သို လှောင်အား 5500 mAH ရှိတာကြောင့် ဘက်ထရီအား တာ ရှည် အသုံး ခံပါတယ်။ Laptop တင်မကပဲ USB deivce များ အတွက် လျှပ်စစ် အား ထောက်ပံ့ ပေးနိုင်ဖို့ 5.3 V USB Output တစ်ခုပါ ထည့်သွင်း ပေးထားတာကြောင့် ဘက်စုံသုံး ခရီးဆောင် ဘက်ထရီလို့ သတ်မှတ်ရမှာပါ။ LIthium ဘက်ထရီဖြစ်တာကြောင့် အားသွင်း အားထုတ် အကြိမ် များစွာ ခံပါတယ်။ အမြင့်ဆုံး ထုတ်ပေးနိုင်တဲ့ ပါဝါက 60W ဖြစ်ပါတယ်။ အားပြန်သွင်း မယ် ဆိုရင် ၅ နာရီထက် မနည်း အချိန်ယူ ဖို့လိုပါတယ်။ သဘောကျစရာကောင်းတာက ပါးပါး လျလျရှိ မှုနဲ့ သတ္တုရောင် တောက်ပြောင် မှုပါပဲ။ အရွယ်အစား 185x126x13.5 mm နဲ့ အလေးချိန် 500 ဂရမ်ပဲ လေးပါ တယ်။

 

၄၈,ဝ၀ဝ ကျပ်ဝန်းကျင်

King Service Wisdom ကွန်ပျူတာအရောင်းဆိုင်

၂၄၆၈၃၇၊ ၃၉၈၀၃၇


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN