Search This Blog

Now Loading......

[လွပ်လပ်ခြင်း] New Doc: အစားအစာနှင့် ဓာတ်မတည့်ခြင်းများ

created the doc: "အစားအစာနှင့် ဓာတ်မတည့်ခြင်းများ "
Htet Aung created the doc: "အစားအစာနှင့် ဓာတ်မတည့်ခြင်းများ "

 Thursday, 23 June 2011 00:00 Health Digest

အစားအစာ ဓာတ်မတည့်မှု ရှိသူများ စားရမည့် ဗီတာမင်နှင့် အာဟာရ ဓာတ်များ (Vitamins and Nutrients)

 စားရမည့် အစားအစာများ

 

- ရေများများသောက်ပါ။

- သစ်သီးဖျော်ရည်များ (စီးထရပ် သစ်သီးများမှလွဲ၍)

- ဟင်းသီးဟင်းရွက်များ (ပြောင်း ဖူးနှင့် ခရမ်းချဉ်သီးမှ လွဲ၍)

- ဆန်ဖြူ၊ ဆန်လုံးညို - အဖြူရောင်ငါး (အခွံမာ ရေ သတ္တဝါများ၊ ကဏန်း၊ ကျောက် ပုစွန်၊ ခုံး၊ ပင်လယ်စာများမှလွဲ၍) - ကြက်ဆင်သား - Almonds စေ့၊ သစ်ကြားသီး၊ နေကြာစေ့။

 ဓာတ်မတည့်မှုကို တိုက်ထုတ် ပေးမည့် အာဟာရဓာတ်များ

 

 

- ဗီတာမင် C ၊ Bioflavo-noids ၊ ဗီတာမင် A နှင့် ဗီတာမင် E၊ ဇင့် (Zine)

- အင်ဇိုင်းများ - အမျှင်ဓာတ်- အူလမ်းကြောင်း ကို သန့်ရှင်းစေသော အမျှင် ဓာတ်များသော အစား အစာ များ

- ကြက်သွန်ဖြူ (လတ်လတ်ဆတ် ဆတ် အစိမ်းအတိုင်းစားပါ)

- (Cayenne pepper) ငရုတ်သီး

ဓာတ်မတည့်မှု ခံစားရသူများ ချို့တဲ့နိုင်သည့်အာဟာရဓာတ်များ

- မြေပဲ သို့မဟုတ် အပင်ကြီးမှ သီးသည့် အစေ့အဆန်များနှင့် ဓာတ်မတည့်သည့် ကလေးများ ဟာ အခြားနည်းလမ်းများဖြင့် ပိုတက်စီယမ် (Potassium) ဓာတ်ကိုစားဖြစ်အောင် ကြိုးစား ရပါမယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေ သန်မာဖို့ အရေး ကြီးတဲ့ ဓာတ်ဖြစ်ပါတယ်။

- ဂျုံနဲ့ ဓာတ်မတည့်သော ကလေး ဟာ တခြား နည်းလမ်း တစ်ခုခုနဲ့ သံဓာတ် (Iron) ကို အစားထိုး ပြီး စားသောက်ရပါမယ်။ သံ ဓာတ်ဟာ သွေးနီဥတွေ ဖြစ်ပေါ် ဖို့အတွက် လိုအပ်ပါတယ်။ 

- ပဲပုပ်နဲ့ ဓာတ်မတည့်သော ကလေးဟာ အခြားနည်းလမ်း တစ်ခုခုနဲ့ ဇင့် (Zine) ဓာတ်ကို ဖြည့်စွက် စားပေးရပါမယ်။ ဇင့် ဓာတ်ဟာ အအေးမိခြင်းများ၊ ဗိုင်းရပ်စ်ပိုးမွှားများနှင့် တုပ်ကွေး တို့ကို တိုက်ထုတ်ရာမှာ အရေး ကြီးပါတယ်။

- နို့နှင့် ဓာတ်မတည့်သော ကလေး ကို အခြားနည်းလမ်းနဲ့ ကယ်လ် စီယမ် ရရှိအောင် ဖန်တီးပေးရ ပါမယ်။ ကယ်လ်စီယမ်ဟာ အရိုး များကို သန်မာစေပါတယ်။

- ဥ (egg) နဲ့ ဓာတ်မတည့်သော ကလေးကို ဗီတာမင် B12 ရရှိ စေဖို့ နည်းလမ်းရှာရပါမယ်။ ဗီတာမင် B12 ဟာ သွေးဥ ကလာပ်စည်းတွေကို ကောင်း မွန်စေပါတယ်။ အခြားနည်း လမ်းတစ် ခုခုဖြင့် ရရှိစေရမယ်လို့ဆိုရာမှာ ဥပမာအား ဖြင့် နို့နှင့်ဓာတ်မတည့်လို့ ကယ်လ် စီယမ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် ကယ်လ်စီယမ်ဖြည့်စွက် အားဆေး ဒါမှ မဟုတ် ကယ်လ်စီယမ် ထည့်သွင်း ဖော်စပ် ထားတဲ့ လိမ္မော်ရည် ( Calcium- fortified orange juice) စသည် တို့ကို စားသောက်ပေးရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အစားအစာ ဓာတ်မ တည့်ခြင်း ကို တိုက်ထုတ်နိုင်ရန် သုတေသီများ အကြံပြုထားသောအာဟာရဓာတ်များ

 လက်ဖက်စိမ်းအနှစ် (Green- tea extract)

လက်ဖက်စိမ်းရည်တွင် အပင်မှ ရသော အာဟာရဓာတ်များ Phytonutrients ကြွယ်ဝစွာပါဝင်ပြီး ၎င်းအာဟာရဓာတ်တို့က ကလာပ် စည်းများအတွင်း တိုက်ခိုက်ခံရမှုများ ကို နေ့စဉ်ရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့် Allergies အတွက် အသုံး တည့်ပါတယ်။ တရုတ်တိုင်းရင်းဆေး တွင် လက်ဖက်စိမ်းကို အစာခြေခြင်း ကို အားပေးပြီး စိတ်ပိုင်းဆိုင်ရာ လုပ် ငန်းများကို တိုးတက်စေရန် အသုံးပြုပါ တယ်။

 

လက်ဖက်စိမ်းဟာ-

-ဗက်တီးရီးယား အမျိုးအစား များစွာကို ထိထိရောက်ရောက် ဟန့် တားနိုင်တယ်။

- အစာရေမျိုကင်ဆာ ဖြစ်တန် စွမ်းကို လျှော့ချပေးတယ်။

- ကိုလက်စထရောလ် ကျစေ တယ်။

- သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းထားပေးတယ်။

ဗီတာမင် C

ဟစ်တမင်းထုတ်လုပ်မှုကို လျော့ ကျစေတဲ့ အာနိသင်ရှိတာကြောင့် ဓာတ်မတည့်မှု ရုတ်တရက်ဖြစ်လာ ခြင်းကို လျှော့ချပေးတယ်။ ဓာတ်မ တည့်မှု ဝေဒနာလက္ခဏာများကို လျှော့ချပေးနိုင်ပြီး ရောင်ရမ်းမှုဖြစ်စဉ် ကို ကာကွယ်ပေးနိုင်တယ်။ ဟစ်တ မင်း ဆန့်ကျင်ဆေးဝါးများ (Antihistamine) နဲ့ တူညီတဲ့ အာနိသင် တွေကို ထောက်ပံ့ပေးတယ်။ ဓာတ် မတည့်မှု တုံ့ပြန်မှု (Allergic reactions) တွေကြောင့် ဖြစ်လာတဲ့ ဖိစီးမှု (Stress) တွေကို တိုက်ခိုက်ဖို့ လိုအပ်တဲ့ Adrenal hormones တွေ ထုတ်လုပ်မှုကို ကူညီပေးနိုင် တယ်။

ကွာစီတင် (Quercitin)

ကွာစီတင်ဟာ အပင်မှရတဲ့ အင်တီအောက်စီးဒင့်ဖြစ်ပြီး Bioflovonoids များ ကြွယ်ဝစွာ ပါဝင်တယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတယ်။ ဓာတ်မတည့်မှုတွေကိုလျှော့ချ ပေးမယ်။ ဟစ်တမင်းထုတ်လုပ်မှုကို လျှော့ချပေးတယ်။ ရူမတွိုက်အဆစ် ရောင် R.A၊ bursitis အဆစ်ရောင်နဲ့ ပန်းနာရင်ကျပ်ရောဂါတို့မှာ အကူ အညီပြုပေးတယ်။

ဆယ်လီနီယံ (Selenium)

အစားအစာဓာတ်မတည့်ခြင်း ဟာ အစားအစာထဲက ပရိုတင်းကို ခုခံအားစနစ်က ဓာတ်တုံ့ပြန်ခြင်းဖြစ် ပြီး၊ ဆယ်လီနီယမ်မှာ ပရိုတင်းမှ ပြိုကွဲလာတဲ့ အမိုင်နိုအက်စစ်တွေကို ဖုံးအုပ်ပြီး မျိုချဖမ်းစားလိုက်တဲ့ အာ နိသင် (Amino acid chelate) ရှိပါ တယ်။ ဆယ်လီနီယမ်ဟာ ဆဲလ် အကာ (cell membrane) ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်။ ဗီတာမင် C ရဲ့ လုပ်ဆောင်ချက်တွေကို အားပေးပြီး Co-enzyme Q-10 ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်ပါတယ်။

ပက်ပိန်း (papain)

Papain ဟာ သင်္ဘောသီးမှာ တွေ့ရလေ့ရှိတဲ့ အင်ဇိုင်းတစ်မျိုးဖြစ် ပြီး၊ ပရိုတင်းနဲ့ တစ်သျှူးအသေတွေ ကို ထိရောက်စွာ ချေဖျက်ပေးပါတယ်။

နွယ်ချို (licorice Root)

နွယ်ချိုတွင် ဓာတ်မတည့်မှုကို ဆန့်ကျင်သော antiallergic ဂုဏ် သတ္တိနှင့် အဆစ်အမျက်များ ရောင် ရမ်းမှုကိုဆန့်ကျင်သော Anti arthritis ဂုဏ်သတ္တိများ ရှိပါတယ်။ တရုတ်တိုင်း ရင်းဆေးမှာ နွယ်ချို ကို အဆုတ်များကို စိုစွတ်နေစေရန် နှင့် အစာခြေမှုကို အားကောင်းစေရန် အသုံးပြုပါတယ်။ နွယ်ချိုဟာ အရေ ပြားရောင်ရမ်းမှုကိုလည်း လျော့ကျစေ ပါတယ်။

မဂ္ဂနီစီယမ် (Mannesium)

မဂ္ဂနီစီယမ်ကို ဖိစီးမှုတွေကို လျှော့ချပေးတဲ့ သတ္တုဓာတ်အဖြစ် ယူဆကြတယ်။ မဂ္ဂနီစီယမ်ဟာ ဓာတ် မတည့်တုံ့ပြန်မှု (Allergic reactions) ရဲ့ အက်စစ်အခြေအနေ (Acedic stage)ကို ဓာတ်ပြယ်စေအောင် buffer လုပ်ပေးတဲ့ ဂုဏ်သတ္တိရှိတယ်။ ဒါ့ အပြင် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက် ဖယ်ရှားတဲ့ဖြစ်စဉ်ရဲ့ လမ်းကြောင်းတွေ မှာ မဂ္ဂနီစီယမ်ဓာတ်ကို လိုအပ်ပါ တယ်။ ဓာတ်မတည့်မှုကြောင့် ပန်းနာ ရင်ကျပ်ဖြစ်တဲ့အခါ အသက်ရှူလေ ပန် တွေကို ကျဉ်းမြောင်းစေတဲ့ ဓာတ်တွေ ကို လျှော့ချပေးခြင်းအားဖြင့် လေပြွန် တွေရဲ့ ဘေးက ကြွက်သားတွေကို ပျော့ပျောင်းစေ (Relax) ပါတယ်။

ကယ်လ်စီယမ် (Calcium)

ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေထဲက အက်စစ်/ အယ်လ်ကာလီမျှခြေကို ပုံမှန်ဖြစ်စေတယ်။ Allergic reaction တွေကြောင့် ဖြစ်ပေါ်လာတဲ့ တစ်သျှူး ရဲ့ အက်စစ်အခြေအနေကို ဓာတ်ပြယ် အောင် buffer လုပ်ပေးနိုင်တယ်။ ဟစ်တမင်းထုတ်လုပ်မှုကို လျှော့ချပေး တယ်။

Bromelain

ပရိုတင်းဓာတ်ကို ချေဖျက်သည့် အပင်မှရသောအင်ဇိုင်းဓာတ်ဖြစ်တယ်။ ရောင်ရမ်းမှု အကြိုဒြပ်ပေါင်း (Proinflammatory compounds) များကို တားဆီးတယ်။ အသီးအနှံမှ ရတဲ့ ပရိုတင်း တွေကို ချေဖျက်ပေး တယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကနေ ထွက်ရှိလာတဲ့ ဘေးထွက် ဓာတ် ပစ္စည်း (by-products) တွေကို ရှင်းလင်းပေးပြီး သွေးလှည့်ပတ်မှုကို အားကောင်း စေတယ်။

ကော့ပါး (copper)

မိုက်တိုကွန်ဒီးယား mitochondria ပျက်စီးမှုကို ကာကွယ်ပေး တယ်။

ဗီတာမင် B1

ကြွက်သားတွေအားပျော့ နွမ်း နယ်မှုကို ကောင်းမွန်စေတယ်။

Molybdenum

အမိုင်နိုအက်စစ်တွေကို ဖမ်းယူ နိုင်တယ်။ ခန္ဓာကိုယ်က ဗီတာမင် C အား အသုံးချမှုကို တိုးမြှင့်ပေးပါတယ်။

ခိုင်မွန်ကျော်


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN