Search This Blog

Now Loading......

[လွပ်လပ်ခြင်း] ယုံမိမောင်မှား

ယုံမိမောင်မှား      Saturday, 25 June 2011 00:00      Popular News   အင်တာနက်မှ တစ်ဆင့် ချစ်သူ ရှာကြ၊ အိမ်ထောင်ဖက် ရှာကြ၊ အပျော် ရည်းစား ထားကြသူတို့ သတိ ချပ်သင့်သော ဥပမာ တစ်ခုကို ဗြိတိသျှသန်းကြွယ် သူဌေးတစ်ဦးက ဘဝနှင့် ရင်း၍ ပြခဲ့ပြီ ဖြစ်သည်။  အသက် ၄၇ နှစ်အရွယ် သန်းကြွယ်သူဌေး ဘယ်ရီပရင်းသည် သူ့ဇနီးနှင့် တစ်နှစ်မြောက်မင်္ဂလာ အခမ်းအနားကို ကျင်းပ အပြီးတွင် သေဆုံးခဲ့သည်။ သူသည် တစ်နာရီလျှင် မိုင် ၈ဝ နှုန်းမျှဖြင့် ကား မောင်းလာစဉ် ယူကရိန်း ပြည် နယ်အတွင်း ကားမှောက်သေဆုံးခဲ့ခြင်းဖြစ်လေ၏။ ဘယ်ရီပရင်း၏ ဇနီးအင်နာ ဇူဇီနာမှာမူ နှစ်ပတ်လည် ညစာ စားပွဲဆင်နွှဲခဲ့ရာ စား သောက် ဆိုင်တွင် ကျန်ရစ်ခဲ့သည်။  အင်တာနက်က တွေ့ကြ  ခုနှစ်လွှာချွတ် ကခြေသည် တစ်ဦးဖြစ်ခဲ့သည့် အင်နာဇူဇီနာမှာ အသက် ၂၉ နှစ်သာရှိသေးပြီး သူတို့ နှစ်ဦးသည် စုံတွဲများကို ရှာဖွေပေးသည့် အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုမှ တစ်ဆင့် ဆုံစည်းခဲ့ကြ ခြင်း ဖြစ်ကာ ဘယ်ရီပရင်း၏ ကျန်ရစ် သော ပိုင်ဆိုင်မှုများအနက် စတာလင်ပေါင် တစ်သန်းခွဲခန့်တန်ဖိုး ကို သူ ပိုင်ဆိုင် ရရှိသွားပြီ ဖြစ်သည်။
Htet Aung 4:06pm Jun 25
ယုံမိမောင်မှား

Saturday, 25 June 2011 00:00
Popular News

အင်တာနက်မှ တစ်ဆင့် ချစ်သူ ရှာကြ၊ အိမ်ထောင်ဖက် ရှာကြ၊ အပျော် ရည်းစား ထားကြသူတို့ သတိ ချပ်သင့်သော ဥပမာ တစ်ခုကို ဗြိတိသျှသန်းကြွယ် သူဌေးတစ်ဦးက ဘဝနှင့် ရင်း၍ ပြခဲ့ပြီ ဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် သန်းကြွယ်သူဌေး ဘယ်ရီပရင်းသည် သူ့ဇနီးနှင့် တစ်နှစ်မြောက်မင်္ဂလာ အခမ်းအနားကို ကျင်းပ အပြီးတွင် သေဆုံးခဲ့သည်။ သူသည် တစ်နာရီလျှင် မိုင် ၈ဝ နှုန်းမျှဖြင့် ကား မောင်းလာစဉ် ယူကရိန်း ပြည် နယ်အတွင်း ကားမှောက်သေဆုံးခဲ့ခြင်းဖြစ်လေ၏။ ဘယ်ရီပရင်း၏ ဇနီးအင်နာ ဇူဇီနာမှာမူ နှစ်ပတ်လည် ညစာ စားပွဲဆင်နွှဲခဲ့ရာ စား သောက် ဆိုင်တွင် ကျန်ရစ်ခဲ့သည်။

အင်တာနက်က တွေ့ကြ

ခုနှစ်လွှာချွတ် ကခြေသည် တစ်ဦးဖြစ်ခဲ့သည့် အင်နာဇူဇီနာမှာ အသက် ၂၉ နှစ်သာရှိသေးပြီး သူတို့ နှစ်ဦးသည် စုံတွဲများကို ရှာဖွေပေးသည့် အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုမှ တစ်ဆင့် ဆုံစည်းခဲ့ကြ ခြင်း ဖြစ်ကာ ဘယ်ရီပရင်း၏ ကျန်ရစ် သော ပိုင်ဆိုင်မှုများအနက် စတာလင်ပေါင် တစ်သန်းခွဲခန့်တန်ဖိုး ကို သူ ပိုင်ဆိုင် ရရှိသွားပြီ ဖြစ်သည်။

"အင်နာက ဘယ်ရီကို လက်ထပ်တဲ့အထိ ဘယ်ရီဘယ်လောက် ချမ်းသာတယ်ဆိုတာ မသိခဲ့ပါဘူး လေ။ သူတို့ဟာ ဘာကိုမှ မမျှော်လင့်ဘဲချစ်ခဲ့ကြတာပါ။ အခုသူသေမှသာ ဘယ် လောက် ချမ်းသာနေ တယ်ဆိုတာကိုသိရရှာတာ။ အင့်နာခမျာ ဝမ်းနည်းမဆုံးဖြစ်နေရှာတယ်။ ကျွန်မတို့ တစ်မိသားစုလုံး လည်း ယူကျုံးမရဖြစ်နေကြပါတယ်"ဟု အင်နာ့မိခင် အော်လ်ဂါက ဘယ်ရီ သေဆုံးခဲ့သည့်ညက ပြော သည်။

အမှုပြန်ဖွင့်ပြီ

အမှုကတော့ ကြာခဲ့ပါပြီ။ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလကတည်း ကဖြစ်ခဲ့ခြင်းပင်။ ဘယ်ရီပရင်း အသတ်ခံရ ကြောင်း အထောက် အထား မခိုင်လုံသဖြင့်လည်း ယမန် နှစ်ကတည်းက ပင်လျှင် အမှုကိုပိတ် ခဲ့သည်။ သို့ရာတွင် ဘယ်ရီပရင်း၏ မိသားစုနှင့် လန်ဒန်ရှိ ယူကရိန်း သံရုံးအပေါ် ဗြိတိန်အစိုးရ၏ ဖိအား ပေးမှုများကြောင့် ယခုနှစ် ဇန်န ဝါရီလတွင် အမှုကို ပြန်လည် စစ်ဆေး ကြပြန်သည်။ အမှုမှာ မသင်္ကာဖွယ် ရာတွေ အများကြီး ရှိနေကြောင်း ထပ်မံတွေ့ကြရသည်။

နောက်ပိုင်း စစ်ဆေးချက်များ အရ ဘယ်ရီပရင်းသည် ကားရှေ့မီး များကို မဖွင့်ဘဲ ကားမောင်းလာ သည်ကိုသိရပြီး အခင်းဖြစ်ပွား ရာနေရာဝယ် ကားနံပါတ်ပြား အတုတစ်ခု ကိုပါတွေ့ ခဲ့ရကြောင်း သိလာရသည်။

သာမန်အားဖြင့်မူ မတော်တဆ ယာဉ်တိမ်းမှောက်မှု တစ်ခုဟုသာ ထင်ဖွယ်ရာ ဖြစ်သော်လည်း ယခုတွေ့ရှိချက်များအရ တာဝန်ရှိ သူများက ဆက်လက် စုံစမ်းစစ် ဆေးမှုများ ပြုလုပ် နေကြပြီဖြစ်သည်။ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်ကမူ ယူကရိန်းဒေသခံ လူဆိုးဂိုဏ်းများ ပါဝင်ပတ်သက်နေ ကြောင်းဆို၏။

ပုံများက စွဲမက်ဖွယ်

အလုပ် မအားလပ်သော ဘယ်ရီပရင်းသည် အင်တာနက်မှ အတွဲရှာပေးသော elenasmodels.comသာ ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ရင်း အင်နာ၏ စွဲမက်ဖွယ်ရာ ဓာတ်ပုံများ ကိုတွေ့ရှိ ရာမှ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဘယ်ရီပရင်းအာအင်နာက သူ့ကိုယ်သူ အင်္ဂလိပ်စာဆရာမ တစ်ဦးဟုပြောခဲ့သော်လည်း အမှန်မှာမူ ကလပ်တစ်ခုမှ ခုနှစ်လွှာချွတ် ကခြေသည် တစ်ဦးသာ ဖြစ်လေသည်။ ထို့ကြောင့်ပင် ရုရှားလူဆိုးဂိုဏ်းများနှင့် အဆက်အသွယ်ရှိ ကောင်းရှိနိုင်မည်ဟု ကောက်ချက်ချကြခြင်း ဖြစ်သည်။ ဘယ်ရီပရင်း၏ ချမ်းသာကြွယ်ဝမှုကို လုံးဝမသိရှိဟုဆို သည်မှာလည်း ယုံတမ်းမျှသာဖြစ်ချေ၏။ သူတို့နှစ်ဦး ချစ်သူဖြစ်သွားကြပြီးသည် ဝယ်အင်နာအား ဘယ်ရီက ကားတစ်စီးဝယ်ပေးခဲ့သည်။ အိမ်တစ်လုံး ငှားပေးခဲ့သည်။ အပတ်စဉ် အသုံးစရိတ်များ ထောက်ပံ့ပေးကမ်းခဲ့သည်။ ဘယ်ရီပရင်း၏ အနေ အထိုင်အသွား အလာတို့ကိုကြည့်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝမှုကို ခန့်မှန်းနိုင်မည်မှာ သေချာသည်။ ချစ်သူဖြစ်ပြီး တစ်နှစ်ခွဲခန့်ကြာသည်တွင်မှ လက်ထပ် ကြခြင်းလည်းဖြစ်သည်။

ချက်ချင်းကြီးပဲ

"ဘယ်ရီသေပြီး ချက်ချင်းဆိုသလိုပဲ အဲဒီကောင်မဟာ အင်္ဂလန် ကိုရောက်လာပြီး သူ ရသင့် ရထိုက် တာတွေကို ယူဖို့ကြိုးစားတော့တာပဲလေ" ဟုဘယ်ရီပရင်း၏မိသားစု ဝင်များက မကျေမနပ်ဆိုကြသည်။ "ဘယ်ရီဟာ ကြံကြံ ဖန်ဖန်ပဲ ပြောရမယ်… အင်တာနက်ကနေ ချစ်သူ ရှာသတဲ့ဗျာ…။ အင်တာနက်ကနေ သူပြန်ရတာ နှစ်ခုပဲရှိ တယ်။ အမြန်ဆုံးရည်းစားရတာ ရယ်။ စွဲမက်စရာကောင်းတဲ့ကောင်မ လေးဖြစ်တာရယ်။ ဒါပါပဲ…"ဟုလည်း ဘယ်ရီ၏ သူငယ်ချင်းတစ်ဦးက ပြောပါသည်။

'ဘယ်ရီဟာ အနှပ်ခံလိုက်ရတာ သေချာတယ်"ဟုလည်း အခြား သူငယ်ချင်း တစ်ဦးက ပြောသေးသည်။

အင်နာသည် ဘယ်ရီအား အချစ်စစ်အချစ်မှန်ဖြင့် ချစ်ခဲ့ပြီးမှ လက်ထပ်ခဲ့ ခြင်း ဖြစ်နိုင်သော်လည်း နောက်ပိုင်းတွင် လူဆိုးဂိုဏ်းတစ်ခုခုက အကြပ်ကိုင်သဖြင့်သော်လည်း ကောင်း၊ ပူးပေါင်း မိသွားသဖြင့်သော်လည်းကောင်း ဘယ်ရီအား လုပ်ကြံရာတွင် ပါဝင်မိ နိုင်သည်ဟု ယုံကြည်နေကြသည်။ "အင်နာအနေနဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလိုက်ပြီး အဖြစ်မှန်ကို ဖွင့်ပြော လိုက်သင့်ပြီ"ဟု ဘယ် ရီပရင်း၏ မိခင်အသက် ၈၂ နှစ် အရွယ် အဘွား အိုက မျက်ရည် စမ်းစမ်းနှင့် ပြောရှာသည်။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN