Search This Blog

Now Loading......

[Free "Min Ko Naing" Now] အမြင်ကောင်းအောင် မွန်းမံတာလား ၊ စနစ်ကောင်းအောင်...

အမြင်ကောင်းအောင် မွန်းမံတာလား ၊...
Emily Zin 5:54am Jan 9
အမြင်ကောင်းအောင် မွန်းမံတာလား ၊ စနစ်ကောင်းအောင် ပြုပြင်တာလား မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားနေတယ်...အကျဉ်းထောင်တွေထဲမှာရော ရေပန်းစားရဲ့လား၊ ထိုင်းနိုင်ငံက ချင်းမိုင်အကျဉ်းထောင်ကြီးနားမှာတော့ တနေ့တနေ့ ထောင်ထဲမှာ ကာလာအိုကေ သီချင်းဆိုသံတွေ ၊ တီဗွီ ရုပ်ရှင်တွေ ကြည့်ရင်း တဟားဟား ရယ်မောနေတဲ့ ထောင်သားတွေရဲ့ အသံတွေနဲ့ နားရည်ဝနေပြီ.. တခါတခါ ကောင်မလေးက သူ့ကောင်လေးကို ထောင်ဝင်စာ မဟုတ်ဘဲ ( ခဏတဖြုတ် ) လာတွေ့တဲ့အခါ အုတ်တံတိုင်းရဲ့ တဖက်တချက်စီကနေ စကားတွေပြောနေကြတယ် ၊ လက်လေးတွေ ကိုင်ထားကြတယ် ၊ တယောက်နဲ့ တယောက် ကြည်နူးပြီး ပြုံးနေကြတယ် ၊ အဲဒီခဏတဖြုတ်တွေအတွက် မိနစ် ၃၀ အခွင့်အရေး ပေးထားတယ်။ အချိန်စေ့ပြီဆိုရင် ကောင်မလေးကသာ မတ်တပ်ရပ်ပြီး ငေးမောရင်း ကျန်နေရစ်ခဲ့တယ် ထောင်သားလေးကတော့ လက်လေးတချက် ကာပြပြီး သူ့အခန်းထဲကို တန်းတန်းကြီး ပြေးဝင်သွားတယ်။ ထောင်သားတွေရဲ့ မျက်နှာမှာ အပူအပင်မရှိဘူး ၊ ဒဏ်ရာ အနာအဆာ မရှိဘူး ၊ အဆီတွေခန်းမနေဘူး ၊ ရင်တောင့် မနေဘူး ၊ အားလုံးဟာ ပြစ်ဒဏ်အလျောက် ကျခံနေရခြင်းအတူတူ အိုနာရုပ် မထွက်ဘူး။ ကဲ မြန်မာနိုင်ငံက အကျဉ်းထောင်နဲ့ ဘာတွေ ကွာလဲ..။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN