မမေ့လျှင် နိဗ္ဗာန် ၊ မေ့လျှင် သုဿာန် မြတ်စွာဘုရား အဆုံးအမတွေကတော့ အများကြီး ၊ သို့သော် အပ္ပမာဒထဲ အကုန်လုံး အကျုံးဝင်သွားတယ်။ အပ္ပမာဒေါ အမတံ ပဒံ ( မမေ့လျှင် မသေတဲ့ နိဗ္ဗာန် ရောက်မယ် )။ ပမာဒေါ မစ္စုနော ပဒံ ( မေ့လျှင်တော့ သုဿာန် ရောက်မှာဘဲ )။ တစ်နေ့ တစ်နေ့ မေ့တာနဲ့ မမေ့တာ ဘယ်ဒင်းကများမလဲ၊ ကိုယ့်ဟာကိုယ် အသိဆုံး။ နိဗ္ဗာန် သွားမှာနဲ့ သုဿာန် သွားမှာ ဘယ်ဒင်းကများမယ် ၊ သတိကလေးနဲံနေကြပါ ၊ သုဿာန်သွား စရာ မလိုတော့ပါဘူး ဟု ရွှေဥမင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောသလ္လ က မိန့်မှာတော်မူပါသည်။ ။ ဘုန်းဘုန်းကြီးက ဆက်လက်ဟောပါတယ် သတိထားရင်းက သတိရှိလာရင် သက်သောင့်သက်သာ ရှိတယ် ။ ပထမတော့ အားမရစရာလိုပဲ ၊ ပေါ့ပေါ့ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ် ၊။ နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ သတိစွဲရပ်နေသလိုမျိုးဖြစ်လာတယ်။ ဒါဆိုရင်သတိထားရင်းနဲ့ သတိလွတ်နေပြီ ၊ သတိမရှိတော့ဘူး ၊ စိတ်ကိုလျှော့ပေးပါ။ စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး သတိထား ကြည့်ပေးပါ ။ မြင်သတိ ကြားသတိ စားသတိ သွားသတိ လှုပ်သတိ ၊ သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မ အလုပ်ဖြစ်သွားတယ် ။ ဓမ္မ အလုပ်ဖြစ်သွားရင် မှန်ကန်တဲ့အသိ မှန်ကန်တဲ့ အားထုတ်မှု မှန်ကန်တဲ့အတွေး အဲဒါတွေက သဘာဝ ဖြစ်နေတယ်။ |
0 comments:
Post a Comment