Search This Blog

Now Loading......

[TENSION GATE] စကော်ပီယံဂိုဏ်းသားများ ပြန်လွတ်

Rosemary Thazin posted in TENSION GATE.
စကော်ပီယံဂိုဏ်းသားများ ပြန်လွတ်  စိုင်းဇွမ်ဆိုင်း THURSDAY, 18 AUGUST 2011 18:41     ၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်မြို့ ညကလပ်များနှင့် လမ်းမများ၌ နာမည်ကြီးခဲ့သည့် စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။     ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်လာပြီး မိသားစုများနှင့် ပြန်လည်နေထိုင်ကြောင်း လွတ်မြောက်လာသူတဦး၏ မိသားစုဝင်က ဧရာဝတီသို့ ပြောသည်။      စကော်ပီယံဂိုဏ်းကို ၁၉၉၀ နှောင်းပိုင်းကာလတွင် ရန်ကုန်မြို့ရှိ အစိုးရအရာရှိကြီးများ၊ သူဌေးသူကြွယ်နှင့် မြို့မျက်နှာဖုံး သားသမီးများက စတင်စုဖွဲ့ခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် စကော်ပီယံဂိုဏ်းကို လူသိများလာသည်။ ၎င်းတို့ကို အားကျသည့် လူငယ်များရှိသကဲ့သို့ လူ့ဘော်ကြော့များအဖြစ် ဝေဖန်သူများလည်း ရှိခဲ့သည်။     အဆက်အသွယ် ကောင်းမွန်ခြင်း၊ ဂိုဏ်းအတွင်း စည်းလုံးမှုရှိခြင်းနှင့် သြဇာ အာဏာရှိသည့် လူကြီးသားသမီးများ ဖြစ်ခြင်းကြောင့် ရဲ စသည့် အာဏာပိုင်များက အရေးမယူရဲခဲ့ကြပေ။     ၁၉၉၀ ဝန်ကျင်နှစ်များက နအဖ စစ်အစိုးရ၏ စစ်ထောက်လှမ်းရေးပြီးလျှင် စကော်ပီယံဂိုဏ်းကို ရန်ကုန်မြို့တွင် အကြောက်ရဆုံး ဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းတို့ ဂိုဏ်းဝင်များ ဆိုင်ကယ်များဖြင့် သွားလာနေပါက လမ်းဆုံ မီးပွိုင့်များတွင်ပင် ယာဉ်ထိန်းရဲများ မီးနီကို မီးစိမ်းပြောင်းပေးရသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။     မြန်မာနိုင်ငံ၏ ယာကူဇာဂိုဏ်းဟု ခေါ်ဝေါ်ကြသော ယင်း စကော်ပီယံဂိုဏ်းသည် အစပိုင်းတွင် ဆိုးသွမ်းခြင်းနှင့် ပြစ်မှု အသေးအဖွဲများကိုသာ ကျူးလွန်ခဲ့သော်လည်း နောက်ပိုင်းတွင် ကားမှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်ဝယ်မှုများသာမက လူပြန်ပေးဆွဲမှုများအထိ အတင့်ရဲစွာ ပြုလုပ်ခဲ့ကြသည်။     ၁၉၉၈ ခုနှစ်တွင် စကော်ပီယံဂိုဏ်းသည် မူးယစ်ဆေး အထိုးလွန်ပြီး သေဆုံးသွားသည့် သားလိမ္မာ ဆိုသူ၏ အလောင်းကို သူ၏ အိမ်ရှေ့တွင် သွားရောက်ပစ်ထားရာမှ သတင်းဆိုး ပိုမိုထွက်ခဲ့သည်။ ဂိုဏ်းဝင်များနှင့် ပတ်သက်နေသည့် သားလိမ္မာဆိုသူကို စကော်ပီယံဂိုဏ်းဝင်များက သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။     ၂၀၀၁ ခုနှစ်တွင် စကော်ပီယံဂိုဏ်းဝင်တဦးက နအဖစစ်အစိုးရ နံပတ် ၂ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူနှင့် ပတ်သက်မှုကြောင့် ပြဿနာများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း ကောလာဟလများ ပြောဆိုခဲ့ကြသည်။     နောက်ပိုင်းတွင် စကော်ပီယံဂိုဏ်းဝင်များ ဆိုင်ကယ် အမောင်းပြိုင်ရာမှ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယာဉ်တန်းနှင့် ဆုံမိရာမှ သေနတ်နှင့် ပစ်သည့် အမှုအရာ ပြုလုပ်ပြအပြီးတွင် စကော်ပီယံဂိုဏ်းကို ဖြိုခွင်းရန် အာဏာပိုင်များက စတင်အမိန့်ပေးခဲ့သည်။     ဂိုဏ်းဝင်တချို့ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်အပါအဝင် ၂၂ ဦး အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် စကော်ပီယံဂိုဏ်းဝင်များနှင့် ပတ်သက်သည့် ရန်ကုန်မြို့ခံအချို့လည်း အရေးယူခံရပြီး ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးခြင်း တရားဝင် ပိတ်ပင်ခံရသည်။     စကော်ပီယံဂိုဏ်း ဖြိုခွင်းခံရပြီး လအနည်းငယ်အကြာတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သော ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်းနှင့် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ နိုင်ငံတော် ပုန်ကန်မှု စသည့်ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည်။ ဦးနေဝင်းနှင့် သမီးဖြစ်သူတို့ပါ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။     ဦးနေဝင်း၏ မြေးများသည် စကော်ပီယံဂိုဏ်းဝင်များနှင့် ရင်းနှီးသော်လည်း ဂိုဏ်းနှင့် တိုက်ရိုက် မပတ်သက်ဟု ရန်ကုန်မြို့ခံတချို့က ဆိုသည်။     ၂၀၀၅ ခုနှစ်တွင် အကျဉ်းကျနေသော စကော်ပီယံဂိုဏ်းသားများသည် နိုင်ငံရေးအကျဉ်းသားတချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က သတင်းထုတ်ပြန်ခဲ့သေးသည်။     ယခု စကော်ပီယံဂိုဏ်းသား ၁၅ ဦး ပြန်လွတ်လာပြီး ၅ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဆက်လက် အကျဉ်းကျဆဲ ဖြစ်ကြောင်း၊ အဖမ်းခံရသည့် စုစုပေါင်း ၂၂ ဦးအနက် ၂ ဦးသည် ထောင်ကျနေစဉ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။     စကော်ပီယံဂိုဏ်းနည်းတူ White Snake အမည်ရှိ ဂိုဏ်းတဂိုဏ်းလည်း ထွက်ပေါ်ခဲ့ဖူးသည်။        ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ  April 29, 2010  ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု  လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။  ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း  ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။     #33# ဂိုဏ်းမှာမူ ပြိုင်ကားမောင်းသည့် ဂိုဏ်းအဖွဲ့ တွင် နာမည် အကြီးဆုံးဖြစ်ပြီး ထိုဂိုဏ်း  သည် နေရွှေသွေးအောင် နှင့် ဆက်စပ်မှု ရှိသည် (သို့ မဟုတ်) သူကိုယ်တိုင် ဦးဆောင် သော ဂိုဏ်းဖြစ်သည်  ဟု ရန်ကုန်မြို့ မှ နာမည်ကျော် အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။     ပြိုင်ကားမောင်း ပြိုင်ပွဲများ ကို ရန်ကုန် မြို့ တွင် ညဘက်ဉ် ကျင်းပပြီး ကန်တော်ကြီး ပတ်လမ်း နှင့် ကမ်းနားလမ်း  ဗိုလ်တစ်ထောင်ဆိပ် ကမ်းအနီး တို့ တွင် စနေနေ့ ည (တနင်္ဂနွေ နေ့ ) မနက်တိုင်းကျင်းပသည် ။  လတ်တလောတွင် မူ သင်္ကြန်တွင်း ရန်ညှိုးရန်စ များကြောင့် ပြိုင်ကားအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားရာ မှ ပြိုင်ကား  ပြိုင်ပွဲ များ ကို ခေတ္တရပ်နား ထားသည် ဟုသိရသည်။     ကားအလှဆင်ပြိုင်ပွဲမှ မော်ဒယ်လေးများ        ရန်ကုန်မြို့ ၏ ညသန်းခေါင် အချိန်များတွင် ပြိုင်ကား ဂိုဏ်းဝင်များ ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှု များ နှင့် ပတ်သက်၍  စားသောက်ဆိုင် တစ်ခုမှ မန်နေဂျာ တစ်ဦးက 'ကျွန်တော်က ည နှစ်နာရီလောက်မှ ဆိုင်ပိတ်မှ အိမ်ကို ပြန်တာ  ကမ်းနားလမ်း တို့ ၊ကန်တော်ကြီး စောင်းတို့ တောင်ဥက္ကလာ ဂေါက်ကွင်း နားတို့ ဆိုရှောင်ရတယ်၊  ကားပြိုင်ပွဲတွေ ရှိတယ် ၊ပြီးခဲ့တဲ့ စနေနေ့ က ဆို  စက်ဆန်းမှာ ပြိုင်ကား နှစ်စီးက ကားတစ်စီးကို လိုက်တိုက်  တာ ရစရာမရှိ ဘူး ၊ကားထဲက နေလည်း ရှေ့ကားကို ရပ် မရပ် ရင် အခု ချက်ခြင်း ပစ်သတ် မယ် ပြောနေလိုက်  တာများ ကြောက်ဖို့ တောင် ကောင်းတယ် ၊ဟောလိဝုဒ် ကားတွေ ထဲက အတိုင်းပဲ ဟု ထိုမန်နေဂျာ မှ Freedom News Group သို့ ပြောသည်။     ညဘက် ပြိုင်ကားမောင်း အဖွဲ့ များ တွင် Midnight Stone အဖွဲ့ မှာ လည်း နာမည်ကြီးပြီး ထိုဂိုဏ်းကိုမူ  စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သူ က တည်ထောင်ထားပြီး ထိုဂိုဏ်း တွင် ပြိုင်မြင်းပုံစံ အမှတ် တံဆိပ်ဖြင့်  အီတလီ နိုင်ငံလုပ် ဒေါ်လာ ငါးသောင်း ကျော်တန် ဖယ်ရာရီ  မော်တော်ကား တစ်စီး အပါအ၀င်  ပြိုင်ကား အစီလေးဆယ် နှင့် ဂိုဏ်းဝင် ကိုးဆယ်ကျော်ရှိသည် ။     ၁၉၉၈ ခုနှစ် တွင် စတင်တည် ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ယခင် အာဏာရှင် ဟောင်း ဦးနေ၀င်း၏ မြေး  ဖြစ်သူ များ နှင့် ဆက်စပ်ခဲ့သဖြင့် ဂိုဏ်းဝင်းများ ဖမ်းဆီးခံရပြီး ဖျက်သိမ်းခံရသည့် စကော်ပီယံ ဆိုင်ကယ်ဂိုဏ်း  မှာလည်း ညအချိန် ရန်ကုန် မြို့ ၏ လမ်းများဉ် ဗိုလ်ကျမင်းမူ ခဲ့ဖူးသည်။     စကော်ပီယံ ဆိုင်ကယ် ဂိုဏ်းမှာ ထိုအချိန်က ရန်ကုန်မြို့ တွင် ပြိုင်ဘက် မရှိ ဂိုဏ်းဖြစ်ပြီး အသင်းဝင် ပေါင်းတစ်  ထောင်ကျော်ရှိသည်။     ညအချိန် တွင် ကားမောင်းသူများ နှင့် တက္ကစီ မောင်းသူများက ပြိုင်ကားဂိုဏ်းများ ကို သတိထား၍ မောင်းနှင်ရပြီး ပြိုင်ကား  ဂိုဏ်းများ ရှိမည့် နေရာများကို ခရီးသည် များ ကိုပင် လိုက်မပို့  ရဲ ဟု သိရသည်။  ညဘက် တက္ကစီ မောင်းသူ တစ်ဦးက
Rosemary Thazin 10:03pm Aug 20
စကော်ပီယံဂိုဏ်းသားများ ပြန်လွတ်

စိုင်းဇွမ်ဆိုင်း THURSDAY, 18 AUGUST 2011 18:41



၁၉၉၀ နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် ရန်ကုန်မြို့ ညကလပ်များနှင့် လမ်းမများ၌ နာမည်ကြီးခဲ့သည့် စကော်ပီယံဂိုဏ်း (Scorpion Gang) ဝင် ၁၅ ဦး ဆယ်နှစ်ကျော်ကြာ အကျဉ်းချခံရရာမှ သြဂုတ် ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။



ဂိုဏ်းခေါင်းဆောင် ရန်နိုင် အပါဝင် အဖွဲ့ဝင် ၁၅ ဦး လွတ်မြောက်လာပြီး မိသားစုများနှင့် ပြန်လည်နေထိုင်ကြောင်း လွတ်မြောက်လာသူတဦး၏ မိသားစုဝင်က ဧရာဝတီသို့ ပြောသည်။



စကော်ပီယံဂိုဏ်းကို ၁၉၉၀ နှောင်းပိုင်းကာလတွင် ရန်ကုန်မြို့ရှိ အစိုးရအရာရှိကြီးများ၊ သူဌေးသူကြွယ်နှင့် မြို့မျက်နှာဖုံး သားသမီးများက စတင်စုဖွဲ့ခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင် စကော်ပီယံဂိုဏ်းကို လူသိများလာသည်။ ၎င်းတို့ကို အားကျသည့် လူငယ်များရှိသကဲ့သို့ လူ့ဘော်ကြော့များအဖြစ် ဝေဖန်သူများလည်း ရှိခဲ့သည်။



အဆက်အသွယ် ကောင်းမွန်ခြင်း၊ ဂိုဏ်းအတွင်း စည်းလုံးမှုရှိခြင်းနှင့် သြဇာ အာဏာရှိသည့် လူကြီးသားသမီးများ ဖြစ်ခြင်းကြောင့် ရဲ စသည့် အာဏာပိုင်များက အရေးမယူရဲခဲ့ကြပေ။



၁၉၉၀ ဝန်ကျင်နှစ်များက နအဖ စစ်အစိုးရ၏ စစ်ထောက်လှမ်းရေးပြီးလျှင် စကော်ပီယံဂိုဏ်းကို ရန်ကုန်မြို့တွင် အကြောက်ရဆုံး ဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းတို့ ဂိုဏ်းဝင်များ ဆိုင်ကယ်များဖြင့် သွားလာနေပါက လမ်းဆုံ မီးပွိုင့်များတွင်ပင် ယာဉ်ထိန်းရဲများ မီးနီကို မီးစိမ်းပြောင်းပေးရသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။



မြန်မာနိုင်ငံ၏ ယာကူဇာဂိုဏ်းဟု ခေါ်ဝေါ်ကြသော ယင်း စကော်ပီယံဂိုဏ်းသည် အစပိုင်းတွင် ဆိုးသွမ်းခြင်းနှင့် ပြစ်မှု အသေးအဖွဲများကိုသာ ကျူးလွန်ခဲ့သော်လည်း နောက်ပိုင်းတွင် ကားမှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်ဝယ်မှုများသာမက လူပြန်ပေးဆွဲမှုများအထိ အတင့်ရဲစွာ ပြုလုပ်ခဲ့ကြသည်။



၁၉၉၈ ခုနှစ်တွင် စကော်ပီယံဂိုဏ်းသည် မူးယစ်ဆေး အထိုးလွန်ပြီး သေဆုံးသွားသည့် သားလိမ္မာ ဆိုသူ၏ အလောင်းကို သူ၏ အိမ်ရှေ့တွင် သွားရောက်ပစ်ထားရာမှ သတင်းဆိုး ပိုမိုထွက်ခဲ့သည်။ ဂိုဏ်းဝင်များနှင့် ပတ်သက်နေသည့် သားလိမ္မာဆိုသူကို စကော်ပီယံဂိုဏ်းဝင်များက သတ်ဖြတ်ခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။



၂၀၀၁ ခုနှစ်တွင် စကော်ပီယံဂိုဏ်းဝင်တဦးက နအဖစစ်အစိုးရ နံပတ် ၂ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူနှင့် ပတ်သက်မှုကြောင့် ပြဿနာများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း ကောလာဟလများ ပြောဆိုခဲ့ကြသည်။



နောက်ပိုင်းတွင် စကော်ပီယံဂိုဏ်းဝင်များ ဆိုင်ကယ် အမောင်းပြိုင်ရာမှ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယာဉ်တန်းနှင့် ဆုံမိရာမှ သေနတ်နှင့် ပစ်သည့် အမှုအရာ ပြုလုပ်ပြအပြီးတွင် စကော်ပီယံဂိုဏ်းကို ဖြိုခွင်းရန် အာဏာပိုင်များက စတင်အမိန့်ပေးခဲ့သည်။



ဂိုဏ်းဝင်တချို့ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်အပါအဝင် ၂၂ ဦး အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့ပြင် စကော်ပီယံဂိုဏ်းဝင်များနှင့် ပတ်သက်သည့် ရန်ကုန်မြို့ခံအချို့လည်း အရေးယူခံရပြီး ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးခြင်း တရားဝင် ပိတ်ပင်ခံရသည်။



စကော်ပီယံဂိုဏ်း ဖြိုခွင်းခံရပြီး လအနည်းငယ်အကြာတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သော ကျော်နေဝင်း၊ ဇွဲနေဝင်း၊ အေးနေဝင်းနှင့် သားမက်ဖြစ်သူ အေးဇော်ဝင်းတို့ နိုင်ငံတော် ပုန်ကန်မှု စသည့်ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည်။ ဦးနေဝင်းနှင့် သမီးဖြစ်သူတို့ပါ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။



ဦးနေဝင်း၏ မြေးများသည် စကော်ပီယံဂိုဏ်းဝင်များနှင့် ရင်းနှီးသော်လည်း ဂိုဏ်းနှင့် တိုက်ရိုက် မပတ်သက်ဟု ရန်ကုန်မြို့ခံတချို့က ဆိုသည်။



၂၀၀၅ ခုနှစ်တွင် အကျဉ်းကျနေသော စကော်ပီယံဂိုဏ်းသားများသည် နိုင်ငံရေးအကျဉ်းသားတချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က သတင်းထုတ်ပြန်ခဲ့သေးသည်။



ယခု စကော်ပီယံဂိုဏ်းသား ၁၅ ဦး ပြန်လွတ်လာပြီး ၅ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ဆက်လက် အကျဉ်းကျဆဲ ဖြစ်ကြောင်း၊ အဖမ်းခံရသည့် စုစုပေါင်း ၂၂ ဦးအနက် ၂ ဦးသည် ထောင်ကျနေစဉ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။



စကော်ပီယံဂိုဏ်းနည်းတူ White Snake အမည်ရှိ ဂိုဏ်းတဂိုဏ်းလည်း ထွက်ပေါ်ခဲ့ဖူးသည်။





ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ

April 29, 2010

ဟိန်းခိုင်ထွန်း၊ ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု

လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း

ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။



#33# ဂိုဏ်းမှာမူ ပြိုင်ကားမောင်းသည့် ဂိုဏ်းအဖွဲ့ တွင် နာမည် အကြီးဆုံးဖြစ်ပြီး ထိုဂိုဏ်း

သည် နေရွှေသွေးအောင် နှင့် ဆက်စပ်မှု ရှိသည် (သို့ မဟုတ်) သူကိုယ်တိုင် ဦးဆောင် သော ဂိုဏ်းဖြစ်သည်

ဟု ရန်ကုန်မြို့ မှ နာမည်ကျော် အဆိုတော် တစ်ဦးက Freedom News Group သို့ ပြောသည်။



ပြိုင်ကားမောင်း ပြိုင်ပွဲများ ကို ရန်ကုန် မြို့ တွင် ညဘက်ဉ် ကျင်းပပြီး ကန်တော်ကြီး ပတ်လမ်း နှင့် ကမ်းနားလမ်း

ဗိုလ်တစ်ထောင်ဆိပ် ကမ်းအနီး တို့ တွင် စနေနေ့ ည (တနင်္ဂနွေ နေ့ ) မနက်တိုင်းကျင်းပသည် ။

လတ်တလောတွင် မူ သင်္ကြန်တွင်း ရန်ညှိုးရန်စ များကြောင့် ပြိုင်ကားအုပ်စု နှစ်ခု ခိုက်ရန်ဖြစ်ပွားရာ မှ ပြိုင်ကား

ပြိုင်ပွဲ များ ကို ခေတ္တရပ်နား ထားသည် ဟုသိရသည်။



ကားအလှဆင်ပြိုင်ပွဲမှ မော်ဒယ်လေးများ





ရန်ကုန်မြို့ ၏ ညသန်းခေါင် အချိန်များတွင် ပြိုင်ကား ဂိုဏ်းဝင်များ ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှု များ နှင့် ပတ်သက်၍

စားသောက်ဆိုင် တစ်ခုမှ မန်နေဂျာ တစ်ဦးက 'ကျွန်တော်က ည နှစ်နာရီလောက်မှ ဆိုင်ပိတ်မှ အိမ်ကို ပြန်တာ

ကမ်းနားလမ်း တို့ ၊ကန်တော်ကြီး စောင်းတို့ တောင်ဥက္ကလာ ဂေါက်ကွင်း နားတို့ ဆိုရှောင်ရတယ်၊

ကားပြိုင်ပွဲတွေ ရှိတယ် ၊ပြီးခဲ့တဲ့ စနေနေ့ က ဆို စက်ဆန်းမှာ ပြိုင်ကား နှစ်စီးက ကားတစ်စီးကို လိုက်တိုက်

တာ ရစရာမရှိ ဘူး ၊ကားထဲက နေလည်း ရှေ့ကားကို ရပ် မရပ် ရင် အခု ချက်ခြင်း ပစ်သတ် မယ် ပြောနေလိုက်

တာများ ကြောက်ဖို့ တောင် ကောင်းတယ် ၊ဟောလိဝုဒ် ကားတွေ ထဲက အတိုင်းပဲ ဟု ထိုမန်နေဂျာ မှ Freedom News Group သို့ ပြောသည်။



ညဘက် ပြိုင်ကားမောင်း အဖွဲ့ များ တွင် Midnight Stone အဖွဲ့ မှာ လည်း နာမည်ကြီးပြီး ထိုဂိုဏ်းကိုမူ

စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ သားဖြစ်သူ က တည်ထောင်ထားပြီး ထိုဂိုဏ်း တွင် ပြိုင်မြင်းပုံစံ အမှတ် တံဆိပ်ဖြင့်

အီတလီ နိုင်ငံလုပ် ဒေါ်လာ ငါးသောင်း ကျော်တန် ဖယ်ရာရီ မော်တော်ကား တစ်စီး အပါအ၀င်

ပြိုင်ကား အစီလေးဆယ် နှင့် ဂိုဏ်းဝင် ကိုးဆယ်ကျော်ရှိသည် ။



၁၉၉၈ ခုနှစ် တွင် စတင်တည် ထောင်ခဲ့ပြီး ၂၀၀၂ ခုနှစ် တွင် ယခင် အာဏာရှင် ဟောင်း ဦးနေ၀င်း၏ မြေး

ဖြစ်သူ များ နှင့် ဆက်စပ်ခဲ့သဖြင့် ဂိုဏ်းဝင်းများ ဖမ်းဆီးခံရပြီး ဖျက်သိမ်းခံရသည့် စကော်ပီယံ ဆိုင်ကယ်ဂိုဏ်း

မှာလည်း ညအချိန် ရန်ကုန် မြို့ ၏ လမ်းများဉ် ဗိုလ်ကျမင်းမူ ခဲ့ဖူးသည်။



စကော်ပီယံ ဆိုင်ကယ် ဂိုဏ်းမှာ ထိုအချိန်က ရန်ကုန်မြို့ တွင် ပြိုင်ဘက် မရှိ ဂိုဏ်းဖြစ်ပြီး အသင်းဝင် ပေါင်းတစ်

ထောင်ကျော်ရှိသည်။



ညအချိန် တွင် ကားမောင်းသူများ နှင့် တက္ကစီ မောင်းသူများက ပြိုင်ကားဂိုဏ်းများ ကို သတိထား၍ မောင်းနှင်ရပြီး ပြိုင်ကား

ဂိုဏ်းများ ရှိမည့် နေရာများကို ခရီးသည် များ ကိုပင် လိုက်မပို့  ရဲ ဟု သိရသည်။

ညဘက် တက္ကစီ မောင်းသူ တစ်ဦးက "သူတို့ ကို သွားပြောလို့ မရဘူး ရဲတောင် မသိချင် ယောင်ဆောင်နေရတာ တစ်ခါတစ်လေ

လမ်းပိတ်မောင်းနေလည်း (ဘေးမချ) ဒီတိုင်းကြည့်နေရတာပဲ ၊

တော်ကြာ သေနတ်ထုတ်ပြီး ပစ်လိုက်မှ မလွယ်ဘူး "ညဘက် သူကားမောင်းရသည့် အတွေ့ အကြုံအား

ပြောသည်။



နာမည်ကျော်ပြိုင်ကား မောင်း ဂိုဏ်းများ တွင် မော်ဒယ်နှင့် သရုပ်ဆောင် မင်းသမီး အချို့ လည်းပါဝင်

သည် ။နာမည်ကျော် သရုပ်ဆောင် နှင့် မော်ဒယ် တစ်ဦးမှာ ကားမောင်းပြိုင်ပွဲများတွင် အမြဲတွေ့ ရသည် ဟု

ကားအလှဆင်ဝါသနာပါသူတစ်ဦးကပြောသည်။



ကားမောင် ပြိုင်ပွဲများ ရပ်နားထားခြင်း နှင့် ပတ်သက် ၍ အငယ်တန်း ပြိုင်ကားမောင်းသူ တစ်ဦး

က ဂိုဏ်းခေါင်းဆောင် မှ သူ့ ဆီ ပို့ သည့် SMS တွင် ဗုံးပေါက်ကွဲမှု များ ထပ်မံရှိလာ အုံးမည် သတင်းကြား

၍ ခေတ္တရပ်နား ထားဖို့ လိုကြောင်း ပေးပို့ ထားသည်။



သင်္ကြန် အကြတ်နေ့ က လူနှစ်ဆယ်နီးပါး သေဆုံးသည့် ဗုံးပေါက်ကွဲမှု သည် ပြိုင်ကားဂိုဏ်းများ၏

လက်ချက် ဟု လည်း စီးပွားရေး လုပ်ငန်းရှင် အချို့ က သံသယရှိကြသည်။



ထင်ရာစိုင်းနေတဲ့သန်းရွှေရဲ့မြေး နေရွှေသွေးအောင် နဲ့အပေါင်းအပါများ



ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်



နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့  တွဲပြီး မည်သူ့ ကိုမျှ ဂရုမစိုက်ဘဲ နှစ်ယောက်ပေါင်းကာ ထင်ရာစိုင်းနေသောသူ တစ်ဦးမှာ ဆေးဝန်ထမ်း ညွှန်ချူပ် ဗိုလ်ချူပ် သန်းအောင်ရဲ့  သမက်ဖြစ်သူ ချိုလေးဆိုသူ ဖြစ်ပါတယ်၊၊နေရွှေသွေးအောင်နဲ့ ချိုလေးတို့ ဟာ သန်းရွှေရဲ့ အရှိန်အ၀ါ၊ မိဘဖြစ်သူတွေရဲ့  အရှိန်အ၀ါကို သုံးပြီး မြန်မာပြည်မှာ သောင်းကျန်းဆိုးရွားနေသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ချိုလေးဟာ နေရွှေသွေးအောင်ကို အမှီပြုပြီး သူလုပ်ချင်တာတွေကို လုပ်ချင်သလို လုပ်ပါတယ်။ သူနဲ့ အတူ နေရွှေသွေးအောင်ကလည်း တွဲချက်ညီညီ ထင်ရာစိုင်းပါတယ်။ချိုလေးဟာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ရအောင်လုပ်ဖို့ အတွက် နေရွှေသွေးအောင်ကို အသုံးချပါတယ်။ ဒီလိုလုပ်လို့ ရတဲ့အတွက် နေရွှေသွေးအောင်ကိုလည်း ကဲချင်တိုင်းကဲဖို့ အတွက် အတူတူ သွားလာကြပါတယ်။ သူတို့ နှစ်ယောက် အတူတူ တစ်တွဲတွဲ သွားလာတဲ့အခါမှာ မော်ဒယ်ဂဲလ် (Model Girls) တွေနဲ့  ချိန်းချက်ပြီး သွားလာကြတယ်။ သူတို့ သွားတဲ့ ကားတွေပေါါ်မှာလည်း အချက်ပြမီးလုံးကို ကားပေါ်တင်ပြီး အထူးကား (VIP car) အနေနဲ့ သိသာအောင် ပြပြီး ကြွားဝါ လုပ်ပြလေ့ ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီလို ချိုလေးရဲ့  ကပ်ဖားပြီး ပေါင်းသင်းမှုကို နေရွှေသွေားအောင်ကလည်း နဂိုကမှ သန်းရွှေရဲ့  မြေးဆိုပြီး ထင်ရာစိုင်းနေသူပီပီ အနှစ်ခြိုက်ကြီး ကြိုက်နှစ်သက်ကာ ကဲချင်တိုင်း ကဲနေပါတယ်။နေရွှေသွေးအောင်နဲ့  ချိုလေးတို့  ညတိုင်းနီးပါး သွားရောက်လေ့ရှိတာကတော့ မြရိပ်ညို ဖြစ်ပါတယ်။



ကျက်သရေမရှိသော စစ်ခွေးချုပ်ရဲ့မြေး



သူတို့ နှစ်ဦးသွားတဲ့အခါတိုင်း သူတို့ နဲ့  ချိန်းချက်ထားတဲ့ မော်ဒယ်ဂဲလ်တစ်ချို့ ပါ ပါရှိပါတယ်။ နေရွှေသွေးအောင်၊ ချိုလေးတို့ နဲ့ အတူ အပေါင်းအပါတွေကတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ၀င်းအောင်ရဲ့ သားရယ်၊ နအဖ၀န်ကြီး စိုးသာရဲ့ သား အောင်စိုးသာတို့ ပါ ပါပါတယ်။ကဲချင်တိုင်းကဲကြတဲ့အခါမှာ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မိန်ကလေးတွေနဲ့  အတူအိပ်တာတွေ လုပ်ကြပါတယ်။ သူတို့ က အစပြုပြီး အနှိပ်ခန်းတွေကို သွား၊ ကလပ်တွေကိုသွားပြီး သောင်းကျန်းတာမို့  နောက်ဆုံး ဒီအနှိပ်ခန်းတွေ ကလပ်တွေ ထင်ပေါ်ကျော်ကြားလာပြီး မသိနားမလည်တဲ့ အသက်အရွယ် မပြည့်သေးသူလေးတွေပါ သွားရောက်တာတွေ ဖြစ်လာကာ လူသိရှင်ကြားဖြစ်လာလို့  တစ်လောကမှသာ နေ့ ခင်းဖွင့်တဲ့ ဒေးကလပ် (Day Club) တွေ ပိတ်ပြလိုက်တာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တိတ်တိတ်ပုံး ရှိနေသေးတဲ့ နေရွှေသွေးအောင်တို့ လို ပျက်စီးချင်တိုင်းပျက်စီး ထင်ရာစိုင်းချင်တိုင်း ထင်ရာစိုင်းနေတဲ့ အပေါင်းအပါ လူငယ်တွေ ဆုံတွေ့ ရာ နေရာတွေ ရှိနေပါသေးတယ်။ ဒီနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မိန်းကလေးများနဲ့  ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ ရှိနေပါတယ်။ နေရွှေသွေးအောင်တို့  အုပ်စုရဲ့ အတွင်းမှာဘဲ အချင်းချင်း ဂွင်လုကြလို့  နောက်ဆုံး နေရွှေသွေးအောင်ရဲ့  ယုတ်မာတဲ့ စနက်ကြောင့် တင်အောင်မြင့်ဦးရဲ့  သားဖြစ်သူ (ဗိုလ်ကြီးဟောင်း) နိုင်လင်းဦး (တေဇာစောဦး) ပိုင်ဆိုင်တဲ့ ရန်ကုန် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အနုပညာ ဦးစီးဌာနပိုင် မြေနေရာပေါ်မှာ ရှိတဲ့ "7 Lekker" ကဖေးဆိုင် ဖျက်ဆီးခံလိုက်ရတာပါဘဲ။ နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလားဆိုပြီး မသိတဲ့သူတွေ အထင်ကြီးရအောင် အကြောင်းပြချက်နဲ့  နေရွှေသွေးအောင်က ပြောဆိုဖျက်ဆီးပြလိုက်ပေမယ့် တကယ်တော့ နေရွှေသွေးအောင်ရဲ့  အချင်းချင်းအပေါ် ကောက်ကျစ်ယုတ်မာမှုဘဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို အတွင်းသိ အစင်းသိကြသူတွေက သိကြပါတယ်။ ဒါကြောင့် သန်းရွှေ သေရင် နေရွှေသွေးအောင်တော့ သတိသာထားပေတော့လို့  ကြိမ်းဝါးနေကြပါတယ်။ ထို့ အတူ စစ်တပ်အတွင်းက ဗိုလ်ချူပ် အတော်များများဟာလည်း နေရွှေသွေးအောင်ကို မကျေမနပ်ဖြစ်နေတယ်လို့  သိရှိရပါတယ်။နေရွှေသွေးအောင်ကနေ နိုင်လင်းဦးရဲ့  ကဖေးဆိုင်ကို ဖျက်ပြစ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ နေရွှေသွေးအောင်က အဲ့ဒီနေရာမှာ သူတို့ အပေါင်းအပါတွေ ကဲလို့ ရအောင် သီးသန့် ကလပ် (VIP club) တစ်ခုလုပ်ချင်လို့  ပြောဆိုရာကနေ ပြဿနာ စဖြစ်တာပါဘဲ။ ဒါကို နိုင်လင်းဦးက လက်မခံတဲ့ အတွက် နေရွှေသွေးအောင်က ချိုလေးရဲ့  မြှောက်ပင့်မှု၊ ကဖေးဆိုင် အစုရှယ်ယာပါတဲ့ အောင်စိုးသာရဲ့  ဘက်လိုက်မှုတွေကြောင့် ဒီလို အချင်းချင်း ဆော်ထည့်လိုက်တာ ဖြစ်ပါတယ်။ဒီလိုမျိုး နေရွေသွေးအောင်ကို အနီးကပ် မြှောက်ပင့်သွေးထိုးနေသူ ချိုလေးနဲ့  နဂိုကမှ ဘယ်သူကိုမှ ဗိုလ်မထားချင်တဲ့ နေရွှေသွေးအောင်တို့  ရဲ့  စနက်ဖြစ်ပါတယ်။ချိုလေးဟာ နေရွှေသွေးအောင်ကို မျောက်ပြဆန်တောင်းသလို လုပ်ပြီး စီးပွားရေးသောင်းကျန်းလာလို့  မသမာသော ငွေကြေးများနဲ့  ပြည့်စုံလာနေပါတယ်။ ချိုလေးဟာ အရပ် (၆) ပေ (၁) လက်မခန့် ရှိပြီး ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်တွေ ထိုးထားပါတယ်။ သူ့ မှာ ဆရာဝန်မတစ်ဦးနဲ့  အိမ်ထောင်ကျပြီး သမီး နှစ်ယောက်ရှိပေမယ့် သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေးတွေကို နေရွှေသွေးအောင်နဲ့  ပေါင်းပြီး ဖျက်ဆီးသောင်းကျန်းနေသူ ဖြစ်ပါတယ်၊၊နေရွှေသွေးအောင်ရယ် ချိုလေးရယ် အောင်စိုးသာတို့ ရယ်ဟာ ဂိုဏ်းအုပ်စုဖွဲ့ ထားပြီး ဂိုဏ်းအုပ်စုနာမည်ကို "ဆင်စွယ်" လို့  သတ်မှတ်ထားကြောင်းနဲ့  သူတို့ သွားလာသောင်းကျန်းတဲ့ နေရာတွေမှာ ဒီနာမည်ကို အသုံးပြုကြောင်း သိရှိရပါတယ်။ယခင် မဆလတစ်ပါတီ အာဏာရှင်နေ၀င်းရဲ့  မြေးတွေ သောင်းကျန်းပြီး ဂိုဏ်းဖွဲ့ ထားတဲ့ စကော်ပီယံ "Scorpion" ဂိုဏ်းထက် ပိုဆိုးတဲ့ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့  ဂိုဏ်းအုပ်စုကြောင့် သူတို့ အချင်းချင်း ဇတ်တူသားစား ဆော်ကြနှက်ကြတာအပြင် သူတို့ ရဲ့  အစပြုလုပ်ရပ်များကြောင့် အခြားသော မသိ နားမလည်သည့် အချို့ သော လူငယ်လူရွယ် ယောင်္ကျာလေး မိန်းကလေးများပါ ပျက်စီးမှု လမ်းကြောင်းပေါ်ရောက်ရှိနေတာ တွေ့ ရှိနေရပါတယ်။တင်အောင်မြင့်ဦးရဲ့  သား နိုင်လင်းဦးကို နေရွှေသွေးအောင် လူကြားကောင်းအောင် ပြောခဲ့တဲ့ "နိုင်ငံတော်မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်လို့ ရမလား" ဆိုတဲ့စကားအတိုင်း ပြောကြေးဆိုရင် "ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြန်မာပြည်မြေပေါ်မှာ ဒီလို ထင်ရာစိုင်းလို့  ရသလား" ဆိုတာပါ။

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN