အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းနေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန် နေချိန်မှာ ကေအိုင်အေ တပ်ဖွဲ့တွေက ကချင်ပြည်နယ် အထဲက ရှမ်း-ရ၀မ် ဒေသများမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ သတင်းကို အစိုးရ သတင်းစာများမှာ ဖော်ပြထားခဲ့ပါတယ်။
ပထမ တိုက်ခိုက်မှုကတော့ သြဂုတ်လ ၂၀ ရက်နေ့ ညနေမှာ ရှမ်းလူမျိုးများ နေထိုင်တဲ့ မြစ်ကြီးနား မြို့နယ်၊ တာလောကြီး ကျေးရွာရဲ့ မလိချောင်းကူး တံတားကို မိုင်းခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကြိုးတံတား လုံးဝ ပျက်စီးသွားခဲ့ပါတယ်။
ဒုတိယ တိုက်ခိုက်မှုကတော့ သြဂုတ် ၁၃ ရက်နေ့နဲ့ သြဂုတ်လ ၁၉ ရက်နေ့တွေမှာ ရ၀မ် လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူး မြို့နယ် ခရန်ထီဒမ်း ကျေးရွာကို နှစ်ကြိမ် ၀င်တိုက်ပြီး အိမ် ၃၂ လုံးနဲ့ မူလတန်းကျောင်း တစ်ကျောင်းကို မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွာက ရွာသား ၆၆ ဦးကိုတော့ အစိုးရဘက်က ပြန်လည် နေရာချထားရေး လုပ်ဆောင် ပေးထားတဲ့ အကြောင်း ဖော်ပြထားပါတယ်။ (padauk myay) |
0 comments:
Post a Comment