Search This Blog

Now Loading......

[Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား] ရေးကျောင်းသားတစ်ဦး၏ ဖတ်စာ ( ၂၄...

ရေးကျောင်းသားတစ်ဦး၏ ဖတ်စာ ( ၂၄ )။ရှေ့ကဟာတွေဖတ်ချင်ရင်တော့ ကိုဇန် ရဲ့notesမှာသွားဖတ်ကြပါ။  by Ko Zam on Saturday, 20 August 2011 at 07:04 .  ၇။ စစ်အောင်ရာသောအကြောင်းကြီးများကို လွန်စွာအကျဉ်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ လွန်မြောက်သောစစ်ရေး  အယူအဆအရ စစ်အောင်ရာအကြောင်းကြီးများကို ဆက်လက်တင်ပြပါမယ်။ ရှစ်ခုရှိပါတယ်။ အဲဒါတွေကတော့               ၁/ လားရာပေါင်းစုံရှိရာ၏ ommi- directionality            ၂/တစ်ပြိုင်တည်းဖြစ်ရာ၏ Synchrony            ၃ / ရည်မှန်းချက်ကို ကန်.သတ်ထားရာ၏ limited objectives            ၄ / နည်းလမ်းအရေအတွက်ကို ကန်.သတ်မဲ့ရာ၏ Unlimited means            ၅ / ဘက်မညီခြင်းနည်းလမ်းကို ကောင်းစွာသုံးရာ၏ Asymmetry            ၆ / ကုန်ကျမှုအနည်းဆုံးဖြစ်ရာ၏ Minimal consumption            ၇ / လားရာစုံ ပေါင်းစပ်ညှနှိုင်း သမူဟပြုရာ၏ Multidimensional Co- ordination            ၈ / လုပ်ငန်းစဉ် စလယ်ဆုံး ကြီးကြပ်ချိန်ညှိမှု ပြုရာ၏ Adjustment and Control of the entire process     ဆိုတာတွေပါပဲ။ ဒါတွေကို နောက်တစ်မျိုး Process အရကြည့်မယ်ဆိုရင် ၀ါ လွန်မြောက်သောစစ်ဆင်ရေးတစ်ခု  ကိုပြုလုပ်တော့မယ်ဆိုရင် လုပ်ငန်းစဉ် သုံးရပ်ကို ဖြတ်သန်းရပြန်ပါတယ်။ အဲဒီလုပ်ငန်းစဉ်သုံးရပ်ဟာလည်း စစ်  အောင်ရာသောအကြောင်းကြီးတွေဖြစ်လိုနေပြန်ပါတယ်။ အဲဒါတွေကတော့               ၁ / ဘက်မညီမှုကို ကောင်းစွာသုံးရာ၏ Asymmetry            ၂ / လွန်မြောက်သော ပေါင်းစည်းမှုကို ပြုရာ၏ Supra- Combination            ၃ / အင်အားကို အမြင့်ဆုံးသက်ရောက်အောင်ပြုရာ၏ Optimality     ဆိုတာတွေပါပဲ။ အကျယ်ချဲ့ကြည့်မယ်ဆိုရင် ရှစ်ပါး ၊ခြုံကြည့်မယ်ဆိုရင်တော့ သုံးပါး လို.အလွယ်မှတ်ယူနိုင်ပါ  တယ်။ဒီမှာထူးခြားတာက ဘက်မညီမှု ဆိုတဲ့ စစ်အောင်ရာသော အကြောင်းကြီးပါပဲ။ ဒါကို ရှင်းပါမယ်။  ၇၊၁။ ဘက်မညီမှု လို.ပြန်ဆိုတာတွေရှိသလို တစ်ချို.သောကေစိတွေကတော့ ခေါက်ချိုးမညီ၊ အချိုးမညီ လို.  ပြန်ဆိုလေ့ရှိပါတယ်။ ဆရာတွေရဲ. ဘာသာပြန်မူကိုလေးစားပါတယ်။ဒီမှာတော့ ဘက်မညီလို.သုံးစွဲသွားပါမယ်။  ဘက်မညီမှုဆိုတာ နည်းလမ်းလို.ပြောလို.ရနိုင်သလို ၊သဘောတရားလို.ဆိုနိုင်ပါတယ်။မဟာဗျူဟာလေ့လာရေ  ဘာသာရပ်တွေမှာတော့ ဒါကို သွယ်ဝိုက်သောချဉ်းကပ်မှု indirect approach လို.သတ်မှတ်သုံးစွဲကြပါတယ်။  ဘက်မညီမှုဆိုတာဘာလဲ။ ဖွင့်ဆိုချက်ကနေ စပါမယ်။ ကနဦးကျတဲ့ဖွင့်ဆိုချက်တွေမှာ အားနည်းချက်၊လစ်ဟာ  ကွက်ရှိခဲ့တယ်ဆိုတာကို တင်ကြိုအစီရင်ခံခဲ့ပါတယ်။     ၇၊၂။ ဘက်မညီမှု Asymmetry ဆိုတာသည် တရားမျှတမှုကင်းမဲ့စွာတိုက်ခိုက်ခြင်း not fighting fair လို.ဖွင်ဆိုကြပါတယ်။ ဒါဆိုရင် ပင်လယ်ကွေ.စစ်ပွဲမှာ နိုင်ငံပေါင်းစုံကတပ်တွေစုပြုံပြီး အီရတ်ကိုထိုးစစ်ဆင်ခဲ့  တာလည်းပဲ တရားမျှတမှုကင်းမဲ့စွာတိုက်ခိုက်ခြင်းလို.ပဲသတ်မှတ်ရမလိုဖြစ်နေပါတယ်။ တိုက်ခိုက်ထိုးစစ်ကြတာ  က နိုင်ငံပေါင်းသုံးဆယ်ကျော် (အမေရိကန်ကဦးဆောင်တာမှန်ပေမယ့် ) ခုခံရတဲ့ဘက်က  တစ်နိုင်ငံတည်း။မျှ  တမှုကင်းမဲ့တဲ့ စစ်ဆင်၊စစ်ထိုးမှုတိုင်းကို ဘက်မညီမှုAsymmetry လို.သတ်မှတ်လိုက်တာက သိပ်ကိုလစ်ဟာ  မှုများလွန်းတဲ့ ဖွင့်ဆိုချက်ပါ။               ဘက်မညီမှုဆိုတာသည် ပျော့ကွက်ကိုနှိုက်၊ အရှိုက်ကိုတိုက်တာ attacking weak points လို.ဆိုကြပါ  တယ်။အတိုင်းအတာတစ်ခုထိမှန်ပါတယ်။ သမားရိုးကျစစ်ဆင်ရေးတွေမှာလည်း ဒါကို စစ်အောင်ရာသော  အကြောင်းကြီးအနေနဲ. လက်ခံကြပါတယ်။ ခြုံမိစေတဲ့ ဖွင့်ဆိုချက်မဟုတ်ပေမဲ့ မဖြစ်မနေထည့်သွင်းစဉ်းစားရ  မယ့် ဖွင့်ဆိုချက်ဖြစ်တယ်ဆိုတာကိုတော့ လက်ခံရပါမယ်။               ဘက်မညီမှုဆိုတာသည် သတင်းစစ်ပွဲဆင်နွဲ information or cyber war တာပါတဲ့။ ဘက်မညီမှုဆို  တာသည် လူထုဆက်ဆံရေး စစ်ပွဲ Public relation war ဆင်နွဲတာပါတဲ့။ ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ပါ။  ဟုတ်သလိုလိုဆိုတာ လုံးဝမှားယွင်းတဲ့ ဖွင့်ဆိုချက်တော့ မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ့်တိုက်မယ့်ရန်သူဟာများ  သောအားဖြင့် သတင်းစစ်ပွဲမှာ ကိုယ်ထက်များစွာသာလွန်နေတတ်ပါတယ်။ သူလည်း သတင်းစစ်ပွဲကိုဆင်နွဲ  ၊ကိုယ့်လည်းသတင်းစစ်ပွဲဆင်နွဲ၊ဒါမှမဟုတ် လူထုဆက်ဆံရေးစစ်ပွဲကိုဆင်နွဲနေတာဆိုရင် ဒါဟာ ဘက်ညီမှု  Symmetric warfare ဖြစ်သွားနိုင်တယ်။ ဘက်မညီမှုဆိုတာသည် ရန်သူတိုက်ခိုက်သလိုမျိုး၊ ထိုးစစ်ဆင်သလို  မျိုးအလိုက် ကိုယ့်ကတန်ပြန်တိုက်ခိုက်တာမျိုး မဟုတ်ရပါကြောင်းပါ။ ရန်သူတိုက်သလိုမျိုး ကိုယ့်ကပြန်တိုက်  ခိုက်တာမျိုးက ဘက်ညီမှုစစ်သဘောပါပဲ။ ဘက်မညီမှုဆိုတာသည် ရန်သူတိုက်ချင်သလိုတိုက်၊ ကိုယ့်လည်း  ကိုယ့်နည်းကိုယ့်ဟန်နဲတိုက်ချင်သလိုတိုက်မယ်ဆိုတာနဲ. ဆင်တူပါတယ်။               နောက်တစ်ခုရှိပါသေးတယ်။ ဘက်မညီမှုဆိုတာသည် အငိုက်ဖမ်းတိုက်ခိုက်ရတာမျိုး surpriseပါတဲ့။  ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ပါပဲ။ ပထ၀ီအငိုက်၊ အချိန်အငိုက်၊ လူအငိုက် စတာတွေကို အသုံးချပြီးတိုက်ခိုက်  ပစ်တာမျိုးဟာ ဘက်မညီမှုစစ်ဆင်ရေးလို. အချို.သောပညာရှင်တွေကိုယ်နှိုက်က တံဆိပ်ကပ်ခဲ့ကြပါတယ်။အဲ  သလို အငိုက်ဖမ်းပြီးတိုက်တာမျိုးက ဘက်ညီတဲ့စစ်တပ်အချင်းချင်းမှာတောင် ထမင်းရေသောက်ပမာစစ်ထိုးနေ  ကျပါပဲ။ ဒီတော့ အငိုက်ဖမ်းပြီးတိုက်တာမျိုးတိုင်း၊ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲနည်းနဲ.မမျှော်လင့်တဲ့  နေရာကိုတိုက်ခိုက်ပစ်တာမျိုးက ဘက်မညီစစ်ဆင်ရေးလို.ပြောတာကတော့ ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ဖြစ်  ပေမယ့် သေချာစဉ်းစားလေလေ စဉ်းစားလေလေ မဟုတ်ပြန်ပါဘူးခင်ဗျာ။               ၁၉၉၈ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်(အမေရိကန် )ရဲ.အစီရင်ခံစာမှာ နည်း  လမ်း လေးသွယ်နဲ. ရန်သူ.နိုင်ငံတွေက ဘက်မညီစစ်ဆင်ရေးလုပ်နိုင်တယ်လို.ဆိုတယ်။သူတို.ပြောတဲ့နည်းလမ်  လေးသွယ်က ဒီလိုပါ။               ၁/ အစုလိုက်အပြုံလိုက်သေကြေပျက်စီးစေနိုင်တဲ့ အဖျက်စွမ်းအားကြီးလက်နက်တွေကိုအသုံးပြုခြင်း။            ၂ / အဆင့်မြင့်နည်းပညာလက်နက်များကို ရယူအသုံးပြုတိုက်ခိုက်ခြင်း            ၃ / သတင်းစစ်ပွဲ၊ လူထုဆက်ဆံရေးစစ်ပွဲတွေကို ဆင်နွဲခြင်း            ၄ / စွမ်းဆောင်ရည်များကို ဆုတ်ယုတ်ပျက်စီးစေသည့် ပတ်ဝန်းကျင်ကိုဖန်တီးခြင်း     ထပ်ပြောပါရစေ။ ဒါတွေလည်း ဟုတ်သလိုလိုရှိတဲ့ တင်ပြဖွင့်ဆိုချက်တွေပါပဲ။ နှောင်းပိုင်းပညာရှင်တွေက ဒါကို  ဘက်မညီမှုစစ်ဆင်ရေးမှာအသုံးပြုလာနိုင်တဲ့ နည်းလမ်းတွေမဟုတ်ဘူးလို. ပြင်ဆင်ချေပခဲ့ကြပါတယ်။အဖျက်  စွမ်းအားကြီးလက်နက်တို.၊ အဆင့်မြင့်နည်းပညာလက်နက်တို.၊ သတင်းစစ်ပွဲတို.ကွန်ပျူတာကွန်ယက်စစ်ပွဲတို.  အသုံးပြုစစ်ဆင်နွဲလာပြီဆိုကတည်းက  ဒါဟာဘက်ညီမှုပါပဲ။ဘက်ညီတဲ့သဘောပါပဲ။ ဓား ဓားချင်း ခုတ်မှတော့  ဘက်ညီတာပဲပေါ့ လို.နှောင်းပိုင်းပညာရှင်တွေပြင်ဆင်ထောက်ပြခဲ့ပါတယ်။ပြင်ဆင်ထောက်ပြခဲ့တဲ့ပညာရှင်တွေ  ကတော့ U.S Army War College က ဆရာ Steven Metz ၊ Douglas Johnson တို.အပြင် အငြိမ်းစားဗိုလ်မှူး  ချုပ် David L.Grange တို.ပါပဲ။      ၇၊၃။Stven Metz နဲ. Douglas Johnson ဆရာနှစ်ဦးဟာအတော်လေးကိုကျယ်ပြန်.တဲ့ဖွင့်ဆိုချက်ကိုပေးခဲ့ပါ  တယ်။ မိမိတို.ရဲ.အားသာချက်ကိုအစွမ်းကုန်မြင့်တင်၊ရန်သူကိုအားနည်းချက်ကိုအမြတ်ထုတ်၊ လက်ဦးမှုရယူ၊  လွတ်လပ်စွာလှုပ်ရှားနိုင်ဖို.တို.အတွက် ပြိုင်ဘက်ရန်သူထက် တမူကွဲပြားစွာ လှုပ်ရှား acting ။ ဖွဲ.စည်းစီစဉ်  Organizing ။ တွေးခေါ်စဉ်းစား thinking တတ်ခြင်းသည်သာ ဘက်မညီမှုသဘောပါပဲတဲ့။               သမိုင်းစဉ်မှာပြန်ကြည့်မယ်ဆိုရင် ဒီသဘောတွေအများကြီးရှိခဲ့ဖြစ်ခဲ့ပါတယ်။ခရစ်တော်မပေါ်ခင်ကစခဲ့  တာပါ။အင်အားကြီးမားတဲ့ ပါရှန်စစ်တပ်ကို ခြေသလုံးအိမ်တိုင်ဆိုက်သီယန်တွေက  ရင်ဆိုင်မတိုက်ဘဲ နှောင့်  ယှက်ရုံနှောင့်ယှက်တာမျိုး။ ရိက္ခာ၊ ရေ၊စားကျက်တွေကိုဖျက်ဆီးတာ၊ နေ.တိုက်ပွဲကိုရှောင်ပြီး ညတိုက်ပွဲ  Night operationဆင်နွဲတာတွေဟာ ဘက်မညီနည်းလမ်း၊ ဘက်မညီလှုပ်ရှားမှု၊ ဘက်မညီဖွဲ.စည်းစီစဉ်တတ်မှု၊  ဘက်မညီတွေးခေါ်စဉ်းစားမှုတွေပါပဲ။ ကိုလိုနီပြင်သစ်တပ်တွေကိုလည်း အဲဒီလိုနည်းလမ်းတွေနဲ. စပိန်မျိုးချစ်  စစ်တပ်ဟာ ပြောက်ကျားစစ်နည်းဗျူဟာနဲ. အနိုင်ယူခဲ့ပါတယ်။ ခံစစ်ပိုင်း၊ အင်အားမျှခြေမှုအပိုင်း၊ တန်ပြန်ထိုး  စစ်မှုအပိုင်း ကိုလိုသလို အသုံးချနိုင်တဲ့ ပြောက်ကျားစစ်မဟာဗျူဟာ သည် တပ်နေရာအခင်းအကျင်း၊ တိုက်စစ်  ၀င်ရိုးရွေးချယ်မှု၊ တိုက်စစ်ရဲ.ဟန်ချက်ရွေးချယ်မှု၊ လက်နက်တွေကိုနေရာချထားမှုကအစ လူအင်အား၊တပ်အင်  အား၊လက်နက်ပစ္စည်းအင်အား၊နည်းပညာစွမ်းပကားစတဲ့အရာတွေမှာဘက်မညီရာကနေ ဘက်ညီလာအောင်  ရန်သူ။ပြိုင်ဘက်တွေနဲ မတူကွဲပြားစွာ လှုပ်ရှား စီစဉ် တွေးခေါ်လာရာကနေ ဘက်မညီမှုနည်းလမ်း၊တွေ၊ ဘက်  မညီမှု နည်းဗျူဟာ ၊မဟာဗျူဟာတွေပေါ်ပေါက်လို.လာပါတယ်။               ဒုတိယကမ္ဘာစစ်ကြီးမှာဗြိတိသျှတွေရဲ.သာလွန်ကြီးမားလွန်းသောရေတပ်အင်အားကိုအံတုစီန်ခေါ်နိုင်ဖို.အတွက် ဂျာမန်တွေဟာ ဘက်မညီတဲ့ဗျူဟာနဲ.အစားထိုးပြီးဘက်ညီလာအောင်လုပ်ယူခဲ့ရပါတယ်။ အဲဒါက  တော့ ရေငုပ်သဘောင်္စစ်ဗျူဟာပဲဖြစ်ပါတယ်။ အကျယ်အပြန်. အရှည်သဖြင့်ပြောဆိုရှင်းလင်းရမည့်ကိစ္စဖြစ်ပေ  မယ့် ဒီနေရာမှာပဲအနားသတ်ခဲ့ပါတယ်။     ၇၊၄။ အငြိမ်းစားဗိုလ်မှူးချုပ် David L.Grange ၇ဲ.ဖွင့်ဆိုချက် ဆက်ပါမယ်။ ဘက်မညီမှုဆိုတာသည် အဂ္ဂမဟာ  ဗျူဟာအဆင့်မှာပဲဖြစ်ဖြစ်၊ မဟာဗျူဟာအဆင့်မှာပဲဖြစ်ဖြစ်၊ စစ်နည်းဗျူဟာအဆင့်မှာပဲဖြစ်ဖြစ် ကောင်းစွာအသုံး  ပြုအပ်တဲ့ နည်းနာနိဿယ method ဖြစ်ပါသတဲ့။ရှိရင်းစွဲနှုန်းစံအခြေအနေမှသွေဖီသွားတဲ့ စစ်ဆင်မှု indirect  Approach လို.ဆီုခဲ့ပါတယ်။     ၇၊၅။ ဘက်မညီစစ်ဆင်ရေးဆင်နွဲဖို.အတွက်သိရှိနားလည်သဘောပေါက်ရမယ့်အပိုင်းရှိသလို၊ စစ်ဆင်ရေးဆင်နွဲ  ၇မယ့် အဆင့်levelတွေရှိပါတယ်။ဒါအပြင် ဘက်မညီစစ်ဆင်ရေး ပုံစံ Forms တွေလည်းရှိပြန်သလို စစ်ဆင်ရေး  ရဲ.အသွင်အပြင် Dimensions of Asymmetry တွေလည်းရှိပါတယ်။သိအပ်၊နားလည်အပ်တဲ့အပြင် ကောင်းစွာ  လေ့လာဆည်းပူးသင့်တဲ့အပိုင်းတွေဖြစ်တယ်လို.မှတ်ယူထားစေချင်ပါတယ်။     ရိုသေစွာဖြင့်  ကိုဇန်
Sai Naw Saing 11:14pm Aug 20
ရေးကျောင်းသားတစ်ဦး၏ ဖတ်စာ ( ၂၄ )။ရှေ့ကဟာတွေဖတ်ချင်ရင်တော့ ကိုဇန် ရဲ့notesမှာသွားဖတ်ကြပါ။

by Ko Zam on Saturday, 20 August 2011 at 07:04
.

၇။ စစ်အောင်ရာသောအကြောင်းကြီးများကို လွန်စွာအကျဉ်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ လွန်မြောက်သောစစ်ရေး

အယူအဆအရ စစ်အောင်ရာအကြောင်းကြီးများကို ဆက်လက်တင်ပြပါမယ်။ ရှစ်ခုရှိပါတယ်။ အဲဒါတွေကတော့



၁/ လားရာပေါင်းစုံရှိရာ၏ ommi- directionality

၂/တစ်ပြိုင်တည်းဖြစ်ရာ၏ Synchrony

၃ / ရည်မှန်းချက်ကို ကန်.သတ်ထားရာ၏ limited objectives

၎ / နည်းလမ်းအရေအတွက်ကို ကန်.သတ်မဲ့ရာ၏ Unlimited means

၅ / ဘက်မညီခြင်းနည်းလမ်းကို ကောင်းစွာသုံးရာ၏ Asymmetry

၆ / ကုန်ကျမှုအနည်းဆုံးဖြစ်ရာ၏ Minimal consumption

၇ / လားရာစုံ ပေါင်းစပ်ညှနှိုင်း သမူဟပြုရာ၏ Multidimensional Co- ordination

၈ / လုပ်ငန်းစဉ် စလယ်ဆုံး ကြီးကြပ်ချိန်ညှိမှု ပြုရာ၏ Adjustment and Control of the entire process



ဆိုတာတွေပါပဲ။ ဒါတွေကို နောက်တစ်မျိုး Process အရကြည့်မယ်ဆိုရင် ၀ါ လွန်မြောက်သောစစ်ဆင်ရေးတစ်ခု

ကိုပြုလုပ်တော့မယ်ဆိုရင် လုပ်ငန်းစဉ် သုံးရပ်ကို ဖြတ်သန်းရပြန်ပါတယ်။ အဲဒီလုပ်ငန်းစဉ်သုံးရပ်ဟာလည်း စစ်

အောင်ရာသောအကြောင်းကြီးတွေဖြစ်လိုနေပြန်ပါတယ်။ အဲဒါတွေကတော့



၁ / ဘက်မညီမှုကို ကောင်းစွာသုံးရာ၏ Asymmetry

၂ / လွန်မြောက်သော ပေါင်းစည်းမှုကို ပြုရာ၏ Supra- Combination

၃ / အင်အားကို အမြင့်ဆုံးသက်ရောက်အောင်ပြုရာ၏ Optimality



ဆိုတာတွေပါပဲ။ အကျယ်ချဲ့ကြည့်မယ်ဆိုရင် ရှစ်ပါး ၊ခြုံကြည့်မယ်ဆိုရင်တော့ သုံးပါး လို.အလွယ်မှတ်ယူနိုင်ပါ

တယ်။ဒီမှာထူးခြားတာက ဘက်မညီမှု ဆိုတဲ့ စစ်အောင်ရာသော အကြောင်းကြီးပါပဲ။ ဒါကို ရှင်းပါမယ်။

၇၊၁။ ဘက်မညီမှု လို.ပြန်ဆိုတာတွေရှိသလို တစ်ချို.သောကေစိတွေကတော့ ခေါက်ချိုးမညီ၊ အချိုးမညီ လို.

ပြန်ဆိုလေ့ရှိပါတယ်။ ဆရာတွေရဲ. ဘာသာပြန်မူကိုလေးစားပါတယ်။ဒီမှာတော့ ဘက်မညီလို.သုံးစွဲသွားပါမယ်။

ဘက်မညီမှုဆိုတာ နည်းလမ်းလို.ပြောလို.ရနိုင်သလို ၊သဘောတရားလို.ဆိုနိုင်ပါတယ်။မဟာဗျူဟာလေ့လာရေ

ဘာသာရပ်တွေမှာတော့ ဒါကို သွယ်ဝိုက်သောချဉ်းကပ်မှု indirect approach လို.သတ်မှတ်သုံးစွဲကြပါတယ်။

ဘက်မညီမှုဆိုတာဘာလဲ။ ဖွင့်ဆိုချက်ကနေ စပါမယ်။ ကနဦးကျတဲ့ဖွင့်ဆိုချက်တွေမှာ အားနည်းချက်၊လစ်ဟာ

ကွက်ရှိခဲ့တယ်ဆိုတာကို တင်ကြိုအစီရင်ခံခဲ့ပါတယ်။



၇၊၂။ ဘက်မညီမှု Asymmetry ဆိုတာသည် တရားမျှတမှုကင်းမဲ့စွာတိုက်ခိုက်ခြင်း not fighting fair လို.ဖွင်ဆိုကြပါတယ်။ ဒါဆိုရင် ပင်လယ်ကွေ.စစ်ပွဲမှာ နိုင်ငံပေါင်းစုံကတပ်တွေစုပြုံပြီး အီရတ်ကိုထိုးစစ်ဆင်ခဲ့

တာလည်းပဲ တရားမျှတမှုကင်းမဲ့စွာတိုက်ခိုက်ခြင်းလို.ပဲသတ်မှတ်ရမလိုဖြစ်နေပါတယ်။ တိုက်ခိုက်ထိုးစစ်ကြတာ

က နိုင်ငံပေါင်းသုံးဆယ်ကျော် (အမေရိကန်ကဦးဆောင်တာမှန်ပေမယ့် ) ခုခံရတဲ့ဘက်က တစ်နိုင်ငံတည်း။မျှ

တမှုကင်းမဲ့တဲ့ စစ်ဆင်၊စစ်ထိုးမှုတိုင်းကို ဘက်မညီမှုAsymmetry လို.သတ်မှတ်လိုက်တာက သိပ်ကိုလစ်ဟာ

မှုများလွန်းတဲ့ ဖွင့်ဆိုချက်ပါ။



ဘက်မညီမှုဆိုတာသည် ပျော့ကွက်ကိုနှိုက်၊ အရှိုက်ကိုတိုက်တာ attacking weak points လို.ဆိုကြပါ

တယ်။အတိုင်းအတာတစ်ခုထိမှန်ပါတယ်။ သမားရိုးကျစစ်ဆင်ရေးတွေမှာလည်း ဒါကို စစ်အောင်ရာသော

အကြောင်းကြီးအနေနဲ. လက်ခံကြပါတယ်။ ခြုံမိစေတဲ့ ဖွင့်ဆိုချက်မဟုတ်ပေမဲ့ မဖြစ်မနေထည့်သွင်းစဉ်းစားရ

မယ့် ဖွင့်ဆိုချက်ဖြစ်တယ်ဆိုတာကိုတော့ လက်ခံရပါမယ်။



ဘက်မညီမှုဆိုတာသည် သတင်းစစ်ပွဲဆင်နွဲ information or cyber war တာပါတဲ့။ ဘက်မညီမှုဆို

တာသည် လူထုဆက်ဆံရေး စစ်ပွဲ Public relation war ဆင်နွဲတာပါတဲ့။ ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ပါ။

ဟုတ်သလိုလိုဆိုတာ လုံးဝမှားယွင်းတဲ့ ဖွင့်ဆိုချက်တော့ မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ့်တိုက်မယ့်ရန်သူဟာများ

သောအားဖြင့် သတင်းစစ်ပွဲမှာ ကိုယ်ထက်များစွာသာလွန်နေတတ်ပါတယ်။ သူလည်း သတင်းစစ်ပွဲကိုဆင်နွဲ

၊ကိုယ့်လည်းသတင်းစစ်ပွဲဆင်နွဲ၊ဒါမှမဟုတ် လူထုဆက်ဆံရေးစစ်ပွဲကိုဆင်နွဲနေတာဆိုရင် ဒါဟာ ဘက်ညီမှု

Symmetric warfare ဖြစ်သွားနိုင်တယ်။ ဘက်မညီမှုဆိုတာသည် ရန်သူတိုက်ခိုက်သလိုမျိုး၊ ထိုးစစ်ဆင်သလို

မျိုးအလိုက် ကိုယ့်ကတန်ပြန်တိုက်ခိုက်တာမျိုး မဟုတ်ရပါကြောင်းပါ။ ရန်သူတိုက်သလိုမျိုး ကိုယ့်ကပြန်တိုက်

ခိုက်တာမျိုးက ဘက်ညီမှုစစ်သဘောပါပဲ။ ဘက်မညီမှုဆိုတာသည် ရန်သူတိုက်ချင်သလိုတိုက်၊ ကိုယ့်လည်း

ကိုယ့်နည်းကိုယ့်ဟန်နဲတိုက်ချင်သလိုတိုက်မယ်ဆိုတာနဲ. ဆင်တူပါတယ်။



နောက်တစ်ခုရှိပါသေးတယ်။ ဘက်မညီမှုဆိုတာသည် အငိုက်ဖမ်းတိုက်ခိုက်ရတာမျိုး surpriseပါတဲ့။

ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ပါပဲ။ ပထ၀ီအငိုက်၊ အချိန်အငိုက်၊ လူအငိုက် စတာတွေကို အသုံးချပြီးတိုက်ခိုက်

ပစ်တာမျိုးဟာ ဘက်မညီမှုစစ်ဆင်ရေးလို. အချို.သောပညာရှင်တွေကိုယ်နှိုက်က တံဆိပ်ကပ်ခဲ့ကြပါတယ်။အဲ

သလို အငိုက်ဖမ်းပြီးတိုက်တာမျိုးက ဘက်ညီတဲ့စစ်တပ်အချင်းချင်းမှာတောင် ထမင်းရေသောက်ပမာစစ်ထိုးနေ

ကျပါပဲ။ ဒီတော့ အငိုက်ဖမ်းပြီးတိုက်တာမျိုးတိုင်း၊ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲနည်းနဲ.မမျှော်လင့်တဲ့

နေရာကိုတိုက်ခိုက်ပစ်တာမျိုးက ဘက်မညီစစ်ဆင်ရေးလို.ပြောတာကတော့ ဟုတ်သလိုလိုရှိတဲ့ဖွင့်ဆိုချက်ဖြစ်

ပေမယ့် သေချာစဉ်းစားလေလေ စဉ်းစားလေလေ မဟုတ်ပြန်ပါဘူးခင်ဗျာ။



၁၉၉၈ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်(အမေရိကန် )ရဲ.အစီရင်ခံစာမှာ နည်း

လမ်း လေးသွယ်နဲ. ရန်သူ.နိုင်ငံတွေက ဘက်မညီစစ်ဆင်ရေးလုပ်နိုင်တယ်လို.ဆိုတယ်။သူတို.ပြောတဲ့နည်းလမ်

လေးသွယ်က ဒီလိုပါ။



၁/ အစုလိုက်အပြုံလိုက်သေကြေပျက်စီးစေနိုင်တဲ့ အဖျက်စွမ်းအားကြီးလက်နက်တွေကိုအသုံးပြုခြင်း။

၂ / အဆင့်မြင့်နည်းပညာလက်နက်များကို ရယူအသုံးပြုတိုက်ခိုက်ခြင်း

၃ / သတင်းစစ်ပွဲ၊ လူထုဆက်ဆံရေးစစ်ပွဲတွေကို ဆင်နွဲခြင်း

၎ / စွမ်းဆောင်ရည်များကို ဆုတ်ယုတ်ပျက်စီးစေသည့် ပတ်ဝန်းကျင်ကိုဖန်တီးခြင်း



ထပ်ပြောပါရစေ။ ဒါတွေလည်း ဟုတ်သလိုလိုရှိတဲ့ တင်ပြဖွင့်ဆိုချက်တွေပါပဲ။ နှောင်းပိုင်းပညာရှင်တွေက ဒါကို

ဘက်မညီမှုစစ်ဆင်ရေးမှာအသုံးပြုလာနိုင်တဲ့ နည်းလမ်းတွေမဟုတ်ဘူးလို. ပြင်ဆင်ချေပခဲ့ကြပါတယ်။အဖျက်

စွမ်းအားကြီးလက်နက်တို.၊ အဆင့်မြင့်နည်းပညာလက်နက်တို.၊ သတင်းစစ်ပွဲတို.ကွန်ပျူတာကွန်ယက်စစ်ပွဲတို.

အသုံးပြုစစ်ဆင်နွဲလာပြီဆိုကတည်းက ဒါဟာဘက်ညီမှုပါပဲ။ဘက်ညီတဲ့သဘောပါပဲ။ ဓား ဓားချင်း ခုတ်မှတော့

ဘက်ညီတာပဲပေါ့ လို.နှောင်းပိုင်းပညာရှင်တွေပြင်ဆင်ထောက်ပြခဲ့ပါတယ်။ပြင်ဆင်ထောက်ပြခဲ့တဲ့ပညာရှင်တွေ

ကတော့ U.S Army War College က ဆရာ Steven Metz ၊ Douglas Johnson တို.အပြင် အငြိမ်းစားဗိုလ်မှူး

ချုပ် David L.Grange တို.ပါပဲ။



၇၊၃။Stven Metz နဲ. Douglas Johnson ဆရာနှစ်ဦးဟာအတော်လေးကိုကျယ်ပြန်.တဲ့ဖွင့်ဆိုချက်ကိုပေးခဲ့ပါ

တယ်။ မိမိတို.ရဲ.အားသာချက်ကိုအစွမ်းကုန်မြင့်တင်၊ရန်သူကိုအားနည်းချက်ကိုအမြတ်ထုတ်၊ လက်ဦးမှုရယူ၊

လွတ်လပ်စွာလှုပ်ရှားနိုင်ဖို.တို.အတွက် ပြိုင်ဘက်ရန်သူထက် တမူကွဲပြားစွာ လှုပ်ရှား acting ။ ဖွဲ.စည်းစီစဉ်

Organizing ။ တွေးခေါ်စဉ်းစား thinking တတ်ခြင်းသည်သာ ဘက်မညီမှုသဘောပါပဲတဲ့။



သမိုင်းစဉ်မှာပြန်ကြည့်မယ်ဆိုရင် ဒီသဘောတွေအများကြီးရှိခဲ့ဖြစ်ခဲ့ပါတယ်။ခရစ်တော်မပေါ်ခင်ကစခဲ့

တာပါ။အင်အားကြီးမားတဲ့ ပါရှန်စစ်တပ်ကို ခြေသလုံးအိမ်တိုင်ဆိုက်သီယန်တွေက ရင်ဆိုင်မတိုက်ဘဲ နှောင့်

ယှက်ရုံနှောင့်ယှက်တာမျိုး။ ရိက္ခာ၊ ရေ၊စားကျက်တွေကိုဖျက်ဆီးတာ၊ နေ.တိုက်ပွဲကိုရှောင်ပြီး ညတိုက်ပွဲ

Night operationဆင်နွဲတာတွေဟာ ဘက်မညီနည်းလမ်း၊ ဘက်မညီလှုပ်ရှားမှု၊ ဘက်မညီဖွဲ.စည်းစီစဉ်တတ်မှု၊

ဘက်မညီတွေးခေါ်စဉ်းစားမှုတွေပါပဲ။ ကိုလိုနီပြင်သစ်တပ်တွေကိုလည်း အဲဒီလိုနည်းလမ်းတွေနဲ. စပိန်မျိုးချစ်

စစ်တပ်ဟာ ပြောက်ကျားစစ်နည်းဗျူဟာနဲ. အနိုင်ယူခဲ့ပါတယ်။ ခံစစ်ပိုင်း၊ အင်အားမျှခြေမှုအပိုင်း၊ တန်ပြန်ထိုး

စစ်မှုအပိုင်း ကိုလိုသလို အသုံးချနိုင်တဲ့ ပြောက်ကျားစစ်မဟာဗျူဟာ သည် တပ်နေရာအခင်းအကျင်း၊ တိုက်စစ်

ဝင်ရိုးရွေးချယ်မှု၊ တိုက်စစ်ရဲ.ဟန်ချက်ရွေးချယ်မှု၊ လက်နက်တွေကိုနေရာချထားမှုကအစ လူအင်အား၊တပ်အင်

အား၊လက်နက်ပစ္စည်းအင်အား၊နည်းပညာစွမ်းပကားစတဲ့အရာတွေမှာဘက်မညီရာကနေ ဘက်ညီလာအောင်

ရန်သူ။ပြိုင်ဘက်တွေနဲ မတူကွဲပြားစွာ လှုပ်ရှား စီစဉ် တွေးခေါ်လာရာကနေ ဘက်မညီမှုနည်းလမ်း၊တွေ၊ ဘက်

မညီမှု နည်းဗျူဟာ ၊မဟာဗျူဟာတွေပေါ်ပေါက်လို.လာပါတယ်။



ဒုတိယကမ္ဘာစစ်ကြီးမှာဗြိတိသျှတွေရဲ.သာလွန်ကြီးမားလွန်းသောရေတပ်အင်အားကိုအံတုစီန်ခေါ်နိုင်ဖို.အတွက် ဂျာမန်တွေဟာ ဘက်မညီတဲ့ဗျူဟာနဲ.အစားထိုးပြီးဘက်ညီလာအောင်လုပ်ယူခဲ့ရပါတယ်။ အဲဒါက

တော့ ရေငုပ်သဘောင်္စစ်ဗျူဟာပဲဖြစ်ပါတယ်။ အကျယ်အပြန်. အရှည်သဖြင့်ပြောဆိုရှင်းလင်းရမည့်ကိစ္စဖြစ်ပေ

မယ့် ဒီနေရာမှာပဲအနားသတ်ခဲ့ပါတယ်။



၇၊၄။ အငြိမ်းစားဗိုလ်မှူးချုပ် David L.Grange ၇ဲ.ဖွင့်ဆိုချက် ဆက်ပါမယ်။ ဘက်မညီမှုဆိုတာသည် အဂ္ဂမဟာ

ဗျူဟာအဆင့်မှာပဲဖြစ်ဖြစ်၊ မဟာဗျူဟာအဆင့်မှာပဲဖြစ်ဖြစ်၊ စစ်နည်းဗျူဟာအဆင့်မှာပဲဖြစ်ဖြစ် ကောင်းစွာအသုံး

ပြုအပ်တဲ့ နည်းနာနိဿယ method ဖြစ်ပါသတဲ့။ရှိရင်းစွဲနှုန်းစံအခြေအနေမှသွေဖီသွားတဲ့ စစ်ဆင်မှု indirect

Approach လို.ဆီုခဲ့ပါတယ်။



၇၊၅။ ဘက်မညီစစ်ဆင်ရေးဆင်နွဲဖို.အတွက်သိရှိနားလည်သဘောပေါက်ရမယ့်အပိုင်းရှိသလို၊ စစ်ဆင်ရေးဆင်နွဲ

၇မယ့် အဆင့်levelတွေရှိပါတယ်။ဒါအပြင် ဘက်မညီစစ်ဆင်ရေး ပုံစံ Forms တွေလည်းရှိပြန်သလို စစ်ဆင်ရေး

ရဲ.အသွင်အပြင် Dimensions of Asymmetry တွေလည်းရှိပါတယ်။သိအပ်၊နားလည်အပ်တဲ့အပြင် ကောင်းစွာ

လေ့လာဆည်းပူးသင့်တဲ့အပိုင်းတွေဖြစ်တယ်လို.မှတ်ယူထားစေချင်ပါတယ်။



ရိုသေစွာဖြင့်

ကိုဇန်

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN