 | အစိုးရသစ်လက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည် ဒုတိယအကြိမ် တွေ့ဆုံမည် by 7Day News Journal on Thursday, August 11, 2011 at by Kyaw Aye on Friday, August 12, 2011 at 12:10am Your note has been created.
အစိုးရသစ်လက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည် ဒုတိယအကြိမ် တွေ့ဆုံမည်
by 7Day News Journal on Thursday, August 11, 2011 at 11:42pm
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် စိန်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက် တွေ့ဆုံဆွေးနွေးမှုအပြီး ၁၈ ရက်အကြာတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကလည်း ၉ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ သို့သော် ထိုတွေ့ဆုံဆွေးနွေးမှုများမှာ အလုပ်မဖြစ်ခဲ့ပေ။
ဦးသိန်းစိန်အစိုးရလက်ထက်ပထမဆုံးတွေ့ဆုံမှုအပြီး ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်။
သြဂုတ်လ ၁၁ ရက်၊ ည ၉ နာရီ ၁၀ မိနစ် |
0 comments:
Post a Comment