"လောကကြီးကောင်းစေချင်သလား"
မည်သို့ ဖြစ်စေ...
လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်းများလှ၏။ "မည်သို့ ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။"
လူတွေသည်၊ ကောင်းသော အမှု သင်မည်မျှပြုသော်လည်း၊ မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။ "မည်သို့ ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။"
သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌ မိတ်ဆွေအတုရောင်များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်။ "မည်သို့ ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုပ်ပါ။"
ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်။ "မည်သို့ ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။"
သင် ယနေ့ ပြုသည့် ကောင်းသောအမှုကို မနက်ဖြန်သူတို့  မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည် "မည်သို့ ဖြစ်စေ။ ကောင်းသောအမှုကို ပြုမြဲပြုပါ။"
အကြီးကျယ်ဆုံး စိတ်ကူးညဏ်ရှိသည့် အမြင့်မားဆုံးပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးမွှားဆုံးပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း ကဲ့ရဲ့အပုတ်ချခြင်း ခံချင်ခံရနိုင်သည်။ "မည်သို့ ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။"
လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတက်သည်ဆိုသော်လည်း (လက်တွေ့ ၌) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့ သာ လိုက်ပါတက်ကြသည်။ "မည်သို့ ပင်ဖြစ်စေ၊ အချို့ သော နိမ့်ပါးသူ အောက်လူတို့ အတွက် ရပ်တည်ပေး တိုက်ပွဲဝင်ပေးပါ။"
နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည် နေ့ ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။ "မည်သို့ ဖြစ်စေ၊ တည်ဆောက်စရာရှိတာ ဆက်၍သာ တည်ဆောက်ပါ။"
ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျှက်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ် တုံ့ ပြန်ကောင်း တုံ့ ပြန်လိမ့်မည်။ "မြည်သို့ ဖြစ်စေ၊ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။"
ဖေမြင့်... ဘာသာပြန်သည် |
0 comments:
Post a Comment