Search This Blog

Now Loading......

[Big Brothers & Sisters] ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်သတင်းထုတ်ပြန်ချက်

ယော ကျာ်း posted in Big Brothers & Sisters.
ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်သတင်းထုတ်ပြန်ချက်  ( အားလုံးအတွက် ပျော်စရာ သတင်းလေးပါဗျာ၊ ရရချင်း တင်ပေးလိုက်ပါတယ်။ )  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၁း၀၀ နာရီမှ ၁း၅၀ နာရီအထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်ကို လာရောက် တွေ့ဆုံခဲ့ပါသည်။  ယနေ့တွေ့ဆုံမှုတွင် နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘော တူညီခဲ့ကြပါသည်-  (၁)    ပြည်သူလူထု တစ်ရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက်သွားမည်။  (၂)    မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက် ထွန်းကားစေရေး အတွက် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။  (၃)    ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal basis) အတွက် ဦးတည်ချက် ထား၍ ဆောင်ရွက်သွားမည်။  (၄)    တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်။  ရက်စွဲ။ ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၂) ရက်  နေရာ။ စိမ်းလဲ့ကန်သာရိပ်သာ
ယော ကျာ်း 10:16pm Aug 12
ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်သတင်းထုတ်ပြန်ချက်

( အားလုံးအတွက် ပျော်စရာ သတင်းလေးပါဗျာ၊ ရရချင်း တင်ပေးလိုက်ပါတယ်။ )

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက် မွန်းလွဲ ၁း၀၀ နာရီမှ ၁း၅၀ နာရီအထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်ကို လာရောက် တွေ့ဆုံခဲ့ပါသည်။

ယနေ့တွေ့ဆုံမှုတွင် နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘော တူညီခဲ့ကြပါသည်-

(၁)


ပြည်သူလူထု တစ်ရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက်သွားမည်။

(၂)


မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက် ထွန်းကားစေရေး အတွက် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။

(၃)


ပဋိပက္ခ အသွင် ဆောင်သော အမြင် သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal basis) အတွက် ဦးတည်ချက် ထား၍ ဆောင်ရွက်သွားမည်။

(၄)


တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်။

ရက်စွဲ။ ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၂) ရက်

နေရာ။ စိမ်းလဲ့ကန်သာရိပ်သာ

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN