Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဒီမိုကရေစီလိုလားသူများခင်ဗျား

created the doc: "ဒီမိုကရေစီလိုလားသူများခင်ဗျား"
Rozoner King created the doc: "ဒီမိုကရေစီလိုလားသူများခင်ဗျား"

ဒီမိုကရေစီလိုလားသူများခင်ဗျား

[By Lu Bo ]

 

- မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကာလဟာ အနှစ်(၂၀)ကျော်ပါပြီ၊၊

ဘာတွေတိုးတက်ပြောင်းလဲခဲ့ပြီလဲ၊

မျှော်လင့်ချက်တွေ ဘယ်လောက်အထိပြည့်ဝခဲ့ပြီလဲ၊၊

ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့အစည်းကြောင့်လို့ လက်ညှိုးထိုးနေတာထက်၊ ဘာကြောင့်မအောင်မြင်သေးတာလဲ၊ ဘာတွေလိုအပ်နေလို့လဲ၊ ဘာတွေများအခုအခံအားနည်းချက်တွေ ဖြစ်နေလို့လဲဆိုတာတွေကို ဆန်းစစ်ကြဖို့အထူးလိုအပ်နေပါပြီ။

- ဒီလိုဆန်းစစ်သုံးသပ်ခြင်းအလုပ်က

ို ဘယ်သူတွေလုပ်ကြမလဲ။ ဘယ်သူတွေမှာ တာဝန်ရှိကြလဲဆိုတဲ့

မေးခွန်းတွေကိုတွေးမိတိုင်း ကိုယ့်ကိုယ်ကို အပြစ်မကင်းသူအဖြင့်မြင်မိပါတယ်။

စတွေးမိသူ စလုပ်ဖို့လိုအပ်

မယ်လို့လည်း ယူဆမိပါတယ်။

- ဒါကြောင့်ပဲအခုလို မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း ဖြစ်မြောက်နိုင်ရေးကို ကြိုးစားမိတာပါ။ မိမိတို့ရဲ့အတ္တကျဉ်းကျဉ်းအကျိုးစီးပွားထက် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးရ

ဲ့ အကျိုးစီး ပွားအတွက်ဆိုတာကို ယုံကြည်တယ်ဆိုပါရင် ဒီလုပ်ငန်းဖြစ်မြောက်ရေးကို တတ်နိုင်တဲ့ဖက်မှ ၀ိုင်းဝန်းကူညီ စေချင်ပါတယ်။

- ဒီစစ်တမ်းအကောင်အထည်ဖေါ်ခြင်းမှ

(၁) သဘောထားအမြင်များကို အပြန်အလှန်ဖတ်ရှုနိုင်ခွင့်မှ လေ့လာမှုပုံစံတစ်ခုကိုဖန်တီးလြို

ခင်း၊

(၂) သဘောထားအမြင်များကိုစုစည်း၍ စာအုပ်၊ စာတမ်းတစ်ခုအဖြစ် မှတ်တမ်းတင်လိုခြင်းနှင့်

(၃) ထိုမှတ်တမ်းကောက်နှုတ်ချက်များမှ သက်ဆိုင်ရာတို့၏ ဒီမိုကရေစီရေးဆိုင်ရာမူဝါဒများနှင့် လုပ်ငန်းစဉ်

များ ပြင်ဆင်၊ ဖြည့်စွက်မှုများတွင် ထောက်ကူမှုများရရှိနိုင်ခြင်း စသည်တို့ကိုမျော်လင့်ထားပါတယ်။

- ကျေးဇူးပြု၍ မေးခွန်းများကိုဖြေဆိုရာတွင်

    - အလေးအနက်ထား၍ အချိန်ပေးဖြေပေးစေချင်ပါတယ်။

    - ဖြေဆိုပြီးပါက ဖေါ်ပြပါအီးမေးလိပ်စာသို့ ပို့ပေးစေချင်ပါတယ်။

    - မေးခွန်းလွှာများကိုနီးစပ်ရာသို့

လက်ဆင့်ကမ်း၊ သတင်းပေး၊ ဝေငှခြင်းဖြင့်ကူညီနိုင်ပါတယ်။

    - လိုအပ်မယ်ထင်ပါက မေးခွန်းများထပ်မံဖြည့်စွက်ခြင်း၊ ဖြေဆိုခြင်းနှင့်အကြံပြုခြင်းများပုလုပ်နိုင်ပါတယ်။

 

                သစ္စာဖြင့်

          စစ်တမ်းဖြစ်မြောက်ရေးအဖွဲ့

 

 

 

 

မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း မေးခွန်းများ

 

၁။ ဒီမိုကရေစီ၏ သဘောသဘာဝများသည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အခြေအနေများနှင့် ကိုက်ညီမှု ရှိပါရဲ့လား။

(က) မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ( ဘာသာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး) ဒီမိုကရေစီနှင့် ထိပ်တိုက်ဆန့် ကျင်မှုဖြစ်စေမယ့် အချက်တွေကဘာတွေလဲ၊ ဘာကြောင့်လဲ။

 

 

(ခ) မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီနှင့် သဟဇာတဖြစ်စေနိုင်မယ့်အချက်တွေက ဘာတွေလဲ၊ ဘာကြောင့်လဲ။

 

 

 

(ဂ)) မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီကို အဟန့်အတားပြုနိုင်တဲ့အချက်တွေက ဘာတွေလဲ၊ ဘယ်လိုဖြတ်ကျော်မလဲ။

 

 

(ဃ) ) မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီကို အထောက်အပံ့ပြုစေနိုင်တဲ့အချက်တေ

ွက ဘာတွေလဲ၊ ဘာကြောင့်လဲ။

 

 

 

၂။ ဒီမိုကရေစီအပေါ် တဦးချင်း၏ သက်ဝင်ယုံကြည်မှုများသည် အစစ်အမှန်ဖြစ်ပါရဲ့လား။

(က) ဘယ်အကြောင်းအရာအပေါ်မှာအခြေခံပြီ

း ဒီမိုကရေစီကို ယုံကြည်သက်ဝင်ခဲ့ပါသလဲ။

 

 

 

(ခ) လက်တွေ့ခံစားမှုများအရ ယုံကြည်သက်ဝင်ခဲ့ပါသလား။ ဘယ်လိုဖြစ်ပေါ်ခဲ့ပါသလဲ။

 

 

 

(ဂ) စာတွေ့နှင့် အခြားသူများ၏ ကူညီပံ့ပိုးမှုများအရ ယုံကြည်သက်ဝင်ခဲ့ပါသလား။ ဘယ်လိုပုံစံမျိုးလဲ။

 

 

 

(ဃ) မြန့်မာ့လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါသလား။ ဘာကြောင့်လဲ။

 

 

 

(င) နောက်မျိုးဆက် ၃ ဆက်လောက်မှသာ ဒီမိုကရေစီဖြစ်ထွန်းနိုင်မည်ဆို

လျှင် လက်ရှိအခြေနေကို ဘယ်လိုတည်ဆောက်ချင်လဲ။

 

 

 

(စ) ဒီမိုကရေစီသက်ဝင်ယုံကြည်မှုပံျ့န

ှံ့ရေးကို ဘယ်လောက်ဆောင်ရွက်၊ တာဝန်ကျေခဲ့ပြီးပြီလဲ။

 

 

 

၃။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စတင်ဝင်ရောက်လာချိန်နှင့် သနြွေတည်လာပုံတို့ကို ဘယ်လိုသတ်မှတ်မလဲ။

(က) စတင်အသိအမှတ်ပြု၊ ခေါ်ဝေါ်ကျင့်သုံးခဲ့သည့်အချိန်ကာ

လ၊ နေရာနှင့်အခြေအနေများ၊ 

 

 

 

(ခ) ပိုမိုက်ယ္ပံ့်လာသည့္အခိ်န္ကာလ၊

နေရာနှင့်အခြေအနေများ၊

 

 

 

(ဂ) ဒီမိုကရေစီလှုပ်ရှားမှု(သို့) တောင်းဆိုမှုများ အားကောင်းလာချိန်၊ နေရာနှင့် အခြေအနေများ။

 

 

 

(ဃ) ကိုလိုနီကာလမတိုင်မီတွင် စတင်ပံျ့နှံ့နေပြီဟူသော အယူအဆကို လက်ခံပါသလား၊ ဘာကြောင့်လဲ။

 

 

 

၎။ ဒီမိုကရေစီသဘောသဘာဝကို ဘယ်လောက်အထိ နားလည်သဘောပေါက်ကြပြီလဲ။

(က) ဒီမိုကရေစီကို ဘယ်လိုနားလည်သလဲ။ ဘယ်နိုင်ငံက ဒီမိုကရေစီပုံစံကို နှစ်သက်လဲ။ ဘာကြောင့်လဲ။

 

 

 

(ခ) ဒီမိုကရစီကို ကျင့်သုံးခြင်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေဖြစ်ပေါ် စေနိုင်မလဲ။ ဘာကြောင့်လဲ။

 

 

 

(ဂ) ဘယ်လိုဒီမိုကရေစီအမျိုးအစားဟာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ပိုမိုကိုက်ညီမလဲ၊ ဘာကြောင့်လဲ။

 

 

 

(ဃ) ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာရေးတွက် ဘယ်အချက်တွေဟာ မရှိအဖြစ်လိုအပ်လဲ၊ ဘာကြောင့်လဲ။

 

 

 

၅။ ဒီမိုကရေစီသဘောသဘာဝတွေကို လက်တွေ့မှာ ဘယ်လောက်အထိ ကျင့်သုံးနိုင်ကြပြီလဲ။

(က) မိမိပတ်ဝင်ကျင်တွင် ဒီမိုကရေစီသဘောသဘာဝတွေကို ကျင့်သုံးနိုင်မှုရှိမရှိ၊ ဘာကြောင့်လဲ။

 

 

 

(ခ) ဒီမိုကရေစီကျင့်သုံးမှုများတွင် လက်တွေ့ရင်ဆိုင်ရသော အခက်အခဲအတားအဆီးတွေက ဘာတွေလဲ။

 

 

 

(ဂ)ဒီမိုကရေစီကျင့်သုံးမှုများတွင် အပြုသဘောနှင့်အပျက်သဘောပါဝင်မှု အပိုင်းများတွင် ဘယ်အပိုင်းက ပိုမိုပါဝင်နေပါသလဲ။ ဘယ်လိုဖြေရှင်းဆောင်ရွက်မှုများန

ှင့် နိဂုံးချုပ်စေခဲ့ရပါသလဲ။

 

 

 

(ဃ) ဒီမိုကရေစီကျင့်သုံးမှုများ၏ ရလဒ်များနှင့် နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ။

 

 

 

(င) ဒီမိုကရေစီကျင့်သုံးမှု ကျယ်ပံျ့အားကောင်းလာစေရေးကို ဘယ်လောက်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြီလဲ။ ဘာတွေလုပ်ဖို့လိုအပ်နေသေးလဲ။

 

 

 

၆။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပညာပေးမှုများသည် ပြည့်စုံလုံလောက်မှု ရှိပါရဲ့လား။

(က) လက်ရှိအစိုးရနှင့် အတိုက်အခံအဖွဲ့အစည်းများ၊္ဒွဥျ များ၏ ပညာပေးမှုများသည် ပြည့်စုံမှုရှိပါပြီလား။ ဘာကြောင့်လဲ။

 

 

 

(ခ) ပညာရေး၊ ဘာသာရေးနှင့် လူမှုရေးလက်တွေဘ၀များတွင် ဒီမိုကရေစီသဘေသဘာဝများကို လေ့လာ နိုင်ခွင့်ရှိပါသလား။ ဘယ်လိုအနေအထားမျိုးတွေလဲ။

 

 

 

(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပမီဒီယာများ၏ ဒီမိုကရေစီရေးပညာပေးမှုများသည် ထိရောက်ပါ သလား။ ဘယ်လိုအနေအထားမျိုးတွေလဲ။

 

 

 

 

(ဃ) ပြည်တွင်စာနယ်ဇင်းများတွင် ဒီမိုကရေစီသဘောသဘာဝများကို လေ့လာခွင့်ရရှိနိုင်ပါသလား။ ဘာ ကြောင့်လဲ။

 

 

 

၇။ မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းခိုင်မာစေရေး အလားအလာကောင်းများကို တွေ့မြင်နေရပါပြီလား။

(က) ဒီမိုကရေစီရေးပညာပေးမှုများကို ဘယ်လိုအဖွဲ့အစည်းများက တာဝန်ယူနေကြပါသလဲ။ ဘယ်လောက်အထိလဲ။

 

 

 

(ခ) ဘယ်လိုအဖွဲ့အစည်းတွေက တာဝန်ယူခြင်းက ပိုမိုအားကောင်းစေနိုင်ပါသလဲ။ ဘာကြောင့်လဲ။

 

 

 

(ဂ) လက်ရှိပညာပေးအဖွဲ့အစည်းများ၏ အားနည်းချက်တွေက ဘာတွေလဲ။ ဘယ်လိုအကြံပြုချင်လဲ။

 

 

 

 

(ဃ) ဘယ်လိုဖေါ်ဆောင်မှုများသည် ဒီမိုကရေစီယဉ်ကျေးမှုကို ထိရောက်အားကောင်းစေနိုင်ပါသလဲ။

 

 

 

 

(င) ဒီမိုကရေစီယဉ်ကျေးမှုကို ဟန့်တားနှောက်ယှက်စေခဲ့တဲ့ သင်ခန်းစာယူစရာ၊ ရှောင်ကြဉ်စရာအဖြစ်အ ပျက်တွေက ဘာတွေဖြစ်မည်ဟု ထင်ပါသလဲ။

 

 

 

 

(စ) မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းခိုင်မာစေရေး လုပ်ငန်းစဉ်တွင် မိမိကိုယ်တိုင်ပါဝင်နေသည်ဟု ယူဆပါသလား။ ကျေနပ်မှုရှိပါသလား၊ ဘာကြောင့်လဲ။

 

 

 

မိတ်ဆွေများခင်ဗျာ 

ကျနော် ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း လေးတခုလုပ်ချင်ပါတယ်။

သက်ဆိုင်ရာ ၀က်ဆိုဒ်များမှာ ကူညီတင်ပေးစေချင်ပါတယ်။ ပြန်ပို့လာမယ့် ပြန်စာများကိုလက်ခံရယူထားပြီး မိမိထံသို့ပြန်ပို့စေချင်ပါတယ်။

စာအုပ်တအုပ်အဖြစ်ထုတ်ဝေနိုင်ရေး

ကိုမျှော်လင့်ထားပါတယ်။

ဝိုင်းဝန်းကူညီကြစေချင်ပါတယ်။ အခြားဝက်ဆိုဒ်များသို့လည်း သင့်တော်သလို ထပ်ဆင်ပို့ပေးခြင်းဖြင့်ကူညီနို

င်ပါတယ်။

မိမိအနေနဲ့ အစစခက်ခဲနေပါသဖြင့်တတ်နိုင်သမျှ

ကူညီပေးကြပါ။

ဖြစ်မြောက်လိုသူ

 

လူဗိုလ်

ကျောင်းသားတပ်မတော် (ရဲဘော်ဟောင်း)

ခေတ္တ နို့ဖိုးဒုက္ခသည်စခန်း


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN