[By ရတနာမြေ အရှင်]
ဘုရားအလောင်းသူတော်ကောင်းတို့ဘ၀ပေါင်းများစွာဖြည့်ကျင့်ဆည်းပူးအပ်သော
ပါရမီ၁၀ပါးတို့တွင်န၀မမြောက်ပါရမီမှာမေတ္တာပါရမီဖြစ်သည်..အလောင်းတော်သုမေဓာ
ရသေ့သည်ဒီပင်္ကရာမြတ်စွာဘုရားထံမှဧကန်မုချသင်ဘုရားဖြစ်လိမ့်မည်ဟူသော
နိယတဗျာဒိတ်စကားကိုကြားနာရသောအခါလွန်စွာဝမ်းမြောက်ပြီးမေတ္တာပါရမီကို
ဖြည့်ကျင့်ရန်ဆုံးဖြတ်ခဲ့သည်.လောကတွင်ရေမည်သည်လူကောင်းလူဆိုးနှစ်မျိုးလုံးကို
အညီအမျှအအေးဓာတ်ဖြင့်ပျံ့နှံ့စေဧ။်.အညစ်အကြေးချေးညှော်တို့ကိုကင်းစင်စေသည်.
ထိုအတူသင်သည်လည်းမိမိအားလိုလားသူမလိုလားသူနှစ်မျိုးလုံးတို့အပေါ်တွင်အညီအမျှ….
မေတ္တာတရားကိုပွားများပါလော့....မေတ္တာပါရမီအထွဋ်အထိပ်သို့ရောက်လျှင်သင်သည်
သမ္မာသမ္ဗောဓိဥာဏ်ကိုမလွဲဧကန်ရရှိပေလိမ့်မည်.မိမိကိုယ်မိမိအားပေးတိုက်တွန်းခဲ့လေသည်...
မေတ္တာဟူသောပါဠိဝေါဟာရကိုသာမန်အားဖြင့်ချစ်ခြင်းဟုမြန်မာဘာသာပြန်ဆိုကြပါသည်.
သိုသော်ထိုချစ်ခြင်းမှာမိန်းမယောင်္ကျားနှစ်ဦးသားတို့ဧ။်တဏှာရာဂအချစ်မိျုးမဟုတ်မိမိနှင့်တွေ့ထိ
ဆက်ဆံရသူအားလုံးတို့အပေါ်တွင်သူစိမ်းသူကျက်မရွေးအမျက်ဒေါသအာဃာတကင်းစွာဖြင့်
အညီအမျှအေးမြကြည်လင်ဖြူစင်သောစိတ်ထားရှိခြင်းမျိုးသာဖြစ်သည်.
သတ္တ၀ါအပေါင်းတို့တွင်အသိဥာဏ်အဆင့်အမြင့်ဆုံးဖြစ်သည်ဆိုသောလူသားများသည်
မိမိတို့လူသားအချင်းချင်းအပေါ်တွင်အညီအမျှမေတ္တာစိတ်မထားနိုင်ကြချေ.
အများအားဖြင့်မုန်းလျှင်အပြစ်ချစ်လျှင်အကျိုးဆိုသကဲ့သို့်ဖေါက်လွှဲဖေါက်ပြန်မမှန်သော
စိတ်ထားမျိုးသာရှိနေတတ်ကြပေသည်မိမိတို့အောက်လွန်စွာအသိဥာဏ်နိမ့်ကျသော
တိရိစ္ဆာန်သတ္တ၀ါများကိုလဲမေတ္တာဓာတ်ခေါင်းပါးစွာဖြင့်ညှင်းဆဲနှိပ်စက်သတ်ဖြတ်နေကြလေသည်...
ဘုရားအလောင်းတော်ကားဖြစ်လေရာဘ၀တိုင်းတွင်လူသားအချင်းချင်းအပေါ်တွင်ဖြစ်စေ..
တိရိစ္ဆာန်သတ္တ၀ါပေါ်တွင်ဖြစ်စေမေတ္တာစိတ်ကိုအပြည့်အ၀ထားရှိခဲ့သည်.မေတ္တာတရားကိုပွားများ
ခြင်းဖြင့်ချမ်းသာအိပ်နိုးမက်ဆိုးမမြင်ချစ်ခင်လူနတ်အစရှိသောမေတ္တာအကျိုး.၁၁မျိုးကို
ရရှိနိုင်ကြောင်းအဆိုရှိပါသည်...အလောင်းတော်သုဝဏ္ဏသာမလုင်ကလေးသည်
ခြင်္သေ့သစ်ကျားပေါများထူထပ်သောတောကြီးမြိုင်လယ်အသွယ်သွယ်တွင်ဘေးအန္တရာယ်
ကင်းရှင်းစွာဖြင့်တစ်ကိုယ်တည်းသွားလာနေနိုင်ခဲ့သည်မှာမေတ္တာစိတ်ပြည့်ဝမှုကြောင့်ပင်ဖြစ်သည်...
အထွဋ်အထိပ်ဖြစ်သောသမ္မာသမ္ဗောဓိဥာဏ်ရရှိရေးတွင်…
မေတ္တာပါရမီသည်မပါလျှင်မဖြစ်သောလက်နှက်ကောင်းတခုဖြစ်သင့်သကဲ့သို့လောကရေးရာ
အဖြာဖြာတွင်လည်းမေတ္တာတရားကိုလက်ကိုင်ထားခြင်းဖြင့်သာလျှင်...အောင်မြင်မှုကိုရရှိနိုင်မည်
ဖြစ်ပေသည်ဟုယုံကြည်မှုနဲ့အတူလောကအလယ်လူမှုနယ်မှာကျင်လယ်ရာဝယ်
ပညာရှိမိတ်ဆွေစစ်များနှင့်သာပေါင်သင်းဆက်ဆံမှုပြုကျလျှက်မိမိသူတပါးအစဉ်ထာဝရ
ချမ်းသာရေးကို....ဆောင်နိုင်ပါစေလို့ဆုတောင်းဆန္ဒပြုရင်းဖြင့်....
ရတနာမြေအရှင်...
ဂေါတမဘုရားရှင်ဗုဒ္ဓ၀င်အကျဉ်း.....
ဂေါတမ ဘုရားအလောင်းတော်သည်ဒီကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော်
လေးသင်္ချေနှင့်ကမ္ဘာတစ်သန်းထက်၌သုမေဓာရသေ့ ဖြစ်ခဲလေသည်...
သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်း၌ ကိုယ်တော်
တစ်ဦးတည်းနိဗ္စ့ာန်ချမ်းသာကိုရယူနိုင်သော်လည်းသြဃလေးဖြာသံသရာ၌
နစ်မွန်းမျောပါကုန်သောဝေနေယျသတ္တ၀ါအပေါင်းတို့ ကိုသနားကြင်နာတော်
မူသဖြင့်ယူတော်မမူခဲ့ပေ......
သုမေဓာရှင်ရသေ့ဘ၀မှဝေဿန္တာမင်းဘ၀တိုင်အောင်မရေမတွက်နိုင်သော
ဘ၀များစွာတို့၌----
(က)ရွှေ ၊ငွေ ၊ ဆင် ၊မြင်း၊ အစရှိသည်တို့ ကိုလှူဒါန်းခြင်- ဒါနပါရမီ...
(ခ)ခြေ ၊လက် ၊ နား ၊နှာ ၊နှာခေါင်း အစရှိသည်တို့ကို လှူဒါန်းခြင်း ဒါနဥပပါရမီ...
(ဂ)ကိုယ့် အသက်ကိုလှူဒါန်း- ခင်း ဒါနပရမတ္ထပါရမီ...
အရှိသောပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည်....
ထိုအပြင်အလွန်စွန့် နိုင်ခဲသောပဒေသရာဇ်၊ ဧကာရာဇ်၊စကြာမင်း၏ စည်းစိမ်းဥစ္စာ
ရတနာကိုစွန်ခြင်း ဓနပရိစ္စာဂ၊သားသမီးကိုစွန်းခြင်းပုတ္တပရိစ္စာဂ၊မယားကို စွန့် ခြင်း
ဘရိယပရိစ္စာဂ၊ခြေ ၊လက် ၊နား နှာ ၊နှာခေါင်းအစရှိသည့်အင်္ဂါ ကြီးငယ်ကို စွန့် ခြင်း
အင်္ဂပရီစ္စာဂ၊ကိုယ့်အသက်ကိုစွန့်ခြင်းဇီဝိတပရိစ္စာဂ၊ဟုဆိုအပ်သောစွန့် ခြင်းကြီးငါးပါး
ကိုဖြည့်ကျင့်စွန့် တော်မူခဲ့ သည်....
ထိုသို့ဘ၀များးစွာသံသရာကာလပတ်လုံးပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ ပြီး
ဘုရားအလောင်းတော်သည်တုသိတာနတ်ပြည်၌သေတကေတုမည်သောနတ်သား
ဖြစ်ခဲ့လေသည်...
နတ်သားဖြစ်စဉ်စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာအပေါင်းတိုကဘုရားဖြစ်ချိန်
တန်ပါပြီလူပြည်သို့ဆင်းသက်၍ ဘုရားဖြစ်တော်မူပါဟုဘုရားအလောင်းတော်အား
တောင်းပန်လေသည်တောင်းပန်ကျသည်ဖြစ်၍ဘုရားအလောင်းတော်သေတကေတု
နတ်သားသည်....
(က)ကာလဘုရားဖြစ်ရာအချိန်ကာလ၊
(ခ)ဒီပဘုရားဖြစ်ရာကျွန်းအရပ်၊
(ဂ)ဒေသဘုရားဖြစ်ရာအရပ်ဒေသ၊
(ဃ)ကုလဘုရားဖြစ်ရာအမျိုးအနွယ်၊
(င)မာတုအာယုပရိစ္ဆေဒဘုရားအလောင်းတော်မယ်တော်ဖြစ်မည့်သူ၏သတ်တမ်း
အပိုင်းခြားခြင်းဟူသောကြည်ခြင်းကြီးငါးပါးကိုကြည့်ရှု့တော်မူလေသည်....
ထိုသို့ ကြည်ရှုတော်မူပြီးနတ်အဖြစ်မှစုတေကာမဟာသက္ကရာဇ် ၆၇-ခုဝါဆိုလပြည့် 
ကြာသပတေးနေ့၌ကပိလ၀တ္ထုပြည်ရှင်ဘုရင်သုဒ္စေါ့ဒနမင်ကြီးတောင်ညာဒေ၀ီမိဖုရားကြီး
မယ်တော်မာယာဝမ်း၌ပတိသန္စေ့ တည်နေတော်မူလေသည်....
ဘုရားအလောင်းတော်သည်မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်သောကြာနေ့ဝယ်
ဒေ၀ဒဟပြည်နှင့်ကပိလ၀တ္ထုပြည်၏အကြားရှိလုမ္ဗနီသာမောအင်းကြင်းတော၌
မီးရှူးသန့်စင်ဖွားမြင်တော်မူလေသည်...
ဘုရားအလောင်းတော်သည် ၁၆နှစ်အရွယ်ရောက်သောအခါယသော်ဓရာမင်းသမီးနှင့်
ထိမ်းမြားလက်ထပ်၍မင်းစည်းစိမ်ကိုခံစားလေသည်..၂၉နှစ်အရွယ်ရောက်သောအခါ
သူအို သူနာ သူသေ ရဟန်းဟူသောနိမိတ်ကြီးလေးပါးကိုမြင်တော်မူသဖြင့်တောထွက်၍်
ရဟန်းပြုလေသည်....
ဘုရားအလောင်းတော်သည်အလွန်ပြုနိုင်ခဲသောဒုက္ကရစရိယာအကျင့်ကိုရဟန်းအဖြစ်နှင့်
ခြောက်နှစ်တို့ကာလပတ်လုံးကျင့်တော်မူခဲ့ လေသည်..ထိုနောက်ဘုရားအလောင်းတော်သည် သုဇာတာမည်သောသူဌေးသမီးလှူဒါန်းသောနို့ဃနာဆွမ်းကိုအဇပါလညောင်ပင်း၌
အလှူခံဘုဉ်းပေးပြီးမဟာဗောဓိပင်သို့ ကြွတော်မူလေသည်...
သုဒ္စိ့ယငစင်ခေါ်မြတ်ထမ်းသမားသည်မဟာဗောဓိပင်သို့ ကြွလာသောဘုရားအလောင်း
တော်အား မြတ်ရှစ်ဆုတ်ကို လှူဒါန်းလေသည်။ဘုရားလောင်းတော်သည်သုဒ္စိ့ယငစင်လှူဒါန်းသော
မြတ်ရှစ်ဆုတ်ကိုကြဲဖြန်လိုက်သောအခါထိုခဏ၀ယ်မြတ်ရှစ်ဆုတ်သည်မဟာဗောဓိပင်ရင်း၌
အပရာဇိတပလ္လင်ဖြစ်လာလေသည်...
ဘုရားလောင်းတော်သည်ထိုပလ္လင်ထက်၌ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ်ဘုရားမဖြစ်သမျှ
သည်နေရာမှငါမထတော့ပြီဟုအဓိဌာန်ပြုကျင့်တော်မူစဉ်...(စတုရင်္ဂ၀ီရိယ)
နေမ၀င်မှီင်္ဒေ၀ပုတ္တမာန်မာနတ်ရန်ကိုအောင်တော်မူ၍ညဉ့် ဦးယာမ်၌ရှေးကနေခဲဖူးသော
ဖြစ်ခဲဖူးသောခန္စ့ာအစဉ်ကိုအောင်းမေ့တက်သိတက်သောပုဗ္စေ့နိဝါသာနုဿတဥာဏ်ကို
ရတော်မူလေသည်သန်းခေါင်ယာမ်၌နတ်တို့၏မျက်စိနှင်တူသောစုတေခါနီးသောသတ္တ၀ါ
စသည်တို့ကိုမြင်တက်သောဒိဗ္စ့စက္ခညဏ်ကိုရရှိတော်မူလေသည်...
မိုးသောက်ယာမ်၌အာသဝေါတရားလေးပါးတို့ကုန်ခြင်းကိုပြုတက်သောအာသ၀က္ခယညဏ်
ကိုရရှိတော်မူလေသည်အသက်၃၅နှစ်အရွယ်မဟာသက္ကရာဇ် ၁၀၃ ခုနှစ်ကဆုန်လပြည့်
ဗုဒ္စ့ဟူးနေ့  မိုးသောက်ယာမ်အချိန်ဝယ်လောကသုံးပါးတွင်အတူမရှိသောသဗ္စ့ညူတ
ဘုရားအဖြစ်သို့ရောက်တော်မူလေသည်...
သုံးလူသခင်ဘုရားရှင်သည်၄၅ ၀ါကာလပတ်လုံးဝေနေယျသတ္တ၀ါတို့ အားဓမ္မစကြာစသည့်
သုတ်ဝိနည်းအဘိဓမ္မာဒေသနာတရားတို့ကိုဟောပြတော်မူကာလူနတ်ဗြဟ္မာသတ္တ၀ါတို့ ၏
အကျိုးစီးပွားကိုဆောင်ရွက်တော်မူခဲ့လေသည်......
(၄၅)၀ါကာလပတ်လုံးသတ္တ၀ါတို့၏အကျိုးစီးပွားကိုမနားမနေဆောင်ရွက်တော်မူခဲ့သော
သဗ္စ့ညူတဘုရားရှင်သည်သက်တော် (၈၀)အရွယ် ရောက်သောအခါမဟာသက္ကရာဇ်၁၄၈ခု၊နှစ်
ကဆုန်လပြည့်အင်္ဂါနေ့ဝယ်ကုသိနာရုံ ပြည်မလ္လာမင်းတို့၏ဥယျာဉ်၌ပရိနိဗ္စ့ာန်စံဝင်တော်မူလေသည်..
မေတ္တာအာသီသ(ရတနာမြေအရှင်)
အရပ်လေးမျက်နှာအရပ်ရှစ်မျက်နှာအရပ်ဆယ်မျက်နှာ၌ထွက်သက်ဝင်သက်ရုပ်နာမ်နှစ်ပါး၏
ဖြစ်ခြင်းပျက်ခြင်းဒုက္ခအိုဘေးနာဘေးသေဘေးဒုက္ခစားဝတ်နေရေးဒုက္ခခံစား၍နေကြရကုန်သော
အလုံးစုံသောသတ္တ၀ါမှန်သမျှအနန္တတို့သည်ကိုယ်၏ကျမ္မာခြင်းစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြသဖြင့်
လောကုတ်လောကီကောင်းမြတ်သောအကြံအစည်ဟူသမျှတို့သည်ပန္နရသီလပြည့်ဝန်းကဲ့သို့ကြံတိုင်ပင်အောင်
ဆောင်တိုင်းလျှင်မြောက်ကောင်းကျိုးသုခရကြပါစေကောင်းကျိုးသုခရောက်ကြပါစေ
ဘေးမခရန်မသန်းရေတွေ့ကြာပန်းသော်တာစန်းကဲ့သို့စိတ်နှလုံးအေးချမ်း၍မဂ်ဥာဏ်ဖိုလ်ဥာဏ်
နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းအလုပ်ကိုနေ့ညမယုတ်အားထုတ်နိုင်ကြပါစေသောဝ်..
မေတ္တာဗြဟ္မစိုရ်တရားဖြင့်ထုံမွှမ်းသောနှလုံးသားသည်မသူတော်တို့ရဲ့
ခက်မာသောနှလုံးသားကိုပျော့ပျောင်းနူးညံ့စေနိုင်စွမ်းရှိသည်။
တွေ့လာသမျှသတ္တ၀ါများကိုမြတ်နိုးဖွယ်ရာအဖြစ်ရှု့မြင်တတ်မှ
မေတ္တာပါရမီဖြစ်နိုင်သည်.....
ဗုဒ္ဓဘုရား ကြီးမားဂုဏ်အင်
အနန္တဟု ဂုဏ်ပုဒ်မည်တွင်
ဝိသေသထူး ဂုဏ်ထူးပန်ဆင်
အာရုံမြူး ကြည်နူးသဒ္ဓါဝင်...
ဓမ္မတရား ကြီးမားဂုဏ်အင်
အနန္တဟု ဂုဏ်ပုဒ်မည်တွင်
ဝိသေသထူး ဂုဏ်ထူးပန်ဆင်
အာရုံမြူး ကြည်နူးသဒ္ဓါဝင်...
သံဃာတော်များ ကြီးမားဂုဏ်အင်
်အနန္တဟု ဂုဏ်ပုဒ်မည်တွင်
ဝိသေသထူး ဂုဏ်ထူးပန်ဆင်
အာရုံမြူး ကြည်နူးသဒ္ဓါဝင်...
မိဘနှစ်ပါး ကြီးမားဂုဏ်အင်
အနန္တဟု ဂုဏ်ပုဒ်မည်တွင်
ဝိသေသထူး ဂုဏ်ထူးပန်ဆင်
အာရုံမြူး ကြည်နူးသဒ္ဓါဝင်...
ဆရာသမား ကြီးမားဂုဏ်အင်
အနန္တဟု ဂုဏ်ပုဒ်မည်တွင်
ဝိသေသထူး ဂုဏ်ထူးပန်ဆင်
အာရုံမြူး ကြည်နူးသဒ္ဓါဝင်...
ဒါနမပါ ဖြစ်လေရာ ဥစ္စာမွဲတတ်ဧ။်
ဒါနပါမှ ဖြစ်ရာဘ၀ ကြွယ်ဝချမ်းသာမည်...
သီလမပါ ဖြစ်လေရာ ရောဂါများတတ်ဧ။်
သီလပါမှ ဖြစ်ရာဘ၀ ရောဂါကင်းရှင်းမည်...
ဘာဝနာမပါ သံသရာ ရှည်ကြာနေရဧ။်
ဘာဝနာပါမှ အေးဌာန ရောက်ရပါလိမ့်မည်...
တွေ့ကြုံလာသမျှသတ္တ၀ါများကိုမြတ်နိုးဇွယ်ရာအဖြစ်ရှု့မြင်တတ်မှ
မေတ္တာပါရမီဖြစ်နိုင်သည်......ရတနာမြေအရှင်................
0 comments:
Post a Comment