Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: စိတ်(ခွဲ)ချမ်းသာ

created the doc: "စိတ်(ခွဲ)ချမ်းသာ"
Rozoner King created the doc: "စိတ်(ခွဲ)ချမ်းသာ"

[By Myo ZeyaOo]

 

စိတ်ချမ်းသာတဲ့ အလုပ်ကို လုပ်တာနဲ့၊ လုပ်လိုက်တာကို စိတ်ချမ်းသာတာက မတူဘူးဗျ။ စိတ်ချမ်းသာတဲ့ အလုပ်ဆိုတာ ခင်ဗျားကြိုက်တဲ့ အလုပ်ဗျာ၊ ခင်ဗျား စိတ်ဝင်တစားနဲ့ လုပ်ချင်တဲ့ အလုပ်။ လုပ်လိုက်တာကို စိတ်ချမ်းသာနေတာ ကတမျိုး။ အဲဒီ အလုပ်မျိုးကို ခင်ဗျား ကြိုက်ချင်လည်းကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ ဒါပေမဲ့ လုပ်လိုက်တယ်၊ ပြီးမှ ဒီလိုလုပ်လိုက်မိတာ ကောင်းပါတယ်လေ၊ ပျော်ပါတယ်လေပေါ့။ မြန်မာကားထဲမှာဆို ဆိုက်ကားသမားကို ပြစ်၊ မိဘပေးစားတဲ့ သူဌေးကို ယူ၊ နှစ်ပေါင်းများစွာကြာမှ ကိုယ့်ရီးစားဟောင်း အရက်သမားကို မြင်ပြီး၊ ငါသူ့ကို မယူမိတာ ကံကောင်းပါလားလို့ စိတ်ထဲကျေနပ်သွားတာမျိုး။ ဒါမှလည်း ဘဝက နည်းနည်း ပိုပြီးနေပျော်မှာကိုး။ စိတ်ချမ်းသာတဲ့ အလုပ်ကို လုပ်တယ်ဆိုတာက ကိုယ်ကြိုက်တဲ့ အလုပ်ကို လုပ်တာခြင်း အတူတူတောင် လုပ်ချင်လွန်းလို့ လုပ်လိုက်တာနဲ့၊ ကြုံလို့ မလွှဲသာလို့ လုပ်လိုက်ရတောင် မတူဘူး။ ထားပါတော့ ခင်ဗျားက အရက်နည်းနည်းပါးပါး ကြိုက်တတ်တယ် ဆိုပါတော့။ တခါ တခါ သူငယ်ချင်းအိမ် ကိစ္စ တခုတခုနဲ့ ရောက်သွားရင်း သူကလည်း ကိုယ်လာလို့၊ ကိုယ်ကလည်း သူ့ဆီရောက်လို့နဲ့ ဘီယာတစ်ဘူး၊ နှစ်ဘူးနဲ့ သောက်ရင်းကနေ အပျော်လွန်သွားတာမျိုး ပေါ့ဗျာ။ အမှန်တော့ ကိုယ်ကအိမ်ပြန်ရောက်ရင် လုပ်စရာတွေကရှိသေး၊ မနက်လည်း စောစောထရဦးမယ်။ ပြီးမှ ပေါက်တဲ့ နှဖူး မထူးဘူးဆိုပြီး ပျော်လိုက်တာမျိုး။ အဲဒါမျိုးက စိတ်ချမ်းသာတဲ့ အလုပ်ကို လုပ်တာမဟုတ်ဘူး။ တခါ တခါ ကိုယ်က ဘာမှလည်း လုပ်စရာမရှိ၊ မနက်လည်းထစရာမလိုတဲ့ နေ့မျိုးမှာ သူငယ်ချင်းတွေစု၊ ညနေလောက်ထဲက အေးအေးဆေးဆေး ပြင်ဆင်ပြီး သောက်တာမျိုးကမှ စိတ်ချမ်းသာတဲ့ အလုပ်ကို လုပ်တာဗျ။

 

မောင်ရင်ငဇေ


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN