Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: "ဘယ်လိုစဉ်းစားကြမှာလဲ"

created the doc: ""ဘယ်လိုစဉ်းစားကြမှာလဲ""
Rozoner King created the doc: ""ဘယ်လိုစဉ်းစားကြမှာလဲ""

[By Lu Bo]

 

Min Thant Syn created the doc:

 

ကမ္ဘာပြားပြီဆိုတဲ့ စကားက ၂၁ ရာစုမှာ အတော်ခေတ်စားတဲ့စကားပါ။ ဒီနံမည်နဲ့ သောမတ် ဖရီးမင်းရေးတဲ့ စာအုပ်ကို ဆရာကျော်ဝင်းက ဘာသာပြန်ခဲ့တာ အမျိုးသားစာပေဆုရသွားတယ်လို့ ဖတ်လိုက်ရတယ်။ အခုပြောချင်တာက ကမ္ဘာပြားတဲ့အကြောင်း မဟုတ်ပါဘူး။ ကမ္ဘာပြားပြီဆိုတာကို ကျွန်တော်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ အရင်တုံးကလို ပထ၀ီ အနေအထားတွေ၊ သဘောတရားတွေနဲ့ တိတိကျကျ ပိုင်းခြားလို့ မရတော့ဘူး။ အားလုံးက ဆက်စပ်ပြောင်းလဲ နေပြီလို့ နားလည်မိပါတယ်။ ဥပမာဆိုပါတော့ဗျာ။ အရင်က လက်ဝဲ၊ လက်ယာဆိုတာ အုပ်စုခွဲလို့ ရသေးတယ်။ အခုတော့ လက်ဝဲ၀ါဒီတွေကလဲ အရင်းရှင်စီးပွားရေးစနစ်ကို သူတို့နဲ့ ကိုက်ညီအောင်ယူသုံး။ လက်ဝဲအတွေးအခေါ်ဖြစ်တဲ့ လူမှုဖူလုံရေးတို့ ဆင်းရဲချမ်းသာကွာဟမှုတို့ ဆိုတာတွေကို အရင်းရှင်နိုင်ငံတွေက ယူသုံးတာ ကိုတွေ့ရတယ်။ အဲဒီတော့ အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ် ပုံစံခွက်ထဲမှာ တရားသေရပ်နေလို့ မရတော့ဘူး။ အပြောင်းအလဲကို နားလည်ရမယ်။ ရှင်သန်ဖို့အတွက် ပြောင်းလဲရမယ်လို့ မြင်မိတယ်။ ဒါပေမယ့် ပြားနေတဲ့ ကမ္ဘာထဲမှာ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ထဲမှာ အဲဒီလိုအပြောင်းအလဲတွေကို မလိုက်ချင်တဲ့ အင်အားစုတွေ လဲရှိသေးတယ်။ အခု ဆောင်းပါးမှ အတွေးဖလှယ်ချင်တာက ဒီလိုအပြောင်းအလဲကို လက်မခံနိုင်အောင် ဘယ်လိုအရာတွေက လုပ်နေသလဲဆိုတာပါပဲ။

 

ရိုးရိုးစင်းစင်းရှုမြင်ခြင်း

 Linear Thinking ကို ပြောတာပါ။ အတွေ့အကြုံကို အခြေခံပြီး စဉ်းစားတဲ့နည်းလမ်းပါ။ ဟိုတုံးက ဒီလိုဖြစ်တယ်။ အခုလဲဒီလိုဖြစ်လိမ့်မယ်။ တစ်ပြီးရင် နှစ်လာလိမ့်မယ် ဆိုတဲ့ စဉ်းစားနည်းပါ။ ဒီစဉ်းစားနည်းနဲ့ အသားကျနေသူများဟာ အခုအချိန်လို အမြဲရွေ့လျားပြောင်းလဲနေတဲ့ Fluid Situation မှာ အပြောင်းအလဲကို လက်ခံဖို့ ခက်ပါတယ်။ အခြေအနေမှန်ကို နားလည်ဖို့ ခက်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်နဲ့ နည်းပညာတော်လှန်ရေးခေတ်မှာ ဖြစ်ရပ်တွေက Non Linear ဖြစ်နေတယ်။ Aged of Discontinuity ခေတ်ရောက်နေပြီမှာ ဒီပုံစံနဲ့ တွေးခေါ်သုံးသပ်မှုက အလုပ်မဖြစ်တော့ပါဘူး။

 

အဖြူနှင့်အမည်း၊ ရန်ငါရှုမြင်ခြင်း

တစ်ချိန်ကတော့ နိုင်ငံရေးအယူဝါဒအရ လက်ဝဲ၊ လက်ယာ၊ ဒီမိုကရေစီ၊ အာဏာရှင်၊ ရန်သူ၊ မိမိ စသည်ဖြင့် တိတိကျကျ ခွဲခြားနိုင်ခဲ့တယ်။ ကွန်မြူနစ်တွေရဲ့ လူတန်းစားလက္ခဏာသတ်မှတ်ချက် ဆိုတာမျိုးပေါ့။ တစ်ချိန်က ဆင်းရဲကို အခြေခံ၊ ချမ်းသာကို ကြားထား၊ မြေရှင်ကို တိုက်ဆိုတာမျိုး ဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေးအရ ပြိုင်ဖက်ဖြစ်နေပေမယ့် စီးပွားရေးအရ ယှက်နွယ် ဆက်ဆံနေရတဲ့ ခေတ်။ ဈေးကွက်စီးပွားရေးစနစ်ဆိုလဲ ပုံစံအမျိုးမျိုး၊ အဆင့်အမျိုးမျိုးနဲ့ ကျင့်သုံးနေတဲ့အချိန်၊ နိုင်ငံရေး စနစ်မှာလဲ ဒီမိုကရေစီကိုပဲ အသွင်အမျိုးမျိုးနဲ့ ကိုယ်နဲ့သင့်ရာသင့်ရာ ကျင့်သုံးနေချိန်၊ အဆင့်ဆင့် ပြောင်းလဲကျင့်သုံးနေချိန်မှာ နိုင်ငံရေးအရ၊ ၀ါဒအရ၊ စီးပွားရေးစနစ်အရ အုပ်စုခွဲဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါဘူး။

ဒါပေမယ့်မယ့် ပြဿနာအားလုံးကို အဖြူနဲ့ အမည်း၊ လူဆိုးနဲ့လူကောင်း ဆိုပြီးမြင်နေတဲ့ သူတွေရှိနေတုံးပါပဲ။ ဒီလိုလူတွေက အဖြူနဲ့ အမည်းကြားမှာ အဖြူများတဲ့ မီးခိုးရောင်၊ အမည်းများတဲ့ မီးခိုးရောင် စသည်ဖြင့် ရှိနေတယ်ဆိုတာ လက်မခံနိုင်ကြပါဘူး။ ဘုရှ် ပြောခဲ့တဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်ပွဲမှာ ကျုပ်တို့နဲ့ လက်တွဲရင်လက်တွဲ၊ မတွဲရင် ကျုပ်တို့ကို ဆန့်ကျင်တဲ့သူပဲဆိုတဲ့ စကားက ဒီသဘောတရားကို ပြောလိုက်တာပါပဲ။

 

အတိတ်မှာပဲပျော်မွေ့နေခြင်း

Nostalgia ကိုဆိုလိုတာပါ။ အတိတ်က ရွှေထီးဆောင်းခဲ့တာပဲသတိရနေ၊ အတိတ်မှာပဲနေပြီး ပစ္စုပန်ကိုလဲမသိ၊ အနာဂတ်ကိုလည်း မတွေးနိုင်ဖြစ်နေတာပါ။ ဒီလူတွေက အပြောင်းအလဲ၊ အသစ်အဆန်းဆိုရင် အာရုံမကျပါဘူး၊ အပြစ်မြင် တတ်ပါတယ်။ ဟိုတုံးကဆိုတဲ့ အတွေးနဲ့ပဲ အရာရာကို ချဉ်းကပ်ပါတယ်။ ဒီလိုစိတ်နဲ့ ရိုးရိုးစင်းစင်းတွေးခေါ်မှု ပေါင်းလိုက်ရင်တော့ ဘယ်လိုမှ ပြောင်းလဲဖို့ မဖြစ်နိုင်ပါ ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ချဉ်းကပ်ပုံက ဟိုတုံးက ဒီလိုဖြစ်ခဲ့ တာပေါ့ကွာ။ ဒီလို လုပ်ခဲ့တာပေါ့။ ဒီတစ်ခါလည်း ဒီလိုပဲဖြစ်မှာပဲ။ ဒါ့ကြောင့် ဟိုတုံးကလိုပဲ လုပ်ကြတာပေါ့ ဆိုပြီး အဆင့်ဆင့် သွားတာမို့ပါ။

 

တံခါးပိတ်ထားခြင်း

အားလုံးသိပြီး၊ တတ်ပြီးပြီလို့ ထင်တဲ့ဆရာကြီးများရဲ့ အမူအကျင့်ပါ။ သူတို့က သူတို့ဟာ အားလုံးကိုပြီး ပြည့်စုံအောင်သိပြီးပြီ၊ တနည်းပြောရရင် ပြည့်ဝဖျော်ရည်ဖြစ်သွားပြီလို့ ထင်နေကြတယ်။ သူတို့ကို ဘာမှထပ်ဖြည့်လို့ မရတော့ဘူး၊ ထပ်ဖြည့်စရာလည်း မလိုဘူးလို့ထင်တယ်။ ဒါ့ကြောင့် တံခါးကိုအသေပိတ်ပြီး အဲဒီထဲကနေပဲ စဉ်းစားတော့တယ်။ ဖြန့်ထွက်တွေးခြင်း ဆိုတာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အပြောင်းအလဲတွေကြားထဲမှာ နောက်ကျန်နေခဲ့ပြီး သူတံခါးဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကမ္ဘာကြီးနဲ့ အဝေးကြီးကျန်ခဲ့ပါပြီ။

အဖွဲ့အစည်းတစ်ခုဟာ လိုအပ်တဲ့ အပြောင်းအလဲတွေကို ဘယ်လောက်မြန်မြန်လုပ်နိုင်လဲ ဆိုတာကတော့ အဲဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်များအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ အချက်တွေရှိနေမယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ နောက်ကျန်နေခဲ့မှာပဲ။ သောမတ်ဖရီးမင်းကတော့ ဒီလိုနောက်ကျန် မနေခဲ့ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ခေါင်းဆောင်တွေအနေနဲ့ရော၊ အဖွဲ့အစည်းအနေနဲ့ပါ ကိုယ့်ကိုကိုယ် အမြဲဝေဖန်ဆန်းစစ်နေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ သူကနောက်ထပ် အရေးကြီးဆုံးအချက်ကို ပြောပါသေးတယ်။ အဲဒီလို ဆန်းစစ်တဲ့အခါမှာ ရိုးသားမှုရှိဖို့ လိုပါတယ်တဲ့။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ပါဝင်ပတ်သက်နေသူတွေ အဲဒီလိုများ ပြန်ဆန်းစစ်ကြည့်ပြီးကြပြီလားလို့ ကျွန်တော်တွေးမိပါတယ်။ ဘယ်သူတွေက နိုင်ငံရေးပြဿနာတွေကို ဘယ်လိုစဉ်းစားပုံနဲ့များ ချဉ်းကပ်နေသလဲဆိုတာလဲ သိချင်မိပါတယ်။

 

ပိထောက်မြေ

WebRepOverall rating


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN