Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဆက်သွယ်ရေး

created the doc: "ဆက်သွယ်ရေး"
Rozoner King created the doc: "ဆက်သွယ်ရေး"

[By Sein Win]

များသောအားဖြင့်နိုင်ငံတော်အစိုးရများဟာ နိုင်ငံသားတွေ ဆက်သွယ်မူလွယ်ကူမြန်ဆန်အောင်

လိုအပ်တဲ့အခြေခံအဆောက်အဦးတွေတည်ဆောက်ပေးလေ့ရှိပါတယ်၊ဆက်သွယ်ရေးဆိုတဲ့နေ

ရာမှာ လမ်းပန်းဆက်သွယ်ရေးကိုရော တယ်လီဆက်သွယ်ရေးများ ရောအပါအဝင်ပါ .......

ဒိနေရာမှာ တယ်လီဆက်သွယ်ရေးအကြာင်းကိုနဲနဲပြောပြချင်ပါတယ် ၊ ဒီအထဲမှာ အိမ်သုံးဖုံးတွေ

လက်ကိုင်ဖုံများ အပါအဝင် အင်တာနက်ဆက်သွယ်ရေးပါ ပါပါတယ်..ဒီလိုဆက်သွယ်ရေးတွေ

ကောင်းနေမှ...တိုးတက်တဲ့နိုင်ငံတွေမှာ လူဘယ်နှစ်ရောက်မှာ အိမ်သုံးဖုံးဘယ်နှစ်လုံး လက်ကိုင်

ဖုံးကဘယ်နှစ်လုံးစသည်ဖြင့် ပြောကျပါတယ်၊ဖွံ့ဖြိုးမူကို တိုင်းတာတဲ့ပေတံတချောင်းလဲဖြစ်ပါတယ်

အကြမ်းအားဖြင့် သုံးတဲ့လူများလာတာဟာ ဖွံ့ဖြိုးလာတယ်လို့ပြောနိုင်ပါလိမ့်မယ် ၊ အဲဒီတော့.

နိုင်ငံတိုင်းဟာ သူ့အထွာနဲ့သူ နိုင်ငံသားများအတွက်လုပ်ပေးတတ်ကျပါတယ်၊သေးတာကြီးတာပဲ

ကွာတာပါ..

အဲ.လုပ်ပြီးမကောင်းလို့ကတော့.ဒုက္ခနဲ့လှလှနဲ့တွေ့တော့တာပါပဲဗျာ..နေုာက်တခုကနိုင်ငံစီးပွားရေး

နဲ့လဲနွယ်နေတာပါပဲ.ဘယ်လိုနွယ်လို့လဲဆိုတော့..

ဥပမာ ၁ .တရုပ်နိုင်ငံမှာ I Phone တလုံးကြော်ငြာမှာ ဘယ်လိုတည်ဆောက်ထားတယ်.ဘယ် O/Sဖြင့်သုံးထားတယ်.ဘယ်လို App;ication တွေသုံးနိုင်တယ်.အင်တာနက်မြန်နူံးဘယ်လောက်ထိရ

တယ်..စသည်ဖြင့် ပါ

အဲဒီ I phone ကိုပဲ ကျွန်တော်တို့ဆီရောက်ပြီဆိုရင် တော့ အရင်ဦးဆုံးတွေရမှာက လိုင်းဆွဲအားဘယ်

လောက်ကောင်းတယ်..ကျွန်တော့အထင် ဖုံးတိုင်းဟာ ကျွန်တော်တို့နိုင်ငံရောက်ပြီဆိုတာနဲ့ လိုင်းဆွဲ

အားက စက်ရုံကထုပ်တာထက်ပိုကောင်းသွားသလိုပါပဲ..ဟဲဟဲ.ဒါနဲ့ပဲ တချို့လဲ လိုင်းဆွဲအားကောင်း

နိုးကောင်းနိုးနဲ့ ဖုံးတွေကိုလဲလာလိုက်ကျတာ..ဟဲ တချို့က ကြွားချင်တာလေးလဲပါပေမပေါ့........

နောက်ဆုံတော့ မင်းနောက်ဖုံးတလုံးဝယ်ရဲဝယ်ကြည့်ဆိုပြီး အကြိမ်းအမောင်းခံကြရတော့တာပါပဲ.

နိုင်ငံရဲ့ဝင်ငွေတွေလဲ ဒီလိုနဲ့ပဲဆုံးရှုံးရတာပါပဲ...နောက်ဘယ်မှာမှ မသုံးတော့တဲ့ CDMA 450mhz

800MHZ နဲ့ အဲဒီ 800MHZ မှာကိုပဲ ကမ်းရိုးတမ်း နဲ့ ဘာနဲ့ဆိုပြီးမတူပြန်ဘူး..တခါ ၈၀၀ က နေရာ

တိုင်းမရှိတော့ ခရီးသွားတဲ့လူများဟာ ၈၀၀ ဟဲန်းဆက် အပြင် ၄၅၀ ဟဲန်းဆက်ပါ အပိုဝယ်ပြီးထားနေ

ရတာ..တခါ GSM ကနေရာတိုင်းမှာ မရှိတော့ အလုပ်များတဲ့သူများ GSM ရော CDMA ပါမလိုပဲ ဝယ်

ကိုင်နေရတော့တာပါပဲ..နောက်ပိုင်း အင်တာနက်ဆက်သွယ်လို့ရပါတယ်ဆိုလာပြန်တော့ အင်တာနက်

သုံးလို့ရတဲ့ဖုံတွေပြောင်းကျ ...ပြီးတော့ ထုံးစံအတိုင်းအင်တာနက်က နေ အင်တာကြာတို့ အင်တာပြက်

တို့ဖြစ်လာတော့..ပြီးတော့အင်တာနက်အသုံးပြုခကလဲ ကြောက်ခမန်းလိလိဈျေးများပါတယ်........

ကျယ်ဂေါင်မှာ တလ တရုပ်ငွေ ၁၂၅.၀၀ဆိုရင် ၄၀၀MBလောက်ဖရီးဒေါင်းလုပ်ရပါတယ်..သုံးလို့ကတော့

ဘာပြောကောင်းသလဲမမေးနဲ့..အိမ်မှာ windows update များ မရတော့ရင်..မှေးနေပြီး ကျယ်ဂေါင်ရောက်

တော့ကြိုက်သလောက်လုပ်..တရုပ်ငွေ ၁၂၅.၀၀ ဆိုတာ ဒီနေ့ ငွေ ၂၀၀၀၀.၀၀ ကျပ်တောင်မပြည့်တော့

ပါဘူး..အဲဒါနေ့.ည ကြိုက်သလောက်သုံးပါ.ဒီမှာတော့ ဘယ်သူမှအင်တာနက်ကို ၂၄ နာရီ ဖုံးနဲ့မသုံးရဲ

လောက်ပါဘူး..ဟဲ ပါတ်သက်နေသူများကလွဲလို့ပါ..

သူချင်းတယောက်နဲ့စကားပြောဖြစ်ကျတော့ .သူကဒီလိုပြောပါတယ်( နဲနဲပေါက်ရောက်ပါတယ် ) ငါကွာ

ဒီ CDMA ၄၅၀ တို့ ၈၀၀ ဆိုပြီး ဒါတွေလုပ်တာမကြိုက်ပါဘူးတဲ့.တရုပ်ပြည်ရဲ့နိုင်ငံတော်အဆင့်အကူအညီ

ဒေါ်လာ သန်း၂၀၀ သဘောတူပြီးတဲ့နောက်လုပ်ပေးလာတာပါ..ဒါကို GSM ကွန်ရက်ကိုပဲ အဆင့်မြင့်လိုက်

ဘို့ကောင်းတာကို ဒီCDMAတွေကိုလာထိုးထဲ့သွားပါတယ်တဲ့..စိတ်မကောင်းစရာပါပဲ..ဒီနေဲဘယ်နေရာမှာ

မှမသုံးတော့တဲ့ ဟဲန်းဆက်တွေကို ကျွန်တော်တို့ဝယ်သုံးနေရပါတယ်.မလိုအပ်ပဲသုံးနေရတာပါပဲ.ပြည်သူ

ငွေတွေရောနောက်နိုင်ငံတော်ရဲ့ငွေတွေပါဆုံးရုံးရတော့တာပါပဲ..ခဏနေ GSM ရောင်းချင်ရင် CDMA လိုင်း

တွေချထားလိုက်.CDMA ရောင်းချင်ရင် GSM လိုင်းတွေချထားလိုက်.နဲ့ ..ဟဲ ကျွန်တော်တို့လဲ GSM လေး

ပြောင်းလိုက် .ကောင်းနိုးနဲ့ CDMA လေးပြောင်းလိုက်နဲ့ လုံးချာလိုက်နေတော့တာပါပဲ.....

ဒီနေရာမှာ ဆိုင်မဆိုင်တော့မသိပါဘူး.စင်ကာပူက သူငယ်ချင်းတရောက်နဲ့စကားပြောဖြစ်တော့သူကပြော

ပါတယ်..အစိုးရဆိုတာ တဲ့ ပြည်သူလူထုကိုနည်း၂မျိုးနဲ့အုပ်ချုပ်ပါတယ်တဲ့.တနည်းတတော့ လိုတာတွေ

ပေးပါတယ်.တမျိုးကတော့လိုတာတွေမပေးပါဘူးတဲ့..လိုတာတွေအားလုံးနီးပါး၇တဲ့နေရာမှာကို့ရဲ့အချိန်တွေ

ပြန်ပေးရပါတယ်တဲ့.ဟဲ.ဘဝအတွက်ဘယ်လောက်ရုံးကန်ရသလဲဆို .ဟဲ သူ့မိန်းမနဲ့ဆုံလဘို့ကိုကချိန်းရပါတယ်

တဲ့.လိုတာတွေမရတဲ့နေရာမှာတော့ .အင်မတန်မှလွပ်လပ်တဲ့ဘဝတွေရှိပါတယ်တဲ့..ဘယ်လောက်လွပ်လပ်

တလဲဆိုတချို့ဆိုတနေကုန်ထိုင်ပြီးအရေမရအဖတ်မရအင်တာနက်မှာလိုက်ချတ်ကြတာတနေကုန်ပါပဲတဲ့.

ဟဲ..သူက တခုခုလိုချင်ရင်တခုခုပြန်ပးရပါတယ်တဲ့.လောကကြီးမှာဘာမှအလကားမရပါဘူးတဲ့...ဘုရားသခင်

ချီးမြှင့်တဲ့အရာတွေကလွဲလို့ပါ..ဥပမာ ရှုရမဲ့လေကိုဝယ်ရမယ်ဆိုရင်..

ဆိုတော့ဒါတွေဟာ အပေါ်ယံအမြင်အရတော့ အေးမင်းတို့ငွေကုန်တာဘဲလို့ပြောရင်ရတာပါပဲ..ဒါပေမဲ့ကျွန်တော်

တို့ဒါတွေနဲ့လုံးနေတော့ပြှိုင်ဆိုင်နိုင်မူစွမ်းအားမှာကျတော့ဆုံးရှုံးတော့မှာပါပဲ.ဒါဆိုရင်နိုင်ငံတော်အတွက်ဆုံးရှုံးမူ

လို့ပြောရရင်မမှားပါဘူးဗျာ..

အဲဒီတော့မလုပ်နိုင်ဘူးဆိုရင်တော့ဖြင့်တမျိုးပါပဲ.လုပ်နိုင်ရင်တော့အားလုံးအတွက်အကောင်းဆုံးဖြစ်ပါစေဗျာ..

စဉ်းစါးမီတာတွေပါဗျာ...

Unlike ·  · Share


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN