Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဧရာဝတီအတွက် ဆန္ဒပြကြမည်။

created the doc: "ဧရာဝတီအတွက် ဆန္ဒပြကြမည်။"
Aung Min created the doc: "ဧရာဝတီအတွက် ဆန္ဒပြကြမည်။"

မြန်မာပြည်တွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလု

ပ်ငန်းများလုပ်ကိုင်နေကြသူများ ဧရာဝတီဆုံ ရေကာတာ တည်ဆောက်နေခြင်းကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသွားမည်ဟု သတင်းရရှိသည်။ မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရ ပူးပေါင်းအကောင်အထည်ဖော်မည့် မေခနှင့် မလိခဖြစ်ဆုံဒေသတစ် ၀ိုက် ရေကာတာ ၇ ခုတည်ဆောက်ပြီး ရေအားလျှပ်စစ် စီမံကိန်းများအကောင်အထည်ဖော်မည့် စီမံကိန်းသည် ဧရာဝတီမြစ်ကို ပျက်ဆီးစေပြီး မြစ်ရိုးတစ်လျှောက်မှီခိုစားသော က်နေကြသူများ၏ အသက်မွေးဝမ်းကျောင်းလုပ် ငန်းများ ပျက်စီးဆုံးရှုံးမည်ဖြစ်ပြီး မြစ်ရိုးတစ်လျှောက်တည်ရှိနေသော သဘာဝအလှအပများနှင့် သဘာဝသယံ ဇာတများအားလုံးပျက်စီးဆုံးရှုံးနိုင်မည်ဖြစ်သဖြင့် မြန်မာပြည်တွင်းမှ နာမည်ကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးသမားများစုပေါင်းဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် Save Ayeyarwaddy အဖွဲ့သားတစ် ဦးက ပြောသည်။ ပါဝင်ဆန္ဒပြမည့်သူများတွင် ဦးအုန်း(FREDA)၊ ဦးမောင်မောင်သန်း(MERN)၊ ဦးခင်မောင်ရင်(ပျိုးပင်)၊ ဦးဝင်းမျိုးသူ၊ ဦးတင်မောင်သန်း(ECO Dev.)၊ ဦးဘော်ဘီ (NAG)၊ ကာတွန်းဆရာ အော်ပီကျယ်၊ ဦးသန်းမြင့် ( WCS)၊ ဒေါက်တာထွန်းလွင်၊ မင်းထင်ကိုကိုကြီး၊ တော်ဝင်နှင်းဆီဦးစိုးညွှန့်၊ ဦးမောင်မြင့် (REAM)၊ စာရေးဆရာမ ဂျူး၊ မြင့်ဇော်၊ ဒီဇိုင်းမြင့်မောင်ကျော်၊ စိုးဝင်းငြိမ်း၊ အယ်ဒီတာ မင်းထက်မောင် (Save Ayeyarwaddy)၊ ရဲတိုက်၊ ဒေါ်ဒေ၀ီသန့်စင်၊ ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးမောင်မောင်သိန်းဖေ(RCA)၊ ဒေါက်တာမျိုးသန့်တင် (EKTA)၊ ဆုတင် (SVS) တို့ဦးဆောင်ပါဝင်မည်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများသည် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့နှင့် လွှတ် တော်ရုံးရှေ့တို့တွင် ဧရာဝတီမြစ်ပေါ်ရေကာတာဆောက်လုပ်ခြင်းကို ရပ်တန့်ရန် တောင်းဆိုဆန္ဒပြသွားမည်ဖြစ် သည်။ ဆန္ဒပြမည့်ရက်ကို တိတိကျကျသတ်မှတ်ထားခြင်းမရှိသေးသော်လည်း တစ်ပတ်အတွင်း စတင်အ ကောင် အထည်ဖော်သွားမည်ဟု သိရသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီအတွက် ပန်ကြားချက်အမည် ဖြင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး အန္တရာယ်ဖြင့် ရင်ဆိုင်နေရသဖြင့် ပူးပေါင်းဖြေ ရှင်းရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဧရာဝတီမြစ်ရေကာတာ တည်ဆောက်ရေး ရပ်တန့်ရန် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေ ကြသူများထဲတွင် သတင်းစာဆရာ လူထုစိန်ဝင်း၊ ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၊ Eleven Media Group စသည့် ထင်ရှားသူများ၊ အဖွဲ့များ ပါဝင်နေသော်လည်း ယနေ့အချိန်အထိ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးသမားများက ထင်ထင်ရှားရှားကန့်ကွက်ပြောဆိုသံမကြားရသေးပေ။ ဧရာဝတီမြစ်ကမ်းဘေးတွင်နေထိုင်သည့် မန္တလေးသားတစ်ဦးက "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေဆန္ဒပြမယ်ဆိုတာ ကျွန်တော်လည်းကြားပါတယ်။ ဒါက ဒီလူတွေလုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ ဒီလူတွေ ဒီလုပ်ငန်းတွေကနေ ဒေါ်လာသန်းချီရပြီးကြီးပွားနေကြတာကိုလည်းအားလုံးသိနေတာပဲ။ ဒီကိစ္စကိုမှမလုပ်ရင် ဒီလူတွေနိုင်ငံတကာက ငွေတွေကို ညာယူနေတာလို့ပဲပြောရမှာပဲ။ ဒီလူတွေ တကယ်ဆန္ဒပြဖြစ်တယ်ဆိုရင် ကျွန်တော်တို့လည်း မန္တလေးကနေလာပြီး ပူးပေါင်းပါဝင်မှာပါ"ဟု ပြောသည်။ ဆန္ဒပြပွဲကိုဦးဆောင်မည့်သူများအားလုံးသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကိုဦးဆောင် လုပ်ကိုင်နေကြရင်း ငွေကြေးချမ်းသာသွားသူများဖြစ်သည်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN