Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ပြည်သူကိုချစ်သော … ပြည်သူကချစ်သော …သူ (နေဘုန်းလတ်)

created the doc: "ပြည်သူကိုချစ်သော … ပြည်သူကချစ်သော …သူ (နေဘုန်းလတ်)"
Rozoner King created the doc: "ပြည်သူကိုချစ်သော … ပြည်သူကချစ်သော …သူ (နေဘုန်းလတ်)"

[By Sophia Sofia Chan]

 

ပြည်သူကိုချစ်သော … ပြည်သူကချစ်သော …သူ (နေဘုန်းလတ်)

 

(ယနေ့တိုင်အာဏာရှင်တို့၏ အကျဉ်းထောင်၌ပြစ်ဒဏ်ကျခံနေရသော ကဗျာဆရာနှင့် ဘလော့ကာ ကိုနေဘုန်းလတ်က ဒေါ်စုအား ထောင်တွင်းမှ အောက်ပါအတိုင်း ဂုဏ်ပြုရေးဖွဲ့ပေးခဲ့သည်။)

 

အဲဒီမျက်ဝန်းရဲ့

နူးညံ့ပြတ်သားသောအကြည့်တွေအောက်မှာ

စိုးရွံ့အားငယ်စိတ်တွေပြေလျော့ကွယ်ပျေက်သွား...

 

အဲဒီနှုတ်ခမ်းက

ဝံ့စားချိုမြိန်သောအပြုံးတွေဖူးအပွင့်မှာ

မျှော်လင့်ချက်အသေတွေပြန်ရှင်သန်လန်းစွင့်လာ…

 

အဲဒီနှလုံးသားက

ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ

အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ...

 

သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား

သူ့နှုတ်ခမ်းက ငါတို့ကိုအပ်တဲ့အလင်းရောင်

သူ့နှလုံးသားက ငါတို့ဖွေရှာနေတဲ့အလှတရား

 

သူဟာ…ပိတ်ထားခံရတဲ့တံခါးအထပ်ထပ်ကို

ရင်နဲ့ရင်းပြီးတိုးဖွင့်တိုးထွက်သူ

 

သူဟာ…ရဲရင့်ခြင်းပြယုဂ်ကို ထုဆစ်ဖန်ဆင်း

စိတ်ဝိညာဉ်တွေကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေသူ

 

သူဟာ…မေတ္တာလက်နက်ကို အပြုံမပျက်ကိုင်စွဲ

အမုန်းတံတားတွေကို ငြိမ်းချမ်းခြင်းနှင့်ပြိုလဲစေသူ

 

သူ…..

အဘိုးအဘွားတို့ရဲ့…..သမီးစု

ဦးဦး ဒေါ်ဒေါ်တို့ရဲ့…….မစု

မောင်တို့မယ်တို့ရဲ့…..အန်တီစု

သားတို့သမိးတို့ရဲ့…..အမေစု

တိုင်းပြည်နဲ့လူမျိုးရဲ့….အောင်ဆန်းစုကြည်

သူဟာ….မိသားစုတိုင်းရဲ့မိသားစုဝင်

အပေးအယူမဲ့ မြတ်နိုးချစ်ခင်ခြင်းတွေနဲ့

အပြန်အလှန်မေတ္တာသက်ဝင်ခဲ့ကြ…

ပြည်သူကိုချစ်သော…ပြည်သူကချစ်သောသူ့ကို

ပြည်သူ့လူထုရဲ့နှလုံးသားတွေထဲကနေ

ဘယ်လိုမှဖယ်ထုတ်လို့မရပေဘူး။ ။

.... .... ....

 

Credit to Bro Phoe Wunna! 

Nay Phone latt


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN