[By Myo ZeyaOo]
အဲ့ဒီ မျက်နှာကိုပဲ အကြိမ်ကြိမ် အခါခါ အငမ်းမရ နမ်းပြ
အဲ့ဒီ အခွက်ကြီးကိုပဲ ခြေထောက်နဲ့ကန် ဖိနပ်နဲ့ ရိုက်ကြ
သူကတော့ ခပ်တည်တည် မျက်မှန်နက်ကြီးတတ်လို့
သူ့ကိုသူ ဘရာသား ဂဒါဖီတဲ့။
မင်းသားတော့ မင်းသား
လွတ်လပ်ရေးမရသေးလို့ တော်လှန်ရေးကားကြီးပဲ ရိုက်တဲ့ ဟိုမင်းသားလို
သူကလည်း တော်လှန်ရင် လှန်၊ တော်မလှန်ရင် ကျုပ်လှန်မယ်ဆိုပြီး
တကမ္ဘာလုံး ကိုလှန်ပြခဲ့ တဲ့ လူကြမ်း မင်းသား။
လော်ကာဘီမှာ ဒေးဗစ်ကော်ပါးဖီးလို လေယာဉ်ကြီး တစ်စီးလုံးကို
ဖျောက်ပြခဲ့တဲ့ အယ်-မဂရာဟီ ဆိုတဲ့ သားသတ်သမားကို အင်္ဂလိပ်လက်ထဲ ထိုးကြွေးပြီး
စကော့တစ်ထောင်ထဲကနေ မျက်လှဲ့ဆန်ဆန် ပြန်ထုပ်သွားပြတဲ့လူ ...
Libyan Got Talent ကိုတော့ သူကိုယ်တိုင်မယူပဲ
မူစတာ အေဗရာဟင်ဆိုတဲ့ အင်္ဂလိပ်စကားပြော လူပျက်ကို ပေးခဲ့တယ်။
ခင်ဗျားရဲ့ မျက်မှန်နက်ကြီး ချွတ်ပြီး တောက်ပ လာမဲ့ လစ်ဗျားအနာဂတ်ကို ကြည့်လိုက်ပါ
ခင်ဗျားရဲ့ တော်လှန်ရေးကား အခု ထရစ်ပိုလီမှာတောင် ရေပန်းမစားတော့ဘူး။
မောင်ရင်ငဇေ
0 comments:
Post a Comment