Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဘူဂေးရီးယားနိုင်ငံကိုပြောင်းလဲစေခဲ့သောနေ့ရက်များ(အောင်မိုးဝင်း)

created the doc: "ဘူဂေးရီးယားနိုင်ငံကိုပြောင်းလဲစေခဲ့သောနေ့ရက်များ(အောင်မိုးဝင်း)"
Rozoner King created the doc: "ဘူဂေးရီးယားနိုင်ငံကိုပြောင်းလဲစေခဲ့သောနေ့ရက်များ(အောင်မိုးဝင်း)"

[By Maung Maung Wann]

 

ဘူဂေးရီးယားနိုင်ငံကိုပြောင်းလဲစေခဲ့သောနေ့ရက်များ

နိုင်ငံတနိုင်ငံရဲ့ကံကြမ္မာ ကို နိုင်ငံရေးသမားတွေ၊ လူမှု့ရေးပြဿနာတွေ၊ စီးပွားရေးအတက်အကျတွေကဖန်ဆင်းလေ့ရှိပါတယ်။

ဒါပေမဲ့ စစ်လက်နက်ကြီးထွားမှုတခုကိုသာအာရုံစိုက်ခဲ့ပြီး သဘာဝဝန်းကျင်ပျက်စီးနေတဲ့အန္တရာယ်တွေကိုတားဆီးဖို့

မေ့လျော့နေခဲ့တာကြောင့် နိုင်ငံခေါင်းဆောင်တွေ ကျဆုံးခဲ့ရတဲ့အဖြစ်အပျက်တွေကိုအရှေ့ဥရောပသမိုင်းဖြစ်ရပ်တွေက

သက်သေခံနေခဲ့ပါတယ်။

 

သောတရှင်များခင်ဗျား

ဘူဂေးရီးယားပြည်သူ့သမ္မတနိုင်ငံ ဟာ စစ်အေးတိုက်ပွဲကာလတုံးက ဆိုဗီယက်ပြည်ထောင်စု၊ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ဝါဆော

သဘောတူညီမှုအဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံတခုဖြစ်ခဲ့ပါတယ်။ ဘူဂေးရီးယားနိုင်ငံရေးခေါင်းဆောင်တွေက ရုရှားတွေဟာ သူတို့နိုင်ငံကို

တာကစ်လူမျိုးတွေရဲ့ဖိနှိပ်မှုထမ်းတံပိုးအောက်ကလွတ်မြောက်အောင်လုပ်ပေးခဲ့သူတွေဖြစ်တယ်လို့ယုံကြည်နေခဲ့ကြတာကြောင့်၊

ဆိုဗီယက်ပြည်ထောင်စုနဲ့အခင်အမင်ပျက်စေမဲ့အရာတွေကိုတခုမှမလုပ်ခဲ့ပါဘူး။

 စတာလင်နဲ့အနီးစပ်ဆုံးရဲဘော်တဦးဖြစ်ခဲ့သူ ဘူဂေးရီးယားကွန်မြူနစ်ခေါင်းဆောင်ဒီမီထရော့လက်ထက် ၁၉၄၆ ခုနှစ်

ကတည်းကစပြီး ဆိုဗီယက်ပုံစံ အတိုင်း စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေးတည်ဆောက်မှုတွေကိုလုပ်ကိုင်လာခဲ့ပါတယ်။

ဒါကြောင့်လည်း  ၁၉၅၆ ကာလအတွင်း ပိုလန်၊ ဟန်ဂေရီမှာ နိုင်ငံရေးပြောင်းလဲမှု တွေလုပ်ဖို့ လူထုအုံကြွမှုတွေပြင်းထန်

လာခဲ့ပေမဲ့ ဘူဂေးရီးယားနိုင်ငံဆီ ကိုမရိုက်ခပ်နိုင်ခဲ့ပါဘူး။ စာပေလွတ်လပ်လပ်ခွင့်ကို ဆန္ဒရှိနေကြတဲ့ ပညာတတ်တွေအပေါ်မှာ

 ကွန်မြူနစ်ပါတီရဲ့တင်းကြပ်တဲ့မူဝါဒတွေနဲ့ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ခေါင်းဆောင် စတာလင်သေဆုံးပြီး

ခေါင်းဆောင်သစ် ခရူးရှက်လက်ထက် ရောက်တဲ့အခါ စာပေလွတ်လပ်မှုတွေကိုစတင်လာတဲ့အခါ၊ဘူဂေးရီးယားနိုင်ငံရေး

  ခေါင်းဆောင်တွေဟာခရူးရှက်ရဲ့မူအတိုင်းလိုက်ပြီး ပြောင်းလဲခဲ့ပါတယ်။ ဘယ်လိုအချိုးအကွေ့တွေကိုပဲကြုံကြုံ

ဆိုဗီယက်လုပ်သမျှပုံတူကူးချနေပေမဲ့ ၁၉၈၀ ကာလတွေ မှာတော့ ဆိုဗီယက်ပြည်ထောင်စု ကိုယ်တိုင်

စီးပွားရေးကြပ်တည်းမှုတွေရင်ဆိုင်လာတဲ့အခါ၊ ဘူဂေးရီးယားခေါင်းဆောင်တွေဟာ ကိုယ့်ပြဿနာကိုကိုယ့်ဘာသာရှင်းဖို့

အခြေအနေတွေကြုံလာခဲ့ရပါတယ်။  အစိုးရရဲ့နိုင်ငံရေးလူမှုရေးအရတင်းကြပ်မှုတွေကြောင့်လူမျိုးစုတွေရဲ့ မကျေနပ်မှု့တွေက

နိုင်ငံကိုရိုက်ခပ်လာပါတယ်။ လူမျိုးစုပြဿနာကို ဘူဂေးရီးယားအစိုးရဟာ မှန်ကန်စွာမကိုင်တွယ်ခဲ့ပဲ၊ နိုင်ငံတွင်းမှာနေထိုင်တဲ့

တာ့ကစ်လူမျိုးတွေအပေါ်အငြိုးတကြီးဖိနှိပ်ခဲ့ပါတယ်။

သူတို့ကိုးကွယ်ရာဘုရားရှစ်ခိုးကျောင်း( ဗလီ)တွေကိုပိုက်ပစ်လိုက်ပြီး တာ့ကစ်လူမျိုးတွေကို ဘူဂေးရီးယားနာမည်တွေ

အမည်ပေးသုံးစွဲရမယ်ဆိုတဲ့ဥပေဒေကိုပြဌာန်းခဲ့ပါတယ်။ မလိုက်နာတဲ့သူတွေကိုဖမ်းဆီးအရေးယူခဲ့တာကြောင့် တာ့ကစ်လူမျိုးစု

 ( ၃) သိန်းဟာ နိုင်ငံတွင်းကထွက်ပြေးသွားခဲ့ပါတယ်။ ဒီလို တာ့ကစ်လူမျိုးတွေရဲ့နိုင်ငံတွင်းကထွက်ပြေးသွားခြင်းဟာ

အလုပ်လုပ်နိုင်တဲ့လူဦးရေခေါင်းပါးမှုကိုကြုံတွေ့စေခဲ့ရပါတယ်။ ဒါကြောင့်လည်းနိုင်ငံတကာက စီးပွားရေးအရင်းအနှီးတွေ

ဆုတ်ခွာသွားခဲ့သလို၊ ကွန်မြူနစ်အစိုးရရဲ့လူမျိုးစုတွေအပေါ်ဖိနှိပ်မှုတွေကိုပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ဘူဂေးရီးယားကွန်မြူနစ်ပါတီဟာ လူမျိုးစုတွေရဲ့မကျေနပ်မှုတွေကို နှိမ်နင်းတားဆီးနိုင်ခဲ့ပေမဲ့ လေလှိုင်းကနေတိုက်ခိုက်

ဝေဖန်လာတော့မဲ့ အသံတွေ၊ သတိပေးမှုတွေကိုတော့ တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။

၁၉၈၆ ဧပြီလ (၂၆) ရက်မှာ ယူကရိန်းနိုင်ငံအတွင်းက"ချာနိုဘိုင်" နျူကလီးယားစက်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

 ဆိုဗီယက်ခေါင်းဆောင်တွေက ဒီအဖြစ်အပျက်ကိုဖုံးအုပ်ထားခဲ့ပေမဲ့ လွတ်လပ်တဲ့ဥရောပအသံနဲ့ အမေရိကအသံ

သတင်းဋ္ဌာနတို့က သတင်းတွေကိုနားထောင်လိုက်ရတဲ့ ဘူဂေးရီးယားနိုင်ငံသားတချို့ဟာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။

သူတို့နိုင်ငံတွင်းမှာလည်း ချာနိုဘိုင် လို လုံခြုံမှုအာမခံချက်မရှိတဲ့ နျူကလီးယားစက်ရုံတခုတည်ရှိနေတယ်လို့

သိရှိနေကြပါတယ်။ ဒါပေမဲ့ ဒီလိုစက်ရုံတွေဟာ သဘာဝဝန်းကျင်တွေကိုဘယ်လိုထိခိုက်တယ်၊

 စိမ့်ယိုမှုအန္တရာယ်တွေကနေကာကွယ်နိုင်အောင်ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရမယ်ဆိုတဲ့အဖြေတွေကို

ဆွေးနွေးငြင်းခုန်နိုင်ဖို့ဆိုတာ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတွေအတွင်းမှာသာပြုလုပ်လို့ရနိုင်တယ်လို့သဘောပေါက်ခဲ့ကြတယ်။

 ဒါကြောင့်သဘာဝဝန်းကျင်လေ့လာရေးကိုစိတ်ဝင်စားတဲ့ဘူဂေးရီးယားနိုင်ငံသားတွေဟာ "ရုစ်"မြို့ကိုသွားရောက်စုဝေးပြီးဆန္ဒပြဖို့

ဆုံးဖြတ်ခဲ့ကြတယ်။ "ရုစ်" မြို့ဟာ ရိုမေးနီးယားနိုင်ငံနဲ့ မြစ်တဘက်မှာရှိတဲ့ မြို့ဖြစ်သလို၊ ဘူဂေးရီးယားနိုင်ငံစက်ရုံတွေဆီက

မြစ်တလျောက်လွင့်လာတဲ့ ကလိုရင်းဓါတ်ငွေ့တွေကို ရှုသွင်းနေရတဲ့မြို့ကလေးဖြစ်တယ်။

ဒီဆန္ဒပြပွဲလေးကစပြီး သဘာဝဝန်းကျင်လေ့လာရေးအဖွဲ့တွေကိုထပ်မံဖွဲ့စည်းလာခဲ့ကြပါတယ်။

၁၉၈၉ အောက်တိုဘာလမှာတော့ ဘူဂေးရီးယားနိုင်ငံမှာ သဘာဝဝန်းကျင်နဲ့ပတ်သက်တဲ့နိုင်ငံတကာညီလာခံကို

 မြို့တော် "ဆိုဖီယာ" မှာကျင်းပခဲ့ပါတယ်။သဘာဝဝန်းကျင်လေ့လာရေးအဖွဲ့တွေဟာ ညီလာခံကျင်းပရာနေရာကို

နေ့စဉ်ရက်ဆက်သွားရောက်ပြီး ဘူဂေးရီးယားနိုင်ငံတွင်းမှာရှိတဲ့ စက်ရုံတွေရဲ့ ပစ်စလက်ခပ်နိုင်မှုတွေအကြောင်း၊

 အစိုးရရဲ့တာဝန်မဲ့လုပ်ရပ်တွေအကြောင်းကိုပြောပြအော်ဟစ်ဆန္ဒပြကြပါတယ်။ လူထုတွေဆီက ဆန္ဒကောက်ခံပြီး

မြစ်တွေပေါ်မှာကျရောက်နေတဲ့ လေထုသန့်စင်ရေးအစီအစဉ်တွေကိုလုပ်ဖို့အစိုးရကိုစာရေးသားခဲ့ကြပါတယ်။

အစိုးရဟာ ဆန္ဒပြပွဲတွေကိုတပတ်လောက်ထိခွင့်ပြုထားခဲ့ပါတယ်။

 ဒါပေမဲ့မကြာခင်မှာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ကို စေလွှတ်ပြီး နိုင်ငံတကာသတင်းထောက်တွေရဲ့မြင်ကွင်းရှေ့မှာ

 အင်အားသုံးရိုက်နှက်ချေမှုန်းခဲ့ပါတယ်။ဆန္ဒပြပွဲကိုဦးဆောင်သူ အယောက် (၄၀) ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။

အတိတ်ကာလတုံးကတော့ ဒီလိုရက်စက်တဲ့ထိန်းချုပ်တားဆီးမှုတွေဟာ ဘူဂေးရီးယားပြည်သူတွေကို

ကြောက်ရွံ့ငြိမ်သက်စေခဲ့ ပေမဲ့၊ သဘာဝဝန်းကျင်လေ့လာသူတွေရဲ့ဘူဂေးရီးယားနိုင်ငံအနာဂတ်အပေါ်စိုးရိမ်မှုတွေ

ကိုတော့ ရပ်တန့်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဘူဂေးရီးယားပြည်သူတွေဟာ မော်စကိုရဲ့အသံလွင့်ချက်တွေကိုဆက်လက်

နားထောင်နေခဲ့ကြပါတယ်။ မော်ကိုခေါင်းဆောင်သစ် ဂေါ်ဗာချော့ဗ် ဟာ ပြောင်းလဲမှုတွေကိုလိုချင်နေတဲ့သူတဦးဖြစ်တယ်၊

ဂျာမဏီပြည်ကဆန္ဒပြပွဲတွေဟာဘာလင်တံတိုင်းကြီးကို ဖြိုချပြီးကွန်မြူနစ်အစိုးရကို အပြောင်းအလဲလုပ်ဖို့ဖိအားပေးနိုင်ခဲ့တယ်ဆိုတဲ့

အချက်တွေကို ဘူဂေးရီးယားနိုင်ငံသားတွေနားလည်သဘောပေါက်နေခဲ့ကြပါတယ်။

 ဒါ့ကြောင့် သဘာဝဝန်းကျင်လေ့လာရေးအဖွဲ့တွေဟာ ဆန္ဒပြပွဲတွေကိုဖြိုခွဲအပြီး နောက်တလကြာတဲ့အခါ၊

သူတို့စုဝေးရာနေရာဆီကိုပြန်လာခဲ့ကြပါတယ်။ ဒီခါစုဝေးရောက်ရှိလာတဲ့အရည်အတွက်ဟာ အနည်းဆုံးအင်အား

ငါးထောင်ကျော်ရှိပြီး၊ ထိရောက်တဲ့နည်းဗျူဟာတွေကိုပိုမိုကိုင်စွဲလိုက်ကြပါတယ်။ "နျူကလီးယားစိမ့်ယိုမှုအန္တရာယ်ဟာ

ပြည်သူတွေကိုသာမက နိုင်ငံခေါင်းဆောင်တွေဆီကိုလည်းကျရောက်လာနေပြီ" ဆိုတဲ့အချက်ကို သဘောပေါက်အောင်

စည်းရုံးလှုံ့ဆော်ကြပါတယ်။ တကယ်တော့ ဘူဂေးရီးယားခေါင်းဆောင်ပိုင်း အတွင်းမှာလည်း တာ့ကစ်ရှ်  လူမျိုးစုတွေကို

မတရားနှိပ်ကွပ်ကတည်းက သဘောထားကွဲခဲ့ကြ ပါတယ်။  တနိုင်ငံလုံးကျရောက်မဲ့အန္တရာယ်ကိုလစ်လျူရှုချင်တဲ့

နိုင်ငံအကြီးအကဲကိုလည်းစတင်ဝေဖန်လာမှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။

သောတရှင်များခင်ဗျား

သဘာဝဝန်းကျင်လေ့လာရေးအဖွဲ့တွေဟာ ဘူဂေးရီးယားကွန်မြူနစ်ပါတီတွေခေါင်းဆောင်တွေကြား က အက်ကွဲကြောင်းကို

အသုံးချနိုင်ခဲ့ပါတယ်။ ဆန္ဒပြပွဲ (၄) ရက်မြောက်နေ့မှာ ဒီမိုကရက်တစ်အင်အားစုများသမဂ္ဂ ကို ဖွဲ့စည်းနိုင်ခဲ့ပြီး

အစိုးရကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဖိအား ပေးခဲ့ကြပါတယ်။ ကွန်မြူနစ်အစိုးရအဖွဲ့ဝင်တွေကလည်းသူတို့ရဲ့

သမ္မတကိုဖြုတ်ချပစ်လိုက်ပြီးဆန္ဒပြသူတွေနဲ့လာရောက်ပေါင်းစည်းကာ "ဆိုရှယ်လစ်ပါတီ"အဖြစ်အမည်ပြောင်းလိုက်ကြပါတယ်။

၁၉၉၀ ခုနှစ်မှာတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေကိုကျင်းပပေးနိုင်တဲ့အရှေ့ဥရောပနိုင်ငံအဖြစ်ရောက်ရှိလာခဲ့ပါတော့တယ်။

သောတရှင်များအန္တရာယ်ကင်းကြပါစေခင်ဗျား


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN