Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: လစာမြင့်မား အလုပ်ရှာချင်သလား

created the doc: "လစာမြင့်မား အလုပ်ရှာချင်သလား"
Rozoner King created the doc: "လစာမြင့်မား အလုပ်ရှာချင်သလား"

[By De Nay]

 

အလုပ်လျှောက်အင်တာဗျူးတွေမှာ ငွေရေးကြေးရေး ကိစ္စမရှိပါဘူးလို့များ ပြောမိသလား မသိဘူး။ ဒီစကားကို မပြောမိအောင် သတိထားပါ။ ကိစ္စရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငွေအကြောင်းကို စကားပြောတတ်အောင် ပြောဖို့လိုတယ်။

 

အလုပ်လျှောက်ရင် ငွေကြေးကိစ္စ ညှိနှိုင်းတတ်ဖို့ အရေးကြီးတယ်။ ဘယ်လိုညှိနှိုင်းမလဲဆိုတာ အများကြီးမှတ်စရာ မလိုပါဘူး။ ၆ ချက်ပဲရှိပါတယ်။

 

အဆင့် ၁

ကိုယ့်တန်ဖိုး ကိုယ်သိပါ

 

 

အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေအောင် ညှိနှိုင်းတတ်ဖို့ အရေးကြီးတဲ့ လိုအပ်ချက်က Information ပဲ။ ကိုယ့်အကြောင်း သူသိရမယ်။ သူတို့အကြောင်းလည်း ကိုယ်သိရမယ်။ ကိုယ်ဘာတွေ တတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ရမယ်။ သူတို့ ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းက

ဘာတွေလုပ်တယ်၊ ဘာတွေကြိုက်တတ်တယ်ဆိုတာ သိအောင် လုပ်ထားရမယ်။ ကိုယ်လာလျှောက်တဲ့အလုပ်မျိုးကို

သူတို့က ဘယ်လောက်ပေးသလဲ၊ အခြားဌာနတွေမှာ ဒီလိုအလုပ်မျိုးဆိုရင် ဘယ်လောက်ပေးတတ်သလဲ ဆိုတာတွေကအစ

သိအောင်လုပ်သွားရမယ်။ ပေးငွေအကြောင်းသိရင် အဲဒီအလုပ်အတွက် ကိုယ်က ဘာတွေလုပ်ပေးရမလဲ၊

ဘာတွေသိထား တတ်ထားရမလဲ ကြိုတင်ပြင်ဆင်သွားပါ။ ဒီနေရာမှာ ကျွမ်းကျင်မှု၊ ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ၊

ဘယ် လုပ်ငန်းတွေမှာ ဘယ်လောက်အဆင့်အထိ တာဝန် ယူပြီး လုပ်ဆောင်ဖူးတယ်တာတွေ သူတို့ကိုပြောပြပါ။

 

အဆင့် ၂

ကိုယ့်ဘက်က ငွေကြေးအကြောင်း စမပြောမိပါစေနဲ့

 

တည်ငြိမ်အောင်ကြိုးစားပြီး စကားဟောင်ဖွာ ဟောင်ဖွာ မဆိုင်တာတွေ မပြောမိအောင် သတိထားပါ။ ကိုယ့်အရည်အချင်းကို သူကအကဲခတ်ပြီး ငွေကြေးကို သတ်မှတ်မှာဆိုတော့ အရည်အသွေး နိမ့်တဲ့အထဲမှာ အာချောင်တာလည်းပါတယ်။

 

လစာအကြောင်းပြောရင် ညှိနှိုင်းလစာဆိုတဲ့ စကားကို သတိထားရမယ်။ ညှိနှိုင်းတယ်ဆိုတာက ကိုယ့်လုပ်ဆောင်ချက် ကိုကြည့်ပြီးတော့ ကောင်းရင် ကောင်းသလိုပေးမှာလား၊ ယခင် တစ်သိန်းပေးရတဲ့ လုပ်ငန်းကို ၆ သောင်းနဲ့ လာညှိနှိုင်းတာလား သိထားဖို့လိုတယ်။

 

 

ကိုယ်ကမေးရတော့မယ်ဆိုရင်လည်း ယဉ်ကျေးစွာနဲ့ အဲဒီအလုပ် (အဆင့်၊ ရာထူး) အတွက် ဘယ်လောက်ပေး မှာလဲဆိုတာ ထုတ်မေးရတော့မယ်။ သူကကိုယ့်ကို ဘယ်လောက်ရရင်လုပ်မှာလဲလို့ ပြန်မေးပြီဆိုရင်တော့ ကိုယ့်ရာထူးနဲ့ ကိုယ့်နေရာအတွက် စုံစမ်းခဲ့တဲ့အတိုင်း ထိုက်တန်အောင်တောင်းတတ်ဖို့ လိုတယ်။ တစ်သိန်းတန်ကို ၅ သောင်းလောက်တောင်းရင် အရည်အချင်းရှိမှာမဟုတ်ပါဘူးလို့လည်း

ထင်သွားနိုင်တယ်။ တစ်ခါတစ်လေ လစာ သတ်မှတ် ချက်ကနည်းကောင်းနည်းမယ် ဒါပေမယ့် ဆုကြေးတွေ၊

ခရီးစရိတ်တွေ၊ ကော်မရှင်တွေ၊ သင်တန်းတွေ၊ နေထိုင်စားသောက်စရိတ်တွေပါလာခဲ့ရင် အဲဒီ အချက်တွေကိုထည့်တွက်ပြီး

လက်ခံနိုင်ရင် လက်ခံရမယ်။

 

အဆင့် ၃

လက်ရှိလစာကို လိမ်မပြောပါနဲ့

 

 

လက်ရှိကိုယ်ရနေတဲ့လစာထက် ပိုပြီးမြှင့်ပြော တတ်ကြတယ်။ ဒီလိုပိုပြောတာဟာ အန္တရာယ်များတယ်။ ဒီခေတ်မှာ ကုမ္ပဏီတစ်ခုနဲ့တစ်ခု၊ လုပ်ငန်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာတွေ၊ အကြောင်းသိနေ ကြတာတွေများတယ်။ ကိုယ့်ကို အင်တာဗျူးခေါ်တွေ့ ပြီဆိုကတည်းက ကိုယ့်အကြောင်း၊ ကိုယ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအကြောင်း၊ ကိုယ်အဲဒီမှာ ဘာတွေလုပ်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆို မစုံစမ်းဘူး၊ မသိဘူးလို့တော့

မထင်စေချင်ဘူး။ ဒါကြောင့် ကိုယ်ခံစားခဲ့ဖူး တဲ့လစာကို အမှန်အတိုင်းပြောပြဖို့ ဝန်မလေးပါနဲ့။

 

အဆင့် ၎

ညှိနိုင်းချက်ကို ချက်ချင်း လက်မခံလိုက်ပါနဲ့

 

 

သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ကိုယ့်ခံစားချက်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ဖော်ထုတ် မပြလိုက်ပါနဲ့။ အကျိုးဆက်တွေကို ဘာဆိုတာ သေချာစွာ မစဉ်းစားဘဲနဲ့ ချက်ချင်းအဖြေမပေး လိုက်ပါနဲ့။ လက်ခံပြီးဆိုရင် ကျေးဇူးတင်ပါတယ်ဆိုတာလောက်ပဲပြောသင့်တယ်။ ကိုယ့်ခံစားချက်တွေ

မထုတ်ဖော်မိပါစေနဲ့။ အနည်းဆုံးတော့ စဉ်းစားပါရစေ၊ ကျွန်တော်။ကျွန်မ ချက်ချင်းအကြောင်းပြန်ပါ့မယ်

ဆိုတာလေးတော့ ပြောခဲ့ပါ။ သူတို့ဘက်ကလစာနဲ့ ပတ်သက်ပြီး ပြန်စဉ်းစားနိုင်အောင်၊ ကိုယ့်ဘက်ကလည်း ပြန်စဉ်းစားနိုင်အောင် အနေအထား မျိုးဖန်တီး ထားတာပိုကောင်းပါတယ်။ လစာမှာ ငွေကြေးနဲ့

မပတ်သက်တဲ့ အခြားခံစားခွင့်တွေကို ကိုယ့်ဘက်က လည်းတောင်းသင့်တာတောင်း၊ သူတို့ဘက်ကလည်း

ပေးသင့်တာတွေပေးနိုင်အောင် လုပ်ခဲ့ပါ။ ဥပမာ ကျန်းမာရေး၊ လူမှုရေး၊ ခွင့်ကိစ္စ၊ အချိန်ပို၊

အားလပ်ရက်၊ ခရီးစရိတ်၊ ကြိုပို့ကိစ္စတွေကိုပြောတာပါ။

 

အဆင့် ၅

မေးရမှာမကြောက်ပါနဲ့

 

 

ကျွန်တော်တို့အားနည်းချက်က အလုပ် အင်တာဗျူး တွေ့ရတာကို သေမင်းနဲ့တွေ့ရသလိုမျိုး ကြောက် တတ်ကြ တာပဲ။ မကြောက်နဲ့လို့ပြောတာ မလေးစားနဲ့လို့ ပြောတာမဟုတ်ဘူး။ သူ့ဘက် ကိုယ့်ဘက် သိသင့်တာတွေ၊ ရသင့်တာတွေ ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်ဘူးဆိုရင် ဆုံးရှုံးမှုအများဆုံးကို

ကိုယ်ပဲခံရလိမ့်မယ်။ ကိုယ့်ကို အင်တာဗျူးသူဟာ အလုပ်ရှင်ကိုယ် တိုင်မဟုတ်ဘဲ မန်နေဂျာဖြစ်နေရင်

သူ့လုပ်ပိုင်ခွင့် ဘောင်အတွင်းကပဲ ဆုံးဖြတ်လိမ့်မယ်။ ဘာပြောပြော ကိုယ်လိုချင်တာနဲ့

ကိုယ့်ရပိုင်ခွင့်ကို ပြောဖို့ ဝန်မလေးပါနဲ့။ လစာကိစ္စ သဘောတူပြီဆိုရင်တောင် အခြားရပိုင်ခွင့်တွေကိုမေးဖို့ သတိရပါ။ ခုရှင်းမှ နောင်မရှုပ် မှာဆိုတော့ ပွင့်လင်းစွာ ပဲမေးထားသင့်ပါတယ်။

 

အဆင့် ၆

ရပ်သင့်ရင် ရပ်လိုက်ပါ

 

 

အလုပ်အကြောင်း၊ လစာအကြောင်းပြောနေ တုန်း ကိုယ့်ဆွေးနွေးပြောဆိုချက် (တောင်းဆိုချက်) တွေကို တစ်ဖက်က လက်မခံတော့ဘူးဆိုရင် အတိုက်အခံတွေ ပြောမနေဘဲ ရပ်လိုက်ပါ။ ဘယ်လိုမှ ညှိနှိုင်းလို့ မဖြစ်နိုင်ရင် ဘာမှညှိနှိုင်းမနေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သူကမေးတယ်၊

ကိုယ်ကဖြေမယ်။ ကပ်သီးကပ်သပ် မေးတယ်ထင်ရင် မဖြေပါနဲ့။ မဖြစ်နိုင်တော့ဘူးထင်ရင် ပြုံးပြုံးလေးရင်ဆိုင်ပြီး

ထပြန်လာကြည့်စမ်းပါ။

 

Ref : Six Steps to a Higher Starting Salary

Posted by Tin Nyunt on August 10, 2011 at 5:53pm


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN