[By Win Cho]
၁၈-၈-၂၀၁၁ နေ့ က ဗေဒါသင်တန်းကျောင်းမှာ"ဧရာဝတီ"အမည်နဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကျနော်စီစဉ်ဖြစ်ခဲ့ ပါတယ်။
ကျနော်လုပ်ရမဲ့ အလုပ်တခုလုပ်ပြီးပြီလို့ သဘောထားပြီးခပ်တည်တည်နေလိုက်တာ ဒီနေ့ အထိဘဲဆိုပါတော့ လေ။
ဒီနေ့ ကိုခင်မောင်ဝင်းကသတိပေးမှဒီအကြောင်း Online ပေါ်မှာကျနော်ဘာမှမပြောဖြစ်သေးပါလားဆိုတာသတိရတယ်။
မနက်(၉)နာရီတိတိမှာ ကျနော်အခမ်းအနားစပါတယ်။ဘယ်သူလာလာ/မလာလာ ရှိသမျှနဲ့ စမယ်လို့ ဆုံးဖြတ်ထားတာကိုး။
လူဦးရေ(၃၀)ကျော်တက်ရောက်ပါတယ်။ခင်ဗျားတို့သိနိုင်တဲ့လူသိများသူတွေထဲကဦးအောင်ကြည်ညွန့်(ချောင်းဆုံ)။
ကိုဖြိုးမင်းသိန်း။ကိုမျိုးရန်နောင်သိမ်း။တို့ ပါပါတယ်။ကျန်တဲ့ သူများကတက်ကြွလှုပ်ရှားသူများပေါ့ ဗျာ။
ကျနော့် ရဲ့ On line မိတ်ဆွေထဲကတယောက်တော့ လာနှုတ်ဆက်လို ကျနော့်တော်တော်ဝမ်းသာသွားတယ်။(အရင်မမြင်ဘူးဘူး)
တကယ်တမ်း"အလုပ်ရုံဆွေးနွေးပွဲ"လို့ နံမယ်တပ်ထားပေမဲ့ လူရင်းတွေအချင်းချင်းထိုင်စကားပြောသလိုပါဘဲ။(ဘုံတူညီချက်ရှိနေတာကိုး)
ကျနော်တို့ အားလုံးကသိချင်နေကြသူတွေလေ။အစဉ်အလာအရ(နှစ်ပေါင်း(၂၀)ကျော်ဘာမှမသိဘဲနေလာခဲ့ ရတဲ့ အခါကျတော့ 
ဟိုဟာလည်းသိချင်/ဒီဟာလည်းသိချင်။""မောင်လူမွှေး""မေးသလို"စာကလေးတွေကဘာကြောင့် ဖိနပ်မစီးသလဲ""ဆိုတာမျိုးပေါ့ ဗျာ။
အလုပ်ရုံဆွေးနွေးပွဲရဲ့ အင်္ဂါရပ်နဲ့ လည်းမညီတဲ့ အတွက်အဲသလိုနံမယ်မတပ်ပါနဲ့ လို့ တယောက်ကထောက်ပြတယ်။
အဲဒီအတွက်နောက်ဆွေးနွေးပွဲကို"ဧရာဝတီ"စကားဝိုင်းလို့ဘဲနံမယ်တပ်တော့မှာဖြစ်ပါတယ်။နောက်ပြီး
ဗေဒါသင်တန်းကျောင်းနေရာဟာလည်းတကယ်တမ်းကျတော့ လူ(၃၀)ကျော်ကိုတောင်မချိမဆန့် ထမ်းထားရတာဖြစ်တဲ့ အတွက်
နောက်ထပ်သင့် တင့် တဲ့ နေရာကိုရွေးဘို့ လည်းအားလုံးကတိုက်တွန်းကြပါတယ်။
ပြောတဲ့ အကြောင်းအရာတွေကိုခြုံငုံသုံးသပ်ရရင်တော့ (၁)ဧရာဝတီမြစ်နဲ့ တကွမြစ်ဆုံပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ(ရရှိခဲ့ သမျှ)ကိုဝေမျှပေးနိုင်ခဲ့ ပါတယ်။(၂)(မြစ်ဆုံဆည်အပါအ၀င်)ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်ပြီးရရှိခဲ့ သမျှအချက်အလက်တွေအရဆက်လက်တည်ဆောက်ခြင်းကိုဆိုင်းငံ့ ပေးထားရန်တောင်းဆိုဘို့ လိုအပ်ကြောင်းသဘောတူညီမှုရရှိခဲ့ ပါတယ်။(၃)ဆည်တည်ဆောက်ခြင်းများကို ဖွဲ့ စည်းပုံအခြေခံဥပဒေ (နိုင်ငံသားတို့ ၏မူလအခွင့် အရေးများနှင် တာဝန်များအခန်းကဏ္ဍ)အရကန့် ကွက်နိုင်သည့် အကြောင်းအရာများကိုသိရှိကြေငြာနိုင်ခဲ့ ပါတယ်။(၄)သို့ အတွက်
ပထမဦးစွာစတင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း(အမည်ရင်း။လိပ်စာမှန်။အမျိုးသားမှတ်ပုံတင်အမှတ်များနှင် အတူ)အဖြစ်နိုင်ငံတော်သမတကြီးထံလိပ်မူပြီးလက်မှတ်ထိုးတောင်းဆိုမှု(Signature Campaign)ကိုတက်ရောက်လာသူများအားလုံးကတညီတညွတ်တည်းဆောင်ရွက်နိုင်ခဲ့ ပါတယ်။(၅)နောက်တကြိမ်ထပ်မံပြုလုပ်မယ့် 
"ဧရာဝတီစကားဝိုင်းမှာလူထု၊လူတန်းစားအမျိုးမျိုးပါဝင်နိုင်ရေး။အသိပညာရှင်။အတတ်ပညာရှင်များမှဦးဆောင်ပါဝင်ဆွေးနွေးနိုင်ရေး။
နှင့် အခြားသောလူပုဂ္ဂိုလ်။အဇွဲ့ အစည်းများမှဆောင်ရွက်သည့် "ဧရာဝတီ"လှုပ်ရှားမှုများကိုအားပေးကူညီမည်ဖြစ်ကြောင်းအားလုံးသဘောတူဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။
ပြည်တွင်းပြည်ပမှ မိတ်ဆွေများခင်ဗျား။
ကျနော့် ရဲ့ ပထမဆုံးအကြိမ်"ဧရာဝတီ"လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးအစီရင်ခံနိုင်တာဟာအင်မတန်နည်းပါးတယ်။အားမရဖြစ်ရတယ်ဆိုခဲ့ ရင်ကျနော်ရဲ့ အားနည်းချက်တွေကြောင့် သာဖြစ်ပါတယ်။ရရှိနိုင်ခဲ့ တဲ့ သတင်းအချက်အလက်။ကျင်လည်နေရတဲ့ အသိုင်းအ၀ိုင်းနှင့် 
တကွအခြားသောချို့ ငဲ့ မှုများကိုအကြောင်းမပြတော့ ပါဘဲထပ်မံပြုလုပ်ရန်(အသည်းအသန်)ကြိုးပမ်းနေသောဒုတိယအကြိမ်"ဧရာဝတီ"
စကားဝိုင်းမှာတော့ ကျနော်ယခုထက်ပိုမိုကြိုးစားပါမယ်လို့ ကတိပြုပါတယ်။
(ပထမအကြိမ်"ဧရာဝတီ"အားအောင်မြင်နိုင်ရန်အားပေးကူညီခဲ့ ကြသူများအားလုံးအားအထူးကျေးဇူးတင်ရှိပါသည်ခငိဗျား)
ဦးဝင်းချို(တစ်သီးပုဂ္ဂလ)
ဆက်သွယ်ရန်။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄
email.wincho1020@gmail.com
0 comments:
Post a Comment