Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ

created the doc: "ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ"
Rozoner King created the doc: "ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ"

[By Jade Land]

 

August 19,2011 , KNG News

-

ကျဆုံးသွားသော မြန်မာစစ်သားများတွင် ပါရှိသော စစ်တပ်အမှတ်လက္ခဏာ ပစ္စည်းတချို့။

-

သြဂုတ် ၁၈၊ ကြာသပတေးနေ့ မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဝါဝမ်ကွမ်ဘန် တွင်ဖြစ်သော မနက်တိုက်ပွဲတွင် အစိုးရစစ်သား ၇ ဦးကျပြီး KIA စစ်သားတဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ကျဆုံးသွားသော မြန်မာစစ်သားများသည် ဗန်းမော် နယ်မြေခံတပ်ရင်း ခလရ (၄၇) မှဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူများဆိုသည်။

 

ခြေထောက်ဒါဏ်ရာရရှိသော KIA တပ်ကြပ်မှာ ယခုချိန် KIA ထိန်းချုပ်ဒေသ မိုင်ဂျာယန်ဆေးရုံတွင် ရောက်ရှိနေပါသည်။

 

နှစ်ဖက်ကြား ၁ နာရီခန့်ဖြစ်ပွါးသော ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ သေနတ် ၂ လက်ကို KIA သိမ်းဆီးရရှိသည်ဟု KIA အရာရှိများပြောသည်။

 

တိုက်ပွဲဖြစ်ရာဒေသ အင်မောက်မြို့နယ် ၀ါဝမ်ကွမ်ဘန်သည် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ နယ်မြေ ဖြစ်သည်။

 

မြန်မာစစ်အစိုးရအဖွဲ့သစ်သည် သြဂုတ် ၁၂ ရက်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး KIO/KIA အား "သောင်းကျန်းသူ အကြမ်းဖက်သမားအဖြစ်" ရှုတ်ချခဲ့ပြီးနောက် ၆ ရက်မြောက်တွင် ယခုတိုက်ပွဲ ဖြစ်လာသည်။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN