Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: Perfume tips

created the doc: "Perfume tips"
Rozoner King created the doc: "Perfume tips"

[By Sin Myanmar Guy]

 

ကျွန်တော်တို့ အမျိုးသားတွေ ရေမွှေးသုံးတဲ့အခါသတိပြုရမယ့်အချက်တစ်ချို့ကိုဝေမျှချင် ပါတယ်။

 

-သန့်စင်တဲ့ အနံ့မျိုးကို သုံးတဲ့အခါ ပိုပြီးဖျော့တဲ့အနံ့ကိုသုံးရမယ်ဆိုတာ သတိရပါ။ မိန်းမ တွေဟာ ယောက်ျားတွေထက်အနံ့ခံအာရုံ ပိုပြီးအားကောင်းတယ် ပိုပြီးအာရုံစူးရှတယ်ဆို တာကိုသိထားပါ။အမျိုးသမီးတွေနဲ့ နီးစပ်အောင်ကြိုးစားချင်တယ်ဆိုရင် သူတို့ကိုအနံ့နဲ့ မူးမေ့သွားအောင်မလုပ်ပါနဲ့။အရင်တုန်းက အနောက်တိုင်းမှာ နွားအုပ်ကြီးတွေကို ကျောင်းတဲ့၊နွားကျောင်းသားတွေဟာ တိရိစ္ဆာန်အနံ့၊ချွေးနံ့တွေပျောက်အောင် ကြာပန်း တွေပေါက်တဲ့ရေကန်တွေထဲမှာ ရေချိုးတဲ့အတွက် ကြာနံ့သင်းသင်းလေးက အနံ့ဆိုးတွေ ကိုလက်တွေ့ပျောက်ကင်းသွားစေပါတယ်။

 

-နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေးရိတ်ပြီးတဲ့အခါ အရက်ပြန်ပါတဲ့ရေမွှေးနဲ့ လိမ်းပါ။ အရက်ပြန် ဟာချက်ချင်း သွေ့ခြောက်စေတဲ့အတွက် သာမန်ရေမွှေးမျိုးထက်အဆင်ပြေပါတယ်။

 

-အပူရှိန်ဟာ အနံ့အသက်ကို ပိုပြီးစူးရှပြင်းထန်စေပါတယ်။နွေရာသီဆိုရင် အနံ့ဖျော့တာ ကို အသုံးပြုပါ။အနံ့ပြင်းတဲ့ရေမွှေးမျိုးကို မသုံးပါနဲ့။အနံ့ပြင်းတဲ့ အသုံးအဆောင်မျိုးကို ဆောင်းရာသီအတွက်ဆောင်းထားပါ။ညနေခင်းများမှာသာ အနံ့ပြင်းတာကို အသုံးပြုဖို့ ကောင်းပါတယ်။

 

လူတစ်ယောက်ရဲ့ အနံ့ခံအာရုံဟာ မနက်စောစောပိုင်းအိပ်ယာထချိန်မျိုးမှာ ပိုပြီးအာရုံခံ ကောင်းပါတယ်။ အ၀တ်အစားဝတ်တဲ့အချိန်မှာ ဂရုစိုက်ပြီးရေမွှေးကိုရွေးဆွတ်ပါ။ မုတ်ဆိတ် ရိတ်ပြီးတဲ့အချိန်မှာလည်း မိမိအနံ့မကြိုက်တဲ့ ရေမွှေးမျိုးကို အသုံးမပြုဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိမိလည်းအနံ့ ခံမရ၊မိမိလည်းမကြိုက်တဲ့ အနံ့မျိုးကို မိမိသွား လာနေထိုင်၊လုပ်ကိုမယ့် ပတ်ဝန်းကျင်ကလည်း ကြိုက်ပါ့မလားလို့ စဉ်းစားဖို့ကောင်းပါတယ်။ -ရေချိုးခန်းတွေမှာ သုံးတဲ့ရေမွှေးမျိုးဟာ အလွန်အနံ့ပြင်းပါတယ်။အချိန်အတန်ကြာအောင် လည်းအနံ့စွဲနေတတ်တယ်။အဲဒီအမျိုးအစားရေမွှေးကို သုံးရင်ဘယ်လောက်သုံးမယ်ဆိုတာ စဉ်းစားပြီးသတိထားသုံးပါ။ ကြိုက်လို့သုံးရင် လည်း လက်ကောက်ဝတ်၊လည်ပင်းနဲ့ တံတောင် ဆစ်တွေမှာ နည်းနည်းလေးပဲဆွတ်ပါ။များများဆွတ်မယ်ဆိုရင် ခြေထောက်ကိုစပြီး ဆွတ်ပါ။ ဒါမှ အနံ့ဟာ အပေါ်ကိုတက်လာပါလိမ့်မယ်။

 

-ရေမွှေးကို များများဆွတ်မိလို့စိတ်ညစ်မသွားပါနဲ့။ရေမွှေးမှာ သွေ့ခြောက်မြန်စေတဲ့ အရက် ပြန်ပါပါတယ်။ဒါကြောင့် နာရီပိုင်း အတွင်းခြောက်သွားပြီး အနံ့စူးရှလွန်းတာလည်း ဖျော့ သွားပါလိမ့်မယ်။

 

တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော၊အမျိုးသမီးတွေကျေနပ်နှစ်ခြိုက်ဖို့အတွက်ရော၊ မိမိရဲ့ကိုယ်စိတ်နှလုံးကြည်လင်လန်းဆန်းနေဖို့ အတွက်ရော မွှေးကြိုင်နေရပါမယ်။ အမွှေးနံ့ ဟာ စိတ်ကိုလန်းဆန်းတက်ကြွစေတာလည်းအမှန်ပါပဲ။ အဲဒီလို အသုံးပြုတဲ့အခါမှာ စူးရှလွန်းတဲ့ရေမွှေးမျိုး အထူးသဖြင့် ကတိုးဆီကို အလွန်အကဲ သုံးထားတဲ့ အမွှေးနံ့မျိုးကိုမသုံးကြဘဲ ခေတ်နဲ့အညီ လူကြိုက်များတဲ့ သင်းပျံ့တဲ့အမွှေးနံ့ မျိုးကိုသာ အသုံးပြုသင့်တယ်။

 

 

(၁)ရေမွှေးအရောင်ကပြောတဲ့ လူ့စရိုက်လူ့သဘာဝ

-ပန်းရောင်ကိုရွေးသူ ဂန္တ၀င်တေးဂီတတွေကို နှစ်သက်တတ်တယ်။ပန်းရနံ့တွေကိုမြတ်နိုးမယ်။ အများအားဖြင့် တော့မိန်းကလေးတွေက ပန်းရောင်ကိုနှစ်သက်ကြတာပါ။

-အစိမ်းရောင်ကိုရွေးသူက သဘာဝတရားကိုမြတ်နိုးတယ်။R&Bတေးဂီတကိုကြိုက်ကြတယ်။သဘာဝရေကန်တွေနဲ့နီးတဲ့ အပန်းဖြေဏရာနေရာတွေကို နှစ်သက်တယ်။သစ်ပင်သစ်တောကို သဘောကျတယ်လို့ ဆိုရပါမယ်။

 

-အ၀ါရောင်ကိုကြိုက်သူက ရော့အင်ရိုးလ်တေးဂီတတို့၊Spaမှာရေစိမ်တာတို့ကိုနှစ်သက်တတ်တယ်။သူတို့က နေ့ခင်းနေ့ လည်မှာကိုပဲ ရေမွှေးသုံးတတ်ကြတယ်။ပြီးတော့ အသီးအနှံတွေကိုနှစ်သက်တတ်ကြတယ်။

 

-ပင်လယ်ပြာလိုအရောင်ကိုရွေးသူဆိုရင် ကမ်းခြေမှာ နေစာလှုံမယ်၊ဆူရှီစားမယ်၊သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်ကမ်းခြေရဲ့ရသမျိုး ကို သဘောတွေ့သူဖြစ်တယ်။

 

- အနီရောင်ကြိုက်သူက အစားအစာစားရင်လည်း စူးစူးရဲရဲ၊အလုပ်လုပ်ရင်လည်း ပြင်းပြင်းထန်ထန်၊စိတ်အားလည်း ထက်သန်တတ်သူ၊သွက်သွက် ထက်ထက်ဆိုကြပါစို့။

- ခရမ်းရောင် ရွေးချယ်တတ်ရင်Jazzဂီတကိုနှစ်သက်မယ်၊အရှေ့တိုင်းရသတွေကို သဘောကျချင်ကျနေမယ်။ဆွဲဆောင်အား ကောင်းတဲ့ အလှပိုင်ရှင်ဖြစ်မှာလည်း သေချာတယ်။

 

 

(၂)ရေမွှေးရနံ့ မပြယ်မပျက်စီးအောင်ဘယ်လိုထိန်းသိမ်းသင့်သလဲ

-အမြဲအေးပြီး ခြောက်သွေ့တဲ့နေရာမှာထားရမှာဖြစ်ပါတယ်။

 

-ပြတင်းပေါက်အနီးနေရောင်ဝင်တဲ့နေရာမျိုးတွေမှာ ရေမွှေးပုလင်းမထားသင့်တဲ့အကြောင်း က နေရောင်ထိုးရင် ရေမွှေးထဲမှာရှိတဲ့ ဒြပ်ပေါင်းတွေက သူ့သဘောသဘာဝပြယ်တတ်တာ ကြောင့် ဖြစ်ပါတယ်။

 

 

(၃)ရေမွှေးဆွတ်ဖို့ကောင်းတဲ့နေရာတွေ

- လည်ကုပ်၊လက်မောင်း၊ ရင်ညွန့်၊နားရွက်နောက်ပိုင်း၊ဒူးအနီးတစ်ဝိုက် စတာတွေဟာ ရေမွှေးဆွတ်ဖို့ သင့်လျော်တဲ့နေရာတွေပါ။ ရေမွှေးတည့်မတည့် စမ်းကြည့်

 

- လက်မောင်း၊လက်ဖျံ စတဲ့နေရာတွေမှာ ရေမွှေးပမာဏနည်းနည်းလေးဆွတ်ကြည့်ပြီး တစ်နာရီလောက် အကြာအထိဘယ်လို အနေအထားမျိုးရှိသလဲစောင့်ကြည့်သင့်ပါတယ်။ ဘာမှမဖြစ်ဘူးဆိုရင် ကိုယ်နဲ့တည့်တဲ့ရေမွှေးပါပဲ။

 

-စမ်းသပ်ကြည့်လို့ရတယ်ဆိုပြီးလည်း တစ်ကြိမ်မှာ သုံးလေးမျိုးထက်ပိုပြီး ရေမွှေး အမျိုးအစားအများကြီး စမ်းတာမျိုး မလုပ်သင့်ပါဘူး။


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN