Search This Blog

Now Loading......

[Big Brothers & Sisters] New Doc: အစိုးရသစ်ရဲ့ထွက်ပေါက် ဒေါ်အောင်ဆန်းစုကြည်ဖြစ် Hot News

created the doc: "အစိုးရသစ်ရဲ့ထွက်ပေါက် ဒေါ်အောင်ဆန်းစုကြည်ဖြစ် Hot News"
Rozoner King created the doc: "အစိုးရသစ်ရဲ့ထွက်ပေါက် ဒေါ်အောင်ဆန်းစုကြည်ဖြစ် Hot News"

[By Thant Syn]

 

ကြပ်ပြေး (နေပြည်တော်) တွင်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပေါ် ပြည်တွင်းရှိ အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးအား စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်ဒ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ  ယခုတလော ဘေးကြပ်နံကြပ်ဖြစ်နေတဲ့အစိုးရသစ်ရဲ့ထွက်ပေါက်ဟာမီးရှူးတန်ဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်း

အောက်ပါအတိုင်း ပြောဆိုသွားခဲ့ပါတယ်။

 

မေး - မကြာမီကပြီးဆုံးသွားတဲ့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဖြစ်စဉ် ကြားသိရသလောက် ရှင်းပြပေးပါ။

 

ဖြေ - ကျနော်တို့ လက်လှမ်းမှီသရွေ့ တပည့်များကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ သမ္မတ ဦးသိန်းစိန် ရုံးခန်းတွင် ထူးခြားချက်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံအား နိုင်ငံတော် ခေါင်းဆောင် တစ်ဦးအဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ နံရံတွင် အခြားသမ္မတများရဲ့ ဓါတ်ပုံများနှင့်အတူ ယှဉ်တွဲ ထိုးတင်ထားတာကို တွေ့ရပါတယ်။ ၁၉၉၂ ခုနှစ်က ဦးသန်းရွှေ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်နေဝင်း ဓါတ်ပုံများကို ဇွတ်အတင်း ဖြုတ်ခိုင်းခဲ့ဘူးပါတယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်အား စည်းရုံးလိုလို့ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ ပြန်တင်တာဖြစ်တယ်။ ဦးသိန်းစိန်ကတော့ တိုင်းပြည်စီးပွားရေး ချွတ်ချုံကျတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက်ဖို့နှင့် နိုင်ငံတကာက ပိတ်ဆို့ထားတဲ့ စီးပွားရေး Section ကို ရုတ်သိမ်းပေးရေး နိုင်ငံတကာအား တိုက်တွန်းပေးဖို့ရယ်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့က မြန်မာနိုင်ငံအား ထောက်ပံ့ကူညီဖို့ရယ်၊ ဒေါ်လာငွေကြေး လဲလှယ်နှုန်း သတ်မှတ်ပြင်ဆင်ရေး အပါအဝင် ငွေမာ အဖြစ်ထားရှိရေး အနောက်နိုင်ငံများက ကူညီပံ့ပိုးပေးဖို့ စည်းရုံးပေးရေး စတာတွေပြောဆိုနိုင်ပါတယ်။

မေး - ယခုတလော အစိုးရသစ် အကြပ်အတည်း ဖြစ်နေတာ ကြားတယ်။ ဗိုလ်မှူးကြီးရဲ့ ထင်မြင်ယူဆချက်ကို ရှင်းပြပါ။

ဖြေ - အစိုးရသစ်အနေနဲ့ သဘာဝဘေးအန္တရယ် ရေကြီးတဲ့ဒဏ် ဆန်ရေစပါးပေါများတဲ့ ပြည်နယ်နှင့် တိုင်းအများစု ရေလွှမ်းမိုးခံရတဲ့အပြင် ဒေါ်လာဈေး မကြုံဘူးအောင် စံချိန်တင် ထိုးကျသွားတာကြောင့် စီးပွားရေး အကြပ်အတည်း ဖြစ်နေတာရယ်၊ ပြည်တွင်းစစ်ဖြစ်လုနီးနီး မကြုံစဖူး မြောက်ပိုင်းမှသည် တောင်ပိုင်းအထိ တပ်မတော်က စစ်မျက်နှာများ ဖြန့်ကျက်ကာ ရင်ဆိုင်ကြုံတွေ့ နေရတာရယ်၊ အပစ်ရပ် တိုင်းရင်းသား အဖွဲ့အား စစ်ဆက်တိုက်ရမလို၊ ငြိမ်းချမ်းရေးလေသံ မပွင့်တစ်ပွင့် ပြောရမလို ရွေးချယ်ရ ခက်နေတာရယ်၊ အာဆီယံဥက္ကဌ ဖြစ်ဖို့လေ့လာသူ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ကြားခဲ့ပြီးမှ ဆိုင်းငံ့ထားတာရယ်၊ အစိုးရသစ်ရဲ့ ကြွေးကြော်သံ တစ်ခုဖြစ်တဲ့ အဂတိလိုက်စားမှု ကင်းရှင်းရေး သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် စံပြလုပ်ဆောင်မှုအဖြစ် တပ်မတော်အတွင်း တိုင်းမှူးနှင့်အထက် ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးနေပြီး အချို့ကို ဖယ်ရှားတဲ့အပေါ် တပ်တွင်း မကျေနပ်မှုများစတဲ့ စတဲ့အကြပ်အတည်းတွေရှိတယ်ဗျာ။

 

မေး - အပစ်ရပ် တိုင်းရင်းသားအဖွဲ့အပေါ် အစိုးရသစ်ရဲ့ ဆက်ဆံပြောဆိုနေမှုများအပေါ် ဗိုလ်မှူးကြီး ဘယ်လိုမြင်သလဲ..? 

 

ဖြေ - အစိုးရသစ်အနေနဲ့ အပစ်ရပ်တိုင်းရင်းသားတွေအပေါ် ပြတ်သားတဲ့ မူဝါဒမျိုး မရှိသလို သံတမန်ရေးရာ စကားလုံးများ သုံးနှုန်းမှုအားနည်း နေတာတွေ့ရတယ်။ သမ္မတ တစ်ဦးအနေနဲ့ လက်လွှတ်စပယ် K.I.A အပေါ် မပြောသင့်ဘူးဗျ၊ ယခင်အစိုးရလက်ထက်ကတောင် နိုင်ငံတော်ရဲ့ အဆင့် (၂) ရှိတဲ့ ဗိုလ်ချုပ်ခင်ညွန့်လို လူမျိုးက လုံခြုံရေး အစောင့်အရှောက် ဘေးဖယ်ထားပြီး တိုင်းရင်းသား နယ်မြေထဲသို့ ယုံကြည်မှုကို တည်ဆောက်တဲ့အနေနဲ့ ရဲတင်းစွာ တွေ့ဆုံဆွေးနွေးခဲ့တာမျိုး လုပ်ခဲ့သေးတာဘဲ။ ခက်တာက သမ္မတ ဦးသိန်းစိန် အနေနဲ့ စစ်ဦးစီး လုပ်သက်ဘဲ စစ်ရုံးမှာ တောက်လျှောက် နေခဲ့တာများတာမို့ ဆုံးဖြတ်ချက် ချရာမှာ တုံ့ဆိုင်း နှေးကွေးနေတာ တွေ့ရတယ်။ အစိုးရသစ် အဖွဲ့အတွင်း တင်းမာတဲ့ အုပ်စုများရဲ့ လေသံများက ဦးသိန်းစိန်အပေါ် လွှမ်းမိုးနေတယ်။ သူတို့ရဲ့ တသမတ်တည်း စွဲကိုင်ထားတဲ့ အယူအဆက တိုင်းရင်းသား အဖွဲ့တွေကို ဘယ်တော့မှ တစုတစည်းထဲ  အစိုးရသစ် အနေနဲ့ တွေ့မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ တိုင်းရင်းသားအားလုံး ပေါင်းတွေ့ရင် အင်အားစု ကြီးမားလာမှာဖြစ်လို့ အစိုးရသစ် လက်ရှောင်တာဖြစ်တယ်။

 

မေး - ဒီတော့ ဗိုလ်မှူးကြီးအနေနဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်း အပေါ် အစိုးရသစ်ရဲ့ နိုင်ငံရေး မဟာဗျူဟာ ဘယ်လို သုံးသပ် သလဲ ?

 

ဖြေ - ယခုတလော ခေတ်စားနေတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို အပစ်ရပ်တိုင်းရင်းသားတွေနှင့် တစုတစည်းတည်း တွေ့ဖို့တောင် မလိုလားတဲ့ စစ်အာဏာရှင် အသွင်ပြောင်း အစိုးရသစ်က စိတ်ကူးထဲတောင် ထည့်မှာမဟုတ်ဘူး၊ နှစ်ပွင့်ဆိုင်ဆွေးနွေးရေးကို အစိုးရသစ်က ဦးစွာ ညှိနှိုင်းပြီးမှ ကျန်တဲ့တစ်ပွင့်ကို အပေါ်စီးမှ ကိုင်တွယ်မှာ ဖြစ်တယ်။ ယခင်နအဖ လက်ထက်က NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဦးစွာ မဆွေးနွေးဘဲ အပစ်ရပ်တိုင်းရင်းသားများကို တဖွဲ့ခြင်း ခွဲထုတ်စည်းရုံးခဲ့ပြီးမှ တိုင်းရင်းသား အားကို ရယူကာ NLD အား အပေါ်စီးမှ ဆက်ဆံခြင်းဖြစ်တယ်။ ယခုတော့ ပြောင်းပြန်ဖြစ်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဦးစွာ ဆွေးနွေးကာ တိုင်းရင်းသားတွေကို အပေါ်စီးမှ ကိုင်တွယ်မှာဖြစ်တယ်။

 

မေး - ဗိုလ်မှူးကြီး ဆိုလိုတာက အစိုးရသစ်ရဲ့ထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေသလား ?

 

ဖြေ - အစိုးရသစ်အနေနဲ့ ရွေးချယ်ရန် နည်းလမ်းအနေဖြင့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးမှာလား၊ NLD ကို ဖယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ စည်းရုံးမှာလား ဆိုပြီး နည်းလမ်းနှစ်သွယ် ရှိပါတယ်။ အစိုးရသစ်အနေနဲ့ သူတို့ရဲ့ အရိုးစွဲ အယူဆအတိုင်း အင်အားနည်းလေ ကောင်းလေမို့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ ရွေးထုတ်ပြီး ဖြစ်နိုင်ရင် NLD နှင့် ကွဲသွားစေချင်တယ်။ နိုင်ငံတကာရဲ့ထောက်ခံမှုရနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အစိုးရသစ်က လိုလားနေတဲ့ စီးပွားရေး ပိတ်ဆို့မှု Section အထိုက်အလျောက် လျော့ပါးသွားလိုပါတယ်။ အစိုးရသစ်က တိုင်းရင်းသား အရေးကိစ္စများ ကိုင်တွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြေရှင်းခိုင်းဖို့ လောလောဆယ် အကူအညီတောင်းမှာ မဟုတ်သေးဘဲ နိုင်ငံရေး ကျားကွက် ရွှေ့ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များကို အချိန်အတိုင်းအတာ တစ်ခုထိ ပစ်ထားမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြေလည်မှု ရရှိရေးအတွက် နှစ်ပွင့်ဆိုင် ဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့လေသံက ငြိမ်းချမ်းရေးတံခါး မပွင့်တစ်ပွင့် ဖွင့်ထားတယ်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထု တရပ်လုံး ပါဝင်နေသယောင် လှုပ်ရှားမှု သဏ္ဍန် ဖော်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်များကိုတော့ စစ်မက်လိုလားသူ အကြမ်းဖက်သမားများအဖြစ် နိုင်ငံရေး ထိုးစစ် ဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်အား သူတို့ရဲ့ ထွက်ပေါက်အဖြစ် အသုံးချထားတယ်ဖြစ်တယ်ဗျာ။

 

http://www.photayokeking.org/


View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN