[By Eingyin Ta Khaine]
သစ်ခုတ်သမားဟာ သစ်ပင်ကို ခုတ်လှဲလျှက်ရှိသည်။ ချွေးတပြိုက်ပြိုက်ကျရင်း ကြိုးစားပြီးခုတ်နေပေမယ့် သစ်ပင်ဟာ လှုပ်ပင်မလှုပ်သေး... ဘာကြောင့်လဲဆိုတာ ပြန်ကြည့်ရင် လွှသွားဟာ တုံးနေတဲ့အတွက် ဘယ်လောက်ပင် အားစိုက်ကာ ကြိုးစားခုတ်နေပါစေ လုံးဝလဲကျမသွားခြင်းပင် ဖြစ်သည်။ သစ်ခုတ်သမားဟာ ချွေးသုတ်ရင်းနဲ့ လွှသွားကို ထက်အောင် သွေးပြီး နားပြီးမှခုတ်လှဲလျှင် လွယ်ကူစွာ လှဲနိုင်ပေမယ့် ခေါင်းမာစွာ ဆက်လက် ခုတ်လှဲနေတဲ့အတွက် သစ်ပင်ဟာ မလဲနိုင်ခြင်းဖြစ်ပေသည်။
ပါတ်ဝန်းကျင်ကို လှမ်းကြည့်ရင်လည်း သည်သစ်ခုတ်သမားလိုပဲ ပြုမူတဲ့သူတွေဟာ အလွန်များပါသည်။ ကိုယ့်ရဲ့ လွှသွားဟာ ဘယ်လောက်ထိ တုံးနေတယ်ဆိုတာမသိပဲ ဘာကြောင့် သစ်ပင်ဟာ လဲမကျနိုင်တာလဲဆိုတာ နားမလည်ခြင်းဖြစ်ပါသည်။ ယေဘုံယျအားဖြင့် ကိုယ်တိုင် ကြိုးစားလုံလစိုက်ထုတ်မူမရှိလို့သာဆိုပြီး မိမိဖာသာအပြစ်တင်ကာ ဒီလိုပဲဖြစ်တယ်ဆိုပြီး ထပ်မံခုတ်လှဲနေခြင်းပင်ဖြစ်သည်။
"ငါ့ကို သစ်ပင်ကို ခုတ်လှဲတဲ့ အချိန် ၈နာရီပေးမယ်ဆိုရင် ဒီအထဲက ၆နာရီက လွှသွေးပြီး သုံးမယ်။"
အေဘရာဟမ်လင်ကွန်းက ခုလိုပြောခဲ့ပါသည်။ မှန်ပေသည်။ အလုပ်တိုင်းကို မလုပ်ခင် ဘာကြောင့် သည်အလုပ်ကို လုပ်ရသလဲ ဆိုတဲ့ရည်ရွယ်ချက်ကို သေခြာအောင် လုပ်ရမည်။ သေခြာပေါက်ကြိုးစားရမယ်လို့ ပဲမဟုတ်ဘဲ ထိုအလုပ်ကို စဉ်းစားတဲ့အလျှောက် လုပ်ကိုင်ဆောင်ရွက်ဖို့ ကိုယ်လုပ်နိုင်မယ့် ခွန်အားကို အရင်သုံးသပ်ရပေမည်။ ဒါအပြင့် သည့်နောက် ကိုယ့်ရဲ့ လုပ်ပုံနည်းစနစ်ကို မှန်ကန်လားဆိုတာ မကြာခဏ ပြန်လှည့်ကြည့်တဲ့ အချိန်ဟာ သေခြာပေါက် လိုအပ်ပါသည်။ ဖုံသုတ်တဲ့ အ၀တ်စုတ်ဟာ ညစ်ပါတ်နေတာကို သည်အတိုင်း သန့်ရှင်းရေးကို လုပ်လျှင် ပိုလုပ်ရင်လုပ်သလောက် ပိုညစ်ပါတ်လာမှာပင်ဖြစ်သည်။
ငယ်ရွယ်တဲ့ သင်တို့အတွက် အားနည်းချက်ကတော့ အောင်မှတ်အဆင့်၊ အလုပ်လိုအပ်ချက်မဟုတ်ပဲ ကိုယ့်အတွက် ခံစားမူကိုသုံးသပ်ခြင်း(introspection)ဆိုတဲ့ မှန်ကန်မူ လျော့ကျခြင်းဖြစ်သည်။ ကောင်းမွန်တဲ့ ရမှတ်၊ ဘာသာစကား အဆင၊့် မျိုးစုံတဲ့ အလုပ်နဲ့ သင်တန်းအတွေ့အကြုံတွေသာ များလာပြီး ဒါတွေအတွက်ပဲ အလုပ်များနေတာတောင် တကယ့်ကိုယ့်ရဲ့ လေ့လာမူပုံစံကိုဖြစ်စေ အချိန်ကို အသုံးချတဲ့ ပုံစံဖြစ်စေ၊ သည်ပုံစံဟာ သင့်တော်သလား၊ ဒါမှမဟုတ် ကိုယ်က ဘာအတွက် ဒီ ကဏလုပ်ဆောင်ချက်ကို တည်ဆောက်နေသလဲဆိုတာ သေခြာ တွေးတောမူမရှိတဲ့ သူတွေကို မမျှော်လင့်တာထက် များနေတာ တွေ့ရသည်။ သူငယ်ချင်းတွေဟာလည်း အားလုံးလိုလို ခုလိုလုပ်တာကြောင့်၊ မိဘက တိုက်တွန်းသည့်အတွက်ကြောင့်၊ သူတို့တွေဟာ ဒီလိုပဲ အချိန်တွေဖြုံးရင်းက ဘာညာဖြစ်စေ တခုခုလုပ်ရမှာ ဖြစ်တယ်ထင်တာကြောင့် အသီးသီး ပြပွဲဝင်ဖို့ ပြင်ဆင်ကြပြီး၊ စာမေးပွဲဖြေဆိုကာ သင်တန်းတက်ဖို့ လုပ်ကြသည်။
သေခြာတဲ့ ဦးတည်ချက်ကို သင့်တော်တဲ့ နည်းစနစ်ကို မပြင်ဆင်နိုင်ရင် ဘယ်လိုပင် ခွန်အားသုံးစေကာမူ အချိန်ဖြုံးနေတာကနေ မကျော်လွှားနိုင်ဘူး။ စစ်မှန်တဲ့ အောင်မြင်မူဆိုတာ သေခြာတဲ့ ရည်ရွယ်ချက် သင့်တော်တဲ့ နည်းစနစ်၊ ရိုးသားတဲ့ လုပ်ဆောင်မူ၊ ထို၃ချက်ကို မျှတလျှင် နောက်ဆုံးမှာ ဖြစ်နိုင်တယ်လို့ ယူဆပါသည်။ သို့သော်လည်း ထိုလူတော်တော်များဟာ စောလျှင်စွာ သစ်ခုတ်သမားလို ရည်ရွယ်ချက်နဲ့ နည်းစနစ်ဟာ မျှတစွာ မသုံးတတ်လျှင် လုပ်ဆောင်ချက်ရဲ့ ရိုးသားမူဟာ မေးစရာဖြစ်လာသည်။
ဆက်ရန်
အင်ကြင်း
12:28 am
31 July 2011.
(ယခင်အဆက်)
သစ်ခုတ်သမားလို အကျင့်သည်လည်း လုပ်ဖို့တွန်းအားပေးတတ်တဲ့ အကျင့်တခုပင်ဖြစ်သည်။ မိမိကိုယ်ကို ပြန်လှည့်ကြည့်ဖို့ (ငါဘာလိုသလဲဆိုတာကို) လေးပင်ခြင်း၊ အလုပ်ကိုပဲ ကြိုးစားပမ်းစားလုပ်ကိုင်တတ်ခြင်း တို့ကြောင့်ဖြစ်သည်။ ကိုယ့်ရဲ့ စိတ်ကို ပြန်သုံးသပ်မူမရှိလျှင်ဖြစ်စေ၊ မှားယွင်းတဲ့ ရည်ရွယ်ချက် ဦးတည်ချက်ကိုသာ ဦးတည်ပြီး မမြင်တဲ့အကန်းတယောက်လို အတင်းတိုးလုပ်ဆောင်နေတာဖြစ်စေ၊ မှားယွင်းတဲ့ ပုံစံနဲ့ အကျိုးရလာဒ်မရှိပဲ ဆက်တိုက် လုပ်နေတာမျိုးသာ ဖြစ်နေသည်။
သည်လိုဆိုလျှင် ကိုယ့်ရဲ့ စိတ်ကို ပြန်သုံးသပ်ရာမှာ ဘယ်လိုမျိုး လုပ်ယူရပါလိမ့်မလဲ….
မိမိကိုယ်ကို ပြန်သုံးသပ်ခြင်းဟာ စဉ်းစားတွေးတောခြင်းနဲ့ တူတဲ့ အဓိပါယ်ပဲဖြစ်သည့်အတွက် များစွာသော သူတွေဟာ ဒီအတိုင်း သေခြာစွာ အသေးစိတ် တွေးတောသုံးသပ်ရမည် ထင်ပါသည်။ သို့သော် တွေးတောစဉ်းစားနေယုံ စိတ်ပင်ပန်းနေယုံနဲ့တော့ မိမိကိုယ်ကို မတည်ဆောက်နိုင်ပေ။ ဒီထက်အရေးကြီးတဲ့ အရာကတော့ အတွေ့အကြုံပင်ဖြစ်သည်။ ဒါ့ကြောင့် အတွေ့အကြုံယူပါ၊ စာအုပ်များစွာဖတ်ပါ၊ စကားပြောဖလှယ်ပါ ဆွေးနွေးပါ၊ ခရီးထွက်ပါ။
အတွေ့အကြုံလောက် လူသားတွေအတွက် ရင့်ကျက်စေတဲ့ အရာမရှိပါ။ အထူးသဖြင့် လွယ်လွယ်စိတ်ခံစားနိုင်ခြင်း(sensitivity)ရှိတဲ့ လူငယ်ဘ၀မှာ တဖြည်းဖြည်းစုပုံလာတဲ့ အတွေ့အကြုံဆိုတာ အလွန်တန်ဖိုးရှိတဲ့ အရာတွေဖြစ်တာကြောင့်ဖြစ်သည်။ လူငယ်တွေဟာ မိမိကိုယ်ကို တခါမှ ပြန်လှည့်ကြည့်ခြင်းမရှိပေ။ ဒါကြောင့် လုပ်နိုင်သလောက် လုပ်ပြီး အမျိုးမျိုးသော အတွေ့အကြုံကို ယူကြည့်ပြီးမှာ ကြိုးစားလုံလစိုက်ပါ။ ဒါဟာ အပြစ်တင်ခံရတဲ့ အပြုအမူဖြစ်စေ၊ ကုန်ဆုံးသွားစေတဲ့ သင့်ရဲ့ အချိန်နဲ့ လုံလကို သုံးစွဲပစ်လိုက်တာ မဟုတ်ပေ။ စောစီးစွာ ပင်ပန်းမူကို ရယူပါ (Early training means more than late learning) ဆိုတဲ့ စကားပုံဟာ အလကားသက်သက် အကျိုးမရှိပဲ ပေါ်လာတာမဟုတ်ပေ။
သို့သော် အချိန်ကြောင့်ဖြစ်စေ အခြေအနေကြောင့်ဖြစ်စေ အရာအားလုံးကို တိုက်ရိုက် ချက်ခြင်း အတွှေ့အကြုံရဖို့ဆိုသည်မှာ တကယ်တော့ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ကျမတို့တစ်တွေဟာ စာကို ဖတ်ရခြင်းဖြစ်သည်။ စာအုပ်ထဲမှ၊ သတင်းစာထဲမှ၊ မဂ္ဂဇင်းထဲမှနေ ယူရပါမည်။
ကျမတို့တွေဟာ အောင်မြင်မူတဲ့သူတွေနဲ့ ကျဆုံးတဲ့ သူတွေရဲ့ စကားကို လေ့လာနာယူရပါမည်။ အင်တာဗျူးပြီး တကယ့်လက်တွေ့ဘ၀အခြေအနေကို မေးကြည့်တာ ဖြစ်ဖြစ်၊ ၀တ္တုလို ခန့်မှန်းပုံဖော် ထားတာကို ကြည့်ယူပဲဖြစ်ဖြစ်၊ လောကကြီးရဲ့ စကားလုံးတိုင်းဟာ ကျမတို့အတွက် သွယ်ဝိုက်တဲ့ အတွေ့အကြုံတွေကို ရနိုင်ဖို့ ပေးပါသည်။ ဒါကြောင့်ပင် စာဖတ်ခြင်း၊ အမျိုးမျိုးသော စကားလုံးများကို မှတ်သားနာယူခြင်း၊ ဒါ့အပြင် မိမိကိုယ်ကိုအတွက် စဉ်းစားသုံးသပ်ခြင်းများ လိုအပ်ပေသည်။
အပြန်အလှန် စကားပြောခြင်းဟာ စာဖတ်သလို ကောင်းကျိုးရပြီး အသုံးဝင်တဲ့ အတွေ့အကြုံကို ရယူနည်းတမျိုးပင်ဖြစ်သည်။ အထူးသဖြင့် မိမိထက်ပိုပြီး အတွေ့အကြုံများတဲ့သူတွေ ဥာဏ်ပညာကြီးမြင့်သူတွေနဲ့ စကားဖလှယ်ခြင်းဟာ ကြီးမားတဲ့ ပညာအလင်းကို ရယူနိုင်ခြင်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားတွေကို သုံးသပ်ကြည့်မည်ဆိုလျှင် ပြင်ပစကားပြောဆိုမူဟာ ထင်ထားတာထက် နည်းနေတာ တွေ့ရသည်။ သူတို့တတွေဟာ စကားများစွာကို ဖလှယ်ကြမယ်လို့ ထင်ရပေမယ့် ခင်မင်တဲ့ သူငယ်ချင်းဖြစ်စေ အနီးကပ်ရှိတဲ့ ကျောင်းက စီနီယာနဲ့သာ စကားပြောဆိုကြသည်။ တကယ်တော့ အချင်းချင်းသာ အတူတွေ့ကြုံရတဲ့ အခက်အခဲကို မျှဝေခံစားလို့ရပေမယ့် ထိုသူတွေဟာ ၀င်္ကပါထဲမှာလို ကျင်လည်နေသည်ကသာ များတာကြောင့် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့၊ ထိုးဖောက်မြင်ဖို့ အားနည်းလာလေသည်။ မိမိအထက်က စီနီယာဆိုတာလည်း တူညီတဲ့ အမှောင်ကြားထဲမှာ ကိုယ့်ရှေ့ကနေ တ၀ဲဝဲလည်လည်ဖြစ်နေတဲ့ သူလို့ ဆိုနိုင်မလားပါပဲ။
ဒါကြောင့် အဲဒါထက် ပိုပြီး အကြံပေးကူညီနိုင်သူကို ရှာပါ။ သူငယ်ချင်းတို့ စီနီယာတို့ဆိုတာ ကောင်းပေမယ့်၊ အဲဒီထက် ပိုပြီး ကြွယ်ဝတဲ့ အတွေ့အကြုံတွေကို ခွဲဝေပေးနိုင်မယ့် စီနီယာကြီးဖြစ်တဲ့ ဆရာတွေ၊ လူကြီးသူမတို့တွေနဲ့ တွေ့နိုင်တဲ့ အခွင့်အရေးကို မကြာခဏဖန်တီးပြီး လေးနက်တဲ့ စကားတွေကို ဖလှယ်ကြည့်ပါ။ အာဖရိကစကားပုံထဲမှာ သေသွားတဲ့ လူကြီးတယောက်ဆိုတာ မီးလောင်နေတဲ့ စာကြည့်တိုက်နဲ့ တူတယ်ဆိုတာ အမှန်ပဲမဟုတ်ပါလား။
……………………………………………………
တခြားသောအရာကတော့ ခရီးထွက်ခွာခြင်းပင်။ ခရီးဆိုတာလည်း တကယ်ကို ကောင်းတဲ့ အခွင့်အရေးတခုပင်ဖြစ်သည်။ နိုင်ငံစုံကို ခရီးထွက်ရင်း မြို့ပြနှိုင်းယှဉ်မူကို သုတေသနလုပ်တဲ့ အဖွဲ့ခေါင်းဆောင် ဆရာကင်မင်ဂျူက ခရီးဆိုတာ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ သေဆုံးခြင်း၌ အတွေ့အကြုံရရှိခြင်း ပင်ဖြစ်သည်ဟုဆိုသည်။ စဉ်းစားကြည့်လေ ကောင်းလေဆိုတဲ့ အဆိုတခုပင်ဖြစ်သည်။ ဒါဟာလည်း အမှန်ပင်ဖြစ်သည်။ ခရီးဆိုတာ တချို့အပိုင်းတွေမှာ သေဆုံးသွားခြင်းနှင့် ဆင်တူသည်။ ခရီးရှည် တခုကို ထွက်သွားကြည့်လျှင် ကိုယ်ရှိနေခဲ့တဲ့ နေရာက လူတွေအတွက်တော့ ကိုယ်ဟာ မရှိတဲ့သူ ဒါမှမဟုတ် သေလူတယောက်လိုဖြစ်နေမှာပါပဲ။ ခရီးထွက်တယ်ဆိုတာ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းနဲ့ အဖွဲ့အစည်းမှာ ကိုယ်ဟာ နေရာက ခဏတာလစ်ဟသွားချိန်မှာ သူတို့ ဘယ်လို သဘောရှိမယ်ဆိုတာ စဉ်းစားကြည့်နိုင်မယ့် အခွင့်အရေးတခုလည်း ဖြစ်သည်။
ခရီးကို ထွက်ခွာလာပြီး ပြူတင်းပေါက်ကနေ အပြင်ကို ထိုးထွင်းမြင်နေရတဲ့ သစ်ဆန်းတဲ့ သဘာဝရူခင်းကို ငေးကြည့်ရင်း ရုတ်တရက်မြို့ပြဘ၀မှာ ရုံးကန်နေရတဲ့ ကိုယ့်ဘ၀ကို ပြန်မြင်သိလာရတဲ့ အခါလည်း ရှိသည်။ ကိုယ်တိုင် ကောင်းမွန်စွာ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို၊ မစွမ်းဆောင်နိုင် မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို၊ သာမာန်အချိန်မှာ ဖုံးကွယ်ထားတဲ့ ကိုယ့်ရဲ့ ပွင့်လင်းတဲ့ ပုံသဏန်ကို ပြန်လည်ခေါ်ထုတ်မိတော့ ထိတ်လန့်သွားမိခဲ့သည်။ လူဆိုတာ မိမိနေရပ်မှနေ ဝေးသွားတဲ့မှ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မှန်ကန်စွာသုံးသပ်သလို ပြန်မြင်နိုင်တဲ့ အသွင်လည်း ဆောင်သည်။
ခရီးထွက်ခွာလာခြင်းဟာ ကောင်းမွန်တဲ့အရာဆိုတာ ကိုယ်က အလွန် မှန်ကန်သင့်တော်တယ်လို့ တွေးခဲ့တဲ့ ကိစ္စတွေဟာ လုံးဝ မှန်ကန်တာမဟုတ်ဘူးဆိုတဲ့ ခံစားမူကို သိမြင်လာနိုင်သည့် အတွက်ကြောင့်ဖြစ်သည်။ အထူးသဖြင့် တိုင်းတပါးကို သွားရောက်တဲ့အခါမှာ ဒါမျိုးဖြစ်တတ်သည်။ လုံးဝကို ခြားနားသော တန်ဖိုးရှိစွာ ရပ်တည် နေထိုင်လာတဲ့ သူတွေရဲ့ သွင်ပြင်ကို မြင်လျှင် ကိုယ်က မှန်ကန်ခဲ့တယ်ဆိုတာ တကယ့်ကို သံသယဖြစ်စရာ ဖြစ်လာသည်။
ငါဟာ ဘာအတွက် ခုလိုကြိုးစားပမ်းစား အသက်ရှင်နေထိုင်လာခဲ့တာပါလိမ့်……………………..
သည်လိုမျိုး စကားပလ္လင်ခံနေစရာမလိုပါ။ သင့်တန်ဖိုးအတွက် မြင့်တင်ပေးနိုင်တဲ့ အခွင့်အရေးကို ခရီးထွက်ခြင်းက ပေးပါသည်။
ဒါကြောင့် ကင်မရာနဲ့ လက်ကိုင်ဖုံးကို အံဆွဲထဲကို ထည့်ထားပြီး၊ မကြာခဏ ခရီးထွက်ကြည့်ပါ။ ခရီးသွားလမ်းညွှန်စာအုပ်ထဲမှာ ပါတဲ့ သဘာဝရူခင်းပုံ ရှာပြီးဓါတ်ပုံရိုက်ဖို့ ထွက်လာတာဆိုတဲ့ ခရီးဆိုတာမျိုးမဟုတ်ဘဲ သင့်ကိုယ်သင် ပြန်မြင်ဖို့ ထွက်လာတဲ့ ဒီလိုခရီးမျိုးကို ဆိုလိုဖြစ်သည်။
(သေခြာတဲ့ ရည်ရွယ်ချက်၊ သင့်တော်တဲ့ နည်းစနစ်၊ ရိုးသားတဲ့ လုပ်ဆောင်မူ)
တလောကလုံးနဲ့ဆိုင်တဲ့ အဓိပါယ်ရှိတဲ့ အောင်မြင်မူဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မူကို လက်ကိုင်ထားတဲ့ မျှော်မှန်းချက်ပဲဖြစ်ဖြစ်၊ ဘ၀မှာ တခုခုကို တည်ဆောက်ဖို့အတွက် ဒီသုံးချက်ထဲက တခုတော့ဖြစ်ရမည်။ ရည်မှန်းချက်မရှိဘဲ အဓိပါယ်မရှိပဲ နည်းစနစ် မမှန်ကန်လျှင် အချိန်နဲ့ ခွန်အားကို ဖြုံးတီးသလိုဖြစ်နေပြီး သေခြာတဲ့ လုပ်ဆောင်မူမရှိလျှင် မတည်ဆောက်နိုင်ပေ။ ဘယ်အရာဖြစ်ဖြစ် တခုကိုတောင် မပြည့်စုံဘူးဆိုလျှင် ဘ၀ဟာ အခြေတိုတဲ့ ခွေးခြေခုံလို အားမရှိ ပြိုလဲကျသွားနိုင်ပေသည်။
အမြဲတမ်း သည်အချက် သုံးချက်ကို ဟန်ချက်ညီဖို့အတွက် အဆက်မပြတ် မိမိကိုယ်တိုင် ပြန်လှည့်ကြည့်ရမည် ဖြစ်သည်။ အဲသည်လို သုံးနားညီ တြိဂံကို ဗဟိုထားပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ရပါမည်။
တခါတရံ ခြေလှမ်းကို ရပ်ပြီး လှည့်ကြည့်လိုက်ပါ။ ဒါ့အပြင် စိတ်အားထက်သန်စွာ တောက်ပတဲ့ မျက်လုံးနဲ့ ကိုယ့်ကိုကိုယ် လှည့်ကြည့်လိုက်ပါ။ မိမိကိုယ်တိုင် သမာသမတ်ကျကျ ကြည့်ပြီး၊ ပုံမှန် မတည်ဆောက်ပဲ အကြွင်းမဲ့ ရိုးသားမူဆိုတာ တုံးနေတဲ့ လွှသွားကို မသွေးပဲ တုခုခကိုဇွတ် ဖြတ်နေသလိုပဲပေါ့။ အဲသည်လို ဘ၀ဆိုတာ တုံးနေတဲ့ လွှသွားလို ဘယ်လောက်တောင် လေးဖင့်နေလိုက်ပါသလဲ…………
မူရင်း : 김난도, 『아프니까 청춘이다』, 쌤앵파커스, 2010.
အင်ကြင်း
11:45 am
10 August 2011.
0 comments:
Post a Comment