Search This Blog

Now Loading......

[Aung San Suu Kyi] နိုင်ငံရေးသမားများ မှတ်သားစရာ

နိုင်ငံရေးသမားများ မှတ်သားစရာ  မြန်မာနိုင်ငံ အပြီးသတ် လွတ်လပ်ရေးရခါနီး ဗြိတိသျှအစိုးရနဲ့ နှလုံးရည် တိုက်ပွဲ ဆင်နွှဲနေရတဲ့ ၁၉၄၅-၄၇ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်း နိုင်ငံရေးလုပ် သွားပုံကို လည်း လေ့လာသင့်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်တွေ့လေထဲ မိုးထဲ နိုင်ငံရေး သက်တမ်းကို ကြည့်ရင် တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး အဖြစ် စတင် ဆောင်ရွက်တဲ့ ၁၉၃၈ ခုနှစ်ကနေ အမျိုးသား အာဇာနည်အဖြစ် ကျဆုံးရတဲ့ ၁၉၄၇ ခုနှစ်အထိ ၉ နှစ်တာမျှ ကြာမြင့်ခဲ့ပါတယ်။၁၉၄၅-၄၇ ကာလဟာ လုံးဝ လွတ်လပ်ရေး ရဖို့ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲရချိန် ဖြစ်ပါတယ်။ အသိမ်မွေ့ဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။  ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး မြေပေါ် ပြန်ရောက်လာတဲ့ လွတ်လပ်ရေး တပ်ဦး ဖဆပလ အဖွဲ့ကြီးဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားချိန် မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရ၊ ဘုရင်ခံ၊ ဗြိတိသျှစစ်တပ် စတာတွေနဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့ရတယ်။ ၁၉၄၆၊ စက်တင်ဘာ ၂၇ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး အစိုးရဖွဲ့ဖို့ ဘုရင်ခံက တာဝန် အပ်နှင်းပါတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသား ခေါင်းဆောင်ဟာ ၀ါရင့် သမ္ဘာရင့် နိုင်ငံရေးသမားကြီးတွေ၊ သူနဲ့ အသက်အရွယ် မတိမ်းမယိမ်း နိုင်ငံရေး သမားတွေနဲ့ အိုင်စီအက်စ်တွေ၊ တက္ကနိုကရက်တွေကို စုစည်းဖွဲ့စည်းခဲ့ပါတယ်။  ငါတို့ အာဏာရရင် ငါတို့လူတွေချည်း ကုလားထိုင်ဝေယူမယ်။ ငါတို့လူတွေ မဟုတ်ရင် ကျောက်ခဲနဲ့သလဲပဲ ရမယ် ဆိုတဲ့ အစဉ်အလာ နိုင်ငံရေးသမားတွေရဲ့ စိတ်ဓာတ်ကို ဗိုလ်ချုပ်အောင်ဆန်းက အမွေဆက်မခံပါဘူး။ တိုင်းပြည် အတွက် အသုံးတည့်မယ့်သူတွေကို အစိမ်းအကျက်မရွေး တာဝန်ပေးခဲ့ပါတယ်။ အိုင်စီအက်စ်တွေကို ဗိုလ်ချုပ် အောင်ဆန်းက နေရာပေးတာနဲ့ ပတ်သက်ပြီး သူ့လုပ်ဖော်ကိုင်ဖက် လူရင်းတွေက မကျေမနပ် ဝေဖန်ကြတာကို ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ တတ်ကျွမ်းမှုကို တိုင်းပြည်အတွက် အသုံးချတာလို့ ပြန်ရှင်းပြကြောင်း ဖတ်ဖူး၊ မှတ်ဖူးပါတယ်။   စာကိုး  ။   ။  ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေး သမိုင်း ဒုတိယတွဲ
Kalkal Lay 11:35pm Aug 19
နိုင်ငံရေးသမားများ မှတ်သားစရာ

မြန်မာနိုင်ငံ အပြီးသတ် လွတ်လပ်ရေးရခါနီး ဗြိတိသျှအစိုးရနဲ့ နှလုံးရည် တိုက်ပွဲ ဆင်နွှဲနေရတဲ့ ၁၉၄၅-၄၇ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်း နိုင်ငံရေးလုပ် သွားပုံကို လည်း လေ့လာသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်တွေ့လေထဲ မိုးထဲ နိုင်ငံရေး သက်တမ်းကို ကြည့်ရင် တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး အဖြစ် စတင် ဆောင်ရွက်တဲ့ ၁၉၃၈ ခုနှစ်ကနေ အမျိုးသား အာဇာနည်အဖြစ် ကျဆုံးရတဲ့ ၁၉၄၇ ခုနှစ်အထိ ၉ နှစ်တာမျှ ကြာမြင့်ခဲ့ပါတယ်။၁၉၄၅-၄၇ ကာလဟာ လုံးဝ လွတ်လပ်ရေး ရဖို့ နောက်ဆုံး တိုက်ပွဲ ဆင်နွှဲရချိန် ဖြစ်ပါတယ်။ အသိမ်မွေ့ဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။

ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး မြေပေါ် ပြန်ရောက်လာတဲ့ လွတ်လပ်ရေး တပ်ဦး ဖဆပလ အဖွဲ့ကြီးဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားချိန် မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ စစ်ပြေးအစိုးရ၊ ဘုရင်ခံ၊ ဗြိတိသျှစစ်တပ် စတာတွေနဲ့ ထိပ်တိုက်ရင်ဆိုင် တွေ့ရတယ်။ ၁၉၄၆၊ စက်တင်ဘာ ၂၇ မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး အစိုးရဖွဲ့ဖို့ ဘုရင်ခံက တာဝန် အပ်နှင်းပါတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသား ခေါင်းဆောင်ဟာ ၀ါရင့် သမ္ဘာရင့် နိုင်ငံရေးသမားကြီးတွေ၊ သူနဲ့ အသက်အရွယ် မတိမ်းမယိမ်း နိုင်ငံရေး သမားတွေနဲ့ အိုင်စီအက်စ်တွေ၊ တက္ကနိုကရက်တွေကို စုစည်းဖွဲ့စည်းခဲ့ပါတယ်။

ငါတို့ အာဏာရရင် ငါတို့လူတွေချည်း ကုလားထိုင်ဝေယူမယ်။ ငါတို့လူတွေ မဟုတ်ရင် ကျောက်ခဲနဲ့သလဲပဲ ရမယ် ဆိုတဲ့ အစဉ်အလာ နိုင်ငံရေးသမားတွေရဲ့ စိတ်ဓာတ်ကို ဗိုလ်ချုပ်အောင်ဆန်းက အမွေဆက်မခံပါဘူး။ တိုင်းပြည် အတွက် အသုံးတည့်မယ့်သူတွေကို အစိမ်းအကျက်မရွေး တာဝန်ပေးခဲ့ပါတယ်။ အိုင်စီအက်စ်တွေကို ဗိုလ်ချုပ် အောင်ဆန်းက နေရာပေးတာနဲ့ ပတ်သက်ပြီး သူ့လုပ်ဖော်ကိုင်ဖက် လူရင်းတွေက မကျေမနပ် ဝေဖန်ကြတာကို ဗိုလ်ချုပ်အောင်ဆန်းက သူတို့ရဲ့ တတ်ကျွမ်းမှုကို တိုင်းပြည်အတွက် အသုံးချတာလို့ ပြန်ရှင်းပြကြောင်း ဖတ်ဖူး၊ မှတ်ဖူးပါတယ်။

စာကိုး ။ ။ ဦးလေးမောင်၊ မြန်မာ့နိုင်ငံရေး သမိုင်း ဒုတိယတွဲ

View Post on Facebook · Edit Email Settings · Reply to this email to add a comment.

0 comments:

Post a Comment

 

Categories

Twitter

Facebook

Share

© 2011 Myanmar Facebook Group Design by HRM
In Collaboration with ITN